အနေမှန်ရင် မပေကျံပါ

3

 အနေမှန်ရင် မပေကျံပါ

 လေဒဏ်ကြောင့်
မတုန်လှုပ်တဲ့ကြာ၊
ရွံ့နွံနဲ့ မငြိကပ်တဲ့ကြာလို
လောကဓံလေကြောင့်
မတုန်လှုပ်တဲ့လူ၊
လောကဓံရွှံ့နွံနဲ့
ငြိကပ်ပေကျံခြင်းမရှိတဲ့လူဟာ
ကြာလိုလူပါပဲ။
အကောင်းလောကဓံကြောင့်
လောဘ၊ မာန မဖြစ်ရင်၊ 
အဆိုးလောကဓံကြောင့်
ဒေါသ၊ သောက မဖြစ်ရင်
လောကဓံရွံ့နွံ
မငြိကပ် မပေကျံတာနဲ့ အတူတူပါပဲ။ (အရှင်ဆန္ဒာဓိက)

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

3 - Comment:

  • October 14, 2011 at 5:52 AM
    Anonymous :

    အနေမှန်ကာပေကျံမနေတဲ့
    ကြာလိုလူဖြစ်ဖို့ရာ
    ကိလေသာမီးတွေကို
    တတ်နိုင်သမျှ
    ငြိမ်းသတ်နိုင်အောင်
    ကြိုးစားကြပါစို့လားကွယ်
    ဘလော့ပိုင်ရှင်ညီမငယ်လည်း..
    ငြိမ်းချမ်းအေးဆေးသော
    "ကြာလိုဘ၀"လေးအား..
    ထာဝရ..ပိုင်ဆိုင်နိုင်ပါစေရှင်
    ချစ်ခင်စွာဖြင့်
    ရန်ကုန်သူ

  • October 14, 2011 at 1:16 PM

    ရင်ကိုငြိမ်းချမ်းစေသော ပို့စ်လေးအတွက် ကျေးဇူးပါ လို့.....

  • October 15, 2011 at 1:54 PM
    Anonymous :

    ဆုံးမစာ ကဗျာကောင်းလေးအတွက် ကျေးဇူးတင်ပါတယ်ရှင်။

    ခင်မင်လေးစားလျက်
    မေသိမ့်

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers