Showing posts with label ဘုရားဖူးခရီးစဉ်မှတ်တမ်း. Show all posts
Showing posts with label ဘုရားဖူးခရီးစဉ်မှတ်တမ်း. Show all posts

ညခင်းရဲ့မြေလတ်ဒေသ ဘုရားဖူးခရီးစဉ်အပိုင်း(၂)။

0

အပိုင်း(၂)

ဒုတိယနေ့ခရီးစဉ်အဖြစ်…ပထမဆုံးမင်းဘူး စကုတံတားကို ဖြတ်၍ စကုနဲ့၁၀မိုင် ဝေးတဲ့ စန္ဒကူးနံ့သာကျောင်းတော်ရာသို့ရောက်ရှိပြီး ယခုလို သိရှိခဲ့ရပါတယ်… မြတ်စွာဘုရားသည် စန္ဒကူးနံ့သာကျောင်းတော် (ယခုကျောင်းတော်ရာဘုရား)၌ရဟန္တာငါးရာနှင့် (၇)ရက်သီတင်းသုံးလျှက် သတ္တ၀ါတို့အား တရားဟော ချွေချွတ်၍ ပြန်အကြွတွင်မှ မန်းချောင်းဝဲယာ၌ခြေတော်ရာ နှစ်ဆူ (ယခုရွှေစက်တော်ဘုရား) ချထားတော်မူ၍ ဇေတ၀န်ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။
ထို့ကြောင့် ရွှေစက်တော်အစ ကျောင်းတော်ရာက၊ စက်တော်ရာရောက်လျှင် ကျောင်းတော်ရာရောက်မှ သမိုင်းစုံ၍
အကျိုးထူးမည်) ဟူသော သမိုင်းဆောင်ပုဒ် တွင်နေခြင်းဖြစ်သည်။မြတ်စွာဘုရားသည် ခရီးတစ်ကြောင်းတည်းဖြင့်နှစ်ဌာန ကြွရောက်ရာနေရာများ ဖြစ်သောကြောင့် ဘုရားဖူးများသည်လည်း တစ်ဆက်တည်း အကျိုးထူးရရှိစေရန်
ကျောင်းတော်ရာဘုရားသို့ အရောက်ဖူးသင့်ကြောင်းသိရှိရပါသည်။ ထိုနောက် စက္ကန်တိန်းဘုရား ဖူးမြော်ပါတယ်
အဲနောက်…ဆက်လက်ထွက်ခွာခဲ့ရာမန်းရေနံမြေ ရှိ ရေနံတွင်းများ၊ လမ်းဘေးဝဲယာတွင် နေကြာစိုက်ခင်းများ
၊ ကြက်သွန်စိုက်ခင်းများ၊ စပါးစိုက်ခင်းများ၊ စပါးစိုက်ဖို့ရာ လယ်ယာပျိုးကြဲနေပုံတို့ကို ပန်ချီကားတစ်ချပ်သဖွယ်
တွေ့ခဲ့ရပါတယ်…အဲဒီနောက်မင်းဘူးမြို့ ရှိ နဂါးပွက်တောင်ကို လည်းသွား ရောက်ခဲ့ပါတယ်... နေ့လည်စာစားပြီးတဲ့နောက်မကွေးတံတားကိုဖြတ်၍ မကွေးမြသလွန်ဘုရားကြီးအား သွားရောက်ဖူး မျှော်ခဲ့ပါသေးတယ်…မကွေးတံတားကြီး၊့ဧရာဝတီမြစ်ကြီးတို့ ရဲ့ အလှကို မြသလွန်ဘုရားကြီးကို ဖူးမျှော်ရင်း လွမ်းမောဖွယ်တွေ့ ရှိခဲ့ရပါတယ်…အဲဒီနောက်ပြည်မြို့သို ဆက်လက်ထွက်ခွာခဲ့ပြီး … တညတာ ပြည်ရွှေဆံတော် ဘုရားကြီးအနီး ဘုန်းတော်ြ့ကီးကျောင်း၌ တည်းခို၍ရွှေဆံတော်ဘုရားအားဖူးမြော်ခဲ့ပါတယ်..

တတိယနေ့ ခရီးစဉ်အဖြစ်…ပြည်မြို့ မှ ၁၈/၂/၂၀၀၈ မနက် ၆း၂၀ မှာ ထွက်ခွာခဲ့ပါတယ်…ရွှေတောင်မြို့ နှင့် ၄မိုင် အကွာမှာရှိတဲ့ ရွှေနတ်တောင်စေတီ…(လူနတ်နှစ်လီ၊ တစ်ရစ်ဆီ စေတီရွှေနတ်တောင်) ဟုသိခဲ့ရပါတယ်…အဲဒီနောက် ရွှေမျက်မှန်ဘုရားကြီး၊ပြည်မြို့ တဖက်ကမ်းရှိ ရွှေဘုံသာမုနိ ဘုရားကြီးအားဖူးမျှော်ပြီးတဲ့ နောက်မှာ တော့ ဘုရားဖူးခရီးစဉ်ပြီးဆုံးလို့ကျွန်မတို့ မြို့ လေးရှိရာဆီသို ပြန်လည်ထွက်ခွာခဲ့ပါတယ်…

ဒီခရီးစဉ်လေးဟာ ဖြင့် ကျွန်မညခင်းရဲ့ ၂၀၀၈ ခုနှစ်ရဲ့ အမှတ်တရ ဘုရားဖူးခရီးစဉ်လေးပါ…

ဒီခရီးကို သွားခြင်းဖြင့် ရရှိတဲ့ အကျိုးကျေးဇူးကတော့…မြတ်စွာဘုရားအားကြည်ညို ပူဇော်ရသော ကုသိုလ်ကံ စေတနာ၊ဒါနကုသိုလ်၊ ဆောက်တည်ရသော သီလ ကုသိုလ်၊များကို ရရှိပြီး…ပွားများသင့်တဲ့ဘာဝနာကုသိုလ် ရရှိအောင်…သူငယ်ချင်းမိတ်ဆွေ များအား…ညခင်းနဲ့ အတူထပ်တူထပ် မျှ ရရှိခံစားရ အောင်မျှဝေ လိုက်ခြင်းဖြစ်ပါတယ်…။


ညခင်းရဲ့မြေလတ်ဒေသ ဘုရားဖူးခရီးစဉ်မှတ်တမ်းအပိုင်း(၁)

0

အပိုင်း(၁)

မြေလတ်ဒေသဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စကုမြိုနယ် အနောက်ဘက်ပိုင်းမှာ ရှိတဲ့ ရွေစက်တော်ဘုရားဖူးမျှော် ရန်စိတ် ဆန္ဒရှိခဲ့တာ ကြာပါပြီ၊ ဒီနှစ်မှာတော့သွားဖြစ်အောင်သွားမယ်လို့ စိတ်ကူးရင်း၊ ကျွန်မတို့ မြို့ မှထွက်မည့် ဘုရားဖူးယာဉ်အား စုံစမ်းလိုက်တဲ့ အခါ..ကျွန်မ အဆင်ပြေပြေလိုက်နိုင်မဲ့ နေ့ကိုထွက်ခွာမှာကို သိရပါတယ်…အဲဒါနဲ့ ကျွန်မနှင့် အလုပ်တူ အစ်မအား တိုင်ပင်ရင်း လက်မှတ်ဖြတ်ခဲ့ပါတယ်.. ဒီင်္ ခရီးစဉ် သွားတဲ့အခါ အနှောက်အယှက်ကင်းကင်း အစစ အဆင်ပြေပါစေကြောင်ုးတောင်းရင်း အလုပ်ကိုလည်းပြီးပြတ်အောင် လုပ်ရပါသေးတယ်…အဲလိုနဲ့ …ဘုရားဖူး စတင်ထွက်ခွာမဲ့ ၁၅/၂/၂၀၀၈ နေ့ကို ရောက်ရှိလာခဲ့ပါတယ်၊ ညနေ ၇း၀၀ မှာထွက်မှာဖြစ်လို့ ၆း၀၀ ကတဲ့က တတ်ကြွစွပြင်ဆင်းရင်း.၊ စုရပ်နေရာသို့ ထွက်ခဲ့ပါတယ်..ကျွန်မလိုဘဲ စိတ်အားထက်သန်စွာနဲ့ ခရီးစဉ်စဖို့ ဓမ္ပမိတ်ဆွေများတဖွဲဖွဲရောက်လာခဲ့ပါတယ်…လူစုံမစုံစစ်ပြီးတဲ့ အခါမှာတော့၇း၃၀ တွင် ကျွန်မတို့ ဘုရားဖူး ယာဉ်ဟာ မြို့ဦးဘုရားအား (၃)ကြိမ် ဦးခိုက်လို့ ဘုရားဖုးခရီးစဉ်ကို စတင်ခဲ့ပါတယ်…

ကားစတင်ထွက်တယ်ဆိုရင်ဘဲ…ကျွန်မနှင့် အလုပ်တူအစ်မတို့ သည် နေ့တိုင်းတွေ့ ပြီးစကားပြောနေရပေ မဲ့လည်း…ပြောမကုန်နိုင်သလို ဘဲ…စကားပြောရင်းလိုက်ပါခဲ့ရာ…့  ၉း ၃၀တွင် ရေနံသာမြို့ ကလေးသို့ ရောက်ရှိခဲ့ပါတယ်..ဒီနှစ်ဆောင်းလ ကုန်ခါနီးလေ ပို ချမ်းလေးပါဘဲ…ကားခဏ ရပ်နားတဲ့ အတွက် ရပ်နားရာဆိုင်ကလေးအတွင်းဝင်တဲ့ အချိန်မှာတော့ ဆောင်းလေအေးအေးကြောင့် မေချင်းရိုက်အောင် အချမ်းဒဏ်ကို ခံရတဲ့ အတွက် စိတ်ထဲ ကသိကအောက်ဖြစ်မိပါတယ်…အဲလိုနဲ့ နှင်းဖွေးဖွေးကြားမှာ မောင်းနှင်ခဲ့တာ ၁၆/၂/၂၀၀၈ နံနက် အာရုဏ်ကျင်းစမှာ ပင် ရွှေစက်တော်ဘုရားခြေရင်းကို ရောက်ရှိခဲ့ပါတယ်…ဘုရားဖူးယာဉ်၏ လမ်းညွန်မှ ရွှေစက်တော်ဘုရား သမိုင်း၊ တည်းခိုမည့်နေရာ စီစဉ်ထားပုံများကို အသေးစိတ်ရှင်းပြခဲ့ပါတယ်… လမ်းညွန်ရဲ ဘုရားသမိုင်းကို နားထောင်ရင်း ဘေးဝဲယာမှာ ရောက်ရှိလာသော ဘုရားများ၊ တောတောင် ရှုခင်းနဲ့ မန်းချောင်းအလှကို မြင်ရတဲ့အချိန်မှာတော့ ဒီခရီးကို ရောက်လာခဲ့ရတဲ့ ပီတိ ဟာပြောမပြနိုင်လောက်အောင်ပါဘဲဖြစ်မိပါတယ်…

ရွေစက်တော်မှာတစ်ညတာ အိပ်စက်ပြီးဘုရားဖူးမှာဖြစ်လို့ တည်းခိုခန်းငှားရပါတယ်…မန်းချောင်းဘက်ကို မျက်နှာလှည့်ကာ ၀ါးနဲ့ဆောက်လုပ်ထားတဲ့ ဘန်ဂလိုလေးများဟာ ချစ်စရာကောင်းလှပါတယ်…ဘန်ဂလိုငှားပြီးပစ္စည်းများနေရာတကျထားပြီး..တဲ့နောက် မှာတော့ အထက်စက်တော်ရာ ဘုရားအားသွားရောက်ဖူးမြော်ခဲ့ပါတယ်…ရွှေစက်တော်ဘုရားသမိုင်း နှင့် ပွဲတော်ရက်ကို သိရှိခဲ့ ရသမျှ မျှဝေရမည် ဆိုရင်ဖြင့် ပွဲတော်ရက်ကို နှစ်စဉ် တပို့တွဲလဆန်း (၅)ရက်နေ့တွင် စတင်ပြီး တန်းခူးနှစ်ဆန်း (၁)ရက်တွင်ပွဲတော် ပိတ်သိမ်းပါသည်။ ယခုလို ပွဲတော်ရက်အတွင်း မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များဟာ မြတ်စွာဘုရား၏ ခြေတော်ရာ အစစ်၂ဆူကို အားထက်သရောလာရောက်ဖူးမျှော်ကြေ့ကြာင်းသိရှိရပါတယ်…

ဘုရားသမိုင်းကတော့မြတ်စွာဘုရားသည် ၀ါ(၂၀)ကျော်တွင်…ရှေးအခေါ် သုနာပရန္တယောနက..တိုင်းသို့ ကြွမြန်းရာတွင်…ယခုအခေါ် မကွေးတိုင်း..စကုမြို့နယ်…အနောက်ပိုင်းတောတောင်ကြီးအတွင်း စီးဆင်းနေသော…နမန္တာ မည်သည့် မန်းမြစ်စဉ် ၏ထူးဆန်းသော ကမ်းနဖူးကျောက်ဖျာထက်ပေါ်တွင်…နမ္မဒါန နဂါးမင်းတောင်းပန်ခြင်းကြောင့် ***အောက်စက်တော်ရာ*** တစ်ရာ့ရှစ်ကွက် ၀ဲမြတ်ခြေတော်စက်ကို ချထားပေးးခဲ့ ပါတယ်…မြတ်စွာဘုရားသခင်သညါ အောက်စက်တော်ရာကို ချထားတော်မူပြီးနောက်…သစ္စဗန္ဒ ရဟန္တာမြတ်တောင်းပန်အပ် သဖြင့် သစ္စဗန္ဒတောင်တော် မြကျောက်ဖာ ပေါ်တွင် နောက်ထပ် ခြေတော် ၀ဲဘက်တစ်ဆူကို ချထားပေးခဲ့ပါတယ်…၄င်းအဆူမှာ***ထက်စက်တော်ရာ ဟုအမည်တွင်ကြောင်းသိရှိမှတ်သားကြည်ညိုခဲ့ပါသည်။

မနက် ၈း၃၀မှာတော့ မြတ်စွာဘုရား အထက်ခြေတော်ရာမြတ် ရှိရာ သစ္စဗန္ဒတောင်တော်သို့ သွားရောက်ခဲ့ပါတယ်…လှေကားထစ်ပေါင်း ၇၀၁ ထစ်ကို ဖြတ်ကျော်ပြီးချိန်မှာတော့ အတော်လေးမောပန်းနေပါပြီ…ဒါပေမဲ့ မြတ်စွာဘုရားရဲ့ တန်ခိုးတော်ကြောင့် ခဏတာအတွင်းပြေပြောက်ခဲ့ပါတယ်…သက်ရှိထင်ရှား မြတ်စွာဘုရား အားရည်မှတ် ပြီး ရွှေသက္ကင်္န်း၊သစ်သီးဆွမ်းကပ် ၍ ဆုတောင်းရင်း…ကျွန်မ နှင့်တူလေး လမင်းအတွက် ပုတီးများကို သိဒ္ဒိတင် ဖြစ်ခဲ့ပါတယ်…တောင်တော်ပေါ်မှ အဝေးမြင်ကွင်းကို မျှော် ကြည့်လိုက်တဲ့ အခါ…မန်းမြစ်စဉ် တသွင်းသွင်းစီးဆင်းနေပုံ တောတောင်ရှုခင်းတို့မှာ..မတန် စွတ်ပျံ့ ကြည့်နှုးဖွယ်ကောင်းလှပါတယ်…

ဈေးဆိုင်တန်းလေးများဆီက ပျံ့လွင့်လာသော သီချင်းသံလေးက လည်း*******မုဆိုးနဂါးတောင်းပန်ထား..ဘုရားရွှေစက်တော်..မြိုင်ကြီးသေလာပတ်ခါကျော်…တောင်ကြီးသေလာပတ်ခါ ကျော် သွားကြစို့ တူပျော်ပျော်**** ထိုသီချင်းသံလေးကို ကြားလိုက်ရ ယုံနဲ့ ဘုရားသမိုင်းနှင့် တောတောင်ရှုခင်းအလှကို တသက် မေ့ နိုင်တော့မယ် မထင်ပါဘူး…

အထက်စက်တော်ရာ မှပြန်လာ ပြီးတည်းခိုခန်းတွင် အနားယူ၊ နေလည်စာ စားသောက်ပြီ…ကြည်လင်အေးမြတဲ့ မန်းချောင်းရေ ချိုးဖြစ်ခဲ့ပါတယ်…ညနေခင်း မှာတော့ အောက်စက်တော်ရာ ခြေတော်မြတ်ကို… သွားရောက်ဖူးမြော်ခဲ့ပါတယ်…အပြန်လမ်းတွင်မတော့မြေလတ်ဒေသထွက်ကုန်များရောင်းချရာ…ဈေးဆိုင်တန်းများသို့ မ်းလျှောက်ဖြစ်ခဲ့ပါတယ်…မန်းစက်တော်ရာမှာ တစ်ညတာ အိပ်စက်ပြီးနောက်…၁၇/၂/၂၀၀၈ မနက် ၄း၃၀ မှာတော့ မန်းစက်တော်ရာ မှထွက်ခွာ၍ ကျန်ရှိနေသေးတဲ့ ဘုရားများအားဖူးမျှော်ရန် ဆက်လက်ထွက်ခွာခဲ့ပါတယ်…


ပန်းတောင်းမြို့ ရှိ ရွှေဘုံသာမုနိဘုရား

1

ရွှေမျက်မှန်ဘုရား

0

ပြည်ရွှေဆံတော်

0

ဆုတောင်းအမွန် မကွေးမြသလွန်

0

ဘုရားကြွရာ စန္ဒကူးနံသာ ကျောင်းတော်ရာ

0

အောက်စက်တော်ရာ တစ်ခွင်အဝေးမြင်

0

မြတ်စွာဘုရား၏ အောက်ခြေတော်ရာ

0

မန်းရွှေစက်တော်မြတ်စွာဘုရား၏ အထက်ခြေတော်ရာ

0

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers