ဘ၀ ဆင်းရဲ၊ ချမ်းသာတာ

2



ဘ၀ ဆင်းရဲတာ စိတ်မကောင်းလို့


တရားအားလုံးရဲ့
ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။
တရားအားလုံးရဲ့
အကြီး အမှုးဟာ စိတ်ပါ။
တရားအားလုံးဟာ
စိတ်ကြောင့်ပဲ ပြီးစီးးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့
ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ်ဆိုရင်
အဲဒီ ပုဂ္ဂိုလ်ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေပဲ
အစဉ်တစိုက် လိုက်ကြပါလိမ်မယ်။
ဘာနဲ့ဥပမာတူသလဲဆိုရင်
လှည်းတပ်ထားတဲ့ ၀န်ဆောင်နွားရဲ့ ခြေထောက်ကို
လှည်းဘီးက အစဉ်တစိုက်လိုက်ပြီး
နှိပ်စက်နေသလိုပါပဲ။ { ဓမ္မပဒဂါထာ-၁}

ဘ၀ချမ်းသာတာ စိတ်ကောင်းလို့

တရားအားလုံးရဲ့
ရှေ့သွားခေါင်းဆောင်ဟာ စိတ်ပါ။
တရားအားလုံးရဲ့
အကြီး အမှုးဟာ စိတ်ပါ။
တရားအားလုံးဟာ
စိတ်ကြောင့်ပဲ ပြီးစီးးရပါတယ်။
ကြည်လင်တဲ့စိတ်၊ ကောင်းတဲ့စိတ်နဲ့
ပြုမယ်၊ ပြောမယ်၊ ကြံစည်မယ်ဆိုရင်
အဲဒီ ပုဂ္ဂိုလ်ရဲ့နောက်ကို
ချမ်းသာသုခတွေပဲ
အစဉ်တစိုက် လိုက်ကြပါလိမ့်မယ်။
ဘာနဲ့ဥပမာတူသလဲဆိုရင်
အရိပ်ဟာ
အရိပ်ပိုင်ရှင် အရိပ်ထွက်ပစ္စည်းရဲ့နောက်ကို
အစဉ်တစိုက် မခွဲမခွာ
လိုက်ပါနေသလိုပါပဲ။ { ဓမ္မပဒဂါထာ-၂}




ညခင်း

ရွှင်လန်းချမ်းမြေ့ကြပါစေ။

2 - Comment:

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers