ဖား နဲ့ ကျား

0

ဒီတစ်ခါ အလှည်ကျတာ တော့ ပုံပြင်လေးပါပဲရှင်....

     ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုရဲ့ ရေကန်ကြီးထဲမှာ ဆိုရင် ကြားမျိုးငါးပါး၊ ပွင့်ဖူးနေကြလို့ လှပ မွှေးကြိုင်နေသတဲ့
ကြည်လင်း အေးမြတဲ့ရေ ကို တောအုပ်ထဲမှ ရှိကြတဲ့ တိရိစ္ဆာန်အပေါင်းက လာရောက် သောက်ကြတယ် ပေါ့ကွယ်။
      အဲဒီ ရေကန်ထဲမှာ ဖားထီးနဲ့ ဖားမ စုံတွဲရှိကြတယ်။ အဲဒီ ဖားလင်မယားဟာ ကြာပန်းထဲက ၀တ်ရည်တွေကို စားပြီး ကြီးထားလာကြတာပေါ့။ တစ်နေ့ ဖားမဟာ ဖားထီးကို ပြောတယ်။

ှရှင်ဟာ သိပ်ပြီး ခွန်အားဗလနဲ့ ပြည်စုံတဲ့သူပဲ။ ရှင်သာအင်အားအကြီးဆုံးဖြစ်မယ်ထင်တယ်။ ဒါကြောင့်ရှင်အစွမ်းကို ကြည့်ချင်တယ်။

     ဖားမရဲ့ စကားကို ကြားတဲ့ ဖားထီးက ဘ၀င်မြင့်သွားတာပေါ့ကွယ်။ ဟုတ်လား ငါလည်း အဲလို ထင်ထားတာ။ကဲ ပြော ငါဘာလုပ်ပြရမလဲ၊ မိုးပေါ်က ကြယ်ကို တက်ဆွတ်ပေးရမလား။အလိုတော် အယ်လောက်မကြီးဘူးရှင် ဟောဒီရေကန်မှာ ရေလာသောက်နေကြတဲ့ တိရိစ္ဆာန်တွေထဲက အကောင်ကြီးတစ်ကောင်ကို သတ်ပြစမ်းပါ။

ငါ...ငါက ဘယ်လို အကောင်မျိုးကို သတ်ပြရမှာလဲ..။ရှင်ကြိုက်တဲ့ အကောင်ပေါ့။ ခြင်္သေ့ဖြစ်ဖြစ်၊ ကျားဖြစ်ဖြစ်၊ ဆင်ဖြစ်ဖြစ် ကျားသားစားရရင် ပိုကောင်းမယ်။

ဟယ်ဒီ ဂန်းမ နင်ရှုးနေလား ငါလို လက်တစ်ဆုပ်ကောင်က အဲဒီဧရာမကြီးတွေကို သတ်နိုင်တယ်လို့ နင့်ဘယ်သူပြောလဲ..။

ပုံပြင်တွေထဲမှာ ဖတ်ဖူးတာပဲ။

ပုံပြင်ဆိုတာ တကယ်မှ မဟုတ်တာ မဖားမရယ်၊ မဖြစ်နိုင်တာ မတောင့်တစမ်းပါနဲ့။
ှရှင်က မိုးပေါ်က ကြယ်တောင် ဆွတ်ပေးဦးမလို့ဆို။ ဒီမှာရှင့် လောကမှာ အကောင်ကြီးတာ သေးတာ အဓိက မကျဘူး။ အကြံဥာဏ်နဲ့ စွမ်းရည်သတ္တိ သာ အရေးအကြီးဆုံးပဲ။ ရှင်ကို အထင်ကြီးခဲ့မိတာ မှားတာပဲ၊ ရှင်ဟာ ဘာ အစွမ်းမှမရှိတဲ့လူ (အဲလေ) ဖားပဲ..။ အဲလိုနဲ့ ဖားမ က ချွဲချွဲနွဲ့နွဲ့ ရှိုက်သံလေးနဲ့ပြောတော့ ကိုကို ဖားထီးက အတော့်ကို စိတ်ထိခိုက်သွားတော့တာပဲ။

အိုမိုင်...ဆွိ ငါကို အထင်သေးသွားပြီလား၊ မင်းလိုသမျှငါစွမ်းဆောင်ပြမယ်ဆိုပြီး။ အကြံထုတ်ပါတော့တယ်။

အဲလိုနဲ့ တစ်နေ့မှာ ရေသောက်ဖို့လာတဲ့ ကျားတစ်ကောင်ကိုမြင်တော့ ကြာဖက်ပေါ်ထိုင်နေရင်းက လှမ်းမေလိုက်သတဲ့။ဟေ့ကောင် ကျားကြီး..မင်းနဲ့ငါ အသံချင်းပြိုင်မလား။

ဘာ...ဘာ မင်လို မလောက်လေး မလောက်စားဖား သတ္တ၀ါက ငါလို တောဘုရင် နဲ့ပြိုင်ပြီး ဟိန်းချင်တယ်။
ဟုတ်တယ်.. အသံချင်းပြိုင်ဟိန်းလို့ ကျုပ်သေသွားခဲ့ရင် ခင်းဗျားနိုင်ပြီ၊ ကျုပ်မသေဘူးဆိုရင် ခင်ဗျားရှုံးပြီ။
ဟေ့ကောင် ငါတစ်ချက်ဟိန်းလိုက်တာနဲ့ မင်းလိုဖားမပြောနဲ့ ဆင်တို့ ခြင်္သေ့တို့တောင်မခံနိုင်ဘူး။ အခြားအကောင်တွေဆို နားအုံကွဲပြီး သေပွဲဝင်ကြရတယ်။

အပိုတွေပြောမနေစမ်းပါနဲ့ ဒါစမ်းကြည့်မှာ သိမယ့် ကိစ္စပဲ။အဲလို နဲ့ဖားက အသင့်ပြင်ထားလိုက်တယ်။ ကျားက ဟိန်းဟောက်ဖို့အတွက် ဦးခေါင်းကိုမော့ ပြီး ပါးစပ်ကြီး ဟလိုက်တယ် ဆိုရင်ပဲ ဖားက ရေကန်ထဲကို စွတ်ကနဲ ငုပ်ဆင်းသွားတယ်။ ပြီးတော့ ကြည်လင်နေ  တဲ့ရေအောက်က နေ ကျားကို လှမ်းကြည့်နေသတဲ့။  ဟိန်းပြီး တဲ့အခါမှ ဖားက ကြာဖက်ပေါ် အသာပြန်တက်ထိုင်ပြီး စောစောက ပုံစံအတိုင်း နေနေ၏။

ဒါကိုမြင်တော့ ကျားက အံ့သြသွားတယ်။ သူဟိန်းတာကို ဖားက ဘာမှမဖြစ်သလိုနေပြနိုင်တယ် ဆိုတော့ မကျေမနပ်နဲ့ ဒေါသဖြစ်သွားရတာပေါ့။ ဒါကြောင့် ကြိတ်မနိုင်ခဲမရနဲ့ နောက်ထပ်တစ်ခါ ဟိန်းဟောက်ဖို့ လုပ်ပြန်တယ် ။ဖားကလဲ အရင်အတိုင်းပဲ ရေထဲ ငုပ်ဆင်းတယ် ပြီးမှ ပြန်ထိုင်နေလိုက်တယ်။

အဲလိုနဲ့ ကျားက ဟိန်းလိုက် ဖားက ရေငုပ်လိုက်နဲ့ အကြိမ်ပေါင်းများစွာ ဟိန်းရဟောက်ရလွန်းလို့ ကျားဟာ မကြာခင်မှာပဲ ရင်ကွဲပြီး သေသွားတော့တာပေါ့။ အကောင်ကြီးပေမဲ့ စဉ်းစားဥာဏ်မရှိတော့ သူတစ်ပါးပြောတာ ယုံလွယ်ပြီး လိုက်လုပ်တဲ့  ကျားငမိုက်ရဲ့အသား ကို ဖားမ ဟာ မြိန်ရေရှက်ရေနဲ့စားတော့ သတဲ့။

အကောင်သေးပေမဲ့ ဖြတ်ထိုးဥာဏ်ကောင်းပြီး သူ့အလိုကို ဖြည့်ဆည်းပေးတဲ့ လင်တော်မောင်ဖားထီး ကို ဂုဏ်ယူလိုမဆုံးပေါ့ကွယ်...။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။


0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers