ဒီတစ်ခုကိုမှ မလုပ်လို့ရှိရင်
ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊
အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင်
ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ
ကိုယ့်စိတ်ကို ကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ
အခြေခံ အဓိက လုပ်ရမယ့်အလုပ်ဖြစ်တယ်။
ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ လူသားရဲ့ အင်မတန်ထူးခြားတဲ့ အရည်အသွေးတစ်မျိုးဖြစ်တယ်။ တိရစ္ဆာန်တွေမှာ အဲဒီ စွမ်းရည်မျိုး မရှိဘူး။ တကယ်အမှန်ပြောရမယ်ဆိုရင် ကိုယ်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်။
ကိုယ့်စိတ်ကိုကိုယ် သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိက အကြောင်းဖြစ်တယ်။ ဒီတစ်ခုကို မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး။ ကိုယ်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊ အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ်စိတ်ကိုကိုယ် သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ်ဖြစ်တယ်။
ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကိုကိုယ်ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ ခုလုပ်နေတာ၊ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်။
ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေ အပေါ်မှာ ဆက်ဆံဖို့ လိုအပ်တဲ့အရည်အချင်းဖြစ်တယ်။
ကိုယ်စိတ်ကို ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကို ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ။
ဆရာတော်ဦးဇောတိက (ဘာကိုတန်ဖိုးထားရမလဲ)စာအုပ်မှ ကူးယူဖော်ပြပါသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
အစ်မလာလည်သွားပါတယ်။ပြန်လည်ဖော်ပြပေးတာကျေးဇူးပါ။
အစ်မပျော်ရွင်ချမ်းမြေ့ပါစေ။
ခင်မင်လျှက်
တောသားလေး
အစ်မရေပိုစ့်ကောင်းလေးပဲနော်
တောသူလေး ဖတ်မှတ်သွားပါတယ်..:thanx
ကိုယ့်ကိုယ် ကို မညာ မိ အောင် ဂရုတစိုက် ကျင့်ကြံနေပါပြီ။ :D
ပျော်ရွှင်ချမ်းမြေ့စွာဖြင့်...ဘာသာရေးစာပေခရီး ဆက်လက်ချီနိုင်ပါစေ.။
ပြန်လည်ဖော်ပြပေးတာကျေးဇူးတင်ပါတယ်..