အဝေးရောက်နတ်မင်း

2

ဇုနတ်က နွားတစ်ကောင်ကို ဖန်ဆင်းခဲ့တယ်။ ပရာမီကျုးစ်နတ်က လူတစ်ယောက်ကို ဖန်ဆင်းတယ်။ အာသီနာ နတ်က အိမ်တစ်ဆောင်ကို ဖန်ဆင်းသတဲ့။ သူတို့ဟာ မိမိတို့ ဖန်ဆင်းထားတာ တွေကို ဆုံးဖြတ်ပေးဖို့ မိုမတ်စ်နတ်ကို ရွေးချယ်လိုက်တယ်။

သူက မနာလိုဝန်တိုစိတ်ဖြစ်ပြီး ဖန်ဆင်းထားတာတွေ အပေါ် အပြစ်ရှာဖွေပြောဆိုတယ်။ ဇုနတ်ကို ပြောဆိုတာက နွား ရဲ့ မျက်လုံး တပ်ဆင်တာမှားနေတယ်။ သူ့မျက်လုံးတွေကို ဦးချိုမှာထားရှိသင့်တယ်။ ဒါမှ ဦးချို နဲ့ ဝှေ့တဲ့အခါ မြင်နိုင်မှာပေါ့ တဲ့။

ပရာမီကျူးစ်နတ်ကိုတော့ လူတွေရဲ့ စိတ်ကို ကိုယ်ခန္စ္ဒာအပြင်ဘက်မှာ ထားရှိသင့်တယ်။ ထိုသူရဲ့ အကြံအစည်ကို မြင်တွေ့ဖို့လိုတယ်။ ဒါမှ ကောက်ကျစ်စဉ်းလဲမှုကို ဖုံးကွယ်မရတော့ဘူး လို့ဆိုတယ်။

အာသီနာနတ်ကို ဝေဖန်တာက လူတွေရဲ့ အိမ်ကို လှည်းကြီးရဲ့ ဘီးပေါ်မှာ တည်ဆောက်သင့်တယ်။ အဲဒါမှ လူဆိုးတွေဟာ သူ့အိမ်အနီး လာရောက် မနေထိုင်နိုင်တော့ဘူး။ ဒါဆို ဘာဒုက္ခမှ ကြုံတွေ့စရာမရှိဘူး တဲ့။

မှိုချိုးမျှစ်ချိုး ပုတ်ခတ်ပြောဆိုတာကြောင့် ဇုနတ်က စိတ်ဆိုးပြီး မိုမတ်စ်နတ်ကို အိုလံပစ်တောင်က နှင်ထုတ်လိုက်ပါတယ်။

(အပြစ် မရှိဘဲ အပြစ်ရှာပြောဆိုတာ ဘယ်ကောင်းမလဲ။)

ပျော်ရွှင်ကြပါစေ...
ညခင်း

2 - Comment:

  • April 20, 2009 at 12:58 AM

    မှန်ပ အားလုံး အပြစ်ကို တွေကို အမြင်ကြည်၂လင်၂နဲ့ ခွင့်လွှတ်နိုင်ပါစေ...

  • April 22, 2009 at 6:35 AM
    Anonymous :

    ကျနော်က မိုမတ်စ်နတ်တော့ မဟုတ်ပါဘူး၊ ကျပ်တဲ့ နပ်ပါ သိပါတယ်နော်ဂွနဲ့ကျပ်တဲ့နပ်။
    ဆိုတော့ အပြစ်ပြောတာတာတော့ မဟုတ်ဘူး မြင်တာလေး ပြောတာ ဟုတ်နတ်တွေကရော ဘာကိစ္စနဲ့ လျှောက်ဖန်ဆင်းတာလဲ အလုပ်မရှိ၊ အလုပ်ရှာလို့ဗျာ။ ကိုယ့်ဟာကို အေးရာအေးကြောင်း၊ နတ်သမီး တဖက်၅၀၀နဲ့နှပ်နေတာ မဟုတ်ဘူး နေရာချင်းသာ လဲလိုက်ခြင်ပါ
    ရဲ့ဗျာ...။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers