ပြုပြင် လိုစိတ်

4

တခါတွင်...ဗုဒ္ဓမြတ်စွာဘုရားသည် မြင်းဆရာတစ်ဦးအား မြင်းရိုင်းကို အဘယ်သို့ဆုံးမသနည်းဟု မေးတော်မူလေသည်။ မြင်းဆရာက ကျွန်ုပ်သည် အနုနည်းအားဖြင့်လည်း ဆုံးမပါ၏။ အကြမ်းအားဖြင့်လည်း ဆုံးမပါ၏... ဟုလျောက်ထား၏ ။ ထိုအခါ မြတ်စွာဘုရားက အကယ်၍ သင့်မြင်းရိုင်းသည် အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်း အားဖြင့်လည်း အဆုံးအမ မခံလျှင် ထိုမြင်းရိုင်းကို အဘယ်သို့ပြုသနည်းဟု မေးလေသည်။

ထိုအခါမြင်းဆရာက.....ကျွန်ပ်၏မြင်းရိုင်းသည်အကယ်၍အနုအားဖြင့်အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ ၊ အနုအကြမ်းအားဖြင့်လည်း အဆုံးအမ မခံလျှင် ထိုမြင်းရိုင်းကို သတ်ပစ်ပါသည်။ ထိုသိုသတ်ပစ်ခြင်းသည် ကျွန်ုပ်၏ဆရာ အမျိုးအနွယ် အား၊ ဂုဏ်ကျေးဇူးမဲ့ မဖြစ်စေ လို သောကြောင့် ဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။

အရှင်ဘုရားသည် လည်း ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုပါသည်။ အရှင်ဘုရားသည် အဘယ်သို့ ဆုံးမတော်မူပါသနည်းဟု မေးရာ ...

ဗုဒ္ဓက မိမိသည်လည်း ဆုံးမထိုက်သောသူကို အနုအားဖြင့်လည်းဆုံးမကြောင်း၊ အကြမ်းအားဖြင့်လည်း ဆုံးမကြောင်း၊ အနုအကြမ်းအားဖြင့်လည်း ဆုံးမကြောင်း ထိုနည်းတို့နှင့်မှ ဆုံးမ၍မရသော သူကိုမှ လျစ်လျူရှုလိုက်ရကြောင်း။ ထိုသို့ လျစ်လျူရှုလိုက်ရခြင်းသည် မည်သည်နည်းနှင့်မျှ ဆုံးမ၍မရသော မြင်းရိုင်းကို သတ်ပစ်ခြင်းနှင့်သဘောတူကြောင်း ပြန်ပြောလေသည်။ အထက်ပါ ဗုဒ္ဓ၏ စကားအတိုင်း ကျွန်ုပ်တို့သည် ကိုယ်ကျင့်သီလ အရာ၊ ပညာအရာ၊ အကျင့်စရိုက် အရာတို့၌ စံပြုလောက်သော ပုဂ္ဂိုလ်၏ ဆုံးမသြ၀ါဒတို့ကို မည်မျှပင်ရစေကာမူ၊ မိမိတို့ကိုယ်တိုင်က ပြုပြင် လိုစိတ် အနည်းအကျဉ်းမျှမရှိပါက လျစ်လျူရှုခံရသူများအဖြစ်သို့ ရောက်ဖို့သာရှိမည် ဖြစ်လေသည်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

4 - Comment:

  • October 30, 2010 at 5:47 AM

    ညခင်းရဲ့ ပြုပြင်လိုစိတ်ကို လာဖတ်ပါတယ်. . . လျှစ်လျူရှုမခံရအောင် ဆုံးမသြ၀ါဒါများကိုနာခံသင်ယူလိုသော စိတ်များ အပြည့်ရှိဖို့လိုပါတယ်...

  • October 30, 2010 at 11:30 AM

    ဟုတ်တယ်အမရေ ဘယ်လိုမှ ဆုံးမလို့မရမှတော့ လစ်လျူရှုခံရပြီပေါ့နော် ကိုယ်တိုင်က ပြုပြင်လိုစိတ် မရှိရင်တော့ ဆုံးမသြဝါဒပေးသမျှက သဲထဲရေသွန်ဖြစ်ပြီပေါ့။

  • October 31, 2010 at 1:00 PM

    ကိုယ့်ကိုကိုယ်ပြုပြင်လိုစိတ်မွေးနိုင်တာ အကောင်းဆုံးပါ...
    ဆုံးမပေမယ့် မနာခံတော့ ဘုရားရှင်တောင် လျစ်လျူရှုရတော့တာပဲနော်။
    မှတ်သားသင့်တယ်။ လိုက်နာသင့်တယ်။

  • October 31, 2010 at 1:01 PM

    ကိုယ့်ကိုကိုယ်ပြုပြင်လိုစိတ်မွေးနိုင်တာ အကောင်းဆုံးပါ...
    ဆုံးမပေမယ့် မနာခံတော့ ဘုရားရှင်တောင် လျစ်လျူရှုရတော့တာပဲနော်။
    မှတ်သားသင့်တယ်။ လိုက်နာသင့်တယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers