သင်္ဂဇာဆရာတော်ဘုရားကြီး သည် တရားဓမ္မဟောပြလေတိုင်း ဥပမာ၊ စကားပုံ၊ ပုံပြင်၊ အတုယူမှတ်သားဖွယ်ရာများ ပါလေ့ရှိသည်။ ဆရာတော်ဘုရားကြီးသည် အမေးပုစ္ဆာလေးရှိသည့် အခါတိုင်း ရုတ်ခြည်း ဖြေဆိုတော်မူလေသည်။ ဆရာတော်ဘုရားကြီးသည် ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း ဟူသော မင်းများ လက်ထက်တွင် ထင်ရှားကျော်ကြားခဲ့သည်။
ရန်ကုန်မြို့ လမ်းမတော်အရပ်တွင် သီတင်းသုံးတော်မူစဉ်ဖြစ်ပါသည်။
မှန်လှပါ အရှင်ဘုရား...ရုပ်ဓာတ်ခန္ဓာ အာယတနတရားများကို လက္ခဏာရေး သုံးပါးကို ဆင်၊မြင် အားထုတ်သူ များဟာ လူ ၊ နတ်၊ နိဗ္ဗာန် သုံးတန်အကျိုးကို တကယ်ခံစားရ၊ မခံစားရ သိလိုကြောင်းပါဘုရား...ဆေး ဆရာကြီး ဦးရွှေသာဆိုသူက မေးမြန်းလျှောက်ထားလေသည်။
အင်း ...ဒကာကြီး ...ငါတို့ အထက်ကျေးရွာကျောက်မော်ရွာက လှေသူကြီး ရေကူးတော့ ဘူးသီးမေ့ဆိုသလို ဖြစ်တတ်တယ်၊ ကြပ်ကြပ်သတိထားကွယ့်...
ရှင်းလင်းစွာသိရအောင် ဟောကြားတော်မူပါဦးဘုရား လို့လျှောက်ထား တောင်းပန်တယ်။
အထက်ကျောက်မော်ရွာမှာ လှေသူကြိး မောင်ပိန်ဆိုတာ ရှိတယ်။ ရေမကူးတတ်လေတော့ လှေပျက်လို့ အခက်တွေ့ရင် ကာကွယ်နိုင်အောင် ဘူးသီးကြီးတစ်လုံးကိုရှာ အစာအစေ့တွေ ထုတ်ပြီး ပဲ့စင်မှာ ချိတ်ထားတယ်။
တစ်နေ့တော့...လေပြင်းမုန်တိုင်းကကျ၊ လှိုင်းတွေက ထ၊ လှေဟာကျောက်ဆောင်တွေ နဲ့ တိုက်မိ တော့ မယ့်အခြေအနေ ရောက်လာ တယ်။ အဲဒီ အခါမှာ လှေသူကြီးမောင်ပိန်ဟာ တက်မစင်မှာ ချိတ်ထားတဲ့ အသက်ကယ် ဘူးသီးခြောက်ကြီးကို သတိမရ။ လှေဝမ်းတွင်းက ငွေသတ္တာကို သာသတိရပါ သတဲ့။ ဒါနဲ့ လှေဝမ်း ထဲဆင်းပြီး ငွေသေတ္တာကို ယူတုန်း ၀ုန်းခနဲ ကျောက်ဆောင်နဲ့တိုက်ပြီး လှေပျက်လေတော့ မောင်ပိန် အသက်ဆုံးပါလေရော.....
ဒီတော့ ဒကာကြီး စွဲမြဲတဲ့ လက္ခဏာ ၀ိပဿနာကို အာရုံပြုပြီး ကွယ်လွန်ရင် ဖြူစင်တဲ့ အာရုံကြောင့် လူ၊ နတ်၊ နိဗ္ဗာန် ချမ်းသာကို ရနိုင်ပေလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ စည်းစိမ် ဥစ္စာ၊ ရတနာရွှေငွေ ၊ ဆန်ရေ စပါး၊ ကျွဲ ၊နွား၊ ဆင်မြင်း၊ အပေါင်းအသင်း၊ သားသမီးသားမယားတွေကို တွယ်တာတဲ့ ကာမဂုဏ်ဇောနဲ့ ကွယ်လွန်ရင်ဖြင့် လှေသူကြီး မောင်ပိန်လို ဘူးသီးကို အမှတ်မရနိုင်ဘဲ မျောရသလို အပါယ်ကျတတ်ပေတယ် ဒကာကြီး...
သင်္ဂဇာ ဆရာတော်လည်း လောဘတရားကို ပယ်ရှားနိုင်အောင် ကြံဆောင် အားထုတ် ရမည်ဖြစ်ကြောင်း ဗုဒ္ဓဓမ္မကို ဥပမာဥပမေယျများနှင့် ဟောကြားတော်မူလေသည်။
ဆေးဆရာကြီး ဦရွှေသာနှင်တကွ ပရိသတ်အပေါင်းတို့သည် နှစ်ထောင်အားရ သာဓု ခေါ်ကြ လေသည်။
၁။ လိုချင်လောဘ၊ တက်မက်ကြ ၊မျောမည့် သံသရာ။
၂။ ခက်ထန်ဒေါသ ဖြစ်လေကြ ၊မျောမည့် သံသရာ။
၃။ မသိမောဟ၊ တွေဝေကြ ၊မျောမည့် သံသရာ။
၎။ ထောင်လွှားမာန၊ ထကြွကြွ ၊မျောမည့် သံသရာ။
၅။ဒိဋ္ဌိဟူက ယူမှားကြ၊ ၊မျောမည့် သံသရာ။
၆။ ၀ိစိကိစ္ဆာ ၊ ယုံမှားကြ၊ ၊မျောမည့် သံသရာ။
၇။ မရွှင်ထိန၊ ဖြစ်လေကြ၊မျောမည့် သံသရာ။
၈။ ပျံ့လွင့်နေက ၊ ဥဒ္ဓစ္စ ၊မျောမည့် သံသရာ။
၉။ အဟီရိက၊ မရှက်က ၊မျောမည့် သံသရာ။
၁၀။ အနောတပ္ပ မကြောက်က ၊မျောမည့် သံသရာ။
သြဃာတရား ဤ၁၀ပါး မှတ်သားထားပါလေ။ ပဋိစ္စတရား မသိငြား၊ ရှည်လျားသံသရာ။
ဖြစ်ပျက်ရှင်သေ၊ ဤလေးထွေ ၊မှတ်လေ သံသရာ။
ဖြစ်ပျက်မြင်တွေ့ ၊ ယောဂီတွေမှာ၊ ဘုံစဉ်စံ၍၊ သွားရသေချာ၊
သံသရာထဲ မလည်တော့ပါ၊ နိဗ္ဗာန်နန်းစံမြန်းရမည်သာ။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း
ရေကူးတော့ ဘူးသီးမေ့သည်။

ဆရာတော်ဥပမေယျ ပေးတာ ရှင်းလင်းပေမဲ့  နက်နဲပါပေတယ် . . .
ဘယ်အခြေအနေမဆို ဘယ်အရာမှ မစွဲလန်းမတက်မက်ပဲ နေနိုင်တာ အကောင်းဆုံးပါပဲ.. ဆရာတော်ဘုရားကြီးရဲ့ အဆုံးမအစကားလေး မှတ်သားသွားပါတယ်အစ်မ...
လောဘ၊ဒေါသ၊မောဟတွေမှ တက်မက်ခြင်း ကင်းဝေးနိုင်ပါစေ...။ အစွဲအလန်း ကင်းဝေးနိုင်ပါစေ...။
ဝိပသာနာတရားကို ကျင့်ကြံအားထုတ်ပါတော့မယ်ရှင် :P
လာဖတ်ပါတယ်ရှင်
အတော်ကောင်းပါတယ်
ထပ်လာပါအုံးမယ်
မှတ်သား ဖတ်ရှုသွားပါကြောင်းဗျာ
ဆရာတော်ရဲ့ ပုံပြင်တွေ အားလုံးက အနှစ်သာရ ရှိလှပါတယ်။
အမရေ လာရောက်ပြီးတော့ ဖတ်သားမှတ်ရှုသွားပါတယ်ခင်ဗျာ အဆင်ပြေပါစေနော်။
ဘူးသီးကြီးကျောပိုးထားဖို့ သတိရစေပါတယ်
ဒါကြောင့်
သူတော်ကောင်းတရားနဲ့ပဲ နေပါတော့မယ်
ဆရာတော်ဘုရားလဲ ကျေးဇူးတင်ပါတယ်
အရီးညကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီ
test
စာလာဖတ်ပါတယ်အစ်မရေ။
ဆုံးမစာလေးနော် ကောင်းတယ်။
အမရေ.. ဟုတ်ပါရဲ့... တရားဆိုတာ သိနေရုံနဲ့ တော့ မပြီးဘူးနော်.. တကယ့်ကို လက်တွေ့ ကျင့်ကြံထားကာမှ လျှပ်တပြတ် ပျက်ခြင်းတရားတွေနဲ့  ကြုံလာတဲ့အခါမှာ တရားနဲ့ နေနိုင်မှာပေါ့.. သညာသိနဲ့  သိနေရုံနဲ့ တော့ မေ့မေ့လျော့လျော့ ဖြစ်သွားနိုင်တယ်. ဥာဏ်နဲ့  တကယ့်ကို ပညာသိ သိဖို့ က အရေးကြီးတယ်နော်.. ငြိမ်းအေးပါစေ အမရေ...
မမေ့မလျော့ဖို့  အများကြီး ကြိုးစားကြရဦးမှာပါလားလို့  သံဝေဂလည်း ရမိပါရဲ့...