မိန်းမဖြစ်ရခြင်းအကြောင်း၂ခု

7


မိန်းမဖြစ်ရခြင်းအကြောင်း၂ခု ရှိတယ်လို့ သိရပါတယ်။

ဘုရားအလောင်းကို ဇနီးမယားအဖြစ်နှင့် ပါရမီဖြည့်ချင်သောကြောင့် ယသောဓရာသည် အမျိုးသမီးဘ၀ကိုသာ ဆုတောင်းခဲ့သည်။ ထိုကဲ့သို့ မိမိ ဆုတောင်း စိတ်ညွှတ်မှုကြောင့် လည်း မိန်းမဘ၀ ရောက်ကြရသည်။ ကာမေသုမိစ္ဆစာရကံ ကို ဖောက်ဖျက်မှုကြောင့်လည်း မိန်းမဘ၀ ရောက်ကြရသည်။ဒုတိယအကြောင်းကြောင့် မိန်းမဘ၀ သို့ရောက်ကြသူ ပိုများသည်။

အကြောင်းမှာ-ညီတော် အာနန္ဒာအလောင်းသည် ရွှေပန်းထိမ်သည်သား ဘ၀က ကာမေသုမိစ္ဆစာရကံကို ကျူးလွန်ခဲ့သည် ထို ၀ဋ်ကြွေးကြောင့် သေသောအခါ ငရဲသို့ကျသည်။ ထိုငရဲ မှ လွတ်သောအခါ ဘိန္ဒာဂတတိုင်းတွင် သင်းကွပ်ခံရသော ဆိတ်ထီးကြီးဖြစ်ရသည်။

ထိုဘ၀က သေသောအခါ မျောက်သွားဖြစ်ရသည်။ မျောက်ထီးကြီးဖြစ်သော်လည်း ဖခင်မျောက်ကြီးက ကိုက်ဖောက်ပစ်သောကြောင့် သင်းကွပ်ပြီးသာ ဖြစ်သွားရပြန်သည်။ မျောက်ဘ၀က သေပြန်သောအခါ သုဒဿနတိုင်း ၌ သင်းကွပ်ခံရသော နွားထီးကြီးဖြစ်ရပြန်သည်။ ထိုဘ၀မှ သေသောအခါ ၀ဇ္ဖီတိုင်း၌ ယောက်ျားမဟုတ်၊ မိန်းမမဟုတ် နပုံးဖြစ်ရ၏။

ထိုဘ၀က သေသောအခါ သိကြားမင်း၏ မိဖုရား လေးဘ၀ဖြစ်ရသည်။ ထို့နောက် ဇ၀န နတ်သား၏ မိဖုရားတစ်ကြိမ်၊ ရုစာမင်းသမီးအဖြစ်တစ်ကြိမ် တာဝတိသာက နတ်သားတစ်ယောက်၏ မယားတစ်ကြိမ် ဖြစ်ခဲ့ရသည်။ ထိုသို့သော ဘ၀တစ်ခု ၏ ကာမေသုမိစ္ဆစာရကံ အကျိုးပေး အကြောင်းကို သိရှိခဲ့ရပါသည်။(ဓမ္မပဒ အဌကထာ၊ ၁ ။ ၂၁၈၊ သောရေယျဝတ္တု)

ထို့နောက် မိန်းမဘ၀တွင် ဥတုပန်းပွင့်ရခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်း၊ မီးဖွားရခြင်း၊ သျှောင်နောက်ဆံထုံးပါ ဟူသောစကားအတိုင်း ခင်ပွန်းနောက်သို့လိုက်နေရခြင်း၊ ယောက်ျားတို့၏ အလိုလိုက်ပေးရခြင်း အာဝေဏိက ဒုက္ခများကိုလည်းခံစားကြရသည်ဖြစ်ရာ အမျိုးသမီးများ အမျိုးသားဘ၀ သို့ရောက်လိုကြလျှင် ဒါန၊ သီလ၊ ကုသိုလ်ပြုသောအခါ ယောက်ျားဘ၀ကို ဆုတောင်းကြရမည်။ မိမိ၏ လင်ယောက်ျားကို ရိုသေမြတ်နိုးစွာ ပြုစုပေးရမည်။ အမျိုးသားများသည်လည်း ဘ၀ ဆက်တိုင်း အမျိုးသားဘ၀သို့သာ ရောက်လိုလျှင် သူတစ်ပါး သမီးမယားများကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းမှတ်သား သိရှိရပါတယ်။အလွယ်တကူမှတ်စရာ လင်္ကာလေးကတော့....

မိစ္ဆစာရ ကျူးလွန်ကလည်း
မုန်းကြသူများ၊ ရန်သူပွား၍
ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။
ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊
မျက်နှာမလှ၊ အရှက်ရလျက်၊
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်၊
စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊
ရှောင်ကာ အပြန် အကျိုးတည်း-

ရွှင်လန်းချမ်းမြေ့ကြပါစေ။

7 - Comment:

  • June 9, 2009 at 4:52 AM
    နွေးနေခြည် :

    မှတ်သားသွားပါတယ်။ ကြီးလိုက်တဲ့ အကုသိုလ်ကံတွေနော်...

  • June 9, 2009 at 6:19 AM

    ကာမေသုမိစ္ဆစာရကံ ကကြောက်စရာကြီးနော် အားလုံးရှောင်ရှားနိုင်ကြပါစေ

  • June 9, 2009 at 7:19 PM

    ကျေးဇူးတင်တယ်၊ ဒီပို့စ်လေးဖတ်ရလို့

  • June 9, 2009 at 11:17 PM

    ကာမေသုမိစ္ဆာစာရကံက ကံငါးပါးမှာ အဆိုးဆုံးပဲနော်... ဒါကြောင့်လည်း တစ်ပါးသီလဆိုတဲ့ ဇာတ်ကားလေးနဲ့ ဆုံးမညွှန်ပြပေးတာပေါ့လေ။

  • June 13, 2009 at 2:06 AM
    Anonymous :

    ဟုတ်မယ်ဗျ အဲဒါကြောင့် ဒီနေ့ခေတ်မှာ မိန်းမတွေ မှိုလိုပေါပြီး ယောကျာင်္းတွေ ရှားလာတာ၊ နောင်များဆို မိန်းမချည်းပဲ ရှိတော့ မလားတောင် မပြောတတ်ဘူး.. ဟီး

  • June 13, 2009 at 3:56 AM

    နေ့အိပ်မက်က ယောင်္ကျားမဖြစ်ချင်ဘူး.... နောက်ဘ၀ယောင်္ကျားဖြစ်ပြီး ရဟန်းခံခွင့်ရရင်ကောင်းမယ်လို့ စဉ်းစားမိပေမဲ့.. ယောင်္ကျားတွေက မိန်းမတွေထက် အကုသိုလ်ပိုလုပ်ဖို့ အခွင့်အလမ်းရှိနေသလားလို့.... ဥပမာ.. ယောင်္ကျားလေးက အရက်သောက်ဖြစ်ဖို့ လွယ်တယ်.. မိန်းမလိုက်ဖြစ်ဖို့လည်း မိန်းမတွေထက် ပိုလွယ်တယ်လေ....

  • June 14, 2009 at 10:29 PM

    အားပါး။
    မှတ်သားလောက်တဲ့စာတွေပဲ။ တန်ဖိုးရှိလိုက်တာဗျာ။
    လာလည်ရတာ တန်လိုက်တာ...။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers