အသက်ရှုခြင်းဆိုင်ရာရောဂါကုထုံး

12


ကျနော်တို့နှာခေါင်းမှာ ဘယ်နဲ့ညာဆိုပြီး နှာခေါင်းပေါက် နှစ်ပေါက်ပါရှိပါတယ်။သူတို့တွေက တူညီတဲ့ အသက်ရှုခြင်းဆိုင်ရာ နည်းလမ်း တွေဖြစ်တဲ့ ၀င်လေ(Breath in)နှင့်ထွက်လေ(Breath out)တို့ပါရှိနေ ပါတယ်။အမှန်တကယ်အားဖြင့်တော့ သူတို့တွေဟာမတူညီကြ သလို အာရုံခံစားမှုတွေဟာလည်း ကွဲပြားခြားနား ကြပါတယ်။

သို့ဖြစ်သောကြောင့် ညာဘက်နှာခေါင်းပေါက်ကတော့ နေကို ကိုယ်စားပြုသလို ဘယ်ဘက်နှာခေါင်းကတော့ လကို ကိုယ်စား ပြုထား ပါတယ်။ နေကပူလောင်ခြင်း၊လ ကတော့ အေးမြခြင်းပေါ့။

ခေါင်းကိုက်လာတဲ့ အခါမှာ ညာဘက်နှာခေါင်းပေါက်ကို ပိတ်လိုက်ပါ။ထို့နောက် ဘယ်ဘက်နှာခေါင်းပေါက်ဖြင့် ၅ မိနစ်မျှ အသက်ရူလိုက် ပါ။ခေါင်းကိုက်နေတာ သက်သာပြီး ကောင်းသွားပါလိမ့်မယ်။

တကယ်လို့ အရမ်းပင်ပန်း နေတယ်လို့ ခံစားနေရင် သူနဲ့ ဆန့်ကျင်ဘက်နည်းလမ်းကိုလုပ်ပေးပါ။ ဘယ်ဘက် နှာခေါင်းပေါက်ကို ပိတ်လိုက်ပါ။ထို့နောက် ညာဘက် နှာခေါင်းပေါက်ဖြင့် ၅ မိနစ်ခန့် အသက်ရူပေးပါ။ ပင်ပန်းမှုတွေပျောက်ပြီး လန်းဆန်း သွားပါ လိမ့်မယ်။

ဘာကြောင့်ဒီလို လုပ်ရသလဲဆိုရင်တော့ ညဘက် နှာခေါင်းက အပူကိုပိုင်ဆိုင်ထားပြီး၊ ပူလောင်တာ လွယ်ကူစွာရရှိစေပါတယ်။ ဘယ်ဘယ်နှာခေါင်းကတော့ အအေးဓာတ်ကို ပိုင်ဆိုင်ထားတဲ့အတွက် အေး လွယ်စေပါတယ်။

အမျိုးသမီးတွေဟာ ဘယ်ဘက်နှာခေါင်းပေါက်ကပဲအဓီက အားပြုပြီးအသက်ရူကြပါတယ်၊ဒါကြောင့် သူတို့တွေ က အလွယ်တကူပဲ စိတ်ညစ်လွယ်၊စိတ်ဓာတ်ကျလွယ်တတ်ကြပါတယ်။

အမျိုးသားများကတော့ အများအားဖြင့် ညာဘက်နှာခေါင်းပေါက်ကို အဓိကအားပြုပြီး အသက်ရှုကြတဲ့ အတွက် စိတ်ဆိုး၊ဒေါသထွက် လွယ်တတ်ကြပါတယ်။

ကျနော်တို့တွေ အိပ်ရာထထခြင်းမှာ ဘယ်နှာခေါင်းပေါက်ကအရင် အသက်မြန်မြန် ရူတာလဲဆိုတာလဲ သတိထား မိကြပါလား? ဘယ်ဘက်လား ဒါမှမဟုတ် ဘာဘက်လား ?

တကယ်လို့များ မင်းဟာ ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အသက်မြန်မြန်ရှုခဲ့မိမယ်ဆိုရင် အဲဒီနေ့မှာ အရမ်းပင်ပန်းမှုကို ခံစားရလိမ့်မယ်။ဒါဆိုဘယ်ဘက်နှာခေါင်းကို ပိတ်ပြီး ညာဘက်နှာခေါင်းပေါက်နဲ့အသက်ရူ ပေးပါ ၊လန်းဆန်းမှုတွေ ပြန်လည် ရရှိပါလိမ့်မယ်။

မင်းရဲ့ကလေးတွေကိုဒီလိုအသက်ရူပေးပုံတွေကိုသင်ပေးပါ။အသက်အရွယ်ရလာတဲ့အခါဒီအသက်ရှုသွင်းပုံကို သူတို့ တွေကောင်းမွန်စွာ အသုံးချနိုင်ပါလိမ့်မယ်။

လက်တွေခေါင်းကိုက်ဝေဒနာခံစားရသူက ဒီလိုပြောခဲ့တယ်...။

ကျမခါင်းကိုက်ခြင်းဝေဒနာကို သေလုမတတ်ခံစားခဲ့ရပါတယ်။ဒေါက်တာကို ပြတဲ့အခါမှာ သူက ဟာသအနေ နဲ့ ပြောပါတယ် (ယောကျာ်း ယူလိုက်ပါတဲ့ အဲဒီရောဂါ သက်သာသွားလိမ့်မယ်တဲ့)

သူ့ကိုကျမမကျိန်းဆဲမိပါဘူး....သူကလဲသူရဲ့ အတွေ့အကြုံတွေ၊သူစမ်းသပ်မှုတွေ အရသူ နည်းလမ်းတွေ နဲ့ အကြံဥာဏ်ပေးတာပဲ လို့ ယူဆမိပါတယ်။အဲဒီအတောအတွင်းကာလ မှာတော့ ကျမဟာ ညတိုင်း ခေါင်းကိုက်တဲ့ ဝေဒနာကိုခံစားနေရပြီးကျောင်းစာ တွေကိုလဲ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး၊ကျမ ဆေးတွေသောက် ခဲ့ပေမယ့် ၊ဆေးကုသမှုကိုတော့ မခံယူခဲ့ပါဘူး။

တည မှာတော့ ကျမဟာ တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်မှုရအောင်အရင် ကြိုးပမ်းလိုက်ပါ တယ်။ ထို့နောက် ကျမညာဘက် နှာခေါင်း ကို ပိတ်လိုက်ပါတယ် ပြီးတော့ဘယ်ဘက်နှာခေါင်းဖြင့် အသက်ရူတာ ကို လုပ်မိပါတယ်။ အဲဒီလို ကျမ တစ်ပတ်လောက် လုပ်ပြီးတဲ့အခါမှာ ကျမ ခေါင်းကိုက်ခြင်း ဝေဒနာတွေ က လုံးဝပျောက်ကင်းသွား ပါတယ်။ အဲဒါနဲ့ကျမလဲ တလလောက်ကြာအောင် ဆက်တိုက်လုပ် နေမိတာ ကျမ နောက်တစ်ကြိမ် အဲဒီဝေဒနာ ထပ်ပြီးမခံစားရတော့ပါဘူး။ဒါဟာ ကျမကိုယ်တိုင် လုပ်ခဲ့တဲ့ ကိုယ်တိုင် လေ့ကျင့်ခန်း အတွေ့အကြုံပါ။

ဒါကြောင့် တခြားသူတွေ ခေါင်းကိုက်ခြင်းဝေဒနာ ခံစားနေရလျှင် ဤနည်းလမ်းကို အသုံးပြုပါလို့ ပြောချင်ပါတယ်။နောက် မောပန်းမှု ကိုခံစားရသူတွေ အတွက်လဲ ဤနည်းလမ်းကို အသုံးချပြီး လန်းဆန်းမှုကို ရရှိစေချင်ပါတယ်ဆေးဝါးတွေ ကြာရှည်စွာ သောက် သုံးခြင်းဟာ ဘေးထွက် ဆိုးကျိုး အန္တရယ်တွေ များပြားစေပါတယ်။ဒါကတကယ် သဘာဝနည်းလမ်းလေး တစ်ခုပါ ဘာကြောင့် ခင်ဗျား တို့တွေ မလုပ်နိုင်ရမှာလဲ ?အသက်ရှုခြင်းဆိုင်ရာရောဂါကုထုံး(breath in and breath out)လေ့ကျင့်ခန်းဟာ ကျွနုပ်တို့အတွက် မှန်ကန် သင့် လျော်သော နည်းလမ်းတစ်ခု ဖြစ်တဲ့အလျှောက် ဒါကို ပြုလုပ်ပေးနိုင်မယ်ဆိုရင် ဖြင့်ကျနော်တို့ ကိုယ်ခန္ဓာဟာ တကယ်ပဲ လန်းဆန်း တက်ကြွနေမှာပါ ။


လမင်း(ဘာသာပြန်)
ရွှင်လန်းချမ်းမြေ့ကြပါစေ။







12 - Comment:

  • June 24, 2009 at 8:58 AM

    ရပြန်ပြီဟ ပထမ။ ကျေးဖူးပါဗျို့။ ဘာလို့လည်းဆိုတော့ ပါးလုံးလည်း အဲ့လိုခေါင်းအရမ်းကိုက်တတ်ပြီး အသက်ရှုမရ ညတိုင်းလိုလိုဖြစ်နေလို့ပါ။ သူပြောတာနဲ့ တပုံစံတည်းပါပဲ။ ပါးလုံး ဒီညပဲစမ်းသပ်လိုက်ပါမယ်။ ကျေးဇူးအများကြီးကိုတင်ပါတယ်။
    ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

  • June 24, 2009 at 10:22 AM

    ကျွန်တော်လည်းစမ်းသပ်မယ် အလုပ်ကပင်ပန်းလာရင်
    ဒီလိုနည်းလမ်းလေးရတာ ကောင်းပါ့ဗျာ..
    သေသေချာချာမှတ်သွားပါတယ်....
    စာဖတ်သူအကျိုးရှိတဲ့ ပို့စ်မှန်သမျှ တန်ဘိုးရှိပါတယ်
    ...ခင်မင်သောအားဖြင့်....

  • June 24, 2009 at 11:30 AM
    Anonymous :

    မှတ်သားစရာ ကောင်းတယ် ။ အလွယ်တကူ ကုလို့ရတဲ့ နည်းလေးအတွက် ကျေးဇူးပါ။ နောက်တော့ စမ်းလိုက်မယ်။

  • June 24, 2009 at 1:41 PM

    တကယ်ခေါင်းကိုက်နေတာ ဗျို့ စမ်းကြည့်လို့မပျောက်ရင် လမင်းတွေ့မယ် ဟင်း၂

  • June 24, 2009 at 6:28 PM
    Anonymous :

    တကယ်ကို ကျေးဇူးတင်မိတယ်၊
    ခေါင်းမကြာခဏကိုက်တတ်လို့၊
    အရင်က လုံးလုံးမသိခဲ့ဘူး၊
    ဒါကြောင့် ညခင်းနဲ့လမင်းကို နှစ်သက်မိတာ။

  • June 24, 2009 at 7:49 PM

    ကျေးဇူးပါ မညခင်း ။ တကယ် အကျိုးရှိတဲ့ ပိုစ့်ပါ။

    ခင်မင်ခြင်းနှင့်
    တလနွန်

  • June 25, 2009 at 8:33 PM

    ကျေးဇူးပါဗျာ......စမ်းသပ်ကြည့်လိုက်ပါဦးမယ်

  • June 25, 2009 at 9:15 PM

    မှတ်သားစရာလေး မှတ်သားသွားပါတယ် ရှင် :)

  • June 26, 2009 at 10:49 AM
    dr.tin bo bo :

    ကိုယ့်ရဲ့ ဆိုဒ်ကို မကြာခဏလာလေ့ရှိပေမယ့် ကိုယ် ကတော့ အခုမှရောက်တော့တယ်။ တကယ်ပါ။ တန်ဖိုး ရှိလှတဲ့ ဘလော့ဂ်လေးပါ။ မကြာမကြာလာလည်ပြီး ဖတ်ပါ့မယ်။

  • June 26, 2009 at 3:50 PM
    Anonymous :

    ဒီကုထုံးလေး က တကယ်ကို ထိရောက် အသုံးဝင်မယ် ထင်မိပါတယ် ... အရှုံးဆိုတာ မရှိပါဘူး ... စမ်းသပ်ကြည့်ပါဦးမယ် ... ခုလို ထူးခြားထက်မြတ်မယ့် ကုထုံးနည်းသစ်တွေ သဘောကျမိပါတယ် .။
    နေဒေးသစ်။

  • June 27, 2009 at 8:54 AM

    ဒီနည်းလမ်းလေး တွေ ကောင်းတယ်ဗျ..။ စမ်းသပ်ကြည့်ရမယ်...။
    အခုလို မျှဝေတာကျေးဇူးတင်ပါတယ်ဗျာ

  • July 7, 2009 at 4:24 AM
    Anonymous :

    အခုလို တကူးတက ဘာသာပြန်မျှဝေပေးတာ အလုပ်လုပ်တာပါပဲ။ လေးစားဂုဏ်ယူပါတယ်။ ဒီလို စေတနာအပြည့်နဲ့ တကူးတက အလုပ်လုပ်တဲ့သူတွေများစွာ လိုအပ်ပါတယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers