ရေးသားသူ.... Anonymous | at Wednesday, December 24, 2008
Category : ကဗျာ
ရေးသားသူ.... Anonymous | at Wednesday, December 24, 2008
Category : ဆောင်းပါး
အို…အသင်
သင်ကား…ရိုးသားမှု ကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား…ရိုးသားမှုကို သင်တန်ဖိုးထား မြတ်နိုး သူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် ရိုးသားသူဖြစ်ရန် ကြိုးစားနေဆဲ မဟုတ်လော…။
တစ်ချိန်တည်းမှာပင် သင်ကား နှလုံးသားအလှကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား နှလုံးသားအလှကို သင် တန်ဖိုးထား မြတ်နိုး သူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် နှလုံးသား လှသူဖြစ်ရန် ကြိုးစားဆဲ မဟုတ်လော။
ပြီးတော့ သင်ဟာ သစ္စာတရားကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား သစ္စာတရားကို သင်တန်ဖိုးထား မြတ်နိုးသူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် သစ္စာတရား ရှာဖွေသူဖြစ်ရန် ကြိုးစား ဆဲ မဟုတ်လော။
ဒီလို အလွန်အမင်း ကြိုးစားရင်း သင်ကိုယ်တိုင် ရိုးသားသူ လည်မဖြစ်ခဲ့၊ နှလုံးသားလှသူလည်း မဖြစ်ခဲ့၊ သစ္စာတရား ရှာဖွေတွေ့ရှိသူလည်း မဖြစ်ခဲ့။ အို…..သင်တန်ဖိုးထား မြတ်နိုးခဲ့တာတွေ အကုန်လုံး တစ်ခုမှ မဖြစ်ခဲ့။
အခု သင်သေပြီ…
ဘုရားသခင်ကို ပူဇော်ဖို့ ခေါင်းကိုက်ပျောက်ဆေး
တစ်ထုပ်လောက် ပါသွားခဲ့ပါသလား။
ရေးသားသူ.... Anonymous | at Wednesday, December 24, 2008
Category : ဆောင်းပါး
All Rights Reserved. Blog Design by ညခင်း ဘလော့ဒိုမိန်းအား စေတနာရှင်မလေးမှ လှူဒါန်းပူဇော်ပါသည်။
Bloggerized by Free Blogger Templates
