သူ့ကြွေးရှိက ဆပ်ရမည်.....

5


သူ့ကြွေးရှိက ဆပ်ရတဲ့ အကြောင်းကတော့.....

၁။မြတ်စွာဘုရားရှင်လက်ထက်တော်က စက္ခုပါလမထေရ်မြတ်အကြောင်းဖြစ်ပါတယ်။ စက္ခုပါလမထေရ်ဟာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကို ကြွမလာခင်ကတည်းက တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။ အဲဒီ ကာလကတည်းက မျက်စိရောဂါဖြစ်လို့ ဆေးကုသခဲ့ပါတယ်။ ဆေးဆရာက မျက်စဉ်းခတ်တဲ့အခါမှာ လဲလျောင်းပြီးခတ်ရပါမယ်။နို့မဟုတ်ရင် မျက်စိပြန်မကောင်းနိုင်ပါဘူး လို့ လျှောက်ထားခဲ့ပေမဲ့ စက္ခုပါလမထေရ်က လျောင်းစက်တဲ့ အနေအထားကိုရှောင်ပြီး သွားတာ၊ ရပ်တာ၊ ထိုင်တာကိုပဲ ပြုပြီး တရားအားထုတ်တော်မူခဲ့ပါတယ်။ ဆေးဆရာလာကြည့်တဲ့အခါ အရှင်မြတ်ရဲ့ မျက်စိများဟာ ပျက်စီးနေပြီဖြစ် ပါတယ်။ အဲဒ်ီတော့ ဆေးဆရာကလည်း နောက်ဆုတ်သွားခဲ့ပါတယ်။

အဲသည် အဖြစ်က အခုဘ၀မှာဖြစ်တာ လောက်ပါ။ တကယ်တော့ ဘယ်လောက်ကြာရှည်နေပြီလို့ မသိနိုင်တဲ့ သံသရာတစ်ကွေ့မှာ စက္ခုပါလမထေရ်မြတ်အလောင်းလျာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ အဲသည်ဘ၀မှာ အရှင်မြတ်က ဆေးဆရာဖြစ်တော့ မျက်စိရောဂါပြင်းထန်စွာဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်က ဆရာရယ် ကျမရောဂါပျောက်အောင်ကုသပေးပါ။ တစ်မိသားစုလုံး ကျွန်ခံပါ့မယ်လို့ ပြောပြီး ဆေးကုသခံသတဲ့။ သူ့ရောဂါ ပျောက်ခါနီးလောက်ကျတော့ ဆေးဆရာက လာကြည့်ပါတယ်။ ပျောက်လုပြီဆိုတာ သိပါတယ်။ သိပေမယ့် ဘယ်လိုနေသေးလည်းမေးတာပေါ့။ အမျိုးသမီးက ဆေး ကုခမပေးချင်တော့ ညာပြီး ပြောပါတယ်။ အစောပိုင်းကတော့ တော်တော်ကောင်းသွားပါတယ် ဆရာ၊ အခုတော့ ပြန်ပြီး ထိုးကိုက်လာပြန်ပါတယ်လို့ လိမ်ပြောပါသတဲ့။ ဆေးဆရာက ဒီအမျိုးသမီးတာ့ ညာနေပြီ သိကြသေးတာပေါ့ လို့ ဆိုပြီး နောက်တစ်ခေါက်အလာမှာ ဆေးပြောင်းပေးမယ် လို့ဆိုပါတယ်။ နောက်တစ်ခေါက်အလာမှာလည်း ဘေးဖြစ်စေတဲ့ ဆေးမြစ်ကိုသွေးပြီး မျက်စိကိုကွင်းပေးလိုက်တာ လိမ်လည်တဲ့မိန်းမ ဟာ တစ်ခါတည်းပြန် ပြီး မျက်စိကွယ်သွားပါတော့တယ်။ လူနာ အမှားအပေါ် ဆေးဆရာ အမှားက ပိုဆိုးသွားခြင်းပါ

အဲသည်လို သူတစ်ပါးကို မျက်စိကွယ်စေခဲ့တဲ့ စက္ခုပါလမထေရ်ဟာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တဲ့ ဘ၀ ကို ရောက်တာတောင်မှ မျက်စိကွယ်ခြင်းနဲ့ ပြန်ပြီးပေးဆပ်ရပါတယ်။ ၀ဋ်ကြွေးကို လျှော်ပစ်လို့မရပါဘူး။ အခုဘ၀မှာ ကိုယ်အပြစ်မရှိအောင်နေတဲ့ကြားက ဆိုးရွားတဲ့ဖြစ်ရပ်များနဲ့တည့်တည်တိုးတာ ၊ ဝေဒနာများကို ခံစားရတာ စတဲ့အဖြစ်တွေကြောင့် ဒေါသဖြစ်ကာ ဆူပူသောင်းကျန်းတာမျိုး၊ သူတစ်ပါးကိုပြန်ပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ တင်ပြီးသားကြွေးကိုသာ ကုန်စင်အောင်ပြန်ဆပ်လိုက်တာ ကောင်းပါတယ်။

၂။နောက်တစ်ခု သတိရမိတာကတော့....မြန်မာ့သမိုင်းမှာလည်း မိဖုရားကြီး နန်းမတော်မယ်နု ကိုသေဒဏ်ချလိုက်ပြီး....သတ်တော့မှာသေချာတဲ့အချိန် ....မိဖုရားကြီးက အခွင်အရေးတစ်ခု တောင်း ပါတယ်။ အဲဒီ အခွင့်အရေးကတော့ ဆရာတော်ဦးဗုဓ် ကို ကိုယ်တိုင်ဖူးမြင်ခွင့်ပေးပါ ဆိုတဲ့အခွင့်ဖြစ်ပါတယ်။ မင်းက လည်း သာသနာရေးကို မပိတ်ပင်ပါဘူး။ အဲတော့ မယ်နုက ဆရာတော်ရဲ့ကျောင်းပေါ်ကိုတက်သွားပါတယ်။ ဆရာတော်က ပုရပိုဒ်တစ်ချပ်ကိုကိုင်ပြီး စာဖတ်နေတော် မူပါတယ်။ မယ်နုက တပည့်တော် မိနုပါဘုရားလို့ လျှောက်ထားရင်းထိုင်ကန်တော့အပြီးမှာ တပည့်တော်ကို စီရင်ကြတော့မှာပါဘုရားလို့ လျှောက်ပါတယ်။

အဲဒီအခါ ဆရာတော်က တရားနည်းလမ်းကျနစွာနဲ့ တစ်ခွန်းပဲမိန့်တော်မူပါတယ်။ မိနု သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ မယ်နုကလည်း အပိုစကားတစ်လုံးမှ မပြောကြားပဲ မှန်ပါ နားလည်ပါပြီဘုရားလို့လျှောက်ထားပြီး နောက်တစ်ကြိမ်ကန်တော့အပြီး ပြန်သွားခဲ့ပါတယ်။ ဒီဇာတ်ကြောင်းလေးက ရဟန်းပီသတော်မူတဲ့ ဆရာတော်နဲ့ ဆရာတော်ဆုံးမတဲ့ နိယာမ ကို ကောင်းစွာ နား လည်ပြီး ပြန်သွားတဲ့ မယ်နုရဲ့ တည်ကြည်ခိုင်ခန့်တဲ့စိတ်ထား ကို သိနားလည်ခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်ရင်း နားထဲမှာ ထင်ဟပ်နေတဲ့ ပဲ့တင်သံ ကတော့......

~~~~သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ။သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။ သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။~~~~

ရွှင်လန်းချမ်းမြေ့ကြပါစေ။
မညခင်း

5 - Comment:

  • October 14, 2009 at 3:48 PM

    တရားဗဟုသုတတွေ ရှာဖွေပေးနေတာ ကောင်းလိုက်တာ၊
    ကြွေးဟောင်းတွေ ကျေအောင် ပေးဆပ်ရတော့မှာပေါ့။

    သာဓု...သာဓု...သာဓု...

  • October 15, 2009 at 12:45 AM

    တီလေးရေ ဟုတ်ပါ့နော်
    အကြွေးရှိလို့ကတော့ဆပ်ရမှာပဲပေါ့
    လာဖတ်သွားပါတယ် တီလေးရေ

  • October 15, 2009 at 3:07 AM

    အကြွေးဟောင်းတွေကျေအောင် ဆပ်ရတော့မှာပေါ....

  • October 15, 2009 at 8:43 PM

    အကြွေးချင်းတော့တူနေပြီအစ်မရေ..း)))
    အကြွေးအကြောင်းလေး ဖတ်သွားပါတယ်...
    သူကြွေးရှိကဆပ်ရမယ်ဆိုတဲ့ စကားလေး မှတ်သားသွားပါတယ်ဗျာ...
    အကြွေးရှိသူများသတိထားဆိုတာလေးလည်း လာဖတ်ပါဦးအစ်မ... ကျန်းမာပျော်ရွှင်ပါစေ...။

  • October 15, 2009 at 11:15 PM

    အမ ညခင်းရေ...

    ကျနော်လည်း သူ့အကြွေးတွေ ရှိနေတော့လည်း ဆပ်ရအုံးမှာပေါ့...

    ~~~~သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ။သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။ သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။~~~~

    ဆုတောင်းနေမိပါတယ် ၀ဋ်ရှိရင်လည်း ဒီဘ၀ ဒီမျှနဲ့သာကြေပါစေလို့...

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers