ရေးသားသူ.... Anonymous | at Wednesday, December 24, 2008
Category : ဗေဒင်
ရေးသားသူ.... Anonymous | at Thursday, February 07, 2008
Category : ဗေဒင်
ကုမ်ရာသီဖွားတို့သည် အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်း များကြောင့် နှလုံးသားရေးရာတွင် ချစ်ဒုက္ခ ကြုံတတ်သည်။ သန်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။သူအပေါ် အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက်ရောက်သွားတတ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။
ရေးသားသူ.... Anonymous | at Thursday, February 07, 2008
Category : ဗေဒင်
မကာရရာသီဖွားတို့သည် အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှား မှုများအပေါ် အမြဲ ဖြေရှင်းနေရတတ်သည်။သူတစ်ပါးက စိတ်မ၀င်စား ပစ်ပယ်ထားသော အထီးကျန်သမားများကို ပို၍ စာနာ၊ မေတ္တာထားတတ်သည်။ပေးဆပ်မှုကို ဦးစားပေးသူဖြစ်သည်။ ချစ်သူကို အလိုလိုက်လွန်း ၍သော် ၄င်း၊ အသာစီးပေးလွန်း ၍ သော်၎င်း၊ တစ်စုံတစ်ရာမြင့်မားလာသောအခါ ချစ်သူကပင် မိမိအားပစ်ခွာသွားခြင်းကြုံတတ်သည်။ ထိုရာသီဖွားတို့သည်…မေးရိုးပါးရိုးမြင့်သော…အသားလတ်ပြီး၊ ဆံပင် ဖြောင့်ကာ သွက်လက်သော အမူအရာ ရှိသော သူနှင့် ဖူးစာဆုံမည်။
ရေးသားသူ.... Anonymous | at Thursday, February 07, 2008
Category : ဗေဒင်
ဓနုရာသီဖွားတို့သည် ဘ၀တွင် အရာရာ အောင်ပွဲခံနိုင်သလောက် အချစ်စစ် မျက်နှာတွင် မူ အမြဲအလံဖြူ၊ ဝှေ့ရမ်းအရှုံးပေးရသူများဖြစ်သည်။ ချစ်သူများတတ်သည်။ အချစ်ရေးတွင် အမြဲခွင့်လွတ် အရှုံးပေး၊ အနစ်နာခံတတ်သည်။ တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုရင်စူးစူးစိုက်စိုက်ချစ်တတ်သော သဘာဝရှိသည်။ ထိုရာသီဖွားတို့သည် အသားလတ်၊ နှာတံပေါ် ခန္ဒာသွယ်လျ၊ မျက်နှာသွယ် စကားပြောမြန် ၍ ခေါင်းမာတတ်သောသူနှင့် ဖူးစာဆုံမည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
ဗြိစ္ဆာရာသီဖွားတို့သည် ခံစားချက်၊ ခံယူချက် ကို ဦးစားပေးသော သူများဖြစ်သည်။လျှိုဝှက်သိုသိပ် ၍ မဖြစ်မနေဆောင်ရွက်တတ်သော သဘာဝရှိသည်။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သည်။ ဆုံးဖြတ်ပြီးပါကလည်း လုံးဝမပြင်တတ်။ ဝေဖန်မှုကို ဂရုမစိုက်တတ်၊ ဥပက္ခာ နှလုံးသားပိုင်ရှင်များဖြစ်သည်။ ထိုရာသီဖွားတို့သည် အေးချမ်းရိုးသားစွာနေတတ်သော မျက်လုံးဝိုင်းစက်လှပသော နှုးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော ဖူးစာရှင် နှင့်ဆုံဆည်းမည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
ထိုရာသီဖွားတို့သည် မျှတသော သဘာဝ၊ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ အချစ်ဆုံးသူများဖြစ်သည်။ ချစ်ခဲပြီး အချစ်မြဲသောသူများဖြစ်သည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာတတ် ထူးချွန်သောသူကို ဦးစားပေးချစ်တတ်သည်။ မျှတစွာ တွေးခေါ်တတ် ၍ သိမ်မွေ့အေးချမ်းသူဖြစ်သည်။နီးစပ်မှုကို အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်။
ပညာတတ်၊ ဥာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအ၀ါကောင်း၊ ဟန်ကောင်း၊ မျက်နှာလေးထောင့်
နှာတံပေါ် မျက်ရစ်မပါသော (သို့) မျက်လုံးမှေး ၍ အမြဲပြုံးနေသောသူနှင့်ဖူးစာဆုံမည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
အလွန် စိတ်ထိခိုက်လွယ်သည်။ နှုးညံ့ သိမ်မွေ့လွန်းသော နှလုံးသား ကို ပိုင်ဆိုင်သည်။ချော့ကြိုက်၏ မာမာပြောဆိုဆက်ဆံလာလျှင် အကျိုးရှိသောစကား ပင် ဖြစ်စေ လက်ခံတတ်ခြင်းမရှိ၊ ချစ်သူပင်ဖြစ်လင့်ကစား
ဘ၀ရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင်ရန် ၀န်မလေး၊
ထိုရာသီဖွားများသည် ပိန်ပိန်သွယ်သွယ်၊ ပါးပါးလှပ်လှပ် အေးတိအေးစက် နေတတ်ပြီး မျက်လုံး၊ မျက်ခုံးကောင်းကာ နှုတ်ခမ်းပါးပါး စကားတတ်သော ဖူးစာရှင် နှင့် တွေ့မည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
အလွန်သံယောဇဉ်ကြီးသည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ အလွန်မျက်နှာပွင့်သောသူ ဖြစ်ပေရာ တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားမိတတ်သည်။ ချစ်သူများခြင်းသည် ဘ၀၏ မနှောက်အယှက်တစ်ခုဖြစ်လာတတ်သည်။ အထူးသတိပြုရန်မှာ အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။
လက်ထပ်ရသူက တစ်ယောက်ဖြစ်တတ်သည်။ ထိုရာသီဖွားတို့သည် အသားဝါ၀င်း ပြီး အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်းမာန ရှိပြီး ပြတ်သားသော ပညာဥာဏ်ရှိသူ နှင့်ဆုံ စည်းရတတ်သည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
ထိုရာသီဖွားတို့၏ နှလုံးသားသည် အငြိုးကြီးသည်။ အမှတ်သည်းခြေကြီးသည်။စိတ်ကြီးသည်။ တစ်စုံတစ်ရာ မိမိနှလုံးသားကို နာကျင်ထိခိုက်အောင် တစ်ဖက်သူမှ လုပ်လျှင် ချက်ချင်းမုန်တီး အရွဲ့တိုက်တတ်သော သဘောသဘာဝ ပိုင်ဆိုင်သည်။ ဘ၀တွင် အသိုင်းအ၀ိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားက လက်ခံသူ တစ်ဦးကြားရွေးချယ်ရန် အခက်ကြုံရတတ်သည်။ ထိုသို့ ကြုံရပါက မိမိမေတ္တာထား သလို ထားနိုင်သောသူကို ဦးစားပေး ရွေးချယ်သင့်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုယ်ထည် တောင့်တင်း၊ မျက်နှာဝိုင်းကာ အသားလတ်ပြီး နှုတ်ခမ်းလှ၊ သွားစွယ်သွားတက် ရှိသောသူနှင့် ဖူးစာဆုံမည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
မေထုန်ရာသီဖွားတို့သည် ပညာရှိပြီး ဥာဏ်ရည်မြှင့်သောသူကို နှစ်သက်သည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ် ရပ်တည်တတ်သော သူကို ဦးစားပေး၊ ရွေးချယ်တတ်သောသဘာဝရှိသည်။ မိမိထက် အသက်အရွယ် ၊အနေအထား၊ ဆက်ဆံရသော ၀န်းကျင် မတူခြားနားသော သူကို ရွေးချုယ်မေတ္တာ မျှတတ်သည်။
ထိုရာသီဖွားတို့သည် နှုးညံ့စွာ ပြောဆိုတတ်သော မျက်လုံးအိမ် အနည်းငယ် နက်ရှိုင်း၊ မျက်ဝန်းလှပလင်းလက်သော နဖူး၊ မျက်ခုံး၊ နှာတံ ဆက်စပ်မှု အလွန်တင့်တယ်သော သူနှင့် ဖူးစာဆုံမည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
ပြိဿ ရာသီဖွား Taurus (21 April-21 May)
ပြိဿ ရာသီဖွား တို့သည် သံယောဇဉ်ကြီးသည်။ အချော့ကြိုက်၊ အပျော့ကြိုက်များဖြစ်သည်။ ချစ်ခဲသည်။
အချစ်မြဲသည်။ ကိုယ်တိုင်ဆုံးဖြတ်ချက် ကို ဦးစားပေးသည်။ အချစ်အတွက် ဆိုလျှင် ပတ်ဝန်းကျင်နှင့် သော်၎င်း၊
မိသားစုနှင့် သော်၎င်း၊ ဆန့်ကျင်ရန် ၀န်မလေး၊ သစ္စာ ရှိသူကိုလိုလားသည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသူများ ဖြစ်သည်။ ထိုရာသီဖွားတို့သည် ဆံပင်ထူထူ၊ အရပ်သွယ်သွယ်၊ နှာတံပေါ် ပြီး နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့) ပါးတွင် မှဲ့ပါသူ နှင့် ဖူးစာဆုံမည်။
ရေးသားသူ.... Anonymous | at Wednesday, February 06, 2008
Category : ဗေဒင်
မိဿ ရာသီဖွားတို့သည် အပြင်ပန်းအသွင်အပြင်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်သဘောမှာ နှုးညံ့ကြသူများ ဖြစ်သည်။ မေတ္တာရေးတွင် ရယူခြင်းထက် ပေးဆပ်မှုကို လိုလားသူဖြစ်သည်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ စိတ်သဘောထား ကြီးမြှင့်သည်။
ထို့ ပြင် သနားချစ်၊ အားနာချစ် ကိုလည်းဦးစား ပေးတတ်သည်။ ထိုရာသီဖွားတို့သည် ပညာအတတ် ပြီး စိတ်ကောင်းရှိသော် လည်း ဘုခွ ပြောတတ်သော ပျော်ပျော်နေတတ်သည့်သူနှင့် ဖူးစာဆုံမည်။
All Rights Reserved. Blog Design by ညခင်း ဘလော့ဒိုမိန်းအား စေတနာရှင်မလေးမှ လှူဒါန်းပူဇော်ပါသည်။
Bloggerized by Free Blogger Templates
