သံဝေဂ

0


မြန်မာနိုင်ငံအတွင်း ၂/၅/၂၀၀၈ နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာပြည်တ၀န်း ရေကြီးရေလျှံဖြစ် ရေဘေးသင့်ခဲ့သည်။ လေဘေး ပါ သင့်လိုက်သောကြောင့် ပျက်စီး ဆုံးရှုံးမှု ပိုခဲ့သည်။ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတာတော့ ဧရာဝတီတိုင်း ရဲ့ (၇)မြိုနယ်ဖြစ်ပါတယ်။ ခံစားခဲ့ရသူများပြောပြချက်အရ မိုးလေဝသ က လွှင့်တာတွေ ကြားရတယ်။ ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းပေါ်တယ်။ ပုသိမ်မြို့ရဲ့ အနောက်ဖက် မိုင် ၃၅ဝ ကျော်လောက်မှာ ရှိတယ်။အရှေ့ဘက်ကို ရွှေ့လျားမယ် ဟိုင်းကြီးကနေ ဂွဘက်ကို ရောက်မယ်။ ဂွကနေ သံတွဲကို တက်မယ်။ သံတွဲကနေ စစ်တွေဘက် တက်ပြီး ဘင်္ဂလားဒေ့ရှ်ကို ဖြတ်မယ်ပေါ့။ဒါပေမဲ့ ထင်ထားတဲ့အတိုင်းဖြစ်မလာဘဲ အရှေ့ဘက်ကို မရွှေ့ဘဲနဲ့ ရှေ့တည့်တည့်ကို ဝင်ချလာတာ။ ဝင်ချတော့ ဟိုင်းကြီးတို့၊ လပွတ္တာတို့၊ ဘိုကလေးတို့၊ နောက် အဲဒီကနေမှ ရန်ကုန်ကို တက်တာ။ တခါမှဒီလို မဖြစ်ဖူးတော့ လူတွေက အေးဆေးနေကြတာ။ ညနေကျမှလေက ပြင်းလာတယ်။ ရေတွေတက်လာမှ ပြေးလို့မလွတ်တော့ဘူး ဖြစ်ကြတာပါ။

ရေက အိမ်လောက် မြင့်တယ်။
၁၅ ပေ၊ ပေ ၂ဝ လောက် ဖြစ်သွားတယ်။ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရတယ်။ တက်နေတော့လည်း လေကတိုက်၊ လှိုင်းက ရိုက်ဆိုတော့ အိမ်တွေပြိုကျ၊ အဲဒီမှာ လူတွေ ပြန်သေရော။ လူ ၄၊ ၅ထောင်လောက်ရွာတရွာမှာ လူ၃၊ ၄ ရာလောက်ပဲ ပြန်ရတယ်
လှိုင်းလုံးတွေက ပုတ်နဲ့ဆိုတော့ ဘယ်ခံနိုင်မှာလဲ။ လူတွေက နီးရာ တိုင်တွေ၊ သစ်ပင်တွေ တွယ်ဖက်ထားရတာပဲ။ လက်လျှော့လိုက်တာနဲ့ သေတာပဲ။
အလောင်းတွေက ပြန့်ကျဲနေတာတွေ။ ဓနိပင်ကြားထဲမှာ ခေါင်းတွေစိုက်နေတာ။ သစ်ပင်တွေမှာ ပိုးစိုးပက်စက် တွယ်ရက်ကပ်နေတာ။ ရေထဲမှာ မျှောနေတာတွေနဲ့။ ၁ဝ ယောက်မှာ ၃ ယောက်လောက်ပဲ ကျန်တယ်။ မြိုတွင်းမှာလဲ သောက်တဲ့ ရေတွင်းတွေကို ပင်လယ်ရေငံတွေ လွှမ်းသွားတယ်လို့သိရပါတယ်။ မိသားစုတစ်စုမှာ မှ တစ်ယောက်ကျန်၊ တစ်မိသားစုလုံးကုန်နဲ့သဘာဝဘေးအန္တာရယ် ကပ်ဆိုးကြီးကို ခံစားခဲ့ရကြောင်း သိရပါတယ်။ များစွာသော သတင်းတွေနဲ့ စိတ်မကောင်းစရာ တွေ ပြောပြမယ်ဆိုရင် မကုန်နိုင်ပါဘူး။ ညခင်းတို့မြို့လေးကတော့ မုန်တိုင်းဦးတည်ရာနေရာဖြစ်ပေမဲ့လွတ်မြောက်ခဲ့ပါတယ်။

ဘုရားတရားမိဘဂုဏ်ကျေးဇူး လို့ဘဲ သတ်မှတ်ပါတယ်။ညခင်းစိတ်ထဲတွင် တော့

သင်္ခါရသည်မြန်ဆန်သည်။ယခုရှိပေမဲ့ တော်ကြာရှိချင်မှ ရှိတော့မည်။

ယခုမရှိသော်လည်း တော်ကြာဖြစ်ပေါ်လာတတ်၏။ ရွေ့လျောပြောင်းလဲတတ်သော

သင်္ခါရ သဘောသည်သာ ထာဝရ မှန်ကန်၏။ မည်သည့်အရာမျှပင် သင်္ခါရတရားနှင့် ကင်းလွတ်နိုင်ခြင်းမရှိပေ။ မည်မျှပင်အောင်မြင်ကျော်ကြားနေစေကာမူ ၊

စည်းစိမ် ခံစားနိုင်ခွင့် ရှိစေကာမူ သင်္ခါရသဘောအရ ထာဝရမြဲမည်မဟုတ်ပါ။ အစဉ်ပြောင်းလဲဖြစ်ပေါ်နေသော သင်္ခါရတရားတို့သည် လူတို့ကို

တရားပြလျှက်ရှိသည်ဆိုတာ မျက်ဝါးထင်ထင်
တွေ့လိုက်ရပါပြီ။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers