တရားသော အနိုင်ယူနည်း

1

အနိုင်ယူလိုမှုသည် ပုထုဇဉ်သတ္တ၀ါ အားလုံး၌ပင်ရှိသော သဘာဝဖြစ်သည်။ အနိုင်ယူရာတွင် တရားသော အနိုင်ယူလိုမှုနှင့် မတရားသော အနိုင်ယူလိုမှုဟု နှစ်မျိုးရှိပါတယ်။ မတရားသော အနိုင်ယူလိုမှုကိုကား လုံးဝရှောင်ရှားသင့် ပြီး တရားသော အနိုင်ယူနည်းဖြင့် အနိုင်ရရန်ကြိုးစားသင့်ပေသည်။

တရားသောအနိုင်ယူနည်းများကို မြတ်စွာဘုရား...ဓမ္မပဒပါဋ္ဌိတော် ကောဓ၀ဂ်၌ ဥတ္တရာဥပါသိကာမ ကိုအကြောင်းပြုကာ  ဟောကြားတော် မူခဲ့ပါတယ်။ ဟောကြားရခြင်း အကြောင်းအရာ အကျဉ်းချုပ်မှာ- ဥတ္တရာသည် သောတာပန်ဖြစ်ပါလျက် အယူမတူသူ သူဌေးသား တစ်ဦးနှင့် လက်ထပ်ခဲ့ရသဖြင့် လက်ထပ်ပြီးနောက် ၀ါတွင်းသုံးလနီးပါးမျှ ဘုရားအမှူးရှိသော သံဃာတော်များကို ဖူးမြှော်ခွင့်၊ တရားနာခွင့်၊ဒါနပြုခွင့်၊ ဥပုသ်စောင့်ခွင့် မရ ရှာ၍ စိတ်ဆင်းရဲလှသောကြောင့် ပုဏ္ဏ မည်သောဖခင်ထံ အကြောင်းကြားရာ ဖခင်က သိရိမာအမည်ရှိသော ပြည့်တန်ဆာကို သမီးကိုယ်စား သမက်သူဌေးအား အလုပ်အကျွေးပြုစေ၍ သမီးဖြစ်သူအား စိတ်တိုင်းကျ ကုသိုလ်ပြုလုပ်နိုင်ရန် စီစဉ်ပေးလေသည်။ ဖခင်စီစဉ်ပေးလို့ ဘုရားအမှူးရှိသော သံဃာတော်တွေကို ၁၅ရက်တိုင်တိုင် ဖူးမျှော်ခွင့် တရားနာခွင့်၊ ဆွမ်းကပ်ခွင့် စသည့် ကုသိုလ်ကောင်းမှုတွေ လုပ်ခွင့်ရပြီး ပျော်မွေ့နေလေတယ်။

ဥတ္တရာ ဥပါသိကာမလေး ကုသိုလ်နဲ့ ပျော်မွေ့နေသည့် ၁၄ရက်တာကာလ အတွင်း ခင်ပွန်းသူဌးလေးက သတိရ၍ ဥတ္တရာ ဘာများလုပ်နေပါလိမ့် လို့တွေးကာ တိုက်အပေါ်ထပ် ပြတင်းပေါက်က လှမ်းကြည့်လိုက်ရာ ဘုရားအမှုးထားသော သံဃာတော်တွေအတွက် ဆွမ်းကပ်နိုင်ရေး ချွေးတလုံးလုံးနဲ့ အခြွေအရံများကို စီမံနေသည်ကို မြင်သွားပါတယ်။ ဤမျှလောက်ပြည့်စုံနေသော နေရာမှာ စည်းစိမ်ကိုမခံစားပဲ ကြည်နှုးစွာလှည့်လည်နေသည်ဟုတွေးကား သရော်ပြုံးပြုံးပြီး ဖယ်ခွာလေတယ်။

ထိုအချိန် သူဌေးအနီးရပ်နေတဲ့ ခေတ္တ အငှားမယား သီရိမာကလည်း သူဌေးကဲ့သို့ ပြုံးပြီး ၁၄ရက်တာကာလ သူဌေးကတော် အယောင်ဆောင်ဖြင့်နေခဲ့ရသည့်အတွက် သူကိုယ်သူ သဌေးကတော်အထင်ရောက်ပြီး ဥတ္တရာ အပေါ် ရန်ငြိုးဖွဲပြီး မီးဖိုချောင်မှာ မုန့်ကြော်ရာမှ ပွက်ပွက်ဆူနေသော ထောပတ်ပူကို ဇွန်းဖြင့်ခပ်ယူလျက် ဥတ္တရာ ကိုလောင်းရန် သွားလေသည်။

မိမိကိုထောပတ်ပူဖြင့်လောင်းရန်လာနေသော သိရိမာကို ဥတ္တရာက ငါ၏သူငယ်ချင်းမ ဖြစ်သော သိရိမာ သည် ငါအပေါ်ကျေးဇူးရှိခဲပေပြီ၊ သူ့ကျေးဇူးကိုထောက်လျင် စကြ၀ဋ္ဌာကြီးသည် အလွန်ကျဉ်းသည်၊ ဗြဟ္မာပြည်ကြီးသည် အလွန်နိမ့်သွားပေမည်။ သူငယ်ချင်းမ ကျေးဇူးတရားသည်သာ ကြီးကျယ် မြင့်မြတ် ပေသည်။ သူငယ်ချင်းကို အမှီရ၍ အလှူလှူခွင့်၊ တရားနာခွင့် ရခဲ့ပေပြီ။ သူငယ်ချင်းမအပေါ် အမျက် ထွက်မိလျင် ဤထောပတ်သည် ငါ့ကိုလောင်ပါစေ၊ အမျက်မထွက်လျှင်ကား မလောင်စေသား ဟု မေတ္တာပွားလိုက်ရာ သိရိမာက ဥတ္တရာ ထိပ်ထက်မှ လောင်းလိုက်ရာ ပွက်ပွက်ဆူနေသော ထောပတ်သည် ရေအေးပမာ အေးမြကာသွားလေသည်။

ထိုအခါ သိရိမာသည် သူလောင်းလိုက်သော ထောပတ်က အေးနေသည်ဟု ယူဆကာ နောက်တစ်ကြိမ်ထပ်လောင်ရန် ကြိုးစားလေရာ၊ ဥတ္တရာ၏တပည့်မအပေါင်းက -၀ိုင်းအုံရိုက်နှက်မှုကို ခံရကာ မြေမှာလဲကျရရှာလေသည်။ သူ့၏တပည့်မများကို တားမြစ်ကာ အကြိမ်တစ်ရာချက်ထားသော ဆီဖြင့်လိမ်းကျံ ပေကာ ယုယစွာပြုစုရှာပါသည်။ ထိုအခါမှ သိရိမာ သည် နောင်တရခါ ဥတ္တရာအား သည်းခံရန် တောင်းပန်လေတော့သည်။

ထိုအခါမှာ ဥတ္တရာက ငါသည်ဖခင်ရှိသော သမီးဖြစ်၍ ဖခင်သည်းခံမှ ငါသည်းခံနိုင်မည် ဟုပြောရာ သိရိမာအနေဖြင့် ဥတ္တရာဖခင် သူဌေးကြီးကိုတောင်းပန်ပေးပါမည်ဟုပြောလေသည်။

ဥတ္တရာက ပုဏ္ဏသူဌေးကြီးသည် ငါ့အတွက် ၀ဋ်ကိုဖြစ်စေသောဖခင်ဖြစ်၏။ ၀ဋ်မှ ကျွတ်လွတ်မှုကိုဖြစ်စေသော ဖခင်ဖြစ်သော ဘုရားရှင်က သည်းခံမှ ငါသည်းခံမည်ဟုပြောလိုက်ရာ သိရိမာက သူမမှာ ဘုရားရှင်နှင့် အကျွမ်းတ၀င်မရှိသေးဟုပြန်ပြော သဖြင့် အကျွမ်းဝင်အောင် ကျွန်မလုပ်ပေးမည်။

နက်ဖြန်ခါ ဘုရားရှင်သည် ရဟန်းသံဃာတော်များနှင့်အတူ ကြွာလာမည်၊ ရနိုင်သမျှ ပူဇော်သက္ကာရတို့ကို ယူကာ ဤနေရာသို့ ၀င်လာကာ ဘုရားရှင်ကို တောင်းပန်ပါဟု ပြောကြားလိုက်သည်။

ပြောကြားသည့်အတိုင်း ဆွမ်းကပ်ပြီးနောက် ဘုရှားရှင်၏ ခြေတော်ရင်းဝပ်စင်းကာ တောင်းပန်စကား နှင့်တကွ ဖြစ်ခဲ့ပုံအလုံးစုံကို လျောက်ထားသည့်အခါ ဘုရားရှင်သည် ဥတ္တရာ အား သာဓုခေါ်တော်မူကာ အမျက်သမားကိုဤသို့ မေတ္တာတရားဖြင့် အနိုင်ယူသင့်ကြောင်း အစချီကာ.....

၁။ အမျက်ထွက်သူကို အမျက်ဖြင့် တုံ့ပြန်မှုမပေးပဲ မေတ္တာ ရေအေးဖြင့်သာ အနိုင်ယူရမည်။
၂။ သူတော်ကောင်း သဘောမရှိသူ ယုတ်မာသူကို သူတော်ကောင်းစိတ်ဓာတ်ဖြင့် အနိုင်ယူရမည်။
၃။ အကြမ်းစား မစ္ဆရိယရှိသူကို (၀န်တိုလွန်းသူ)ကို စွန့်ကြဲပေးကမ်းခြင်းဖြင့် အနိုင်ယူရမည်။
၎။ လိမ်ညာကောက်ကျစ်သူကို မှန်မှန်ကန်ကန်ပြော ကြားခြင်း။

သစ္စာစကားဖြင့် အနိုင်ယူရမည်- ဟု အောင်နိုင်ရန် မှန်ကန်သော နည်းလေးမျိုးကို ဟောကြားတော်မူခဲ့ပါသည်။
ဥတ္တရာ ဥပါသိကာမလေး၏ တရားသဖြင့် အနိုင်ယူမှုသည် ဘုရားသာဓုခေါ်သည့် လေးစားအတုယူဖွယ် အနိုင်ယူမှုပင်ဖြစ်ပေသည်။

ဥတ္တရာ နှင့် သိရိမာ တို့၏ အကြောင်းကို အခြေခံပြီး  မေတ္တာတရားဖြင့် အနိုင်ယူနည်းအား မြတ်စွာဘုရား ဟောကြားခဲ့မှုကို သိရပြိးနောက်...မိမိတို့ ဘ၀သက်တမ်းတစ်လျောက် မိနစ်စက္ကန့်နှင့်အမျှ ပြောင်းလည်းနေသော စိတ်အစဉ်ကိုထိန်းချုပ်ကာ မတရားသော အနိုင်ယူလိုမှုကိုကား လုံးဝရှောင်ရှားသင့် ပြီး တရားသော အနိုင်ယူနည်းဖြင့် အနိုင်ရရန်ကြိုးစားသင့်ကြောင်း မျှဝေလိုက်ရပါတယ်။

ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။

ညခင်း

9-1.2011

1 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers