မြင့်မြတ်သော နိဗ္ဗာန်ဆော်

4


ဗုဒ္ဓဘုရားရှင်လက်ထက်တွင် သာဝတ္တိမြို့၌ နိဗ္ဗာန်ဆော်တစ်ယောက်ရှိသည်။ သူသည် ဘုရားအမှူးထားသော သံဃာတော်များအား ဆွမ်းဆက်ကပ်ရန် လှည့်လည်နှိုးဆော်လေ့ရှိတယ်။ မြို့သူမြို့သားများစွာတို့သည် လည်း ဆွမ်းချက်နိုင်ရန်၊ ဆန်၊ ဆီ၊ ဆားစသည် တို့ကို နိဗ္ဗာန်ဆော်သို့ ပေးလှူကြသည်။

သူဌေးတစ်ယာက်မူကား ထိုသို့မဟုတ်၊ နိဗ္ဗာန်ဆော်သည် မိမိဘာသာ တတ်နိုင်သလောက် မကပ်လှူဘဲ တစ်ပါးသူကို လိုက်၍ နှိုးဆော်နေရသလေ ဟု ဆိုကာ နိဗ္ဗာန်ဆော်ကို မကျေမနပ်ဖြစ်နေသည်။

တစ်နေ့တွင် မိမိထံပါးသို့ နိဗ္ဗာန်ဆော် အလှူခံရောက်လာသောအခါ ဆန်ကို လက်သုံးချောင်းဖြင့် ကော်၍လက်ပေါ်တွင် ပါသမျှကို သာ လှူလိုက်သည်။ အလားတူပင် ပဲနောက်၊ ပဲလွန်း စသည်တို့ကိုလည်း လက်သုံးချောင်းဖြင့်သာ အလွန်နည်းပါးလှစွာသာ ပေးလှူသည်။ ဤသို့ လက်တစ်ဖက်စာမျှသာ ပေးလှူသဖြင့် ထိုသူဌေးကို ဗိဠာလပါဒက သဌေးဟု အများက ခေါ်ဝေါ်ကြလေတယ်။

နိဗ္ဗာန်ဆော်ကား မငြိုမငြင်၊ ၀မ်းမြောက်ဝမ်းသာ ကြည်ဖြူစွာပင် လက်ခံသည်။ အခြားသူများ လှူသော ပစ္စည်းများကို တူရာ တူရာပေါင်းထည့်၍ထားသည်။  ဗိဠာလပါဒက သဌေး၏ ပစ္စည်းများကိုလည်း သီးသန့်ထည့်၍ထားသည်။ ဤတွင် သူဌေးသည် နိဗ္ဗာန်ဆော်၏ အပြုအမူကို စုံစမ်းရန် အလုပ်သမားတစ်ယောက် ကိုစေလွှတ်လိုက်သည်။

နိဗ္ဗာန်ဆော်သည် အလှူရှင်သူဌေး ကုသိုလ်ပွားစေရန် ချက်ပြုတ်လေသမျှသော ဆွမ်းအိုး၊ ဟင်းအိုး  စသည်တို့တွင် သဌေးပစ္စည်းများကို တစ်စေ့စီ၊ တစ်စေ့စီ လျှောက်ထည့်ပေးလေသည်။

အလုပ်သမားသည် ထိုအကြောင်းကို မိမိ၏ သဌေးအား ပြန်ပြောပြ၏။ သို့ရာတွင် သူဌေးကား မကျေနပ်နိုင်၊ နိဗ္ဗာန်ဆော်သည် ပရိသတ်အလယ်၌ ငါ့ကို ရှုတ်ချစကားဆိုပါက သင်းကို သတ်မည် ဟု ဆိုကာ နောက်တစ်နေ့နံနက်တွင် ပုဆိုးခြုံထဲ၌ ဓားကို ၀ှက်ယူလာ၏။

နိဗ္ဗာန်ဆော်သည်လည်း မိမိနှိုးဆော်၍ ရလာသော ပစ္စည်းများကို အဖော်များနှင့် အတူ ချက်ပြုတ်စီမံသည်။ ထို့နောက် ဘုရားအမှူးပြုသော သံဃာတော်တို့အား ဆွမ်းကပ်သည်။ ထိုသို့ ဆက်ကပ်ရာတွင် အရှင်ဘုရား၊ တပည့်တော်သည် လူအများကို နှိုးဆော်တိုက်တွန်း၍ ဤအလှူကို လှူပါသည်။ လူအများသည် စွမ်းအားရှိသလောက် ထည့်ဝင် လှူဒါန်းကြပါသည်။ နည်းများမဟူ လှူဒါန်းသူအားလုံး အကျိုးထူးရပါစေ ဘုရား ဟုလျှောက်၏။

ဤတွင် ဗိဠာလပါဒက သဌေးသည် နိဗ္ဗာန်ဆော်၏ စိတ်သဘောထားမြင့်မြတ်ပုံကို သဘောပေါက်ကာ မိမိအပြစ်ကို ၀န်ချတောင်းပန်လေသတည်း။  (ပါပ၀ဂ်- ဗိဠာလပါဒကသေဌိဝတ္တု)

မြစ်တို့သည် ရေကိုမသောက်ကုန် (သူတစ်ပါးအကျိုးသာဖြစ်၏ )
သစ်ပင်သည် အသီးကိုမစား (သူတစ်ပါးအကျိုးသာဖြစ်၏ )
မိုးသည် တစ်ခါတစ်ရံမျှ ကောက်ပင်ကိုမစား (သူတစ်ပါးအကျိုးသာဖြစ်၏ )
သူတော်ကောင်းတို့၏ ဥစ္စာသည် (သူတစ်ပါးအကျိုးသာဖြစ်၏ )  

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

4 - Comment:

  • October 6, 2009 at 2:50 PM

    ဗိဠာလပါဒက သေဌေး အကြောင်း ဖတ်သွားပါတယ်
    အမကြီးလည်း ဘုန်းကြီးတွေကိုလှူရင်
    လက်သုံးချောင်းနဲ့ မလှူနဲ့နော်

    ဆရာလုပ်ကြည့်တာ။ ဒီ

  • October 6, 2009 at 10:42 PM

    ညခင်းနဲ့လမင်းက မြင့်မြတ်တဲ့ နိဗ္ဗာန်ဆော်ပဲ

    ကျေးဇူးအများကြီးတင်ပါတယ်
    သူဌေးကြီးက ဒီလောက် ကပ်စေးနည်းတာ အံ့သြစရာပါပဲ

    ကပ်စေးမနည်းတော့ဘူး
    နိဗ္ဗာန်ဆော်လုပ်တော့မယ်

    ကျေးဇူးပါ

  • October 6, 2009 at 11:34 PM

    ခုဆိုရင် ညခင်းလည်း နိဗ္ဗာန်ဆော် ဖြစ်နေပါပြီ ..
    တရားစာများ တရားများကို နာယူနိုင်ရန်လိုက်လံ နိုးဆော် နေတဲ့သူဖြစ်နေတာကိုး သာဓုပါ

  • October 8, 2009 at 9:15 AM
    Anonymous :

    မစ်တို့သည် ရေကိုမသောက်ကုန် (သူတစ်ပါးအကျိုးသာဖြစ်၏ )
    သစ်ပင်သည် အသီးကိုမစား (သူတစ်ပါးအကျိုးသာဖြစ်၏ )
    မိုးသည် တစ်ခါတစ်ရံမျှ ကောက်ပင်ကိုမစား (သူတစ်ပါးအကျိုးသာဖြစ်၏ )
    သူတော်ကောင်းတို့၏ ဥစ္စာသည် (သူတစ်ပါးအကျိုးသာဖြစ်၏ ) .. အကျိုးကျေးဇူး ရှိတဲ့ စာတွေ ဖတ်ခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ။ ချမ်းမြေ့ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers