ဘ၀ကို ပြန်လည်ဆန်းစစ်ခြင်း။

2

လူ့ဘ၀ကို ဖြတ်သန်းလာခဲ့ကြရာတွင် အကြမ်းအားဖြင့် အရွယ်သုံးပါးကို ဖြတ်သန်းကြရသည်။ တစ်နည်းဆိုရသော် ပထမအရွယ်၊ ဒုတိယအရွယ် ၊ တတိယအရွယ် တို့ကိုဖြတ်သန်းခဲ့ကြရသည်။

ပထမအရွယ်နှင့် ဒုတိယအရွယ်တို့ ၌ လူ့ဘ၀တွင် လှုပ်ရှားဆောင်ရွက်မှု၊ အမှု ကိစ္စများခြင်းသည် သဘာဝဖြစ်၏။ ပညာ၊ ဥစ္စာ ရှာဖွေစုဆောင်းသည့် ...ဘ၀...ကာလအပိုင်းအခြားလည်းဖြစ်သည်။ မိမိဘ၀ရပ်တည်ဖူလုံရေးအတွက် စိတ်ဇောသန်သန်ဖြင့် ရုန်းကန် လှုပ်ရှားရသော ကာလလည်းဖြစ်သည်။

္ဒထိုဘ၀အဆစ်အပိုင်းတွင် လူသည် အောင်မြင်မှုရနိုင်သကဲ့သို့ ဆုံးရှုံးမှုလည်းဖြစ်နိုင်သည်။ လူအများစုတို့၏ တစ်သက်တာ အောင်မြင်မှု၊ ဆုံးရှုံးမှုတို့ကို အဆုံးအဖြတ်ပေးသည့် ဘ၀အပိုင်းအခြားလည်းဖြစ်လေသည်။

တတိယအရွယ်ရောက်သည့်အခါ အောင်မြင်မှုတို့လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး၊ မအောင်မြင်မှုတို့လည်း တက်ကြွသည့် အရှိန်အဟုန်လျှော့ပြီ။ ထိုအချိန်တွင် မိမိဘ၀ကို ပြန်လည်ရှုမျှော်သုံးသပ်မှုကိုပြုမိကြသည်။ ဇောပေါင်းများစွာ ကွာကျသွားသည့် တတိယအရွယ်သို့ရောက်မှသာ မိမိ ဘ၀ ကို ပြန်လည်ဆင်ခြင် စိတ်ဝင်လာလေ့ရှိသည်။

ဘ၀ကို ပြန်လည် သုံးသပ်ဆင်ခြင်ရာတွင် ဆင်ခြင်ပုံ ဆင်ခြင်နည်း နှစ်မျိုး နှစ်စားကွဲပြားနိုင်လေသည်။ အ ချို့က မိမိဘ၀၏ အောင်မြင်မှု၊ မအောင်မြင်မှုများကို ဆင်ခြင်သုံးသပ်သကဲ့သို့ အချို့က မိမိဘ၀တွင် ယခုကာလအထိ ဆောင်ရွက်ခဲ့သည်များကြားထဲမှ ပရဟိတ အဘယ်မျှပါသည်ကို ဆင်ခြင်သုံးသပ်သည်လည်းရှိမည်။ လူ့လောက အတွက် ပြောစမှတ်ပြုလောက်သည့်ဆောင်ရွက်မှု အဘယ်မျှပါမပါ ဆန်းစစ်ကြသည်လည်းရှိမည်။

မည်သို့ပင်ဖြစ်စေ ပြန်လည်ဆန်းစစ်ခြင်းဖြင့် လူ့ဘ၀၏ တန်ဖိုးကို ပြန်လည် အကဲဖြတ်ကြပါစို့။


ပျော်ရွှင်ကြပါစေ...
ညခင်း

2 - Comment:

  • April 13, 2009 at 11:25 AM

    မည်သို့ပင်ဖြစ်စေ ပြန်လည်ဆန်းစစ်ခြင်းဖြင့် လူ့ဘ၀၏ တန်ဖိုးကို ပြန်လည် အကဲဖြတ်ကြပါစို့။

    မြန်မာတို့ရဲ့ နှစ်သစ်မှာ တန်ဘိုးကြီးတဲ့ စဉ်းစားစရာတွေပါ
    ကျေးဇူးတင်ပါတယ်-------------

  • April 22, 2009 at 6:39 AM
    Anonymous :

    ကျနော်ကတော့ ကိုယ့်ဘ၀ကိုကို ဘယ်လိုသုံးသပ်ဆင်ခြင်လဲ ဆိုတော့ ငါအသက်ဘယ်လောက်မှာ ဘယ်နှစ်ယောက်ကိုတော့
    နာမည်ပြောင်ပေးပြီးပြီ၊ နောက်ပြောင်ပြိးပြီ စသည်ဖြင့် ပြန်လည်သုံးသပ်တတ်ပါတယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers