သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစ အချစ်က

9

 လောကီလူသားများက အချစ်ရှိမှ ဘ၀လှပသည်၊ သာယာစိုပြည်သည် ကြည်နှုးချမ်းမြေ့ရသည် စသည် အမြင်တွေရှိကြတယ်။ အဲဒီအမြင်အတိုင်း အချစ်ကို နှလုံးသား၌ အမြတ်တနိုး တန်ဖိုးထား၍သိမ်းပိုက်ထားချင်တယ်။ သိမ်းပိုက်၍လည်း ထားတတ်ကြတယ်။ ဒါကြောင့်လည်း အချစ်ဆိုသည့် စကားလုံးလေးက အလှပဆုံး၊ အပြောချင်ဆုံး၊ အကြားချင်ဆုံး ၊ နားဝင်ချိုဆုံး စကား တစ်လုံး အဖြစ် အမြစ်တွယ်ရှင်သန် နေတာပေါ့နော်။လောကီလူသားများ အဖို့ အချစ်နယ်တွင် ပြဿာနာဆိုးတစ်စုံ တစ်ခု မတွေ့ကြုံ မခံစားရသေးသူဖြစ်ခဲ့ပါမူ အချစ်သည် သုခလို့ပင် ထင်မှတ်နေမှာဖြစ်ပါတယ်။

အရိယာနယ်တွင်မှာတော့
အချစ်ကို သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်ဟူရှုမြင်ကြတယ်။ အရိယာတို့က အချစ်ကို ချစ်သမျှ ဒုက္ခ၊ အချစ်များသလောက် ဒုက္ခတွေများလှပေတယ်လို့ မိန့်ဆိုကြတယ်။

သို့ရာတွင် လောကီနယ်သားများပင် လျှင် အစဉ်ထာဝရ အချစ်သည် သုခဖြစ်နိုင်မဖြစ်နိုင် မြတ်စွာဘုရား ဟောညွန်ပြထားသည့် သာဓကလေးတွေရှိပါတယ်။

သာဝတ္တိမြို့မှာ ပစ္စည်းဥစ္စာချမ်းသာသည့် သူကြွယ်တစ်ဦး မှာ တစ်ဦးတည်းသောသားကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန် သွားတော့ သူကြွယ်က သုဿာန်မှာ ငါ့သားကလေး ဘယ်မှာလဲ၊ ငါ့တစ်ဦးသော သားလေး ဘယ်မှာလဲ လို့ အော်ဟစ်တမ်းတပြီး သုဿာန်မှထွက်ပီး ခြေဦးတည်ရာ  သွားလေရာ ဗုဒ္ဓအရှင်ရှိရာ ဇေတ၀န်ကျောင်းတော်ရောက်သွားပါတယ်။ ဘုရားရှင်က မေးမြန်းတဲ့အခါ...တစ်ဦးတည်းသေားသားလေး ဆုံးပါးသွားလို့ သုဿာန်မှ အော်ဟစ်ပြီး ခြေဦးတည်ရာထွက်လာရင်း ဒီကိုရောက်လာခြင်းဖြစ်ကြောင်းပြောပါတယ်။

ဘုရားရှင်က ဒီကိစ္စဟာ ဒီသဘာဝအတိုင်းဖြစ်ရမယ် သူကြွယ်၊ ပူဆွေးခြင်း၊ ငိုကြွေခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူလောင်ခြင်း၊ ဒါတွေဟာ အချစ်ကြောင့်ဖြစ်ရတာပဲ။ အတိုးချုံးပြောရရင် သောကနဲ့ ပရိဒေ၀ရဲ အမွန်အစ အချစ်ကပေါ့ သူကြွယ် လို့မိန့်ကြားပါတယ်။

ထိုအခါမှာသူကြွယ်က အရှင် ဂေါတမရယ်၊ ကြည်နှုးချမ်းမြေ့ခြင်းရဲ့ အမွန်အစ အချစ်ကလို့ပဲ ဖြစ်နိုင်ပါတယ်။ ငါ့အရှင် ၀ါဒကို ကျွှန်ုပ်လက်မခံနိုင်ပါဘူး....သူကြွယ်ဟာ သူကိုယ်တိုင် သောက ပရိဒေ၀ကို ခံစားနေရပါလျက် ဘုရားရှင်၏ ၀ါဒကိုလက်မခံဘဲဇွတ်ငြင်းပယ်ကာ နေရာမှ ရုတ်ခြည်းထကာ ဖယ်ခွာ သွားပါတယ်။

ဒီလိုနဲ့ကြွေအန်ကစားသမားတွေ ဆီရောက်တော့ စကားများနှီးနှောရင်း မြတ်စွာဘုရားနဲ့တွေ့ခဲ့ပီး သူ့ဝါဒနဲ့ မြတ်စွာဘုရား ဟောကြားတဲ့ သောကနဲ့ပရိဒေ၀ရဲ့အမွန်အစ အချစ်က ဆိုတာကို လက်မခံနိုင်ကြောင်း ၊ ကြည်နှုးချမ်းမြေ့ခြင်းရဲ့ အမွန်အစဟာ အချစ်ကလို့ ဂေါတမရဲ့ဝါဒ ကို ပယ်ချခဲ့ကြောင်း၊ အချစ်ကြောင့်ခံစားရတဲ့ ကြည်နှုးချမ်းမြေ့မှု၊ မြတ်နိုးမှု၊ လေးစားမှု ၊ ဖေးမကူညီမှု ဒီအချစ်ဆိုတဲ့အရသာကို မိတ်ဆွေတို့လည်း ခံစားနေကြရမှာပဲ ကျွှန်ုပ်လည်း ခံစားရတာတွေများပါပီ ဂေါတမ ဗုဒ္ဓက ကတော့ ဒီအချစ်အရသာကို ခံစားရဖူးဟန်မူးဘူး ဒါကြောင့် ဒီလိုပြောတာ ဟု... စကားချင်းနှီးနှောတဲ့အခါ မိတ်ဆွေတွေက လည်းထောက်ခံပါတယ် ။

သူကြွယ်ဟာ သူ့ဝါဒကို လောင်းကစားသမားများ၏ ထောက်ခံမြှောက်ပင်မှုဖြင့် အကြီးအကျယ်ဝင်မြင့်ပီး မြို့တစ်မြို့လုံး လှည့်လည်၍ ကြွားလေတော့တယ်။အဲဒီ ၀ါဒနှစ်ခုဟာ တစ်မြို့လုံးပျံ့နှံသွားပီး နန်းတော်အတွင်း ကောသလမင်းကြီးထံ အထိပင် ရောက်သွားလေတော့တယ်။

ကောသလမင်းကြီးကတော့ တိုင်းကြီးနှစ်တိုင်းကို အုပ်ချုပ်စိုးစံပီး မှူကြီးမတ်ရာ မိဖုရားကြီးငယ်တို့နဲ့ သာယာစိုပြည်နေချိန်မို့ ဘုရားရှင်ရဲ့ဝါဒကိုလက်ခံခြင်းမရှိ၊ သူကြွယ်ဝါဒကိုသာ နှစ်သက်လက်ခံ၏။ ဘုရားရှင်ရဲ့ဝါဒကို ခိုးလို့ခုလုဖြစ်နေတာပေါ့။ ဒါကြောင့် မလ္လိကာမိဖုရားကြီးကို ခေါ်ကာ မိန့်တော်မူ၏..

နှမတော် မလ္လိကာ...နှမတော်ရဲ့ ဂေါတမဗုဒ္ဓက သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစ အချစ်က လိုပြောတယ်ဆိုပဲ...
ဘုရားရှင်ဟောရင် မှန်မှာပေါ့ဘုရား...
ဒီမိဖုရား သူ့ဆရာပြောသမျှ အကုန်ဇွတ်မှိတ်ယုံတော့တာပဲ
ဘုရားဟောလို့မှန်တယ်လို့ပြောလိုရင်း မဟုတ်ပါ။ မှန်လို့ ဘုရားဟောတယ်လို့ ပြောလိုရင်းပါ..

ဘာပဲပြောပြော ဟုတ်ကိုမဟုတ်နိုင်ဘူး ...သူ့ဆရာပြောတိုင်း အမှန်ချည်းပဲထင်နေတာ ဟု ဒေါထသဖြင့် မလ္လိကာမိဖုရားကိုမောင်းထုတ်လေတယ်။ မလ္လိကာကမူ ပညာရှိ သူတော်ကောင်းပီပီ ယဉ်ကျေးသိမ်မွေ့စွာ ထပြန်ခဲ့တယ်။ မိမိနန်းဆောင်ကိုရောက်တဲ့အခါမှ နာဠိဇင်္ယပုဏားကို ဘုရားရှင်ဆီလွတ်ပြီး ငါ့ ဘုရားရှင်ရဲ့ ခြေတော်ကို ဦးခိုက်ကြောင်း၊ အရှင်ဘုရား အနေနဲ့ သောကနဲ့ပရိဒေ၀ ရဲ့အမွန်အစ အချစ်ကလို့ ဟောတယ်ဆိုတာ မှန်ရဲ့လားလို့မေးလျောက်ပေးရန်သင်ကြားပီး ဘုရားရှင်ထံလွတ်ပါတယ်။

ပုဏားလည်း အမိန်တော်ကိုနာခံမှတ်သားပီး ဇေတ၀န်ကျောင်းကိုသွားလေတယ်။ မလ္လိကာမိဖုရား မေးလျောက်ခိုင်းတဲ့အတိုင်း  ဘုရားရှင်ဟောတယ်ဆိုတာ မှန်ရဲ့လားလို့မေးလျောက်ပါတယ်။
ပုဏား ငါဒီအတိုင်း ဟောကြားထားပါတယ်။ ဒါဖြင့် တပည့်တော်ကို သာဓကလေးနဲ့ ဖြေရှင်းမိန့်သနားပါလို့ လျောက်ထားပါတယ်။

ပုဏားအား  ဟိုရှေးယခင်က ဒီသာဝတ္ထိမြို့လေးမှာပဲ အမျိုးသမီးလေး တစ်ယောက်ဟာ သူ့အမေသေသွားပါတယ် ဒါကြောင့် ရှုးသွပ်ပီး ငါ့အမေဘယ်မှာလဲ၊ ငါ့အမေရှာပေးကြ၊ ငါ့အမေခေါ်ပေးကြလို့ တစ်လမ်းဝင်တစ်လမ်းထွက် ငိုကြွေးမြည်တမ်းနေပါတယ်။ ဒါအချစ်ကြောင့်ဖြစ်ရတဲ့ သောက ပူဆွေးမှုနဲ့ ပရိဒေ၀ ငိုကြွေးမှုပေါ့ ပုဏား။

ဘုရားရှင်သည် အဖေသေသူ၊ သားသေသူ၊သမီးသေသူ၊ အစ်ကိုသေသူ၊ နှမသေသူ၊ မယားသေသူ၊ လင်သေသူ စသည့် သာဓကပေါင်းများစွာနှင့် ဟောကြားဖြေရှင်းပေးတော်မူပါတယ်။ နိဂုံးအနေဖြင့် ဒီ သာဝတ္ထိမြို့မှာပဲ ချစ်သူနှစ်ဦးရှိပါတယ် တစ်ဦးနှင့်တစ်ဦး သိပ်ချစ်မြတ်နိုးကြသတဲ့။ သူတို့ ချစ်မြတ်နိုးကြပေမယ့် အမျိုးသမီးလေးရဲ့ မိဘတွေက သူ့သမီးကို ဒီအမျိုးသားလေးနဲ့ သဘောမတူကြဘူး၊ ဒါကြောင့် သမီးကိုတခြားအမျိုးသားနဲ့ပေးစားဖို့ စီစဉ်ကြပါတယ်။ အမျိုးသမီးလေးက အမျိုးသားသစ်ကိုမချစ်ဘူး။ ဒီလိုနဲ့ ချစ်သူနှစ်ဦး တိတ်တဆိတ်ချိန်းတွေ့၊ ပွေ့ပိုက်ငိုကြွေးကြ နောက်ဆုံး အမျိုးသားလေးက ငါတို့ ဒီဘ၀မပေါင်းရ၊ နောက်ဘ၀ကျမှ ပေါင်းကြမယ်လို့ပြောပီး အမျိုးသမီးလေးကို နှစ်ပိုင်းဖြတ်သတ်၊ သူ့ကိုယ်သူလည်း ရင်ခွဲပြီး သေပွဲဝင်လိုက်ပါတယ်။ ပုဏားလည်း ဘုရားရှင်ရဲ့သာဓကတွေ နဲ့ဖြေရှင်းပေးမှုကို နှစ်သက်စွာနဲ့ နန်းတွင်းကိုပြန်လာခဲ့ပြီး မိဖုရားကြီးကို အကြောင်းစုံရှင်းပြ လိုက်ပါတယ်။

မိဖုရားကြီးက တော့ အချစ်ကိစ္စ ဘဘာဝကျကျသိရပြီမို့၊ ဘုရင်မင်းမြတ်ထံ အလျင်အမြန်ဝင်သွားလေ၏။
နှမတော်လျောက်တင် ပါရစေဘုရား အချစ်ကိစ္စပါဘုရား..လာပြန်ပီလားဒီအချစ်လို့ ငြိုငြင်တာပေါ့။ မပြေလည်သေးတော့လည်းလာရမှာပေါ့ဘုရား မောင်တော်အနေနဲ့ ၀ဇီရီသတိုသမီးလေးကို သိပ်ချစ်မြတ်နိုးတယ်မဟုတ်လားဘုရား...ဟာ သိပ်ချစ်မြတ်နိုးတာပေါ့။ အဲဒိ သတို့သမီးလေး များ မပြောကောင်းမဆိုကောင်း သေသွားခဲ့ရင် ဒါမှမဟုတ် တစ်စုံတစ်ခုသို့ ဖောက်ပြန်သွားခဲ့ရင် ဘယ်လိုခံစားရပါမလဲဘုရား။ ရန်စနေပီနော်...မိဖုရားက...ကိုယ်ချင်းစာပီး သိသာစေရန် ညွန်ပြချင်တဲ့ သဘောပါ။

မောင်တော်အနေနဲ့ ပူဆွေါ်ငိုကြွေးရုံတင်မက အသက်နဲ့ ခန္ဓာကိုယ်တောင်ပြိုကွဲသွားနိုင်တယ်နှမတော်...
ပြီးတော့ ၀ါဘခတ္ထိယ မင်းသမီကိုလည်းချစ်တယ်မဟုတ်လားဘုရား...သိပ်ချစ်တာပေါ့

အကယ်၍များ သူလည်း သေသွားခဲ့ရင် ၀ဇိရီဖြစ်ရင် ခံစားရသလို ခံစားရမှာပဲပေါ့။

စစ်သူကြီး ၀ိဋဋူဘ၊နောက် ကာသိတိုင်း ကောသလတိုင်း  သက်ရှိသက်မဲ့တွေနဲ့ ဥပမာပေးပြန်တယ်။ နောက်ပီး နှမတော်ကိုရော ချစ်မြတ်နိုးပါလေစ။  ဒါဖြင့်နှမတော်သေသွားခဲ့ရင်ရော လို့မေးပြန်တယ်...မောင်တော်ပါ လိုက်သေမယ်ထင်ပါရဲ့...ကောသလမင်းကြီး မင်းသား အက်ရှင်နဲ့ပြောမှာ ပေါ့ နော်...:)

မောင်တောင်ဘုရားသိမြင်တော်မူ ပူဇော်ထူးကိုခံတော်မူထိုက် တရားအလုံးစုံကို ကိုယ်တိုင်မှန်စွာ သိတော်တူတဲ့ ဘုရားရှင်ဟာ ဒါတွေကို ရည်ရွယ်ပြီး သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစအချစ်ကလို့ ဟောတော်မူတာပါ ဘုရား ...လို့လျောက်တင်ပါတယ်။

အဲဒီတော့မှ ထူးကဲပေစွ၊ အံ့ဖွယ်ရှိပေစွ၊ ထူးချွန်ထက်မြက်မှန်ကန်လေးနက်တဲ့ ဥာဏ်အမြင်ရှိပေစွ၊ ခံတွင်းဆေးပြီး အ၀တ်ကို လက်ကန်တော့တင်၍ မြတ်စွာဘုရားရှိရာအရပ်သို့ လက်အုပ်ချီကာ အရဟံဂုဏ်ရှင်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်အား မြတ်မြတ်နိုးနိုးရှိခိုး ပါ၏ဟု သုံးကြိမ်ရွတ်ပူဇော်ပြီး  သုံးကြိမ်ဦးတိုက် ပါတယ်။

ကဲ...သောကနဲ့ ပရိဒေ၀ရဲ့ အမွန်အစ အချစ်က ဆိုတာ ငြင်းစရာ မရှိလောက်အောင်ကို ပြည့်စုံ လုံလောက် သွားပြီနော်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

9 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers