စိုမှာဆိုးလို့မိုးမိတယ်

3


အပြစ်မမြင်ချစ်ခင်လျှက်

ဆန္ဒကို ရှေတန်းမတင်

ယုံကြည်မှု ရင်ဝယ်ပိုက်လို့

ခင်မင်မှု ပင်လယ်

အတ္တစစ်မခင်းဘဲ

အေးချမ်းစွာနေရင်း

စိုမှာဆိုးလို့မိုးမိတယ်။

3 - Comment:

  • March 1, 2008 at 9:14 AM
    Anonymous :

    ညခင်းရယ်...
    လမင်းရယ်...

    တိတ်ဆိတ်ငြိမ်သက်ခြင်းတွေကို ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ကြပါတယ်....
    ဒါပေမယ့် စိုမှာဆိုးလို့မိုးမိတယ်ဆိုလို့

    ကျနော်ဖတ်ဘူးတယ်.. မင်းလူရဲ့ ၀တ္တု...
    ဒါပေမယ့်... အခုက... နွေးထွေးမှု အရောင်တွေမြင်နေရတယ်... ကြင်နာမှုအသံတွေကြားနေရတယ်...

  • March 2, 2008 at 4:06 AM
    Anonymous :

    ကိုပြည်စုံရေ…စိုမှာဆိုးလိုမိုးမိတယ်က…မင်းခိုက်စိုးစန်ရေးတဲ့ ၀တ္တုပါ…ကဗျာလေးနဲ့တော့ဘာမှပတ်သက်မှုမရှိပါဘူး…
    အဓိပ္ပါယ်လေးကိုနှစ်သက်မိလိုပါ…

  • March 3, 2008 at 10:34 AM
    Anonymous :

    စိုမှာ ဆိုးလို့ မိုးမိတယ်....
    ကဗျာလေးက ရိုးရိုးအေးအေးလေး။ မိုက်တယ်ဗျာ။
    ပျော်ရွှင်ပါစေဗျာ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers