သေရမှာ ကြောက်ကြတယ်

11

ဘုရားရှင်ဟာ အခါတစ်ပါးမှာ ရဟန်းများစွာနဲ့အတူ ကောသလတိုင်းမှာ ခရီးထွက်တော်မူတယ်။ ဘုရားရှင်က ခရီးရှည်ကို ကြွတော်တူတဲ့အခါ နေရာတစ်နေရာမှာ တံငါသည်တစ်ဦး ငါးတွေကို သတ်သတ်ပြီး ရောင်းနေတာကို မြင်တော်မူသွားတယ်။ မြင်လို့လမ်းမှဖဲသွားကာ သစ်ပင်တစ်ပင်အောက်မှာ ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူတယ်။ ထိုင်ပြီး ဘုရားရှင်က ရဟန်းတွေအား အဲဒီအခြေအနေကို မြင်ဖူး၊ ကြားဖူးကြသလားလို့ မေးတဲ့အခါ ရဟန်းတွေက မမြင်ဖူး၊ မကြားဖူးကြကြောင်းကို ဘုရားရှင်အား လျှောက်ထား ကြပါတယ်။

သတ္တ၀ါတွေရဲ့အသက် ကို သတ်ပြီး အသက်မွေးကြသူတွေဟာ အောက်ပါ ဘုရားစကားတွေကို သိထားသင့် ကြပါတယ်။

မကောင်းတဲ့လူ ဖြစ်နေပေမယ့် မကောင်းမှုကံ အကျိုးမပေးသေးသမျှ ကောင်းတာတွေကို တွေ့ကြုံနေရ
တတ် ပါသေးတယ်။ မကောင်းမှုကံ အကျိုးပေးတဲ့အခါမှာတော့ မကောင်းတဲ့ လူဟာ မကောင်းတာတွေကို တွေ့ရပါ တော့တယ်။

ပညာမရှိသူ လူမိုက်ဟာ မကောင်းမှုကံ အကျိုးမပေးသေးသမျှ မကောင်းမှုကို ပျားရည်ပမာ ထင်နေ
တတ်ပါသေးတယ်။ မကောင်းမှုကံ အကျိုးပေးတဲ့အခါမှာတော့ လူမိုက်မှာ ဒုက္ခမျိုးစုံ တွေ့ရပါတော့တယ်။

နွားမရဲ့နို့က ထွက်လာတဲံ နို့ရည်ဟာ ချက်ချင်း ချဉ်မသွားသလို မကောင်းမှုဟာလည်း ပြုလုပ်ဆဲမှာ အကျိုးမပေး တတ်၊ ပြာဖုံးထားတဲ့ မီးကျီခဲကို နင်းပေမယ့် ပြာက ဖုံးထားလို့ မီးကျီခဲက မပူလောင်စေပါ။ ပြာကို ပူစေပြီးမှာ အရေစသည်ကို ပူလောင်စေပါတယ်။ ဦးနှောက်အထိ ပူလောင်စေပါတယ်။ မကောင်းမှုဟာလည်း ပြုသူ လူမိုက်ကို ဒုတိယ၊ တတိယဘ၀မှာ ငရဲစသည်မှာ ဖြစ်စေကာ ပူလောင်စေပါတယ်။

သူတစ်ပါးအား ဆင်းရဲပေးပြီးမှ ကိုယ့်ချမ်းသာကို အလိုရှိသူဟာ ရန်နဲ့ရောနှောလို့ ရန်မှမလွတ်နိုင်။

ချမ်းသာကိုလိုလားတဲ့ သတ္တ၀ါတွေကို တုတ်၊ လက်နက် စသည်နဲက ဒုက္ခပေးရင် အဲဒီလူဟာချမ်းသာကို ရှာမှီးပေမယ့် နောင်ဘ၀မှာ လူချမ်းသာ၊ နတ်ချမ်းသာ ၊ နိဗ္ဗာန်ချမ်းသာ ကို မရပါ။

သတ္တ၀ါအားလုံး သေရမှာ ကြောက်ကြတယ်။ ကိုယ့်အသက်ကို မြတ်နိုးကြတယ်။ ကိုယ်ချင်းစာပြီး သူတစ်ပါး အသက်ကို မသတ်ရ ၊ အသတ်မခိုင်းရ။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

11 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers