မလိမ်ချင်ဘဲ လိမ်ရတာပါ။

1

သစ်ခုတ်သမားတစ်ယောက် မြစ်ကမ်းနံဘေး တွင် သစ်ခုတ်နေရင်း ပုဆိန်မြစ်ထဲ ပြုတ်ကျသွားသဖြင့် မြစ်စောင့်နတ်ကို ပုဆိန်ပြန်ရအောင် စောင့်ရှောက်ပါရန်တိုင်တည် လေသည်။ သနား ညှာတာတတ် သော မြစ်စောင့်နတ်ပေါ်လာပြီး မြစ်အတွင်းမှ ရွှေ ပုဆိန် တစ်လက်ကို ဆယ်ယူ၍ ဒါမင်းပုဆိန်လား ဟု သစ်ခုတ်သမားကို မေးရာ သစ်ခုတ်သမားက မဟုတ်ကြောင်း ငြင်းဆိုသည်။ ထိုနောက် ငွေပုဆိန်၊ ပြရာ သစ်ခုတ်သမားက သူ့ပုဆိန်မဟုတ်ကြောင်းငြင်းပြန်သည်။
နောက်ဆုံးတွင် ကြေးပုဆိန်ကို ပြသောအခါမှ သစ်ခုတ်သမားက ဟုတ်မှန်ကြောင်းပြောဆိုသည်။ သစ်ခုတ်သမား၏ ရိုးသားမှုကို သဘောကျသော မြစ်စောင့်နတ်က ငွေပုဆိန် နှင့် ရွှေပုဆိန်၊ ကြေးပုဆိန် ၃ခုစလုံးကို ပေးလိုက်လေသည်။
ရက်အတော်ကြာသောအခါ သစ်ခုတ်သမား နှင့် မိန်းမဖြစ်သူ မြစ်ကမ်းနံဘေး တွင် လမ်းလျှောက်လာစဉ် မိန်းမ ဖြစ်သူ မြစ်အတွင်း ပြုတ်ကျသွားရာ သစ်ခုတ်သမားက မြစ်စောင့်နတ်ကို ကယ်တင်ပါရန် တိုင်တည်ပြန်သည်။ မြစ်စောင့်နတ် ပေါ်လာပြီး သစ်ခုတ်သမားအား အိန်ဂျယ်လီနာဂျိုလီကို ပြ၍ ဒါမင်းမိန်းမ လားဟု မေးရာ သစ်ခုတ်သမားက ဟုတ်ပါတယ်ဟု ပြန်ဖြေသဖြင့် မြစ်စောင့်နတ်က မင်းအရင်တစ်ခါတုန်းကတော့ ရိုးရိုးသားသားဖြေရဲ့သားနဲ့ အခု ဘာလို့ လိမ်ရတာလဲ ဟုမေးသည်။
သစ်ခုတ်သမား က ကျွန်တော် အမှန်အတိုင်း ပြောလို့ အရင်တစ်ခါလို လုပ်ရင် မိန်းမသုံးယောက်ယူနေရမှာပေါ့။

1 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers