• ကောင်းကွက်ကိုရှာမေတ္တာ

    ဓမ္မပီယဆရာတော်(မေတ္တာဥယျာဉ်) ရေးသားဆုံးမအပ်သောကောင်းကွက်ကိုရှာမေတ္တာ တရားတော်အား ဓမ္မဒါနအဖြစ် ပြန်လည် မျှဝေပါတယ်။မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကို လိုလားတတ်သောသဘောရှိ၏။ အများအကျိုးဆောင်တတ်၏၊ စိတ်ထဲ၌ ခိုးလိုးခုလု မကျေနပ်မှု မှန်သမျှကို ပြေပျောက် စေ၍ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူ ရှိစေ၏။ မေတ္တာဖြစ်ဖို့အတွက်...
  • ရှေးကကောင်းလို့ ခုကောင်းပါသည်

    တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို အသင့်တွေ့တာနဲ့ အရှင်ဘုရား... ဆွမ်းကျန် ကွမ်းကျန် လေး များရှိရင် စွန့်ပါဘုရား လို့လျောက်ထားပါတယ်။ဒီတော့ ကျောင်းထိုင်ဆရာတော်က မင်းမှာ ခြေထောက်လက်ထောက်အကောင်းကြီး ကိုယ်ဟာကို...
  • မာနကြောင့်အမျိုးယုတ်နှိမ့်

    ကဿပ မြတ်စွာဘု၇ား လက်ထက် မင်းသားတစ်ယောက်သည် မိတ်ဆွေကောင်းနှင့် ပေါင်းသင်းမိသဖြင့် သတိ သံဝေဂဖြစ်၍ သာသနာတော်၌ ရဟန်းပြုပြီးလျှင် ပရိယတ် တရားတော်များကို သင်ယူရာ ပရိယတ္တိ ဗဟုသုတနှင့် ပြည့်ဝကုံလုံသော ရဟန်းတော်ဖြစ်လာ၏။ သို့သော် အမျိုးမာန် နှင့် ဗဟုသုတမာန် ခက်ထန်ကြီးမားသောကြောင့် မိမိကိုယ်ကို...
  • ခေတ်မှာ အသာစီးရအောင်

     လောက၌ အချို့သော လူတို့သည် ကုသိုလ်ကံကောင်း ၍ မိဘကောင်း၊ ဆရာကောင်း၊ ရဟန်းကောင်းများနှင့် တွေ့ရ၏။ ထို မိဘကောင်း၊ ဆရာသမားကောင်း၊ ရဟန်းကောင်းများထံမှ ရရှိသော အဆုံးအမ သြ၀ါဒဖြင့် မိမိကိုယ်ကို ယဉ်ကျေးအောင် ပြုပြင် ထိန်းသိမ်းခြင်းကြောင့် စိတ်ဓာတ်ယဉ်ကြေးလာကြသည်။ စိတ်ဓာတ်ယဉ်ကျေးလာတဲ့အခါ ပြောဆိုမှု...
  • မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ

     မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ http://www.ashinkusala.com/ အရှင် ကုသလသာမိ (ပျော်ဘွယ်) မှ ကူးယူဖော်ပြပါသည်။ သေတဗျမြို့လေးမှာ အုတ်အုတ်ကျက်ကျက် ကောသလတိုင်းက သေတဗျမြို့ငယ်လေးတွင် လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဟိုနား စုစု၊ ဒီနား စုစုဖြင့် တစ်နေရာရာသို့ သွားဖို့ ပြင်နေကြဟန်ရှိသည်။...
  • [ကံဆိုတာဘာလဲ]

      [ကံဆိုတာဘာလဲ] ကံဆိုတာ ကမ္မ= အလုပ်ပါပဲ။ ကိုယ်နဲ့ပြုလုပ်တဲ့ အလုပ်ကို ကာယကံ၊ နှုတ်နဲ့ပြောဆိုပြီး ပြုလုပ်တဲ့ အလုပ်ကို ၀စီကံ၊ စိတ်နဲ့ ကြံစည် ဆင်ခြင်တဲ့အလုပ်ကို မနောကံ လို့ခေါ်တယ်။ အဲဒီ ကံအလုပ်တွေကို ဘယ်သူတွေ ပြုလုပ်နေသလဲ။... စိတ်ကပြုလုပ်ပါတယ်။ ကိုယ်နှုတ်တွေက အလိုလို မလှုပ်ရှားနိုင်ကြဘူး၊...
  • ကောင်းကွက်ကိုရှာမေတ္တာ

    ဓမ္မပီယဆရာတော်(မေတ္တာဥယျာဉ်) ရေးသားဆုံးမအပ်သောကောင်းကွက်ကိုရှာမေတ္တာ တရားတော်အား ဓမ္မဒါနအဖြစ် ပြန်လည် မျှဝေပါတယ်။မေတ္တာသည် သူတစ်ပါးအကျိုးစီးပွားကို လိုလားတတ်သောသဘောရှိ၏။ အများအကျိုးဆောင်တတ်၏၊ စိတ်ထဲ၌ ခိုးလိုးခုလု မကျေနပ်မှု မှန်သမျှကို ပြေပျောက် စေ၍ ကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူ ရှိစေ၏။ မေတ္တာဖြစ်ဖို့အတွက်...
  • ရှေးကကောင်းလို့ ခုကောင်းပါသည်

    တစ်ခါတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းကို သူတောင်းစားတစ်ယောက် ရောက်လာပါတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းထိုင်ဆရာတော်ကို အသင့်တွေ့တာနဲ့ အရှင်ဘုရား... ဆွမ်းကျန် ကွမ်းကျန် လေး များရှိရင် စွန့်ပါဘုရား လို့လျောက်ထားပါတယ်။ဒီတော့ ကျောင်းထိုင်ဆရာတော်က မင်းမှာ ခြေထောက်လက်ထောက်အကောင်းကြီး ကိုယ်ဟာကို...
Previous Next

အရှင် ဆန္ဒာဓိက ၏တရားတော်များ

5

 အရှင် ဆန္ဒာဓိက ၏တရားတော်များ
တိုက်ရိုက် နာကြားနိုင်ပါသည်။


http://www.dhammaweb.net မှ တဆင့် ဓမ္မမိတ်ဆွေများ နားကြားနိုင်ရန် နှစ်သစ်ကူးလက်ဆောင်အဖြစ် ဖော်ပြပါသည်။
မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


ဘ၀နေနည်း

0

ပထမ ရွှေကျင်ဆရာတော် ဘုရားကြီးက လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းတွေကို  သြ၀ါဒပေးတော်မူခဲ့ပါတယ်။

-တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။

-နံသာတုံးသည် မီးရှို့သူကို မကျွှမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။

-လူကောင်းသည် အရှုးနှင့် ပြိုင်၍ အ-၀တ်မလှစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့် ပြိုင် ၍ ဒေါသမဖြစ်ကောင်း။

-ကျားကြောက်၍ပြေးစဉ် ခွေးဟောင်းသည်ကို အရေးမယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) မသူတော် ညှဉ်းသည်ကို အရေးမယူရ။

-ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။

-ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိတဲ့။

ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒက နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုစရာမလိုအောင်ကို ပြည့်စုံလှပါတယ်။ သူတော်ကောင်းတရားကို မြတ်နိုးသူဟာ ပတ်ဝန်းကျင်က သံပုရာသီးကို ပေးလာရင်လည်း ကိုယ်က ဖျော်ရည်ဖြစ်အောင်လုပ်ပြီး  သောက်တတ်ရမှာ ဖြစ်သလို၊ ဘယ်လို လောကဓံနဲ့တွေတွေ့ ပါရမီမြောက်အောင် နေတတ်ရင် ဘုရားလောင်းတို့ရဲ့ ဘ၀နေနည်းလို့ခေါ်နိုင်ပါတယ်။

မီးလောင်ထားတဲ့ စက္ကူဟာ ပွတ်သပ်ထိခတ်လိုက်တာနဲ့ ကြေမွသွားသလို ပတ်ဝန်းကျင်က ကိုယ်ကိုမလိုပြောတဲ့ ကဲရဲ့သံလေး ကြားရခါမျှနဲ့လည်း ဒေါသအပူမီးတွေလောင်မြိုက် ခံရမယ်ဆိုရင် ဘ၀နေနည်း မမှန်တော့ကြောင်း ဆုံးမထားပါတယ်။  လောက လူတချို့က  သူများပျက်စီးဖို့၊ အထင်အမြင်လွဲစေဖို့၊ လူကြားမှာ မျက်နှာမပြရဲစေဖို့၊ တွန်းအားပေး ပြစ်တင် ကဲ့ရဲ ရှုံချမှုတွေရှိတတ်ကြပါတယ်။ များသောအားဖြင့်သည်းခံ နိုင်ဖို့ မလွယ်ကူ တတ်ကြ ပါဘူး။ ကိုယ်က သည်းခံနေလိုက်တာနဲ့ ခန္တီပါရမီမြောက်သွားတဲ့အတွက် ဘာမှ မကုန်ဘဲ အမြတ်ရလိုက်မှာပါ..။ ကဲရဲ့သူ၊ပြစ်တင်သူ အဖို့မှာတော့ အမြတ်မရတဲ့အပြင် အရင်းပါရှုံးသွားမှာပါ။ တကယ်တွေးကြည့်ရင် အရှုံးခံပြီး ကိုယ်ကို အရင်းထုတ်ပေးသွားတာပါ။ ရအောင်ယူတတ်ရမှာဖြစ်ပါတယ်။

ညခင်း
23.12.2010

မနက်ဖြန်နှင့်နောက်ဘဝ

1

ဘုရားရှင်လက်ထက်တော်တုန်းက သူဌေးတစ်ယောက်က သူ့အိမ်နားမှာ ရွံ့ဗွက်အိုင်တစ်ခုရှိတဲ့အတွက် လူတွေ သွားရေးလာရေး ခက်ခဲနေတာကို ၀ရံတာက နေမြင်နေရလို့ ဘယ်သူမှ မသုံးတဲ့ နွားခေါင်းရိုးကြီးကိုချ ထားပြီး တံတားအဖြစ် ခင်းပေးလိုက်တယ်။ လူတွေက နွားခေါင်းရိုးကြီးကို နင်းနင်းပြီး သက်သက်သာသာ သွားလာ နေကြတာကို သူဌေးက ၀မ်းသာနေပါတယ်။

ညနေစောင်း အချိန်ရောက်တော့ သူဌေးက လမ်းလျောက်ထွက်လာရင်း သူငယ်ချင်းတွေကို မြစ်ထဲမှာ အ၀တ်မပါပဲ ရေချိုးနေတာ မြင်ရလို့ နောင်ပြောင်လိုတဲ့ ဆန္ဒနဲ့ အ၀တ်တွေကို ယူပြီး ၀ှက်ထားလိုက်ပါတယ်။ ရေချိုးနေတဲ့ သူငယ်ချင်းတွေက ၀ှက်တဲ့ နေရာကို မြင်ရပေမယ့်လည်း အ၀တ်မပါဘဲ ရေချိုးနေကြတာမို့ မလုပ်ဖို့ တောင်းပန်ရုံကလွဲပြီး ဘာမျှမတတ်နိုင်ကြတော့ နေရောင်ပျောက်အောင် စောင့်ပြီးရေစိမ်နေကြရပါတယ်။

သူဌေးဟာ သူ့လုပ်ရပ်ကိုကြည့်ပြီး ကျေနပ်နေပါတယ်။ ညပိုင်းရောက်တော့ သူဌေးရဲ့တူတော်မောင်က ဘုရင့် ဘဏ္ဍာတိုက်ဖောက်ခိုးပြီး ပစ္စည်းတွေကို သူဌေးအိမ်ကို သယ်လာခဲ့တဲ့အခါ တာဝန်ရှိသူတွေက လက်ပူးလက်ကြပ်မိသွားလို့ သူဌေးရော၊ သူခိုးပါ မင်းပြစ်မင်းဒဏ်သင့်ကြပါလေရော (ညတွင်းချင်း ကွပ်မျက်ခံရပါလေရော၊ သူဌေးက ကွပ်မျက်ခံရခါနီးမှာ တစ်နေတာရဲ့ ကုသိုလ်အကုသိုလ်ကို စဉ်းစားရင်း သေရတာမို့ ဘုမ္မစိုးနတ်မင်းကြီးဖြစ်သွားပါတယ်။

ဘုမ္မစိုးနတ်မင်းကြီးဟာ သွားလိုရာကို ဖျက်ခနဲတောင် ရောက်နိုင်တဲ့ အဖြူရောင် နတ်မြင်းပျံကြီးတစ်ကောင် ရထားတဲ့အပြင်၊ အလွန်လျင်မြန်တဲ့ တန်ခိုးသတ္တိတွေကြောင့် နတ်အချင်းချင်းရဲ့လေးစားမှုကိုလည်း ခံယူရပါတယ်။ ဘုမ္မစိုးနတ်မင်းကြီး အဲသလို တန်ခိုးဣဒ္ဓိပါတ်တွေနဲ့ပြည်စုံပေမယ့်လည်း ခန္ဓာကိုယ်မှာတော့ အ၀တ်မပါပါဘူးတဲ့။

သူဌေးရဲ့ တစ်နေတာလုပ်ငန်းစဉ်ထဲမှာ မဖြစ်စလောက်လမ်းခင်းခဲ့တဲ့ ကုသိုလ်က ဘုမ္မစိုးဘ၀နဲ့ နတ်မြင်းပျံကို ရသလို၊ သူငယ်ချင်းတွေကိုနောက်ပြောင်တဲ့ အကုသိုလ်က လည်း အ၀တ်မပါတဲံ နတ်အဖြစ်ကို ဖန်တီးပေးလိုက်ပါတယ်။ သူဌေးမှာ စောစောက ပြုထားတဲ့ ကုသိုလ်တွေရှိပါတယ်။ သို့ပေမဲ့ လည်း နွားအိုက ခြံတံခါးအ၀မှာ အိပ်နေတာမို့ တံခါးဖွင့်တာနဲ့ အရင်ထွက်လာသလို၊ ကုသိုလ်အကုသိုလ် တွေက အကျိုးပေးတာ အံ့သြစရာ၊ သံဝေဂယူစရာ၊ ဆင်ခြင်စရာပါ။ ဒီနေ့နံနက် သူဌေး၊ ညရောက်တော့ ကိုယ်တုံးလုံး ဘုမ္မစိုးမဟုတ်ပါလား။

လူတစ်ယောက်မှာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမှုအရာတွေကို အချိန်တိုင်းပြုလုပ်နေကြပါတယ်။ ပြုလုပ်တဲ့ လုပ်ငန်းစဉ် (ကာယကံ)၊ ပြောဆိုတဲ့ လုပ်ငန်းစဉ် (-၀စီကံ)၊ ကြံစည်တဲ့ (မနောကံ) တွေဟာ ပြန်လည်ရရှိလာမယ့် ဘ၀ပုံရိပ် အရင် အနှီးတွေ ဖြစ်တယ်ဆိုတာ လူသားတိုင်း သတိထားသင့်ပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။


နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers