ရေးသားသူ.... Anonymous | at Friday, January 30, 2009
ရေးသားသူ.... Anonymous | at Wednesday, January 28, 2009
Category : ဆောင်းပါး
ဘုရားသခင် လူသားကို ဖန်ဆင်းစဉ်က ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အချင်းချင်းအငြင်းအခုံ ဖြစ်ပွား စကားများခဲ့ ကြလေသည်။
သူတို့ထဲမှာ ဘယ်သူက ဆရာကြီး ဘောစ့် ဖြစ်သနည်း ပေါ့။
ဦးနှောက်က အရင် စ စကားများသည်။
”ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို ငါကထိန်းချုပ်ထားတာကွ၊ ဒါကြောင့် တစ်ကိုယ်လုံးမှာ ငါသာလျှင် ဘော့စ်”
ခြေထောက်က ပြန်ချေပသည်။
”တစ်ကိုယ်လုံး ဘယ်သွားသွား ဘယ်လာလာ ငါက ပို့ဆောင်ပေးတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”
အစာအိမ်က ခုလို အကြောင်းပြသည်။
”မှီဝဲ စားသောက်လိုက်သမျှ အစာရေစာတွေကို ကျေညက်အောင် ငါက ခြေဖျက်ပေတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”
မျက်လုံးတွေကလည်း သူ့ အကြောင်းပြချက်နဲ့သူ။
”ငါတို့သာ မရှိရင် လူဆိုတာ ခိုကိုးရာမဲ့ ဒုက္ဇိတ ဘ၀ရောက်သွားမှာကွ၊ ဒါကြောင့် ငါတို့သာလျှင် ဘောစ့်”
သို့လျှင် နှလုံးသား ၊ လက်များ၊ နားရွက်များနှင့် အဆုတ်များကပါ သူတို့သာလျှင် ဆရာကြီးဖြစ်ထိုက်သည်ဟု အသီးသီး အကြောင်းပြကြ၏။
နောက်ဆုံး စအိုဝ အလှည့် ရောက်သည်။ သူကလည်း ဘော့စ်ရာထူးတွင် ၀င်အရွေးခံသည်။
ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးက စအိုဝအား တ၀ါးဝါး ၀ိုင်းဟားကြသည်။ စအိုဝ မခံမရပ်နိုင် ဖြစ်ပြီး သူ့တာဝန်၊ သူ့လုပ်ငန်း သူ မထမ်းတော့ ဘဲ ဆန္ဓ္ဇပြ ရပ်ဆိုင်းလိုက်သည်။
မကြာပါ။ တစ်ရက် နှစ်ရက် အတွင်းမှာ ဦးနှောက်တစ်ခု လုံး အူကြောင်ကျားဖြစ်စ ပြုလာသည်။ ခြေထောက်တွေ ကောင်းကောင်း လျှောက်လို့မရတော့။ မခိုင်ခန့် ချည့်နဲ့စ ပြုလာသည်။ အစာအိမ် အလုပ်မလုပ်၊ ၀မ်းချုပ်လာသည်။ မျက်လုံးတွေ မမြင်မစမ်း ကန်းချင်လာသည်။
နောက်ဆုံး စအိုဝအား အားလုံးက ၀ိုင်းတောင်ပန်ပြီး ဆရာကြီး အဖြစ် ရွေးကောက် တင်မြှောက်လိုက် ကြရလေသည်။
ဘော့စ် ဖြစ်ဖို့ ဦးနှောက် ကောင်းဖို့မလို၊ စအိုဝ ၏နေ့စဉ်လုပ်ဆောင်ချက်မှန်ကန်ကောင်းမွန်ဖို့သာ လိုသည် ဟူသောစကား မှန်ကန်ကြောင်း ခိုင်လုံဆုံး အထောက်အထားဖြစ်သတည်း။
ရေးသားသူ.... Anonymous | at Friday, January 23, 2009
Category : ထိုထိုယောင်္ကျား။
ရေးသားသူ.... Anonymous | at Wednesday, January 21, 2009
Category : မှတ်ဖွယ်ရာရာ ဗဟုသုတ
အိပ်ရာက ဆတ်ခနဲ လန့်နိုးလာ၏။ နာရီကြည့်လိုက်တော့ ည ၂နာရီတိတိ။ အင်းအိပ်ရာဝင်တာ ၁၂နာရီဆိုတော့ အိပ်တာ ၂နာရီပဲ ရှိသေးတာပဲ။ အိမ်မက်ထဲတွင် အိပ်မက်ဆိုးမြင်မက်ပြီ လန့်နိုးလာခြင်းပင်။ အဲဒီမှာတင် ဆက်အိပ်လို့မရတော့ပါ အတွေးနယ်ချဲ့နေမိလေသည်။
အချစ်ဆိုသည်မှာ အဘယ်နည်း။ လောကတွင် လူတိုဟာ မည်သူ့ကို အချစ်ဆုံးလဲ။ အခြားတစ်စုံတစ်ယောက်ကို အချစ်ဆုံးဟု ဆိုလျှင်တော့ ဒါညာတာ သေချာသည်။ မိမိကိုယ်ကို လောက်ဘယ်သူ့ကို ပိုချစ်နိုင်ပါမည်နည်း။ ဟုတ်သည်။ မိမိကိုယ်ကို မိမိ အချစ်ဆုံး။ဒါကရော သေချာသတဲ့လား။
မနက်က ဖုန်းသတင်းအရ ကျွန်မ ဆွေမျိုးတစ်ဦးနာရေး သတင်းကို ကြားခဲ့ရပါတယ်။ ထိုသူနှင့် ဆက်စပ်မိတဲ့အကြောင်းအရာများဆီအတွေးရောက်သွားပါတယ်။ကျန်းမာရေးပညာပေး ဟောပြောပွဲ များတွင်ပညာပေး ဟောပြောခဲ့ဘူးသ တစ်ဦး အကြောင်းပါ…။
သူပြောခဲ့ဘူးသည့်စကားများကို ပြန်လည်ကြားရောင်မိပါသည်။ အဆုတ်နာရောဂါ ၊ နှလုံးသွေးကြောကျဉ်း၊ နှလုံးပုပ်ရောဂါ ကင်ဆာရောဂါပေါင်းစုံ ရစေတတ်တဲ့အဲဒီလောက် ကြောက်စရာကောင်းလှတဲ့ ဆေးလိပ်ကို လူသတ်ကောင် တစ်ယောက်လို သဘောထားပြီး ဝေးဝေးက ရှောင်ဖို့ လိုမယ်။ အင်း ဒီလိုပြောတော့ ခင်ဗျားတို့က မယ်။ သူများကို ကျတော့ ဒီလိုရှောင်ရမယ်၊ ဟိုလို ရှောင်ရမယ်နဲ့ ဆရာကြီး ကျတော့ ခုနတုန်းက ဟောပြောပွဲ မစခင် တစ်လိပ်ပြီး တစ်လိပ် သောက်နေကျတော့ ဘယ်လို ပြောရမလဲ ဆိုပြီးတော့ပေါ့။ မှန်တယ်။ ကျွန်တော်လည်း သောက်တယ် ငယ်ငယ်ကတည်းက သောက်လာတော့ဖြတ်လို့ မရတော့ဘူး။ အရမ်းစွဲနေပြီ၊ ကျုပ်တင်မကဘူး၊ ဟိုရှေ့နားထောင့်နားက အဘိုးကြီးတွေလည်း ဆေးလိပ်လေးတွေကိုယ်စီ ကိုယ်စီနဲ့ဖင်ထဲက မီးခိုးထွက်အောင် ဖွာရှိုက်နေကြတာ၊ ကိုင်း ကျုပ်တို့ ခင်ဗျားတို့ ဆေးလိပ်ချိုးတွေကတော့ သေမထူးနေမထူးဖြစ်ပြီ၊ အခုမှတော့ဖြတ်လို့လည်းမရတော့ဘူး ၊ သေခါနီးပြီ မဟုတ်လား။ အဲဒီတော့ ဆက်သောက်ကြ၊ ရဲဘော်တို့ ခင်ဗျားတို့ရော ကျုပ်ရော ဒီဆေးလိပ်က ပေးတဲ့ ရောဂါတစ်ခုခုနဲ့ မကြာခင်မှာ မာကလီးယားမှာ သေချာတယ်။ ဒီတော့ အားမလျှော့နဲ့ မသေခင် လေးမှာ အးရပါးရ ဆက်သောက်၊ ဒါပေမဲ့ ဆေးလိပ် မသောက်တတ်သေးတဲ့ လူငယ်လူရွယ်တွေ အားလုံး ဆေးလိပ်ရဲ့ ဘေးဆိုးကြီးတွေကနေ လွတ်အောင် ဆေးလိပ်ကို ဝေးဝေးက ရှောင်ကြဖို့၊ ကျွန်တော်တို့လို မမိုက်မဲကြဖို့ အထူးသတိပေးလိုပါတယ် …။ ကဲ ဒီလို ကျန်းမာရေး ဟောပြောပွဲတွေမှ စိတ်ဝင်စားဖွယ်ပျော်ရွင်ဖွယ် အာဝဇ္ဖန်း ရွှင်ရွှင်နဲ့ ကျန်းမာအောင်၊ အသက်ရှည်အာင် မည်သို့နေထိုင် စားသောက်လေ့ကျင့်ခန်း တွေလုပ်ရမည်ကို အကွက်ကျကျ ဟောပြောခဲ့သူ…။ ထိုကဲ့သို့လူမျိုးပင် ….မိမိအချစ်ဆုံးဆိုသော မိမိကိုယ်ကို မသေသေအောင် သတ်နေတာ မဟုတ်လို့ ဘာလုပ်တာလဲ၊ ဒါဟာ ကိုယ်ကိုယ်ကိုယ် ချစ်တာလား။
ဒီလိုနဲ့ ဆက်တွေးဖြစ်တော့ မေးခွန်းပေါင်းများစွာနဲ့ပေါ…။လူတို့သည် ဘ၀တွင် တစ်ခုမဟုတ်တစ်ခုကိုတော့ စွဲလန်းမိတတ်၏။ စွဲလမ်းရင်းမှ ချစ်သွားကြ၏။ မျက်ကန်းချစ်ဖြင့် တစ်စုံတစ်ရာကို ချစ်သွားကြသည်မှာ မိမိအသက်ကိုတောင် မိမိ မငဲ့ကွက်လောက်အောင်ပင်။ အံ့သြဖို့ မကောင်းဘူးလား။ လောကတွင် သိသည်က တခြား၊ ကျင့်သည်က တစ်ခြား၊ အသိနှင့်အကျင့် တို့ တစ်ထပ်တည်းကျဖို့သည်မျှလောက်အောင်ပင်ခက်ခဲနေသလား။ ပညာတတ်သည်က တစ်ခြား ပညာရှိသည်ကတစ်ခြား၊ ပညာတွေ ဘယ်လောက်တတ်ပါစေ တကယ့်လက်တွေ့ မကျင့်သုံးနိုင် လျှင်ထိုသူကို ပညာရှိသည်ဟု မခေါ်နိုင်ပါ။
သူများတွေကိုတော့ ပြောနေသည်။ မိမိကရော ပညာရှိလား ပညာတတ်လား၊ လောကကြီးသည် ကမောက်ကမ နိုင်၏။သူများကိုကြည့်သည့်မျက်လုံး နှင့် ကိုယ်ကိုယ်ကို ပြန်ကြည့်သည့်မျက်လုံး တူပါ့မလား။ ကိုယ့်ကိုယ်ကိုယ် ကျတော့ အဟုတ်အမှန်ဟုသာ ထင်တတ်သည်။ မိမိကို ဝေဖန်ကြလျှင်လည်း မိမိမှန်ကြောင်း ပညာတတ်ပီပီ လှပသော ဆင်ခြေများကိုလည်း ကတ်သီးကတ်သတ် ပေးတတ်သည် မဟုတ်ပါလား။
တွေးနေ၊ ငေးနေ၊ ရေးနေသည်မှာ ဘယ်လောက်ကြာတယ်မသိဘူး၊ သူအချစ်ဆုံးကတော့ ဆေးလိပ်ပေါ့။ ကျွန်မ အချစ်ဆုံးကရော….။
All Rights Reserved. Blog Design by ညခင်း ဘလော့ဒိုမိန်းအား စေတနာရှင်မလေးမှ လှူဒါန်းပူဇော်ပါသည်။
Bloggerized by Free Blogger Templates