မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော

1


မင်္ဂလာပါ။

မမညခင်းက ရေးဆိုလို့ ညီမလေး ကြာညို ရေး လိုက်ရပါတယ်။ ညခင်းရဲ့လမင်း အစီအစဉ်မှာ ရေးခွင့်ရလို့ဝမ်းသာပါတယ်။ ကြာညို ကပုသိမ်သူလေ။ (ကား နာမည်တော့မဟုတ်ဘူးနော် )။ အခုချိန်ဆိုရင် ကြာညို တို့ပုသိမ်မှာ မြတ်မော်တင်စွန်း ပွဲတော်ကျင်းပနေပြီလေ။ သိပ်ပျော်ဖို့ကောင်းတဲ့ပွဲတော်တစ်ခုပေါ့။ ဘုရားပွဲတော်အချိန်ဆိုရင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွားသင်္ဘောတွေဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံနေတာပေါ့။
ဘုရားပွဲတည်ရှိရာ…နေရာကို ညွန်ပြရလျှင်တော့… ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင်တောင်ပေါ်မှာ…မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာတာပေါ့။ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်
အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီတော်ကြီးဖြစ်ပါတယ်။
တဖုသနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့အားမြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေးသနားတော်မူ၏။ကုန်သည် ညီနောင်တို့သည်လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍ ၀မ်းမြောက်ရွင်မြူးစွာပင့်ဆောင်ခဲ့ကြသည်။မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါ မဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းကဆံတော်မြတ်နှစ်ဆူကိုအကောက်ခွန်အဖြစ် ပင့်ဆောင်ထားလေသည်။ ထိုမှတဆင့် ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြပြန်ရာတွင် ဇေယျသေန နဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်) အရပ်သို့ ရောက်သို့ရောက်ရှိကြသည်။ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပဘုရားရှင် တို့၏ ဓာတ်တော်၊မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။ထိုအခါဇေယျသေန နဂါးမင်းသည် နောင်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီတည်ထားရန်အတွက်ဆံတော်မြတ်နှစ်ဆူကိခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်)အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကို နောင်အရှည် လူနတ်ဗြဟ္မာသတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ်သော စိုင်တမော့ အရွယ်ရှိစေတီတော်ကို တည်ထားကိုးကွယ်သည်။
ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်
မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ
ထူးခြားသည်ဟုအဆိုရှိကြသည်။
သီရိဓမ္မာသောကမင်းကြီးသည်၎င်း၊ပုဂံပြည်ရှင်အနော်ရထာမင်း၊ကျန်စစ်မင်း၊အလောင်းစည်သူမင်းတိုသည်၎င်း၊ ခေတ်အဆက်ဆက် ပါရမီဖြည့်ဆည်း၍ ပြုပြင်တည်ထားကိုးကွယ်တော်ခဲ့ကြပါတယ်...။
မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ်
ပူဇော်ပါက ရွှေသံ၊ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင်လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော်ကွန့်မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့က ဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊
သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊
မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများသိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု
မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲ ပွဲတော်ပြီးဆုံးသော
အခါ လာရောက်ဖူးမြော်ကြခြင်း၊ဘုရားဖူးများအတွက် အန္တရာယ် တစ်စုံတစ်ရာ မရှိ ။ ကျန်းမာ သက်ရှည်
လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက်များရှိနေပါတယ်၊ တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် ခမ်းနားစွာပူဇော်ခဲ့ကြသည်။
ယခုနှစ်တွင်လည်း ဧရာဝတီတိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီကကြီးမှုး၍ ပုသိမ်ခရိုင် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ စွမ်းဆောင်မှုဖြင့် တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်
နေ့ အထိ ပွဲတော်ရက်များ တိုးချဲ့၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြိုနယ် ခမောက်မော်ဆိပ်ကမ်းသို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။ခမောက်မော်
မှတဆင့်မော်တင်တော်ခြေအရောက်ခရီးသည်တင် ကားများဖြင့်ပြေးဆွဲပေးသည်။ထိုမှ လေးမိုင်ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက်ဖူးမျှော်ရင်း ပင်လယ်ရေပြင်ပြာပြာတွင် ပျော်ရွှင်စွာ ရေကစားနိုင်ပါသည်။မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့်ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက်
များတွင် လူတိုင်းချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော်နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။

1 - Comment:

  • March 8, 2008 at 6:30 PM
    Anonymous :

    လာလည်ချင်တယ်ဗျ..ပုသိပ်သူသီချင်းကြားတာနဲ့ပဲ
    လာလည်ချင်နေမိတယ်..မော်တင်စွန်းဘုရားပွဲလိုက်ခဲ့ပါခေါ်သူ
    ဆိုတဲ့ ကျွန်တော့်မမ ပုသိမ်သူသီချင်းလေးကို ငယ်ငယ်က
    အရမ်းကြိုက်တယ်.ပုသိမ် မြို့ ကိုလာလည်မယ်ဗျ
    မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကိုတင်ပေးတဲအတွက်ကျေးဇူးပါဗျာ

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers