မြွေနဲ့ ယုန် ဘယ်ပုံအသက်မွေးမလဲ

11

Justify Fullမဟာဗောဓိမြိုင်ဆရာတော် ၀န၀ါသီ ဥေယျဓမ္မသာမိထေရ် ၏တရားတော်များကို မောင်သွေးချွန်ရေးသားပူဇော် သည့် ဒဿန သြ၀ါဒများကို ပြန်လည်ရေးသားပူဇော်ပါသည်။

မြွေနဲ့ ယုန် ဘယ်ပုံအသက်မွေးမလဲ တဲ့........ဒီလို့မိန့်ပါတယ်။

သတ္တ၀ါရယ်လို့ ဖြစ်လာရင်တော့ အသက်မွေးရတာပေါ့။၊ ဒါပေမယ့် မြွေလိုအသက်မွေးမလား၊ ယုန်လိုအသက်မွေးမလားဆိုတာ ရွေးချယ်တတ်ရမယ်။ မြွေကိုကြည့်ပါ....သူများအသက် သတ်စားနေတာနော်..။ မြွေရဲ့ထမင်းလုပ်က ဖားကလေးတွေ၊ ငါးကလေးတွေပဲမို့လား။ မြွေတစ်ကောင်အသက်ရှင်ဖို့ သေပေးရတဲ့ ဖားငါးတွေက နည်းသလား။ သေတော့ကော ကျေကျေနပ်နပ်သေရသလား။ အဲဒီတော့ မြွေရဲ့အသက်မွေးဝမ်းကျောင်းမှုဆိုတာ တစ်ဖက်သား မကျေနပ်တဲ့ ၀မ်းစာ၊ ကိုယ်ချင်းစာမှုလုံးလုံးမရှိတဲ့ ၀မ်းစာ၊ အဲဒီမြွေက ဖားတစ်ကောင်မျိုတိုင်း သံသရာမှာ တစ်ဘ၀ကျ ပြန်ပြီး အသေဆိုးနဲ့ သေပေးရလိမ့်မယ်။ မြွေတစ်ကောင်ရဲ့ သက်တမ်းမှာ ဖားအကောင်တစ်ရာမျိုပြီးမှ အသက်ရှင်ရရင် သံသရာလည်တော့လည်း ဘ၀ပေါင်းတစ်ရာ ပြန်အသတ်ခံရပြီး မရှုမလှသေရမယ်။ ဒါကြောင့် မြွေရဲ့အသက်မွေးခြင်းဟာ အပြစ်ကင်းတဲ့ ကြွေးကင်းတဲ့ ထမင်းလုပ် မဟုတ်ဘူး။

ဟော...ယုန်ကလေးတွေကျတော့ ကန်စွန်းရွက်တို့ မြက်တို့ ပဲတို့ စားတာ...။ သူ့ဝမ်းဝဖို့ ဘယ်သူ့မှ ဒုက္ခမပေးဘူး။ ဒါဟာအပြစ်ကင်းတဲ့အသက်မွေးမှု၊ အကြွေးမတင် သန့်စင်တဲ့ ၀မ်းစာရှာနည်းပဲပေါ့။ အဲဒီတော့ တို့ဒကာကြီးများလည်း မြွေလိုအသက်မွေးမလား၊ ယုန်လိုအသက်မွေးမလားဆိုတာ အဖြေရလောက်ပါပြီ။ ကိုယ်ကျင့်သီလတွေ ဖောက်ဖျက်ပြီး ငါကောင်းစားပြီးစတမ်းဆိုပြီး ၀မ်းစာစီးပွားရှာနေပုံမျိုးက မြွေရဲ့ထမင်းလုပ်မျိုးနဲ့အတူတူပဲ....။

ဆရာတော်ကြီးမှ သြ၀ါဒ ပေးခဲ့ပါတယ်။ ဒီသြ၀ါဒလေးအတိုင်း မိမိတို့အသက်မွေးမှုဟာ ဘယ်ကဲ့သို့ အသက်မွေးမှုမျိုးလည်းဆိုတာ စိစစ်ကြည့်ကြရအောင်နော်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

11 - Comment:

  • December 18, 2009 at 4:10 AM

    ယုန်လို အသက်မွေးပါ့မယ် :)

  • December 18, 2009 at 4:46 AM

    ကောင်းလိုက်တဲ့ ဥပမာလေး... တခုပဲနားမလည်ဘူး.. ဥပမာ.. မြွေပေါ့နော်.. အကုသိုလ်ကြောင့် ဒီတိရစ္ဆာန်ဘ၀ရောက်လာတယ်.. သူ့သဘာဝအရ အကောင်ပလောင်တွေ ရှာဖွေဖမ်းစားရတာပေါ့နော်.. တကယ်တမ်း သူဖြစ်ချင်တာမှ မဟုတ်.. သဘာဝက သူ့ကို တိုက်တွန်းနေတာလေ.. သူပြုတဲ့ကံ သူပြန်ခံဆိုတာမှန်ပေမယ့် တမျိုးပဲဗျ

  • December 18, 2009 at 5:21 AM

    နေ့အိပ်မက်လည်း ကိုဂျပန်ကောင်လေးပြောသလို စဉ်းစားမိတယ်။ မြွေအသားစားရတာ သူ့သဘာဝပဲလေလို့။

    အသက်မွေးတာကတော့ ဟုတ်တာပေါ့နော်။ လူများမထိခိုက်တဲ့ နည်းလမ်းမျိုးပဲ ရှာသင့်တာပေါ့။

  • December 18, 2009 at 5:31 AM
    Anonymous :

    ဟို... အထွန့်တက်တာ မဟုတ်ဘူးနော်... ဆွေးနွေးကြည့်တာပါ။ တကယ်လို့ပေါ့ ကိုယ်က မြွေဖြစ်နေရင် ဘယ်လိုလုပ်မလဲဗျ။ ယုန်လိုအသက်နေမွေးရင် အသက်နဲ့ အိုးစားကွဲသွားမှာလေ။ ဆိုတော့ကာ ... ဘယ်လိုလုပ်မလဲ.. ဟင်..ဟီး

  • December 18, 2009 at 6:07 AM

    မဟာဗောဓိမြိုင်ဆရာတော်ရဲ့ ဆုံးမသြ၀ါဒတွေက တိုတိုလေးနဲ့သဘောပေါက် လွယ်ပါတယ်။ အသိညာဏ်ရစေတဲ့ သည်ဆုံးမသြ၀ါဒလေးကို ပြန်လည်မျှဝေ ပေးတာကိုကျေးဇူးပါညီမရေ။ အဆင်ပြေပျော်ရွှင်ပါစေ။

  • December 18, 2009 at 11:19 AM
    Anonymous :

    ဆရာတော်ဘုရား ဥပမာက ကောင်းလိုက်ပါဘိ

    ပုံနဲ့လည်းလိုက်တယ်

    အကုသိုလ်ကြီးလို့ တိရစ္ဆာန် ဖြစ်ရတာခြင်း အတူတူ

    မြွေကတော့ သူ့အသက်ရှင်ဖို့ အကုသိုလ် ဆက်လုပ်ရတယ်

    ယုံကတော့ သူ့အသက် မသတ်တဲ့ဘ၀ ရောက်ရတယ်

    ဘာကြောင့်ပဲလုပ်လုပ် အကုသိုလ်ကတော့ အကုသိုလ်ပါပဲ

    နားလည်သွားပါပြီ ဆရာတော်။ ဒီ

  • December 18, 2009 at 10:26 PM

    ဟုတ်ကဲ့ ဂျပန်ကောင်းလေးနဲ့ ညီမငယ်နေ့အိမ်မက်ရေ...မြွေရဲ့အစာဟာ ဖားသူငယ် အကောင်ငယ်လေးတွေ စားရတယ်..ဒါသဘာဝ တရားကြောင့် အဲဒီတော့ အကုသိုလ်တရားတွေကြောင့်...မြွေဖြစ်ရတယ်..ရတော့ သဘာဝ တရားအတိုင်း အကုသိုလ် လုပ်ပြီးရင်း လုပ်နေရတယ်။ သဘာဝအတိုင်း လုပ်ရပေမဲ့ အကုသိုလ်ကတော့ အကုသိုလ်ပဲလေ..။ ဒါကြောင့် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ် အပါယ်လေးဘုံမရောက်အောင် လူဘ၀ ရတုန်း ဒါန၊ သီလ၊ ဘာဝနာတွေ ကို တတ်နိုင်သမျှလုပ်ရင်း... အသက်မွေးဝမ်းကျောင်းမှု စင်ကြယ်စေချင်တဲ့ ဥပမာလေးပါ။

  • December 19, 2009 at 6:45 AM

    ကိုတိုးလေးလည်း ယုန်လိုပဲ အသက်မွေးပါ့မယ်။

  • December 19, 2009 at 7:47 PM

    အင်းနော် မှန်လိုက်တာ...
    သူ့တပါးကို မထိခိုက်စေပဲ အသက်မွေးရမှာပေါ့ ...
    ယုန်လိုပဲ ကျင့်ကြံကြတာပေါ့...

  • December 22, 2009 at 2:17 AM

    ဒါဆို တီလေး ယုန်လေးပဲပေးနော် ဟိ

  • December 24, 2009 at 12:59 AM

    အဲ အဲလိုဆို တိရစ္ဆာန်မှ ဖြစ်ရင် လူပြန်ဖြစ်ဖို့ တော်တော်မလွယ်တာပဲ.. အိ .... ကြောက်ဖို့ကောင်းတယ်

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers