သား(၃)မျိုး
7
လောက၀ယ် မိဘတိုင်း ၌ သား(၃)မျိုး ရှိကြောင်း ဘုရားရှင်က ဟောကြားခဲ့သည်။ ယင်း ၃မျိုးမှာ-
(၁) အတိဇာတသား = မိဘတို့ ထက် သီလ ၊ သမာဓိ ပညာ ဂုဏ်သရေ သာလွန်သောသား။
(၂) အနုဇာတသား = မိဘတို့နှင့် သီလ၊ သမာဓိ ပညာ ဂုဏ်ရည်တူ သောသား။
(၃) အ၀ဇာတသား = မိဘတို့နှင့် သီလ၊ သမာဓိ ပညာ ဂုဏ်ရည် ယုတ်ညံ့သော သားမိုက်။
လောကတွင် မိဘတို့သည် ထိုသား (၃)မျိုးတွင် အ၀ဇာတ သားကို အလိုမရှိကြပေ။ အတိဇာတသား နှင့် အနုဇာတသားကိုသာ အလိုရှိကြသည်။ ထိုသို့ အလိုရှိကြသည့်အတွက် သားသမီးကို လိမ္မာရေးခြားရှိအောင်၊ ပညာတတ်အောင် သွန်သင်ဆုံးမ ကြ သည်။ အတတ်ပညာ သင်ပေးကြသည်။ ဥစ္စာအမွေ ပေးကြသည်။
ဘုရားရှင် က သားကောင်းသားမြတ် နှင့် ပတ်သက်၍-
***ချစ်သားတို့ လောကအတွင်းဝယ် သား(၃)မျိုးရှိရာ၏။ ထိုသုံးပါးတို့တွင် အကြင်သားသည် ရတနာ သုံးပါးဆည်းကပ်ကိုးကွယ်တတ်၏။ ရတနာသုံးပါး ကံ-ကံ ၏ အကျိုးကိုသက်ဝင်ယုံကြည်တတ်၏။ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည့် သီလနှင့်ပြည့်စုံ၏ အလှူခံ ပုဂ္ဂိုလ်တို့၏ စကားကို တတ်သိနားလည်ကြ၏။ ၀န်တိုခြင်း -မစ္ဆေရ အညစ်အကြေး ကင်းစင်စေကုန်၏၊ ထိုသားထူးသားမြတ်တို့သည် မိုးသားတိမ်တိုက်မှ ထွက်သော ကမ္ဘာတန်ဆာ လဆန်းရတာကဲ့သို့ များပြားသော ပရိသတ်အလယ်၌ တင့်တယ်ထွန်းပ ကြကုန်၏။***
ဟူ၍ ဟောတော်မူခဲ့ပါသည်။
ထို့ကြောင့်..............................
ဗဟုသုတရစေရန် ရည်ရွယ်ပါသည်...
ညခင်း
7 - Comment:
  • April 24, 2009 at 4:37 AM
    ညခင်းရေ (၁) အတိဇာတသား (၂) အနုဇာတသား
    အဲလိုမျိုးသားတွေ များ၂ထွန်းကားပါစေ.. လို့ ဆန္ဓပြုပါတယ်
    ညခင်းမှာရှိရင်လည်း ယောက္ခမတော်မယ် အဲလေမှားလို့ ခမည်းခမက်တော် မယ် နော် :P
  • April 24, 2009 at 4:39 AM
    Anonymous :
    အမလေး ဒုတ်ခ
    သေသင့်တယ်။ တင်ချင် ဦးဟဲ့ ပိုစ့်။ အခုတော့ ပန်းးးးနေတဲ့ ကဗျာကို ယောက်ခမ တော်ရတော့မယ်။
  • April 24, 2009 at 6:13 AM
    မကြီး ..
    အဟတ် ဟား
    ရီရတယ် .. အဲဒါပေါ့ ကိုယ့်အတတ်ကိုယ်ဆူး ဆိုတာ ..
    ပို့စ်လေးကောင်းတယ်၊ မှတ်သားသွားတယ်။
    လေးစားလျက်
  • April 24, 2009 at 8:50 AM
    သားလို့ ဆိုပေမယ့် သမီးလဲပါတယ်နော်.......
    အတိဇာတသား
    အနုဇာတသား
    အ၀ဇာတသား ဆိုပေမယ့် သားသမီးကိုခြုံဟောလိုက်တာနေမှာပါ သမီးတွေလဲ မိဘထက် မြင့်တဲ့သူ , နိမ့်ကျတဲ့သူ, ကျေးဇူးကန်းတဲ့သူတွေဆိုပြီး
    သုံးမျိုးသုံးစားရှိတယ်လေ သမီး(၃)ယောက်လဲရှိသေးတယ်လို့အကြံပြုချင်ပါတယ်
  • April 25, 2009 at 6:26 AM
    Anonymous :
    ဟင်.. သေပြီ.. သားမိုက်ကြီးဖြစ်နေပါပကောလား...ဗျာ။
  • April 25, 2009 at 8:57 PM
    Anonymous :
    အဝဇာတသာ အဖြစ် မရောက်အောင် ကျင့်ကြံရမှာပဲ။ ဖတ်ရှု မှတ်သားသွားပါတယ်။ အဆင်ပြေပါစေ အစ်မ ညခင်း။
  • April 27, 2009 at 5:23 AM
    အင်း ကျွန်တော်မေ့နေတာနဲ့အတော်ပဲ...။
    ဟိုတစ်နေ့ က စကား တစ်ခွန်းသူငယ်ချင်း တစ်ယောက်ကိုပြောမလို့ ဒီစကားတွေ ကိုမေ့နေ လို့ 
    သေချာမပြောပြလိုက်နိုင်ဘူး....။
    အခုမှသိသွားတယ်ကျေးဇူး
နှုတ်ခွန်းဆက်ရန်....
လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။
Followers