*** ….အိုဖေဖေရယ်၊ သိပ်ကြောက်ဖို့ ကောင်းတဲ့ ဘီလူးကြီးကို ကျွန်တော်မြင်ခဲ့တယ်။ ဒီကောင်က တောင်ကြီးလောက်ရှိတယ်။ ဦးခေါင်းမှာလဲ ချိုနှစ်ခုနဲ့။ အမြီးဟာ အရှည်ကြီးပဲ၊ သူခွာတွေက နှစ်ခုရှိတယ်….***
ဖားကလေးဟာအနီးမှာ ထိုင်နေတဲ့ ဖားကြီးကို ပြောနေတာပါ၊
ဖားကြီးက အားကျမခဲဘဲ။
***…ထွီ၊ လူကလေးရယ်၊ သင်းက လယ်သမား ဦးဖြူရဲ့ နွားကြီးပါ၊ သင်းဟာ ဒီလောက်လဲ မကြီးလှပါဘူး၊ အဖေထက်တော့ သူနည်းနည်း မြင့်ပေမယ့် အဖေက သူထက်ကြီးဖို့ လုပ်ပြမယ်ကွဲ့မင်းကြည့်နေစမ်း…***
ဒါနဲ့ သူဟာ ဖောင်းလိုက်ပါရော၊ တစ်ခါဖောင်းလိုက်ပြန်တယ် နောက်တစ်ခါဖောင်းလိုက်ပြန်တယ်။
***…သူဒီလောက်ကြီးတယ်မဟုတ်လား…***
***မဟုတ်သေးဘူး အဖေ့ထက်ကြီးပါတယ်***
ဖားအိုကြီးဟာ ဖောင်းကားလိုက်ပြန်ရောတဲ့။ ပြီ တော့ဖားကလေးကို နွားကြီးက သူ့လောက်ကြီးသလားလို့ မေးသတဲ့။
***အဖေ့ထက်ကြီး ပါသေးတယ်***
ဒါနဲ့ ဖားအိုဟာ အသက်၀၀ ရှုလိုက်ပြီး ဖောင်းလိုက်၊ ဖောင်းလိုက်တာ၊ ဖီးလို့ ဖီးလို့ ဖီးလို့ ကားသွားလေရဲ့….။
နောက် သူက ဆိုနေရင်း…….
***…နွားကြီးဟာ အဖေလောက် မကြီးတာ သေချာလောက်ပါတယ်….***
သူ့စကားမဆုံးခင်ပဲ သူဟာပေါက်ကွဲသွားသတဲ့။
မိမိကိုယ်ကို အထင်ကြီးမှုကြောင့် ပျက်စီးဆုံးရှုံးတတ်ပါသည်။
တန်ရာတန်ရာနှိုင်းမှပေါ့ ဖားရယ်။ မတူရင် မတုနဲ့။