[ကံဆိုတာဘာလဲ]

2

 
[ကံဆိုတာဘာလဲ]

ကံဆိုတာ ကမ္မ= အလုပ်ပါပဲ။ ကိုယ်နဲ့ပြုလုပ်တဲ့ အလုပ်ကို ကာယကံ၊ နှုတ်နဲ့ပြောဆိုပြီး ပြုလုပ်တဲ့ အလုပ်ကို ၀စီကံ၊ စိတ်နဲ့ ကြံစည် ဆင်ခြင်တဲ့အလုပ်ကို မနောကံ လို့ခေါ်တယ်။

အဲဒီ ကံအလုပ်တွေကို ဘယ်သူတွေ ပြုလုပ်နေသလဲ။
...
စိတ်ကပြုလုပ်ပါတယ်။ ကိုယ်နှုတ်တွေက အလိုလို မလှုပ်ရှားနိုင်ကြဘူး၊ စိတ်က စေခိုင်းလို့ လှုပ်ရှားနိုင်ကြတာ။ အဲဒီစိတ်မှာ ဘယ်သူက စေ့ဆော်ပြီး၊ ကြောင့်ကြစိုက်ပြီး အလုပ်ကိုပြုလုပ်သွား သလဲဆိုရင် စေတနာက စေ့ဆော်တိုက်တွန်းပြီး၊ ကြောင့်ကြစိုက်ပြီး လုပ်သွားပါတယ်။ ဒါကြောင့်....

စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ

စေတနာကို ကံလို့ ငါဘုရား သတ်မှတ်တယ်။

စိတ်ဟာ လက်ဖျစ်တစ်တွက် မျက်စိတစ်မှိတ် ကာလအတွင်းမှာ အကြိမ် ကုဋေ ၁ သိန်းကျော် ဖြစ်ပျက် သွားကြတယ်လို့ အဌကထာမှာ ဆိုထားပါတယ်။ ဒါကြောင့် ခြင်ကိုက်တာကို သည်းမခံနိုင်လို့ သေစေလိုတဲ့ စေတနာနဲ့ ရိုက်လိုက်တဲ့ ကာလအတွင်းမှာ စိတ် ကုဋေပေါင်းများစွာ ဖြစ်ပျက်သွားကြတယ်။ အဲဒီစိတ်တွေဟာ ဒေါသအရင်းခံလို့ အကုသိုလ်တွေ ဖြစ်ကြတယ်။ ဒီစိတ်တွေဟာ ယှဉ်တွဲပါဝင်သွားကြတဲ့ စေတနာ ကုဋေသိန်းပေါင်းများစွာဟာ အကုသိုလ်ကံတွေပါပဲ။

ကံဟာ အကျိုးမပေးပဲမနေပါဘူး၊ အကျိုးပေးဖို့ အလှည့်အခါကိုစောင့်နေတာပါ။

***ပြစ်မှားလိုစိတ်ဖြင့် အကယ်လို့ ပြုလုပ်မိရင် ပြောဆိုမိရင် ကြံစည်မိရင် အဲဒီ ပြုလုပ်ကြံစည်မှုကြောင့် လှည်းဘီးဟာ ၀န်ဆောင်နွားရဲ့ ခြေရာသို့ အစဉ်လိုက်သလို ထိုအတူ ဆင်းရဲဟာ အစဉ်လိုက်တယ်....***(ဓမ္မပဒဂါထာ-၁)

***သန့်ရှင်းကြည်လင်တဲ့ စိတ်ဖြင့် အကယ်လို့ ပြုလုပ်မိရင် ပြောဆိုမိရင် ကြံစည်မိရင် အဲဒီ ပြုလုပ်ပြောဆို ကြံစည်မှုကြောင့် အရိပ်က လူကိုမစွန့်ဘဲ အစဉ်လိုက်သလို ထိုသူနောက်သို့ ချမ်းသာဟာ အစဉ်လိုက်တယ်.....***(ဓမ္မမဒဂါထာ-၂)

ဒါကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေ ဟာ စိတ်ကြောင့်ဖြစ်ပေါ်ပြီး စေတနာ၏ စေ့ဆော်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်တယ်။

ဒေါက်တာမင်းတင်မွန် (မြတ်ဓမ္မ)စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

2 - Comment:

  • June 13, 2013 at 5:32 AM

    တပည့်တော်လာ မလည်တာတော်တော်ကြာသွားပြီး အရှင်ဘုရားဆိုဒ်က အရမ်းကို ပြောင်းလဲထားတာပဲ သဘောကျတယ်ဘုရား... တပည့်တော်ဆိုဒ်ကိုလည်း ပြန်လာလည်ပါဦးဘုရား... Dhamma Blog မှာလည်း တပည့်တော်ဆိုဒ်ကို blog roll လေးထည့်ပေးပါဦး...

    www.zmohazylife.com

  • June 28, 2013 at 5:05 AM

    eekkkk ဇင်မျိုး....ဒကာလေးးးး ...ညခင်းက မယ်သီလရှင် လည်းမဟုတ်ပါ။ ဘုန်းဘုန်းတစ်ပါးလည်း မဟုတ်ပါရှင်။ မညခင်း ဖြစ်ပါတယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers