လဃိမာဘုန်းတော် နှင့် မဟိမာ ဘုန်းတော်

0

မြတ်စွာဘုရားရဲ့ ဘုန်းတော် ၆ပါးထဲမှ ပထမဆုံး ဘုန်းတော်ဖြစ်တဲ့ ဣဿရိယ ဘုန်းတော်ထဲမှာ အကျုံးဝင်တဲ့ လဃိမာဘုန်းတော် အကြောင်း ကြည်ညိုရအောင်ပါ။

ဒီဘုန်းတော်က ခေတ်စကားနဲ့ ပြောရရင် မြတ်စွာဘုရားရဲ့ လျင်မြန်နှုန်း  Speed ဟာ ခုခေတ် အသံထက် မြန်နှုန်း ထက် မြန်တယ်။ စိတ်လိုပဲ မြန်တယ်။ မြတ်စွာဘုရားဟာ မိမိရောက်လိုရာ အရပ်ကို ရောက်စေလိုတဲ့ စိတ်က ပြဌာန်းလိုက်တာနဲ့ ချက်ချင်းရောက်ပြီးသား ဖြစ်သွားနိုင်တဲ့ ဘုန်းတော်ပါပဲ။

နောက် ဣဿရိယ ဘုန်းတော်ထဲမှာပဲ အကျုံးဝင်တဲ့ ဘုန်းတော်တစ်ပါးက မဟိမာဘုန်းတော် အကြောင်း ကြည်ညိုရအောင်နော်...။

မဟိမာ ဘုန်းတော်ဆိုတာက မြတ်စွာဘုရားဟာ အလိုရှိတဲ့အခါ ကိုယ်တော်ကို ပကတိအနေအထားကနေ အလွန်ကြီးမားအောင် ဖန်ဆင်းပြနိုင်တော်မူတဲ့ တန်ခိုးတော်ဖြစ်တယ်။  ဒီဘုန်းတော်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ ၀တ္တုတစ်ခုရှိတယ်...

အခါတစ်ပါးမှာ ရာဟု လို့ခေါ်တဲ့ အသူရိန်နတ်ကြီးဟာ မြတ်စွာဘုရားရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို ကြားရတဲ့အခါမှာသွားပြီး ဖူးမြော်ချင်တဲ့ ဆန္ဒဖြစ်တယ်တဲ့။ ဒါပေမဲ့ အသူရိန်ကြီးရဲက ခန္ဒာကိုယ်က အလွန်ကြီးမားတာကိုး၊ ဘယ်လောက်တောင် သူကိုယ်ကြီးက ကြီးသလဲဆိုရင် ယူဇနာရှစ်သောင်းလေးထောင် ရှိသတဲ့။ ဒါကြောင့် သူက ဘုရားကို သွားဖူးချင်ပေမယ့် လူသားဖြစ်တဲ့ ဘုရားကို ငါသွားဖူးရင် ငုံ့ပြီး ကြည့်နေရမှာပဲ ဆိုပြီး သွားမဖူးဘဲနေခဲ့သတဲ့။ သို့သော် ဘုရားရဲ့ ဂုဏ်သတင်းက အဆမတန်ကြီးမားလွန်း နေတာကြောင့် မဖူးပဲလည်း မနေနိုင်ဘူးလေ၊ သင့်ရော နေရာကပဲ ဖူးပါတော့မယ်ဆိုပြီး ဘုရားရှင်ထံမှောက်ကို သွားရောက်ခဲ့တယ်။ အဲဒီအခါ မြတ်စွာဘုရားက မဟိမာ ဘုန်းတော်နှင့် အသူရိန်ကြီးထက် ကြီးအောင် ခန္ဒာကိုယ်ကို ဖန်ဆင်းထားပြီး လျောင်းတော်မူလျက်ပဲ အဖူးမြော်ခံသတဲ့။ ခန္ဒာ ကိုယ်အလွန်ကြီးမားတဲ့ အသူရိန်ကြီးတောင်မှ တအားကုန်မော့ပြီး ဖူးရတယ်တဲ့။ ဒီလို ဖူးမြော်တာတောင် ဘုရားရှင်ရဲ့ ကိုယ်အထက်ပိုင်းကို မမြင်နိုင်ရှာဘူးတဲ့။

အဲဒါကတော့ မဟိမာ ဘုန်းတော်အကြောင်းပါ..။ ဣဿရိယဘုန်းတော်ရဲ့ သဘောက အစိုးရတဲ့ ဘုန်းတော်ပါ။ မိမိ အလိုရှိရာကို ဖြစ်စေလိုတဲ့ စိတ်ဆန္ဒတော်ရှိတဲ့အတိုင်း ရုတ်တရက် ချက်ချင်းဖြစ်စေနိုင်တဲ့ အစွမ်းသတ္တိသဘောပေါ့။

ညခင်း
တရားအစစ်အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

0 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers