ညခင်းနှင့် စကားအင်္ဂါရပ် များ

1

ညခင်း…အပျင်းဖျားနေလို့ စာမရေးဖြစ်တာကြာပါပြီ…(အပျင်းရောဂါ)…ဒီနေ့တော့ ဖတ်မိတဲ့ စာအုပ်လေးထဲက မှတ်သားထိုက်တဲ့ အချက်လေးတွေကို မျှဝေချင်တဲ့ ဆန္ဒဖြင့် ရေးသားလိုက်ရပါတယ်…ညခင်းရေးသားမယ့် အကြောင်းအရာကတော့…စကားပြော ဆိုရာ မှာ…လိုက်နာသင့်တာ…ရှောင်သင့် တာများ…ကိုပြောပြမှာပါ…ဒီအကြောင်းအရာ လေးကိုလေ့လာ…ရခြင်းအကြောင်းကလည်း…အကြောင်းအရင်းရှိပါတယ်… ညခင်း ရဲ့ အလုပ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်မျာကို…Projector နဲ့ ရှင်းပြရန် အထက်လူကြီးမှ အမိန်တော်ခြွေပါတယ်…ကိုယ်လုပ်ငန်းကိုယ်အကြောင်းအရာကိုပြောဆိုတာပြောတတ်ပေမဲ့… နားထောင်သူပရိသတ်အများရှေ့မှာ…မမှားရအောင်…စိတ်ဝင်စားဖွယ်…မပျင်းမရိနားထောင်နိုင်အောင်… စာစီရပါတော့တယ်…အဲဒီတော့မှ…ဟိုက်ပလုပ်တုတ်…ဘယ်လိုလုပ်ရပါ့မလဲ…ဆိုပြီးအတင်း…ဖတ်မှတ်… လုပ်ပါတော့တယ်…အဲဒီမှတ်တမ်းလေးကို ပြောပြမှာဖြစ်ပါတယ်…ညခင်းစကားပြောဆိုတဲ့ အရာကို မကျွမ်းကျင်ပါဘူး …တောက်တဲ့လှည်းနင်းတယ်ဆိုတာ ကြာဘူးမှာပေါ့…အဲဒီတော့နည်းနည်းများတိုးတက်လာမလားဆိုပြီးရှာဖွေလေ့လာထားတာပါ… ဖတ်တော့ကြည့်ပါဦးနော်…။

စကားအင်္ဂါရပ် ခြောက်ခု

၁။ စကားစနိဒါန်း။

၂။ စကားရင်းအကြောင်းခံ။

၃။ ဥပမာ။

၎။ ၀တ္တူသာဓကသက်သေ။

၅။ နိဂုံးအဆုံးသတ်။

၆။ ဒိဌမျက်မြင်ကိုယ်တိုင် လုပ်ပြနိုင်ခြင်း။


စကားအင်္ဂါလေးပါး

၁။ အကျိုးရှိပြီး ကောင်းမြတ်သောစကား။

၂။ ချစ်ခင်နှစ်သက်ဖွယ်စကား။

၃။ တရားဓမ္မ နှင့်ယှဉ်သောစကား။

၎။ ဖြောင့်မှန်သော စကား။


စကားကြီး ဆယ်ခွန်း။

၁။ ရေကူးညာတင်ပြောနည်း။

၂။ ကောက်ပင်ရိတ်လှီးပြောနည်း။

၃။ ရေစီးဖောင်ဆန်ပြောနည်း။

၎။ အိုးတန်ဆန်ခတ်ပြောနည်း။

၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း။

၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း။

၇။ တောင်သူယာခုတ်ပြောနည်း။

၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း။

၉။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း။

၁၀။ ခက်တင်မောင်နင်းပြောနည်း။


စကားခြောက်ခွန်း

၁။ ဟုတ်မှန်သောလည်း သူတစ်ပါး မနာယူလို အကျိုးမှရှိသောစကား။

၂။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးရှိသောစကား။

၃။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။

၎။ ဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။

၅။ ဟုတ်မှန်သော်လည်း သူတစ်ပါး မနာယူလို အကျိုးရှိသောစကား။

၆။ ဟုတ်လည်းဟုတ် သူတစ်ပါးလည်းနာယူလို အကျိုးရှိသောစကား။


မယုံကြည်ဖွယ်စကားလေးမျိုး

၁။ နှစ်မျိုးနှစ်ခွပြောသောစကား။

၂။ မျက်ကွယ်၌ ပြောသောစကား။

၃။ အမျက်ဒေါသဖြစ်၍ ပြောသောစကား။

၎။ ကြိုတင်စည်းဝါးကိုက်ထား၍ ပြောသောစကား။


စကားအရာ အင်္ဂါဆယ်ပါး။

၁။ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုခြင်း။

၂။ မှန်ကန်သောစကားကို ပြောဆိုခြင်း။

၃။ တရားနှင့်ညီသော စကားကိုပြောဆိုခြင်း။

၎။ အကျိုးစီးပွားနှင့်ယှဉ်သော စကားကို ပြောဆိုခြင်း။

၅။ ချစ်ခင်နှစ်သက်ဖွယ်သော စကားကို ပြောဆိုခြင်း။

၆။ ပြုံးရယ်ရွှင်ပျစွာ စကားကိုပြောဆိုခြင်း။

၇။ မပိုမလို ချင့်ချိန်မျှတစွာ ပြောဆိုခြင်း။

၈။ အဆောတလျင် မပြောဆိုခြင်း။

၉။ မြို့ကြီးသား ပြည်ကြီးသားတို့ ပြောဆိုသုံးနှုန်းမှုနှင့် အညီပြောဆိုခြင်း။

၁၀။ တိကျပြတ်သား သေချာဂနစွာ ပြောဆိုခြင်း။

1 - Comment:

  • March 9, 2008 at 11:05 AM
    Anonymous :

    လူတွေအတွက် တကယ့်လိုအပ်ချက်ပါ မသိမဖြစ်ပါ..
    ဗဟုသုတ တမျိုးတည်းမဟုတ်ပဲ ပတ်ဝန်းကျင် လူမှုနယ်ပယ်အသီးသီးမှာပါ အသုံးဝင်ပါတယ်.....

    ညခင်းရေ... စကားအင်္ဂါရပ်တွေကို စုံစုံလင်လင်ပြည့်ပြည့်စုံစုံကို ရှာရှာဖွေဖွေ အပင်ပန်းခံ စုစည်းတင်ပြပေးတဲ့အတွက်ကျေးဇူးပါ.. ...

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers