ရှေးအခါတုန်းက ရှင်သာရိပုတ္တရာ အရှင်မြတ် ခရီးစဉ် ကြွတဲ့အခါက ကြံတောကြီးကို အစိုးရတဲ့ နတ်က ဒီလိုလျောက်သတဲ့။ သူဟာသည်ကြံတောကြီးကို အစိုးရတဲ့ နတ်ဖြစ်ပါတယ်။ သည်ကြံတောကြီး အစိုရပေမဲ့ ငါ့ကြံတော ငါပိုင်တာပဲ ဆိုပြီး သုံးဖို့ စွဲဖို့ ယူဖို့ ၀င်လာတဲ့အခါမှာ မ၀င်နိုင်ဘူးတဲ့။ သူဝင်လာတယ်ဆိုရင် ပဲ ကြံရွက်၊ ကြံလက်တွေ ဆီးပြီး အတင်း ထိုးခုတ်ကြသတဲ့။ အဲသည်တော့ သည်နတ်ဟာ အထဲကို မ၀င်နိုင်ဘူး ပေါ့။ သူ့ကြံတော တော့ကြံတောပဲ ဒါပေမဲ့ ရှေးက ကုသိုလ်ကြောင့် ယူလို့တော့မရဘူးတဲ့။
အရှင်မြတ်ကြွလာတော့မှ ဘုရားတပည့်တော် သည်ကြံတောမှ ကြံများယူမရတဲ့အကြောင်း အသုံးပြုမရနိုင်တဲ့ အကြောင်း အတင်းထိုးခုတ်ကြတဲ့ အကြောင်း လျောက်တဲ့အခါ အရှင်မြတ်က အခုလိုဖြစ်ရတာဟာ ရှေးဘ၀က သေသေချာချာ သဒ္ဓါတရားနဲ့ကုသိုလ်ကို မပြုခဲ့လို့ဖြစ်တာလို့ မိန့်တော်မူပါတယ်။
ဘယ်လိုလဲ ဆိုရင် သူကကြံစည်းကြီးကို ထမ်းလာတဲ့အခါမှာ သူငယ်တွေက မြင်တော့ ၀ိုင်းပြီး တောင်းကြတာ ။ သူက မပေးချင်ဘူးတဲ့ မပေးချင်တော့ ဘယ်နှယ့်လုပ်သလဲဆိုရင် ကြံစည်းကြီးကို မပေးရအောင် အတင်းပြေးတာပေါ့။ အဲဒီလို နဲ့ ကလေးတွေက နောက်က လိုက်တယ် ကြံတပိုင်းပေးပါ ခင်ဗျာ၊ ကြံတပိုင်းပေးပါခင်ဗျာနဲ့ ကလေးတွေက နောက်က လိုက် သူက ရှေ့က ထမ်းပြေးနဲ့ ပေါ။ ကလေးတွေက တောင်းလေ သူက ပြေးလေပဲတဲ့။ နောက်ကျတော့ ပြေးရင်းပြေးရင်းနဲ့ လွတ်အောင်လည်း မပြေးနိုင်းဘူးတဲ့။ အဲတော့ မှ နောက်ပြန်ထိုးပစ်ပြီး ပေးခဲ့တာတဲ့။ တသက်လုံး ဒီကုသိုလ်အပြင် ဘာကုသိုလ်မှလည်း မလုပ်ခဲ့ဘူး တဲ့။ ကလေးတွေ တောင်းတော့မှ မတတ်သာတော့မှ မပေးချင်ပဲ ပေးခဲ့တာ ၊ နောက်ဆုံး ရှောင်မရလို့ ပေးတော့လည်း ကြံစည်းကြီးကို စိတ်တိုတိုနဲ့ နောက်ပြန် ပစ်ပေးခဲ့တာပါ။
ဒါကြောင့် အခုလို လာဖြစ်တာပါတဲ့။ သူက အဲဒီလို အရှင်မြတ်ကို မေးလျောက်တော့မှ အရှင်မြတ်က ဒီလို ထပ်မံမိန့်တော်မူပါတယ်။ အသင့်အား ကြံရွက်တွေက မထိုးခုတ်စေချင်ရင် နောက်ပြန်ဝင်လို့ မိန့်တော်မူသတဲ့။ အဲသည်လို ၀င်တော့မှ ကြံရွက်တွေက ဘာမှ မလုပ်တော့ဘူးတဲ့။ သည်တော့မှ သူလိုချင်တာ ယူလိုရသတဲ့။ အဲသည်လို ယူလို့ရတဲ့ ကြံတွေကို အရှင်မြတ်အား သေသေချာချာ ဆက်ကပ်လှူဒါန်း လိုက်တော့မှ အခုနလို နောက်ပြန်မဟုတ်တော့ဘဲ ရှေ့တည်တည့်က ၀င်လို့ ရသွားသတဲ့။
ဒီ ဇာတ်လမ်းလေး ဖတ်ပြီး ဟာသရသ က မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာတာပဲနော်။ ကုသိုလ်…စေတနာကံလေးက မပေးချင်ပဲ ပေးခဲ့တာတောင် အကျိုးပေးတယ်နော်။ လိုလိုချင်ချင် ရက်ရက်ရောရော ပေးကမ်းလှူဒါန်း ခဲ့ရင်တော့ ဘယ်လောက်အကျိုးပေးမလဲ မသိဘူ်း။ နေ့စဉ်ပြုသမျှ တွေထဲမှာ စေတနာဖြင့် ပြုသောအလုပ်၊ စေတနာဖြင့် ပေးသောအလုပ် အားလုံးကို သတိလေးနဲ့ ပြုကြရမှာ ဖြစ်ပါတယ်။ တချက်လေးတိမ်းစောင်းသွား ရင်တော့ ဖြင့်…..
ညခင်း