အားကိုးထိုက်တာရှာဖွေပါ။

1

ညခင်းသင်္ကြန်ပိတ်ရက်အတွင်း နှစ်စဉ် နှစ်တိုင်းလုပ်မြဲဖြစ်တဲ့ သင်္ကြန်တွင်း (၁၀)ရက်စခန်း ၀င်ဖြစ်ခဲ့ပါတယ်...ကျန်းမာရေးကောင်းတုန်း၊ ဥာဏ်ရေထက်မြက်တုန်း အသေတတ် အနေတတ်အောင် သတိပဌာန်တရားများကို သိအောင်သင်တန်းတက်ခဲ့ခြင်းပါ...တနေ့လျှင်တရားအားထုတ်ချိန် (၉)ချိန်အားထုတ်ရပါတယ်...၁နာရီ တရားထိုင် နာရီဝက်နား နှင့် တနေ့တာအတွက် ည ဂး၃၀ မှပြီးဆုံးပါတယ်။ ဇွဲ ၊၀ီရိယ၊ ပညာ၊သတိ ၊စိတ်အားထက်သန်မှု၊တရားသိလိုမှုတို့နဲ့ အတတ်နိုင်ဆုံးကြိုးစားအားထုတ်ခဲ့ပါတယ်။ သိရှိခဲ့ ရတဲ့အသိတရားတွေ ထဲက အချိုကို ပြောပြချင်ပါတယ်...ညခင်းတို့သည် တနေ့တချိန်တွင် အိုနာသေ နှင့် မလွဲမသွေကြုံတွေ့ ကြရမှာဖြစ်ပါတယ်..သေပြီးသည့်နောက်တွင်လည်းမိမိနောက်သို့ ရှာဖွေထားသော ပညာ၊ ဥစ္စာပစ္စည်းများ၊ ချစ်ခင်သူတို့သည် ကိုယ်နောက်သို့ မပါနိုင်ပါဘူး၊ ကိုယ်နောက်ပါမည့်ကိုယ်ပိုင်ပစ္စည်းသည် လည်း ဒါန၊သီလ၊ဘာဝနာ သာဖြစ်ပါတယ်...အဲဒါကြောင့် မသေခင် ကိုယ်နောက်ပါမည့် တရားများကို ရှာဖွေရန်၊ ခန္ဒာကပြနေသော တရားမျာကို သိရှိကြရန်လိုအပ် ပါတယ်...လောကတွင် မသိခြင်း ၅ပါး သတိထားရန်လိုပါတယ်...
(၁)အသက်အပိုင်းအခြားမသိခြင်း ( ဘယ်အသက်မှာ သေမည်ကို မသိတာ)
(၂)ကျရောက်နှိပ်စက်လာမည့်ဝေဒနာ မသိခြင်း ( ရောဂါအမျိုးအမည် မသိတာ)
(၃)အချိန်ကာလကို မသိခြင်း (ဘယ်အချိန်မှာ သေမှာကို မသိတာ)
(၄)မြုပ်နှံရာ သုသာန်ကို မသိခြင်း ( ဘယ်နေရာမှာ သေမယ် မသိတာ)
(၅) ဂတိ (၅)မျိုး မသိခြင်း ( လားရာမသိခြင်း၊ နောက်ဖြစ်မဲ့ ဘ၀ မသိတာ)
လူ၊နတ်၊ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ ဘယ်ဘုံကို ရောက်မည်ဆိုတာမသိပါဘူး။ထိုနေရာများကိုရောက်ရှိပါက မွေးဖွားခြင်း၊အိုခြင်း၊နာခြင်း၊သေခြင်း၊ဆိုတဲ့ အိုခြင်းဆိုးနာခြင်းဆိုး၊သေခြင်းဆိုးများနဲ့ ကြုံတွေနေရဦးမှပါ...
ဒါကြောင့် အိုနာသေကင်းရာ အေးငြိမ်းတဲ့ နိဗ္ဗာန်သို့ ရောက်ရန်အားထုတ်ရန်လိုကြောင်း ညခင်းမှတ်သားခဲ့ရပါတယ်... ငါသည်မုချသေရမည်၊အချိန်ပိုင်းသာလိုတော့သည်။(မိုးကုတ်ဆရာတော်ဘုရားကြီး)


1 - Comment:

  • December 5, 2008 at 11:17 AM
    Anonymous :

    သံဝေဂ ရစရာတွေပါဗျာ။ ဝေမျှပေးတာကျေးဇူးတင်တယ်။ တလောက ဒရင်းဘလော့ဂ်မှာလည်း သေခြင်းတရားအကြောင်း ဗွီဒီယိုနဲ့ ကဗျာတစ်ပုဒ်ပိုစ့်လေး ဖတ်ဖြစ်တယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers