၎င်းတို့ကား တောက်လောင်နေသော မီးပုံကြီး၊ သမုဒ္ဒရာ၊ အလိုလောဘကြီးသူတို့ပင်ဖြစ်၏။ လောင်နေသောမီးပုံကြီးထဲသို့ လောင်စာထင်းများဘယ်လောက်ပင်ထည့်ထည့်၊ တော်ပြီ တန်ပြီဟူ၍ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ထည့်သမျှတောက်လောင်ပစ်မည်သာဖြစ်သည်။
မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ ချောင်းပေါင်းများစွာမှ ရေများ ဘယ်၍ ဘယ်မျှပင် ၀င်ဝင် ၊ သမုဒ္ဒရာကြီးကားဘယ်တော့မှပြည့်ပြီဟုရှိလိမ့်မည်မဟုတ်၊ ၀င်လာသမျှ လက်ခံနေမည် သာဖြစ်၏။ ထိုအတူ အလိုလောဘကြီးသူသည်လည်း ပစ္စည်းဥစ္စာမည်မျှပင်ရရ တော်ပြိတန်ပြီ ဟူ၍ဘယ်တော့မှ ရှိလိမ့်မှာ မဟုတ်ပါဘူး။ ရနိုင်သမျှယူနေမည်သာဖြစ်၏။
လောဘနှင့်ပတ်သက်၍ ပုံပြင်လေးတစ်ပုဒ် ကို ညခင်းအဘိုးက ဆက်ပြောပြခဲ့လို့ နားထောင်ခဲ့ဘူးပါတယ်။
တစ်ခါက အလိုလောဘကြီးသူတစ်ယောက် မျက်စိလည်လမ်းမှားပြီး ညောင်ပင်ကြီး တစ်ပင်အောက်ရောက်သွားရာ သနားတတ်သော ညောင်ပင်စောင့်နတ်က-
***အိုအသင်လူသား ဘာများ အလိုရှိပါသနည်း***
***လောလောဆယ်ရေသိပ်ငတ်နေပါတယ်ဘုရား၊ ဒါကြောင့် သောက်ရေအေးအေးသာ အလိုရှိ ပါတယ်…။***
***ရစေမယ် အသင်လူသား …ပါးစပ်ကိုသာ ဟထားပါလော့ ဟု*** သူ၏လက်ညှိုးမှ အေးမြကြည်လင်သောရေစင်ရေအေးကို တိုက်ရာ ခရီးသွားကအားရပါးရသောက်သုံးလေ သည်။သောက်သုံးရင်းလည်း ရေထွက်သော ညောင်ပင်စောင့်နတ်၏ လက်ညှိုးကို သဘောကျနေမိသည်။
***အသင်လူသား သင့်အလိုဆန္ဒပြည့်စုံပါပြီလော***
***အသင်နတ်သား စွမ်းနိုင်လျှင် ဟင်းကောင်းကောင်း နှင့် ထမင်းစားလိုပါသေးသည် ဆက်လက်ကူညီပါလို*** ဆိုသတဲ့။
***ရနိုင်ပေသည် အသင်လူသား သန့်ရှင်းသော ဖက်ရွက်တို့ကိုသာ အသင့်ပြင် ထားပါလေ။***
ထိုသို့ပြောပြီး နတ်၏လက်ညိုးမှ ထမင်းဟင်းများထွက်ကျပေးပြန်ပါသည်။ ထမင်းဟင်းများ စားသောက်ပြီးနောက် ညောင်ပင်စောင့်နတ် မြန်မြန်ကွယ်ပျောက်သွားမည်ကို ကြောက်သော လူသားက အသင်နတ်မင်း ကူညီလက်စနဲ့ ဆက်ပြီးကူညီပါဦး၊
***လူလောကပြန်ရောက်ရင် အရင် အနှီးလုပ်စားရန်အတွက် ငွေသားများကို ဖန်ဆင်း၍ပေးတော်မူပါဦး။***
***အသင်လူသား၏ ဆန္ဒပြည့်ဝပါစေ*** ဟုဆိုကာ နတ်၏ လက်ညှိုးမှ ငွေသားများထွက်ကျ လာပြန်သည်။ ငွေများကို သိမ်းယူပြီးနောက် သွားဖို့ ပြင်ဆင်နေသော နတ်သားကို လူသားက…
***အို အသင်နတ်သား၊ သိမ်းဆည်းသောအခါ လွယ်ကူသော စိန်ရွှေပတ္တမြားတို့ကို လည်း တစ်ဆက်တည်း ပေးခဲ့ပါဦး။***
အသင် လူသား သင်၏ လောဘကား ကြီးမားပေစွ၊ သို့သော် ကူညီလက်စနဲ့ ကူညီပမည်။ ဟုဆိုကာ ကူညီလိုက်ပြန်တယ်။
ရတနာများကိုသိမ်းဆည်းနေသောလူသားကို ကြည့်ပြီး နတ်က-
***အသင်လူသား ဆန္ဒကားပြည့်ဝလောက်ပြီ ဟု*** ကျွှန်ပ်ထင်ပါသည်။ ဒါကြောင့် သွားခွင့်ပြုပါတော့လို့ ပြောသတဲ့။
ထိုအခါ တနင့်တပိုးသိမ်းဆည်းနေသော လောဘ လူသားနောက်ဆုံးတောင်း ဆိုလိုက်တာကတော့-
***နတ်မင်းကြီး ခင်ဗျား ရွေငွေရတနာများက ဘယ်လောက်ပင်များများ သုံးပစ်လိုက်ရင် ကုန်သွားမှာ ပါခင်ဗျာ၊ ဒါကြောင့် လိုချင်တာမှန်သမျှအကုန်ထွက်နေတဲ့ နတ်မင်းရဲ့ လက်ညှိုးကို ဖြတ်စေချင်ပါတယ် ခင်ဗျားဟူ ***သတည်း။
လူ့အလိုနတ်မလိုက်နိုင်ဆိုသော စကားသည် ထိုပုံကများ စခဲ့လေသလားမသိ။ နတ်သားမှာ လူသား၏ လောဘကို ကြောက်ရှာလွန်းသဖြင့် ချက်ခြင်း ကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးရပါတော့သည်။ ရလေ လိုလေ အိုတစ္ဆေ ဟူသောစကားသည် လောဘ အတွက်ထားခဲ့ခြင်းဖြစ်သည်။
ထိုပုံပြင်လေးက တဆင့် ရရှိလာရတဲ့ အသိဥာဏ်ကတော့…လောဘသည် မွေးမြူထားရမည့် အရာမဟုတ်၊ ပယ်သတ်ရမည့် အရာသာဖြစ်သည်ဟု ……
အားလုံးပြုံပျော်နိုင်ကြပါစေ။
ညခင်း
ကျနော်သာဆိုရင် လိုတရ ဆုတခုပဲ တောင်းမှာ
အဲဒီသူမို့ ဦးနှောက်မရှိတခုပြီးတခုတောင်းတာ
ဟိုနတ်ကလဲ သူမို့ဗျာ ကျနော်သာနတ်ဆိုရင်
အဲဒီလိုလူမျိုး ရိုက်ကိုသတ်ပစ်မှာ ဘယ်နဲ့ဗျာ
မပြီးနိုင်မစီးနိုင် တခုခုပြီးတောင်းနေတယ် သူ့
ပထွေးထင်နေလားမသိဘူး။ ဟိဟိ