ချစ်သူဟောင်း

1

ချစ်သူဟောင်းဆိုတာ…

အမှတ်တမဲ့ မက်ခဲ့ဖူးတဲ့

တစ်ပိုင်းတစ်ခ အိမ်မက်တစ်ခု…

ဒါမှမဟုတ်….

ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို…

………………………….

နောက်ပြီးတော့….

………………………………။

အိမ်ရှေ့ကို ကားဝင်လာချိန်မှာ ပေါ်တီကိုအော်မှာ ရပ်ထားသော ကားတစ်စီးရှိနေခဲ့သည် ။ဘယ်သူများ ရောက်နေခဲ့တာပါလိမ်.။ကားကိုပေါ်တီကိုအောက်မှာမရပ်ဘဲ ကားဂိုဒေါင်ထဲကိုဘဲ တန်းသွင်းလိုက်တော့ သည်။ ဒီနေ့တော့ အပြင်ထွက်ဖို့မရှိတော့။ လက်ထပ်ပွဲတစ်ခုအတွက် ပြင်ဆင်ရခြင်းဟာ ဒီလောက် စိတ်ပင်ပန်း လူပင် ပန်းရှိလိမ့်မယ်မှန်းသာ ကြိုသိခဲ့ရင် လက်ထပ်ပွဲ ကျင်းပဖြစ်ပါ့မလားတောင်မသိ။

***ဘယ်က ဧည့်သည်လဲ။ ဖေ့ဖေ့ ဧည်သည်လား***

ဘယ်သူဆိုတာမသိရပေမယ့် မသိစိတ်မှာ တစ်ယောက်ယောက်ကို သတိရသွားရသည်။ဒီအချိန် သူ့ဘေးမှာ တစ်ခြားတစ်ယောက်ယောက်ရှိနေခဲ့လောက်ပါပြီပဲ။ဝေ ဘာတွေတွေးနေမိပါလိမ့်။ သို့ပေမယ့် ဧည့်ခန်းနဲ့ နီးလာလေလေ ဝေ့ ခြေလှမ်းတွေပိုပြီးနှေးကွေးလာခဲ့လေ။ဧည့်ခန်းအ၀မှာရပ်မိတော့ ကျောက်ရုပ် လိုငြိမ်သက်ငေး မောစွာ ရပ်နေမိတော့သည်။သူ့ပုံစ့သည် ဟိုးလွန်ခဲ့သော ကာလတွေဆီကအတိုင်းပင်။ ***မဝေ နေကောင်းတယ်နော်*** ဝေ ခဏတော့ မင်သက်ငေးမောမိသွားသည်။

*****************

သူနဲ့ဝေ ချစ်သူတွေဖြစ်ခဲ့ရခြင်းရဲ့အဓိကအချက်ဟာ သူငယ်ချင်းတွေအားလုံးရဲ့ ချစ်စနိုး အနိုင်ယူမှုတွေကိုလည်း ခပ်ပြုံးပြုံးနဲ့သည်းခံတတ်သူ။ဝေ့ အနိုင်ယူမှုတွေ အပါအ၀င်ပေါ့လေ။ဝေ့ကို ချစ်တဲ့အကြောင်း နဲ့၊သာမန်ဝန်ထမ်းမိသားစုလေးရဲ့ ငွေကြေးအင်အားလေးနဲ့ ဝေ့ကို ပျော်အောင်ထားနိုင်မှာ မဟုတ်တဲ့အကြောင်း၊ ဒီလိုဘ၀မျိုးနဲကဘယ်လိုမှနီးစပ်နိုင်မှာ မဟုတ်ကြောင်းတဖွဖွ ပြော တတ်သူ ပါ။ မျှော်လင့်ချက်တို့ဖြင့်လင်းမွတ် ၍နေသောသူ့မျက်ဝန်း၊သူ့အပြုံးတွေကို ဝေ ငေးနေမိခဲ့ပါတယ်။ ရည်ရွယ်ချက် အပြင်းအထန်ဖြင့်လွန်ခဲ့သော ရှစ်နှစ်၏ နေ့တစ်နေ့မှာ သူ ဂျပန် သို့ ထွက်ခွာသွားခဲ့ပါသည်။ လိုချင်တာကို အလွယ်တကူ မရနိုင်တဲ့ ခံစားချက်မျိုးကို ဝေ အပြည့်အ၀ နားလည်ခံစားမပေးနိုင်ခဲ့။ဒါ ဝေမှားခဲ့ပါသလား။ ခုတော့သူပြန် ရောက်လာခဲ့ပါပြီ။

ပြောင်းလဲသွားတာတွေကတော့ ဝေတို့နှစ်ယောက်ရဲ့ ပတ်သက်မှုတွေဖြစ်သည်။နှစ်ယောက်သား ပြောစရာ စကားမရှိတော့ သလို တိတ်ဆိတ်နေပါတယ်။ တကယ်လည်း သူ့ကို ဘာစကားတွေ ပြောရမယ်ဆိုတာ ဝေ မသိပါ။ဝေတို့ နှစ်ယောက်မှာ ဘယ်သူက မှားခဲ့တာလဲလို့ ဝေ မဆုံးဖြတ်လို။ သူထွက်သွားပြီး နှစ်နှစ်ကျော်တဲ့ ထိ ဝေတို့ ဖုန်းနဲရော၊ စာနဲ့ပါ အဆက်အသွယ်မပြတ်ခဲ့ပေ။ တဖြည်းဖြည်းနှင့်သူ့ရင်ထဲ က အချစ်တွေရော၊ဝေ့ ရင်ထဲက အချစ်ဆိုတာကို ရော။ဝေ သံသယဖြစ်လာရ တော့ သည်။ဝေ သတ္တိမရှိသူတစ်ယောက်၊စိတ်ရှည်စောင့်စား နိုင်စွမ်းနည်းသူတစ်ယောက် ပင်။သူ့အတွက် စာတစ်စောင်ပို့ပေးဖြစ်ခဲ့တယ်။

***ငါ့ကိုမေ့လိုက်ပါတော့ ကိုရဲ၊ ငါလည်းမေ့လိုက်ပြီ၊ တကယ်တော့နင့်ရင်ထဲမှာရှိတာ ငါမဟုတ်ဘူး။ နင်တကယ်အလိုရှိတာက မြင့်မားမှုတစ်ခုကိုပါ။ နင်လည်းနင့်ပန်းတိုင်ကို ရောက်တဲ့အခါ ငါမရှိလဲ ပျော်မှာပါ***

ဝေ ကိုယ်တိုင်ရေးခဲ့သောစာသားကို မမေ့သေးခဲ့ပါ။

အခုတော့ရော….ဒီအချိန်ကာလတွေထဲမှာ သူ့ကို သတိရနေမိတာမျိုးတော့ မရှိခဲ့ပေမယ့် မမေ့ခဲ့တာတော့ သေချာပါတယ်။အော် ဒါတွေ တွေးနေရမယ့်အခြေအေနေ လည်းမဟုတ်တော့ပါဘူး…….။

***ဆောရီး ငါ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုနဲ့ နင့်ကို လာတွေတာမဟုတ်ပါဘူး၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ တွေချင်ယုံသက်သက်ပါ။ ပြီးတော့ဝန်ခံ စရာလည်း နည်းနညှ်း ရှိတယ်။နင်ပွဲကိုတော့ ငါမလာတော့ပါဘူး။ နင်စိတ်မဆိုးပါဘူးနော်…ငါပြန်တော့မယ် ဝေ..*** နှစ်ယောက်စလုံး ပြိုင်တူ လိုလို ထရပ်မိကြသည်။ဘာစကားမှ မဆိုဖြစ်ကြဘဲ၊ ဒီအတိုင်းရပ်မိကြပြီးမှ သူက အရင်ခြေလှမ်းပြင်ရင်း… ***နင်ပြောခဲ့သလိုပေါ့ မဝေ၊ ငါလိုချင်ခဲ့တာ ဘာလဲဆိုတာ အခုတော့ငါသိသွားပြီ၊ ဒါပေမဲ့ ငါ ရှစ်နှစ်လောက် နောက်ကြသွားပြီ မဝေ***

ဝေ့ရင်ထဲမှာ အတွေးတွေက အတိတ်နဲ့ လက်ရှိမှာ ပြေးလွားကူးခတ်နေခဲ့သည်။ အမှန်လားအမှားလား ဆိုတာလည်း ဝေ၊ မဝေခွဲတတ်တော့။ သူပြောတဲ့စကားကို ဝေ နားလည်းခဲ့သလို ဝေ့ ဆုံးဖြတ်ချက်ကိုလည်း သူ နည်းလည်ခဲ့မှာပါ။

********************

တကယ်တော့ ဝေ တို့ နှစ်ယောက်ဟာ ကိုယ်ဘာကို လိုချင်သလဲဆိုတာေ၀၀ါးလမ်းပျောက်ခဲ့ကြသူ တွေပါ။ ကိုယ်ဆုံးဖြတ်ချက်တွေကိုလည်း ခေါင်းမာစွာ နဲ့ မှန်တယ် ယူဆနေမိတုန်း……….

********************

ဝေတို့နှစ်ယောက်သည်….ချစ်သူဟောင်းတွေသာ ဖြစ်ကြလေသည်။

1 - Comment:

  • March 17, 2008 at 2:28 AM
    Anonymous :

    တီလေး

    ချစ်သူတယောက်က ဘယ်အချိန်မှာ ချစ်သူဟောင်းဖြစ်သွားပါသလဲ
    သူ့အပေါ်ထားရှိတဲ့ အချစ် ကုန်သွားရင်လား
    သူ့ကို ချစ်ခွင့်မရှိတော့ရင်လား (ဥပမာ မင်္ဂလာဆောင်သွားလို့)

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers