Showing posts with label ထိုထိုမိန်းမ။. Show all posts
Showing posts with label ထိုထိုမိန်းမ။. Show all posts

လောကီလူသား မိန်းမသားအတွက်

4



ဥဂ္ဂဟသုတ် - (သင်ယူခြင်း၊ ခံယူခြင်း)

သတို့သမီးတို့ ဤသို့ ကျင့်ရမည်...

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့ မုလေး 'မြတ်လေး'တော၌ သီတင်းသုံး နေတော်မူ၏၊ ထိုစဉ်အခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား-

''အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန်အတွက် ကိုယ်တော်မြတ်ပါ လေးပါး တပည့်တော်၏ ဆွမ်းကို အလှူခံတော်မူပါ'' ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား၏ လက်ခံတော် မူခြင်းကိုသိ၍ နေရာမှထကာ ရှိခိုးလျက် အရိုအသေ ပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဥ့်လွန်သဖြင့် နံနက်အချိန်၌ (သင်္ကန်း)ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟ၏အိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့် တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏။

ထို့နောက် မေဏ္ဍကသူဌေး၏မြေး ဥဂ္ဂဟသည် မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား အကျွန်ုပ်၏ ဤသမီးပျိုတို့သည် လင်ယောက်ျားတို့ အိမ်သို့ လိုက်ပါသွားကြရပါလိမ့်မည်၊ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့ကို သွန်သင်တော် မူပါ ဆုံးမတော်မူပါ၊ ယင်းသို့ သွန်သင် ဆုံးမခြင်းသည် ထိုသမီးပျိုတို့အား ကာလရှည်မြင့်စွာ အစီးအပွါးဖြစ်ရန် ချမ်းသာရန် ဖြစ်ရာပါ၏'' ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုသမီးပျိုတို့အား-

၁...
''သတို့သမီးတို့ ထိုသို့ လျှောက်ထားသောကြောင့် ဤအရာ၌ ဤသို့ ကျင့်ကြရမည် 'သင်တို့ အကျိုးစီးပွါးကို လိုလား၍ သနား စောင့်ရှောက်တတ်သော မိဘတို့သည် သနား စောင့်ရှောက်မှုကို အကြောင်းပြု၍ ထိမ်းမြားမည် ဖြစ်သော လင် ယောက်ျား၏ ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိသူ နောက်မှ အိပ်လေ့ရှိသူ အဘယ်ကို ပြုရအံ့နည်း ဟု နာခံလေ့ရှိသူ နှစ်ခြိုက်ဖွယ် ပြုလုပ်လေ့ရှိသူ ချစ်ခင်ဖွယ် စကားကို ဆိုလေ့ရှိသူတို့ ဖြစ်ကုန်အံ့''ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

၂...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''မိမိ ခင်ပွန်းသည်က ရိုသေ လေးစားအပ်သည့် အမိ အဖ သမဏဗြာဟ္မဏဖြစ်သော ပုဂ္ဂိုလ်တို့ကို အရိုအသေ ပြုကုန်အံ့၊ အလေးအမြတ် ပြုကုန်အံ့၊ မြတ်နိုးကုန်အံ့၊ ပူဇော်ကုန်အံ့၊ မိမိထံသို့ လာသူတို့ကိုလည်း နေရာထိုင်ခင်း ပေးခြင်း ရေတည်ခြင်းဖြင့် ပူဇော်ကြကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ကြရမည်။

၃...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''သိုးမွေး ဝါဂွမ်း ဟူသော လင်ယောက်ျား၏ အိမ်တွင်းမှုတို့၌ ကျွမ်းကျင်၍ မပျင်းရိဘဲ ထိုအိမ်တွင်းမှု၌ အကြောင်း ဥပါယ်ဖြစ်သော စူးစမ်းမှု ပညာနှင့် ပြည့်စုံသည့်ပြင် ကိုယ်တိုင် ပြုလုပ်ရန် စီမံရန် စွမ်းနိုင်သူတို့ ဖြစ်ကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

၎...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''အိမ်တွင်းသားဖြစ်သည့် လင် ယောက်ျား၏ ကျွန် အစေခံ၊ အလုပ်သမား ဖြစ်သော အတွင်းလူ အပေါင်းတို့၏ ပြုလုပ်ပြီးသည်ကိုလည်း ပြုလုပ်ပြီးဟု သိကုန်အံ့၊ မပြုလုပ်ရသေးသည်ကိုလည်း မပြုလုပ်ရသေး ဟု သိကုန်အံ့၊ မမာမကျန်းသူတို့၏လည်း အားရှိသည် မရှိသည်ကို သိကုန်အံ့၊ ထိုအတွင်းလူအပေါင်းအား ခဲဖွယ်ကို လည်းကောင်း၊ ဘောဇဉ်ကို လည်းကောင်း အသီးသီး မိမိတို့ ရထိုက်သောအဖို့ အစုဖြင့် ဝေဖန်ကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤအတိုင်းသာ သင်တို့ ကျင့်ကြရမည်။

၅...
သတို့သမီးတို့ ထို့ပြင် ဤသို့လည်း ကျင့်ကြရမည် ''လင်ယောက်ျား ဆောင်ယူ လာမည့် ဥစ္စာ, စပါး, ငွေ, ရွှေကို စောင့်ရှောက် လုံခြုံစေသဖြင့် ပြီးစီး ပြည့်စုံ စေကုန်အံ့၊ ထိုပစ္စည်းအပေါ်၌ အပျော်မကြူး မခိုးမဝှက် အရက် မသောက်ကုန် သည် ဖြစ်၍ မပျက်မစီး စေကုန်အံ့'' ဟု ကျင့်ကြရမည်၊ သတို့သမီးတို့ ဤ အတိုင်းသာ သင်တို့ ကျင့်ကြရမည်။

သတို့သမီးတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ နှစ်သက်ဖွယ် ကိုယ်ရှိသော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရ၏ ဟု (မိန့်တောမူ၏)။

''အကြင် ယောက်ျားသည် အခါခပ်သိမ်း အမြဲမပြတ် ပြင်းစွာ အားထုတ်သည် ဖြစ်၍ ကြောင့်ကြစိုက်လျက် မိမိမယားကို မွေးမြူ၏၊ ကောင်းသော မိန်းမသည် အလုံးစုံ အလိုရှိရာကို ဆောင်ယူ မွေးမြူသော မိမိအရှင် ထိုခင်ပွန်းလင်ကို မထီ လေးစား မပြု။ ကောင်းသော မိန်းမသည် ငြူစူသော အကျင့်ဖြင့်လည်း မိမိလင်ကို မခြုတ်ခြယ်၊ ပညာရှိ မိန်းမသည်လင်၏ ရိုသေ လေးစားအပ်သူ ပုဂ္ဂိုလ်အားလုံးကို လည်း မြတ်နိုးပူဇော်၏။ အကြင်မိန်းမသည် ထကြွလုံ့လရှိ၏၊ ပျင်းရိခြင်း မရှိ၊ ချီးမြှောက် ထောက်ပံ့ထားသော အခြွေအရံ ပရိသတ်လည်း ရှိ၏၊ လင်၏ နှစ်လိုဖွယ်ကို ကျင့်၏၊ စုဆောင်းပေးသော ပစ္စည်းကိုလည်း ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်၏။ လင်၏ အလိုသို့ လိုက်လျက် ဤအတိုင်းကျင့်သော ထိုမိန်းမသည် မနာပ,မည်သော နတ်တို့၏ နေရာ (နိမ္မာနရတိ) ဘုံသို့ ရောက်ရလေသတည်း''။ 33

၃ - ဥဂ္ဂဟသုတ်၊ သုမနဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘုန်းဘုန်း ဦးလောကနာထ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ် ပါတယ်

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

မိန်းမဖြစ်ရခြင်းအကြောင်း၂ခု

7


မိန်းမဖြစ်ရခြင်းအကြောင်း၂ခု ရှိတယ်လို့ သိရပါတယ်။

ဘုရားအလောင်းကို ဇနီးမယားအဖြစ်နှင့် ပါရမီဖြည့်ချင်သောကြောင့် ယသောဓရာသည် အမျိုးသမီးဘ၀ကိုသာ ဆုတောင်းခဲ့သည်။ ထိုကဲ့သို့ မိမိ ဆုတောင်း စိတ်ညွှတ်မှုကြောင့် လည်း မိန်းမဘ၀ ရောက်ကြရသည်။ ကာမေသုမိစ္ဆစာရကံ ကို ဖောက်ဖျက်မှုကြောင့်လည်း မိန်းမဘ၀ ရောက်ကြရသည်။ဒုတိယအကြောင်းကြောင့် မိန်းမဘ၀ သို့ရောက်ကြသူ ပိုများသည်။

အကြောင်းမှာ-ညီတော် အာနန္ဒာအလောင်းသည် ရွှေပန်းထိမ်သည်သား ဘ၀က ကာမေသုမိစ္ဆစာရကံကို ကျူးလွန်ခဲ့သည် ထို ၀ဋ်ကြွေးကြောင့် သေသောအခါ ငရဲသို့ကျသည်။ ထိုငရဲ မှ လွတ်သောအခါ ဘိန္ဒာဂတတိုင်းတွင် သင်းကွပ်ခံရသော ဆိတ်ထီးကြီးဖြစ်ရသည်။

ထိုဘ၀က သေသောအခါ မျောက်သွားဖြစ်ရသည်။ မျောက်ထီးကြီးဖြစ်သော်လည်း ဖခင်မျောက်ကြီးက ကိုက်ဖောက်ပစ်သောကြောင့် သင်းကွပ်ပြီးသာ ဖြစ်သွားရပြန်သည်။ မျောက်ဘ၀က သေပြန်သောအခါ သုဒဿနတိုင်း ၌ သင်းကွပ်ခံရသော နွားထီးကြီးဖြစ်ရပြန်သည်။ ထိုဘ၀မှ သေသောအခါ ၀ဇ္ဖီတိုင်း၌ ယောက်ျားမဟုတ်၊ မိန်းမမဟုတ် နပုံးဖြစ်ရ၏။

ထိုဘ၀က သေသောအခါ သိကြားမင်း၏ မိဖုရား လေးဘ၀ဖြစ်ရသည်။ ထို့နောက် ဇ၀န နတ်သား၏ မိဖုရားတစ်ကြိမ်၊ ရုစာမင်းသမီးအဖြစ်တစ်ကြိမ် တာဝတိသာက နတ်သားတစ်ယောက်၏ မယားတစ်ကြိမ် ဖြစ်ခဲ့ရသည်။ ထိုသို့သော ဘ၀တစ်ခု ၏ ကာမေသုမိစ္ဆစာရကံ အကျိုးပေး အကြောင်းကို သိရှိခဲ့ရပါသည်။(ဓမ္မပဒ အဌကထာ၊ ၁ ။ ၂၁၈၊ သောရေယျဝတ္တု)

ထို့နောက် မိန်းမဘ၀တွင် ဥတုပန်းပွင့်ရခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်း၊ မီးဖွားရခြင်း၊ သျှောင်နောက်ဆံထုံးပါ ဟူသောစကားအတိုင်း ခင်ပွန်းနောက်သို့လိုက်နေရခြင်း၊ ယောက်ျားတို့၏ အလိုလိုက်ပေးရခြင်း အာဝေဏိက ဒုက္ခများကိုလည်းခံစားကြရသည်ဖြစ်ရာ အမျိုးသမီးများ အမျိုးသားဘ၀ သို့ရောက်လိုကြလျှင် ဒါန၊ သီလ၊ ကုသိုလ်ပြုသောအခါ ယောက်ျားဘ၀ကို ဆုတောင်းကြရမည်။ မိမိ၏ လင်ယောက်ျားကို ရိုသေမြတ်နိုးစွာ ပြုစုပေးရမည်။ အမျိုးသားများသည်လည်း ဘ၀ ဆက်တိုင်း အမျိုးသားဘ၀သို့သာ ရောက်လိုလျှင် သူတစ်ပါး သမီးမယားများကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းမှတ်သား သိရှိရပါတယ်။အလွယ်တကူမှတ်စရာ လင်္ကာလေးကတော့....

မိစ္ဆစာရ ကျူးလွန်ကလည်း
မုန်းကြသူများ၊ ရန်သူပွား၍
ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။
ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊
မျက်နှာမလှ၊ အရှက်ရလျက်၊
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်၊
စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊
ရှောင်ကာ အပြန် အကျိုးတည်း-

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မိန်းမတို့ အပါယ်ကျကြောင်း ၅ပါး။

4


မိန်းမတို့အား၊ များယေဘုယျ၊ အပါယ်ကျသည့်၊ ပါပယုတ်မာ၊ တရားမှာလည်း၊ သဒ္ဒ္စါမရှိ၊ ဟီရိမကပ်၊ သြတ္တပ်ကင်းပ၊ ကောဓာကြီးစွာ ၊ ပညာမဲ့ငြား၊ ငါးပါးတည်း။

မိန်းမတို့ ၏ အပါယ်ကျကြောင်းငါးပါး-

၁။ ဓမ္မအပေါ်၌ သဒ္ဒ္စါမရှိခြင်း။

၂။ ဟီရိဟုဆိုအပ်သော အရှက်တရားမရှိခြင်း။

၃။ သြတ္တပ္ပဟု ဆိုအပ်သော အကြောက်တရားမရှိခြင်း။

၎။ ကောဓဟုဆိုအပ်သော ကြီးသောဒေါသရှိခြင်း။

၅။ ပညာမဲ့ခြင်း။


(မဃဒေ၀လင်္ကာသစ်)



ရွှင်လန်းချမ်းမြေ့ကြပါစေ။

မိန်းမတစ်ယောက်ရဲ့နှုတ်ထွက် စကားတစ်ခွန်းကြောင့်

11

မိန်းမတစ်ယောက်ရဲ့ မာယာရယ်၊ အဓိပ္ပါယ်ပါတဲ့ စကားတစ်ခွန်းရယ် ပေါင်းလိုက်ရင် ယောက်ျားတွေဟာ တင်းမာတဲ့ နှလုံးသားတွေ နှုးညံ့သွားတော့တယ်။ အဲတာမှမဟုတ်ရင် အလွန်တင်းမာသွားတတ်ပါတယ်။

လောကသဘာဝဖြစ်တဲ့ အခြေခံ သုံးမျိုးမှာ နှုတ်ထွက်စကား ၀စီကံကလည်း လွန်စွာ အရေးပါတယ်။

မိန်းမတစ်ယောက်ရဲ့စကားတစ်ခွန်း နှုတ်ထွက်မှားရင်လည်း ဒုက္ခရောက်တတ်ပါတယ်။ အဲသည်အကြောင်းနဲ့ ပတ်သက်ပြီး အင်းဝခေတ်က စူပါစတားဖြစ်တဲ့ စောဘို့မယ် အကြောင်း ဥပမာ ကြည့်ရအောင်....

အင်းဝခေတ် စူပါတွေထဲမှာ စောဘို့မယ်ဟာ တော်ရုံတန်ရုံမဟုတ်ပါဘူး။ သူ့ကို မင်းကြီးငါးဆက်များတောင် မိဖုရား တင်မြှောက်ခဲ့ကြတယ်။ တော်တော်စွံ့တယ်နော်။ သက်မဲ့ အသုံးအဆောင် ပစ္စည်းတစ်ခုကိုတောင် ငါးယောက် ဆက်ပြီးသုံးခဲပါတယ်။ သိပ်ကောင်းတဲ့ပစ္စည်းမှသာ သုံးကြတာ မဟုတ်ပါလား။

စောဘို့မယ်က လှတယ်၊ လှရုံမကဘူး ဟန်ပန်က ကြွကြွရွရွ၊ ပြောရေးဆိုရေး ချိုသာတယ်၊ လူမှုရေးဘက်မှာလည်းဟာကွက် မရှိပြန်ဘူး။ အဲသည့် မိန်းမချော လေးဟာ နန်းတွင်းရေးကို ခြယ်လှယ်နိုင်တဲ့ အထိ သြဇာကြီးခဲ့ပါတယ်။ဘုရင်မင်းခေါင်က မြတ်နိုးတယ်။ သီဟသူက တွယ်တာတယ်။ မင်းလှငယ်က မေတ္တာရှိတယ်။ ကလေးကျေးတောင်ညိုက သစ္စာ ထားခဲ့တယ်။ နောက်ဆုံး မိုးညှင်းမင်းတရားကလည်း မပျက်ယွင်းခဲ့ဘူး။

အင်းဝမင်းဆက် မင်းခေါင်က စောဘို့မယ် ခေါ် ရှင်ဘို့မယ်ကို ဟံသာဝတီ စစ်ထိုးအပြီး အခြေမလှလို့ ထွက်ပြေးရာ ဆင်ပေါ်က ကျခဲ့တယ်။ (မိဖုရားတောင် ပြန်မကောက်နိုင်အောင်ပြေးရတယ်) ဆင်ကဲ့တစ်ယောက်က ရှင်ဘို့မယ် ကိုကောက်ပြီးခေါ်လာတယ်။ ကောက်လာတဲ့ ဆင်ကဲက ခပ်အေးအေး ခပ်ရိုးရိုးပါ။ လှပပြေပြစ်တဲ့ မိဖုရားကို လင့်စင်ပေါ်မှာ သိပ်ပြီး သူက မြေပြင်မှာအိပ်တယ်။ နောက်ရက် အချို့ လွန်မြောက်တော့ နေပြည်တော်ပြန်ရောက်ပြီး ပစ္စည်းအပ်၊ မိဖုရားအပ်လုပ်တာပေါ့။ ဘုရင်မင်းခေါင်လည်း သူ့ပစ္စည်းသူပြန်ရသလို ၀မ်းသာတယ်။ ဒါပေမဲ့ ချောလှတဲ့ မိဖုရားနဲ့ ဆင်ကဲအပေါ် စိတ်က စနိုးစနောင့်ပဲ။ ဒါပေမဲ့ စိတ်ကို ဖြေနေခဲ့တယ်။

သည်လိုနဲ့ မေ့မေ့ ပျောက်ပျောက်အချိန်ရောက်မှ ပေါ်ချင်လာတော့ မိဖုရားရဲ့ နှုတ်ထွက် စကားတစ်ခွန်းကြောင့် ဆင်ကဲ ဇက်ပေါ်မှာ ဓားဝဲသွားတော့တယ်လေ။

အလို ဘုရား၊ ဘုရား လို့ တလိုက်ရင် ဘာ ပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး။ အဲလို မယောင်ပဲ သူ့ နှုတ်က .....အလို ဆင်ကဲလေ တဲ့......ယောင် လိုက်မိတယ်။ သည်တော့ ဘုရင်ကြီးက အမျက်ထွက်တာပေါ့။ ငါ့မိန်းမ ဆင်ကဲနဲ့ ...ယောင်လိုက်ပုံ က ဧကန္တတော့ ဧကန္တပဲ ဆိုပြီး စိတ်စနိုးစနောင့် ဖြစ်ရာက တောင်စွယ်နေကွယ်ရင် ဆင်ကဲ အားသတ်စေ... လို့ လုပ်ပစ်လိုက်တယ်။

မိန်းမတစ်ဦးရဲ့ နှုတ်ထွက်စကား ဟာ ဘယ်လောက်အရေးကြီးသလဲနော်။ မိန်းမကောင်းဖြစ်ဖို့ စကားတစ်ခွန်းက အစ အရေးကြီးလှပါတယ်။ ယောင်ယမ်းတာက အစပါပဲ။ သည်လိုဖြစ်တော့ ရှင်ဘို့မယ်က မိန်းမဆိုး စာရင်းဝင်သွားတာပေါ့။ ကိုယ့်အသက်ကို ကယ်ခဲ့တဲ့ လူကို ပြန်သတ်သလိုဖြစ်သွားရတယ်။

................ရှင်ဘို့မယ်၊ စကားတစ်ချက် ၊ မှားချက်နာ ဓားချက်က ဆင်ကဲဇက်မှာ ၀ဲပျံကာသွား ..............


ညခင်း

မိန်းမလက်နက်

9

လက်တန်း ပါးစပ် ပုံပြင်တစ်ပုဒ်ရှိပါတယ်။ အဲသည်ပုံပြင်မှာ မိန်းမလက်နက် ဆိုတာကို သိရလိမ့်မယ်။ မိန်းမတွေရဲ့ လက်နက်က ပြင်းထန်တယ်။ ထိရောက်မှုရှိတယ်။

ဟိုးရှေးရှေးတုန်းက ကမ္ဘာဦးအစလောက်ကပေါ့။ အဲသည့်ကာလ တစ်ခုမှာ ကျားနဲ့မ ဟာ အတူတူမနေကြဘူးတဲ့။

မိန်းမတွေဟာ အသားစား ကျားသတ္တ၀ါ ထွားထွား ကျိုင်းကျိုင်းကြီးတွေ နဲ့သာ အတူနေချင်နေမယ်။ ယောက်ျား လူသတ္တ၀ါတွေနဲ့ အတူမနေဘူး။

ယောကျာ်းတွေကလည်း တိရစ္ဆာန် မျောက်မတွေ နဲ့သာ အတူနေမယ်။ လှပတဲ့ မိန်းမတွေနဲ့ အတူမနေကြဘူး။

ကျားနဲ့မ ဟာ ရန်ဘက်ပဲ။

ယောကျာ်းက တိုင်းပြည်တစ်ပြည်၊ မိန်းမက တိုင်းပြည်တစ်ပြည် သီးခြားနေထိုင်ကြတယ်။ သူတို့ထဲမှာ ဖောက်ပြန်သူရှိလို့ မိရင် အဲသည်မိန်းမ ကို ခေါင်းဖြတ်သတ် ယဇ်ပူဇော်တယ်။ ယောက်ျားတွေလည်း မိန်းမနဲ့ ငြိစွန်းပြီး မိလာသူရှိရင်လည်း အရှင်လတ်လတ် ကြိုးတုပ် မီးမြိုက်တယ်။ကျားနဲ့ မတို့ရဲ့စစ်ပွဲကို မကြာခဏ ဆင်နွဲကြတယ်။ ကျားကလာတိုက်လိုက်၊ မက လာတိုက်လိုက်နဲ့ ဘယ်ဘက်က စစ်ထိုးထိုး တိုက်ပွဲမှန်သမျှ မိန်းမ ကချည်းနိုင်တယ်။ ယောက်ျားတွေ ဘက်ကချည်းပဲရှုံးတယ်။အောင်မြင်စွာ မဆုတ်ခွာရပဲ ခွေးပြေ ၀က်ပြေး ပြေးရတယ်။ အဲလိုရှုံး ရတဲ့အကြောင်းအရင်းကို ရှာတော့ လုံ့လ၊ ၀ီရိယ၊ သတိ စသည်တို့မှာ မိန်းမတွေက ချည်းသာနေတယ်။

ဓားလှံ သုံးစွဲမှုအပိုင်းမှာလည်းအတူတူပဲ။ မိန်းမတွေက တိုက်ပွဲပြင်ဆင်ဖို့ ဖြတ်ထိုးဥာဏ် ရှိရုံမက သတိလည်း အမြဲရှိကြသတဲ့။ ယောက်ျားဘုရင်ကြီးဟာ ကြာတော့ သူ့ဘက်က အားနည်းချက်သိလာတယ်။ ဟေ့ကောင်တွေ မင်းတို့တစ်တွေ မိန်းမတွေကို မနိုင်မချင်း ဆက်ပြီးတိုက်ရမယ်။အဲလို အမိန့်နဲ့အတူ ထုတ်ပြန်တာ ကတော့....အခု တိုက်ပွဲမှာ မိန်းမတွေထက် ဓားလှံ လေးမြား မထက်မြက်တဲ့ ယောက်ျားမှန်သမျှကို ခေါင်းဖြတ်အပြစ်ပေးမယ်လို့ အမိန့်ပါ ပူးတွဲကြေညာလိုက်တာပေါ့။

သူ့ကျားတပ်ကို စိတ်တိုင်းကျဖြစ်တဲ့အခါ မိန်းမ ဘုရင်မကြီးဆီကို တိုက်ပွဲသတင်း၊ တိုက်ပွဲခေါ်သံ သ၀ဏ်လွှာကြိုပို့လိုက်တယ်။ (မောင်မောင်တို့အဖွဲ့လာမယ်ပေါ့၊ မချောတို့နာဖို့သာပြင်ပေ တော့လို့ဆိုတယ်။)

အဲသည်မှာ ဘုရင်မကြီးကလည်း တိုက်ပွဲကို လက်ခံ လိုက်တယ်။ စိန်ခေါ်ရင် တိမ်ပေါ်ထိ မမတိုက လည်း လိုက်တိုက်မယ်ပေါ့။ မမတို့က ကျားဆိုရင် အင်္ကျီအကျားတောင် မ၀တ်ဘူး လို့သတင်းပြန်လိုက်တယ်။ ဟီးးး
ပြန်စာတစ်စောင်လည်း ပေးလိုက်တယ်။ အဲဒီပြန်စာကတော့ ဒီမှာကိုရွေ ဘုရင်နာ ယောက်ျားကြီးရဲ့။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ ငါတို့ မိန်းမတွေဟာ (သာမန်လက်နက်)ကိုသုံးစွဲတိုက်ခိုက်တယ်။ အခုတစ်ကြိမ်မှာတော့ အလွန်ထက်မြက်တဲ့ လက်နက်သုံးမှာဖြစ်လို့ စစ်ရှုးံ လျှင်တစ်သက်တာ ပတ်လုံး စစ်သုံ့ပန်းအဖြစ်နဲ့ ကျွန်ခံကြေးပဲလို့ ကတိပါတောင်းလိုက်တယ်။

ကျားဘုရင်ကြီး အနေနဲ့လည်း စစ်ရှောင်ဖို့က မဖြစ်နဲ့ ဒင်းတို့ကို တိုက်ဖို့က မလွယ်ပါလား နောက်ဆုတ်သူမှန်သမျှခေါင်းဖြတ်မယ်။ မမ အဖွဲ့ မမျှော်လင့်တဲ့ အချိန် ညဥ့်လယ်သန်းခေါင်ယံ အချိန်မှာ မသိအောင်တူးထားတဲ့ ဥမင်လိုဏ်တစ်ခုကနေ မြို့ထဲအရောက်ဝင်ရမယ်။ မိန်းမအိမ်မှန်သမျှ တစ်အိမ်တစ်ယောက်ဝင်ပုန်းရမယ်။ နံနက်လင်းလို့ အချက်ပေးတာနဲ့ သုံ့ပန်းမိန်းမတွေကို ရှေ့ကတင်ပြီးတော့ ဘုရင်မ ဆီကိုလာပေတော့လို့ တိုက်ပွဲ အစီအစဉ်ဆွဲတယ်။

ဘုရင်ကြီးကိုယ်တိုင်လည်း ဘုရင်မကြီးရဲ့ နန်းတော်ထဲကို ချဉ်းနင်းဝင်ရောက်တယ်။ ဟော...နံနက်လင်းလို့ တိုက်ပွဲလည်းခေါ်ပြီးရော ယောက်ျားတွေကို ကြိုးတုပ်ပြီး မိန်းမတွေက သုံ့ပန်းအဖြစ်နဲ့ဖမ်းလာကြတယ်။ အိပ်ချင်မူးတူးနဲ့ ဘုရင်ကြီးမျက်လုံးပြူးသွားတယ်။ ဟ ဘယ်လိုဖြစ်တာလဲ၊ ဘုရင်က ဒေါကန်ပြီး ဘုရင်မကြီးကိုဖမ်းလိုက်တယ်၊ပြီးတော့ လည်းပင်းကို ဓားနဲ့ တေ့ထားတယ်။ သူ့စိတ်ထဲမှာ သိချင်တာရှိတယ်။

ဘုရင်မ ဇက်ပေါ်ဓားတင်ပြီး... ကဲ မယ်မင်းကြီးမ သည်တိုက်ပွဲမှာ နင်တို့ မိန်းမတွေ ဘာလက်နက်သုံးလဲ၊ ပြောစမ်း၊ ငါ့ကောင်တွေ အားလုံးကြိုးတုပ်ခံထားရပြီ၊ ပြောစမ်း...ဖြေစမ်း။

အဲသည်မှာ ဘုရင်မကြီးက မျက်ရည်အသွယ်သွယ်ကျပြီးငိုတယ်။ မောင်မောင်တို့ရယ်၊ မမတို့က လက်နက်က အဲတာ ပါပဲလို့ ပြောနေသလိုပဲပေါ့။ သနားစဖွယ် ငိုနေတဲ့ ဘုရင်မကြီးကိုကြည့်ပြီး ဘုရင်ကြီးက စိတ်ပြောင်းသွားတယ်။ ဓားကို ချပြီး ချော့မော့မေးရတော့တယ်။

အဲတော့မ ဘုရင်မကြီးကဖြေတယ်။ မမတို့လက်နက် ကို မသိဘူးလား။ မမတို့လက်နက်က မျက်ရည်ပေါ့တဲ့၊ မောင်မောင်တို့ အဖွဲ့ဝင်အားလုံးဟာ အဲသည်မျက်ရည်လက်နက်မှာ အညံ့ခံလိုက်ရတယ်။

အဲသည်ကာလ ခေတ်ဆီက စလို့ မိန်းမလက်နက်ကို အံမတုနိုင်ကြတဲ့ မောင်မောင်တို့..........................။


ပျော်ရွှင်ကြစေရန်ရည်ရွယ်ပါသည်။
ညခင်း

သင် နဲ့ သင့်ချစ်သူကြားက သံယောဇဉ် ကြိုး

2


သင် နဲ့ သင့်ချစ်သူကြားက သံယောဇဉ် ကြိုးကို ပိုမိုခိုင်မာစေတဲ့ စမ်းသပ်ချက်ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်ကို ဖြစ်နိုင်ရင် သင့်ချစ်သူနဲ့အတူတူ ဖြေဆိုကြည့်ပါ။ ချစ်သူမရှိသေးသူတွေကတော့ ခင်ရတဲ့သူငယ်ချင်း၊ ဆွေမျိုးနဲ့ ဖြေဆိုကြည့်ပါ။ တနည်းအားဖြင့် မိမိအနေနဲ့ နောင်ကို သံယောဇဉ် ပိုထားချင်သူနဲ့ အတူတွဲပြီး ဖြေကြည့်ပါ။

ဒီ စမ်းသပ်ချက်မှာ အောက်ပါမေးခွန်းသုံးခုကို ဖြေပေးထားရပါမယ်။

a. ကျွန်တော်/မဟာ တစ်ယောက်တည်း (......................)
မိမိကိုယ်တိုင် တစ်ဦးတည်း လုပ်ချင်တဲ့အကြောင်း အရာ ။

b. ကျွန်တော်/မဟာ မင်းနဲ့ (ချစ်သူ (သို့) တစ်ဦးဦးနဲ့) နှစ်ယောက် အတူတူ (....................)
ချစ်သူနဲ့နှစ်ဦးသား အတူတူ လုပ်ချင်တဲ့ အကြောင်းအရာ၊

c. ကျွန်တော်/မဟာ အားလုံးနဲ့ အတူတူ (...................)
ခင်မင်သူ သူငယ်ချင်း၊ မိတ်ဆွေ မိသားစုတွေ နဲ့အတူတူ လုပ်ချင်တဲ့အကြောင်းအရာ ကို စဉ်းစားပြီးဖြည့်ပေးရမှာ ဖြစ်ပါတယ်။

a.b.c မေးခွန်းသုံးခုမှာ. နောက်ဆုံးကွက်လပ်ကို ဘယ်လိုစာကြောင်းတွေနဲ့ အဆုံးသပ်မလဲဆိုတာကို ဖြည့်ပေးရပါမယ်။

သင့်ဖြည့်ခဲ့တဲ့ အကြောင်းအရာက သင့်စိတ်ထဲမှာ ရှိတဲ့ခံစားချက်အမှန်တွေကို ဖော်ညွှန်းပါတယ်။

(a)အဖြေ... ဥပမာအားဖြင့် ကျွန်တော်/မ ဟာ တစ်ယောက်တည်း မနက်စာကို စားတယ်လို့ စာကြောင်းကို အဆုံးသတ်ခဲ့ရင် နံနက်ခင်းချိန်ကို အေးအေးဆေးဆေး အချိန်ကုန်လွန်စေပြီး ခန္ဒ္စာကိုယ်အတွက် အားအင်ဖြစ်စေ တဲ့ အစားအစာကို စားသောက်တယ်လို့ ဖြေဆိုတဲ့အတွက် သင်ဟာ သင့်ရဲ့တစ်နေတာကို ဘ၀အတွက် အကျိုး ရှိရှိ အသုံးချဖို့ စဉ်းစားနေသူဖြစ်ပါတယ်။

တစ်ယောက်တည်း သီချင်းနားထောင်တယ်လို့ဖြေခဲ့တဲ့သူဆိုရင် တေးဂီတ၊တွေ သီချင်းသံတွေက သင့်ရဲ့ဘ၀ အတွက်မရှိမဖြစ်လိုအပ်တဲ့အရာလို့ ထင်မြင်ထားသူပါ။

တစ်ယောက်တည်း လျှောက်လည်မယ်လို့ ဖြေဆိုထားသူကတော့ အလည်အပတ်သွားခြင်း အပန်းဖြေခြင်းတွေ ဟာ ဘ၀အတွက် အရေးကြီးတယ်လို့ ယူဆသူဖြစ်ပြီး၊လည်ပတ်သွားလာနေခြင်းအားဖြင့် လူတွေနဲ့ ထိတွေ့ ဆက်ဆံပေါင်းသင်းရတာဟာ အနှစ်သာရ ရှိတဲ့ ဘ၀လို့ခံယူသူဖြစ်ပါတယ်။ စသည်ဖြင့် သင့်အဖြေမှာ ပါရှိတဲ့ အကြောင်းအရာဟာ သင့်ဘ၀အတွက် အရေးပါတဲ့ လှုပ်ရှားမှုကို ဖော်ပြပါတယ်။

(b) အဖြေ.... ကျွန်တော်/မ ဟာ မင်းနဲ့အတူတူ.............ဆိုတဲ့ နောက်ဆက်စကားစုက ဖော်ညွန်းတာက အခုလောလောဆယ်မှာ သင့် အချစ်ရေးမှာ အလိုအပ်ဆုံးလို့ ခံစားနေရတဲ့အရာကို ထင်ဟပ် ဖော်ညွှန်းပါတယ်။

ဥပမာ... နှစ်ယောက်အတူတူ အချစ်သက်သေထူမယ်၊လို့ ထည်ခဲ့ရင် ချစ်သူနဲ့ကိုယ်နဲ့ကြားက အချစ်ရေးမှာ စိတ်ပူပန်နေရတဲ့အရာက နှစ်ဦးသားကြားမှာ အချစ်တွေ အေးစက်နေတယ်လို့ခံစားနေရတယ်လို့ ဖော်ပြ ပါတယ်။

သို့မဟုတ်.. နှစ်ယောက်တူတူ စားသောက်ဖို့သွားကြမယ်၊အဲလိုဖြေခဲ့ရင် ချစ်သူနဲ့အတူတူ တစ်နေရာရာမှာ အေးအေးဆေးဆေး သွားပြီး စားသောက်ချင်စိတ် ရှိပြီး အဲဒီလို စားသောက်ဖို့ အခွင့်အရေးမရှိသေးတာကို ဖော်ပြပါတယ်။နှစ်ဦးသား အေးအေးဆေးဆေး တွေ့ကြဖို့အချိန်တွေ လိုအပ်နေတယ်လို့လည်း ခံစားနေရပါတယ်။ ရင်းရင်းနှီးနှီးဆက်ဆံရေး လိုအပ်နေတာကို စိတ်ပူနေပါတယ်လို့ ဖြေထွက်တယ်။

(c) အဖြေ....မှာဖြည့်စွက်ခဲ့တဲ့ စကားစုကတော့ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်တဲ့ နည်းလမ်းကို ဖော်ညွန်းပေးပါတယ်။

အားလုံးနဲ့ ပျော်ပျော်ပါးပါး ဆူညံအော်ဟစ်ပစ်ချင်သူ ၊ တစ်နေရာရာ သွားချင်သူ စသဖြင့် အဖြေတွေအားလုံးဟာ မိမိရဲ့စိတ်ထွက်ပေါက်ကို ဖွင့်ပေးချင်တဲ့ နည်းလမ်းတွေကို ဖော်ပြတာ ဖြစ်ပါတယ်။

ဒီစမ်းသပ်ချက်ကို ချစ်သူနဲ့ နှစ်ယောက်အတူတူ (သို့) ခင်မင်သူ နှစ်ယောက် အတူတူ ဖြေကြည့်ခြင်းအားဖြင့် သူ့ရင်ထဲက ခံစားချက်တွေကို နားလည်ပြီး သူလိုအပ်နေတာကို ကိုယ်က ဖြည့်စွက် နိုင်အောင်ကြိုးစားရင်း နှစ်ဦးကြားက သံယောဇဉ်ကြိုးပိုပြီး ခိုင်ခိုင်ချည်နှောင်ထားဖို့ အခွင့်အရေး ရှိလာမှာပါ။ အားလုံး ပျော်ပျော် ရွှင်ရွှင်နဲ့ ဒီစမ်းသပ်ချက်လေးကို ဖြေဆိုကြည့်နိုင်ပါစေ။


ချစ်ခင်လေးစားလျှက်...
ညခင်း

Valentine Day (ချစ်သူများနေ့ )

0

Valentine Day (ချစ်သူများနေ့ ) နေ့ အမှတ်တရအနေနဲ့ ဘာရေးရင်ကောင်းမလဲ စဉ်းစားလိုက်တော့ ၁၄ရက်နေ့မရောက်ခင် အချစ်အကြောင်းတွေ ဖောရှောလုပ်ခဲ့တာလဲ များနေပြီအကြံကလဲကုန်ပြီဆိုတော့ဆားချက်ရတော့မှာပေါ့။ချစ်သူများနေ့ ကတော့ ညခင်းနဲ့ဆိုင်ပါဘူး…။ တစ်ဆယ်ကျော်ငါးနှစ်ပတ်လည် ကို ၂ခါပြန်နေမှတော့ စဉ်းစားသာကြည့်တော့။ ဘွဲထူးဂုဏ်ထူးအပြည့်နဲ့ နေရတာ နေပျော်နေပါပြီ။ အချစ်ဆိုတာပူလောင်လွန်းလို့ ဝေးဝေးရှောင်ခဲ့တာလို့ အရှက်ပြေ ပြောရင်လဲ ရတယ်။ ဟီးးးး

ဒီနေ့ပိုစ်မှာ…အမှန်တော့ချစ်သူများနေ့နဲ့သက်ဆိုင်တဲ့အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုတာ ကောင်းတာပေါ့နော်.။ အဲဒါနဲ့….အချစ်ဘယ်က စတယ် ဆိုတာ ကို ရိုးရိုးရှင်းရှင်းလေး နဲ့ ဖွင့်ဆိုထားတဲ့ သီချင်းလေးကို သွားသတိရပါတယ်။ စန္ဒယားဦးလှထွတ် ရေးဖွဲ့ပြီး၊ တင်မိုးခိုင်သီဆိုထားတာပါ။

--> သီချင်းဟောင်းလေးပေါ့။ နောက်ပိုင်းမှာတော့ စည်သူလွင်နဲ့ လေးလေးဝါး ပြန်လည်သီဆိုထားပါတယ်။သီချင်းလေးက ဒီလို….ကဲ ဆားချက်ပြီ။

(-ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်…..ပန်းတွေကို ဘယ်သူရနံ့လေးမွှေးစေတယ်……ငှက်တွေကို ကွယ် ဘယ်သူတွေတေးဆိုသင်တယ်……တွေးမရ ဘူးလေ ……တွေးမရဘူးလေရှင်ရယ်….။

-ချစ်ဆိုတာ ဘယ်ကမ္ဘာက…စလေတယ်….အတွေးအခေါ်ပညာရှင်များ မိန့်ဆိုတယ်…။ တေး လင်္ဏာဒီပနီကျမ်း အချစ်ကျမ်းတွေမယ်…..ဖွင့်ဆိုခဲ့တာ…ကြားနာဖူး ပါတယ်…။

-အာဒံ နဲ့ ဧ၀ က စတယ်….စာမှာ မှတ်သားဖူးခဲ့တယ်…….ဒါပေမဲ့ နားမရှင်းပါကွယ်….။ မြန်မာလို အယူအဆကတော့ ဖြင့် တကယ်…… ဗြမ္ဘာတွေ…..ကမ္ဘာဦးအစ..ကကွယ်……တူရှင် မွေးဖွား….ချစ် သန္ဒေ္စတည်….။

- ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်…..ပန်းတွေကို ဘယ်သူရနံ့လေးမွှေးစေတယ်……ငှက်တွေကို ကွယ်…. ဘယ်သူတွေ တေးဆိုသင်တယ်….. အချစ်ဟာ လဲ ဒီသို့….ဒီသဘောပါကွယ်…………။)

ကဲသီချင်းလေးကတော့ ပြီးပါပြီ…။

၂၀၀၉ခုနှစ်Valentine Day (ချစ်သူများနေ့ ) မှာ ညခင်းရဲ့ ဘလော့ကာမောင်နှမများ မေတ္တာချစ်ခြင်းကံကောင်းခြင်းတွေ ရရှိပါစေ။ချစ်သူတိုင်း ပျော်ရွှင်နိုင်ပါစေလို ….။ ဆုတောင်းပေးရင်း…..

ညခင်း

အချစ်နဲ့ စွဲလမ်းမှု...

0

အချစ်နဲ့ စွဲလမ်းမှု

ပြီးပြည့်စုံသည့် ဘ၀တစ်ခုကို တည်ဆောက်ဖို့ မရှိမဖြစ် လိုအပ်ချက်များကို စာရင်းချကြည့်ပါ။ အများစုမှာ စင်စစ် လိုချင်တပ်မက်မှု၊ လောဘနှင့် ဆန္ဒ များဖြစ်နေသည်ကိုတွေ့ရမည်။ ထိုလိုအပ်ချက်တွင်အချစ်ကို ထည့်သွင်းစဉ်းစား ကြည့်ပါ။ အချို့ကတော့အချစ်သည်အရေးမကြီး ၊ အချစ်မရှိလည်း နေနိုင်သည်ဟု ဆိုကြသည်။ မှန်ပေသည်။ အချစ်မရှိဘဲ အသက်ရှင်နေထိုင်နိုင်ပါသည်။ သို့သော် ရုပ်ပိုင်းအရသာ ကျန်းမာနိုင်မည်ဖြစ်သည်။ အချစ်သည် စိတ် ကျန်းမာမှု၏ရေသောက်မြစ်တစ်ခု ဖြစ်သည်။ လူတို့သည် မွေးဖွားသန့်စင်ချိန်မှစ၍ အချစ်ကို ခံစားကြုံတွေ့ခဲ့ရသည်။ မိဘ၏ ချစ်ခြင်းမေတ္တာကို လက်ခံရှိသည်။ ထို မိဘ၏ ချစ်မေတ္တာအပေါ်မှုတည်၍ မိမိ၏ အသက်အရွယ် ဘ၀အတွေ့အကြုံအရ ..အချစ်စိတ်သည် လည်း အမျိုးမျိုးပြောင်းလဲသွာ ခဲ့ကြတယ်။

အချစ်စစ်ဆိုသည် မှာ အဘယ်နည်း။ အချစ်စစ်ဆိုသည်မှာ ချစ်သူအတွက် အချစ်စိတ်မှ ပေါက်ဖွားသည့် တစ်ဦးကို တစ်ဦး ဂရုစိုက်မှု၊ ရိုသေလေးစားမှု၊ သည်းခံမှု၊ တန်ဖိုးထားမှု၊ အနစ်နာခံမှု၊ ယုံကြည်မှု၊ နားလည်ပေတတ်မှု၊ ပျော်ရွှင်မှု စသည့် ကိုယ်ကျိုးစွန့် ပေးဆပ်ခြင်းများဖြစ်သည့် စိတ်စေတနာများ ပါဝင့်လေ့ ရှိတယ်လို့ စိတ်စီစစ်မှု ပညာရှင်ဆိုခဲ့ဘူးတာ မှတ်သားမိသည်။

စွဲလမ်းမှု ဆိုသည်မှာ အဘယ်နည်း။ လူစိတ်သဘာဝသည် စွဲလမ်းတတ်သည်။ အစားအသောက် အ၀တ်အထည် အနေအထိုင်မှအစ အမျိုးမျိုးစွဲလမ်းတတ်သည်။ ဘ၀၏ လိုအပ်ချက်များတွင် စွဲလမ်းမှုများပါဝင်လာသည်။ လူတို့၏ လိုအင်ဆန္ဓများမှပေါက်ဖွားလာသော အန္တရာယ်ပေးနိုင့်သည့် လောဘများ တိုးပွားလာမှုဖြစ်သည် ဟု စိတ်ပညာရှင်တို့က ဖွင့်ဆိုကြသည်။ စွဲလမ်းမှု ဟူသည့် စကားလုံများတွင် ဥပါဒါန်း၊ ဆန္ဒပြင်းပြမှု၊ ပျက်စီးစေမှု၊ အကျင့်စွဲမှု၊ သူတစ်ပါးကို အားကိုးမှု၊ မှီခိုမှု စသည် အဓိပ္ပါယ်များပါဝင်သည်။

အချစ်အကြောင်းပြောဆိုရာတွင် ပင် တစ်ခါတစ်ရံ ထိုစကားလုံးများကို အသုံးပြုလာကြသည်။ ပြီးပြည့်စုံသော ဘ၀တစ်ခုတည်ဆောက်ရာတွင် အချစ်နှင့် စွဲလမ်းမှု၊ လိုချင်တက်မက်မှုတို့ မှာ ရောထွေးလာသည်။စွဲလမ်းမှုမှ ပေါက်ဖွားလာသော အချစ်ဟူသည် ကလေးဘ၀မှာ ယခုအထိ ကိုယ်မကြုံတွေ့ရသည့် မအောင်မြင်ခဲ့သည့် မစွမ်းဆောင်နိုင်သည့် လိုအပ်ချက်နှင့်စွမ်းရည် များဖြင့် ပြည့်စုံနေသူတစ်ဦးကို မှီခိုအားထားကာ သဘောကျ နှစ်သက်ခြင်းဖြစ်သည်။ထိုမှစ၍ အန္တရာယ်ပေးနိုင်သည့် စွဲလမ်းမှုမှ အချစ်စိတ်တို့ပေါက်ပွားလာကြသည်။ ထိုကြောင့်အချစ်ကို ကြုံလာလျှင် ထိုမကောင်းသော စွဲလမ်းမှုမျိုး မှ ပေါက်ဖွားလာသည့် အချစ်ကို လက်သင့် မခံမိရန်မှာ အရေြး့ကီးသည်။

ထို့ကြောင့် အချစ်နှင့် စွဲလမ်းမှုကို ခွဲခြားသိကာ မှန်ကန်သော ဘ၀ဖော်ကို ခိုင်မာတည်မြဲသော ချစ်ခြင်းမေတ္တာ ဖြင့် ပျော်ပျော်ရွင်ရွင် လက်တွဲနိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။

တစ်ဦးကို တစ်ဦးချစ်ကြပါ။ ဒါပေမဲ့ အချစ်ကြိုးတွေနဲ့ မချည်နှောင်မိပါစေနဲ့...
ကမ်းခြေတစ်ကြောမှာ မျောပါရိုက်ခတ်နေတဲ့ ပင်လယ်လေတစ်ခု သာဖြစ်နေပါစေ...
တစ်ဦးလိုအပ်ချက်ကို တစ်ဦးဖြည့်ဆည်းပါ။ ဒါပေမဲ့ ဂုဏ်မယူမိပါစေနဲ့...
တစ်ဦးရဲ့အောင်မြင်မှုကို တစ်ဦးကြည်နှုးပါ။ ဒါပေမဲ့ ယူမသုံးမပါစေနဲ့...
ပျော်ပျော်ရွှင်ရွင် သီဆိုကခုန်လိုက်ကြပါ။ ဒါပေမဲ့ တစ်ယောက်ချင်း စီဖြစ်နေပါစေ...
တယောတစ်လက်ရဲ့ ကြိုးတွေက တစ်ကြိုးချင်းစီရှိနေပေမဲ့ သံစဉ်တစ်ခုတည်းကို သီဆိုနေတယ်..
နှလုံးသားချင်း ဖလှယ်လိုက်ပါ။ ဒါပေမဲ့ မချုပ်နှောင်မိပါစေနဲ့...
ွှနှလုံးသားတွေ ဟာ ဘ၀ရဲ့ လက်ထဲမှာ သာရှိတယ်...

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ...
ချစ်သူအတွက် ပန်းလေး တစ်ပွင့် ...သူ့ကိုယ်စား ပေးပို့ပေးဖို့ တောင်းဆိုလာတဲ့ ညခင်း ရဲ့ မောင်လေး အတွက် ဒီပို့စ်လေး နဲ့ သရော်ပါတယ်။

အားလုံးကို ချစ်ခင်လေးစားလျှက်

မိန်းမလက်နက် ရှစ်ပါး

0

၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း

သဘာဝ ကို လက်အုပ်ချီ တောင်းပန်ခဲ့တဲ့ သစ်ရွက်ကလေး

0

ဒီညနေဟာငွေကြေးနည်းနည်းညနေ…။ စွယ်တော်ပင်အောက်မှာ ကဗျာဆရာ….ထိုင်တယ်။ဒါကို စွယ်တော်ပင်ကသဘောမတူဘူး။ ကဗျာဆရာ ဖွဲစည်းနေပုံက တကယ့်ဇာတ်ကြမ်းပဲ…ကြယ်မပါ ဘာမပါ။ ငွေကြေးမပြည့်စုံသူရဲ့ ကြယ်မမြည်းတဲ့ ဘ၀ ဆိုတော့…ဒီလိုဘဲ ဇာတ်ကြမ်းကားရိုက်ရ တော့တာပေါ့….။
***တို့ဟာ…နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရတာပါ ကလေးရယ်…***
ကဗျာဆရာဖြစ်ပြီးဒီလောက် ဟောင်းတဲ့ လူတစ်ကာ သုံးပေါင်းများလှပြီဖြစ်တဲ့ ဒီနှစ်လွှာပေါင်း တစ်ရွက်ကို
ဘာဖြစ်လို့ ဖက်နေရတာလဲ၊ ဘာဖြစ်လို့မက်နေရတာလဲ…
လို့ စွယ်တော်ရွက်က ကဗျာ ဆရာကို ရန်ထောင်တယ်။ဒီတော့ ကဗျာဆရာက….
***နှစ်လွှာပေါင်း တစ်ရွက်ဆိုတာ…ပေါင်းဖက်ခြင်းရဲ့ပြယုဂ် မဟုတ်လား***
ကဗျာဆရာမေးခွန်းအတွက် စွယ်တော်က နိုး လို့ ပြောတယ်။ ကဗျာဆရာက ရှည်ရှည်ဖြေပေးပါ…လို့
တောင်းပန်တော့ စွယ်တော်က….
***နှစ်လွှာပေါင်းတစ်ရွက် အယူအဆဟာ ကွဲကွာခြင်း ပြယုဂ်သက်သက် ဒါထက် ဘာမှမပိုဘူး…မပိုဘူး…***
အမြည်းမပါ ဘာမပါ ညနေမှာ ကဗျာဆရာခံနေရတယ်…တစ်ရွက်ထဲ အတူတူဖြစ်နေတာတောင်.. ဘာကြောင့်…..။
ကဗျာဆရာရင်ထဲဖြစ်နေတာကို စွယ်တော်က ရိပ်မိတယ်။ ဒီတော့ စွယ်တော်က လည်း မေးခွန်းတစ်ခု ပြန်မေးလိုက်တာပေါ့..။
***မင်းကဗျာဆရာ လုပ်နေပြီး…စွယ်တော်ရွက် တစ်ရွက် ဖြစ်လာပုံကို ..တစ်ခါမှ အစအဆုံး ထိုင်မကြည့်ဖူးဘူးလား..***
ဒီတော့ ကဗျာဆရာက ရက်စ် လို့ ဖြေတယ်။ ဒီတော့မှ စွယ်တော်က ကြေကြေကွဲကွဲကြီးပြန် ပြောရှာတယ်…။
***တို့ စွယ်တော်လေးတွေဟာ… ချစ်ခြင်းကို မခွဲဖို့…သဘာဝ ကို လက်အုပ်ချီ တောင်းပန်ခဲ့တဲ့ သစ်ရွက်ကလေးတွေပါ…***
ဒီအခါ ကဗျာဆရာက စွယ်တော်ပင်ကို ကြင်နာစွာ မော့ကြည့်လိုက်တယ်…စွယ်တော်ရွက် မဖြစ်ခင်က စွယ်တော်ရွက် ဖြစ်လာကြတော့
မယ်…သစ်ရွက်လွှာ ရင်ချင်းအပ်ကလေးတွေကို တွေ့ရအခါ… ရွက်လွှာလေးနှစ်ရွက်အရွက်ချင်း မျက်နှာချင်းဆိုင်ပူးနေပုံက
လက်အုပ်ချီထားတဲ့ ပုံလေးတွေမျိုး ဖြစ်နေတာလည်း ကဗျာဆရာတွေ့ရတယ်။ ဒါကိုဘဲ စွယ်တော်က ပြောတာနေမှာ…ချစ်ခြင်းကို
မခွဲဖို့ သဘာဝဆိုတာကြီးကို ရှိခိုးတောင်းပန်ခဲ့တဲ့ သစ်ရွက်…လို့ ။ ဒီအချိန်မှာ စွယ်တော်က ခပ်ရှင်းရှင်းပဲ ပြောလိုက်တယ်…။
***ရင်ချင်းအပ်ထားတဲ့ နေရာထဲ…သဘာဝက ကြားဝင်လိုက်လို့ ဒီမှာဖြင့် ဘေးတိုက်ကြီး ဖြစ်သွားတာကို မင်းတို့က လာပြီး
ကဗျာဆန်နေသေး…ငါမှာ ဘေးတိုက်ကြီး…ဘေးတိုက်ကြီး…။
အလွမ်းဓာတ်ခံရှိလား….မငိုကြေး…။

မိန်းမသားဆိုတာ….

1

ဘလော့က ညီမလေးများနဲ့ မမများရှင်…ညခင်းဘက်က ပါမလား…ပါမယ်ဆို လာထား…။

မိန်းမသားဆိုသည်မှာ….ပင်ကိုသဘာဝ အားနွဲ့တဲ့ ခန္ဒာကိုယ် တည်ဆောက်ပုံရှိကြပြီး မိခင်စိတ်နဲ့ ပုခက်လွဲသော လက်ကို ပိုင်ဆိုင်ကြသူတွေပါ။မိန်းမတွေနဲ့ပတ်သက်လို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ အမြင်မတူနိုင်ပါဘူး။ ဆင်တစ်ကောင်ကို မျက်မမြင် ပုဏားတွေ စမ်းသပ်သလိုဖြစ်နေလိမ့်မယ်လို့ ထင်မိပါတယ်။ ပန်းချီဆရာ တစ်ယောက် အဖို့မိန်းမတွေရဲ့ ကောက်ကြောင်းဟာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နိုင်သလို …အာရုံ လိုက်စားသူတွေ အတွက်တော့ မိန်းမဆိုတာကို ဖျော်ဖြေခံ ရုပ်ဝတ္တူပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ချင် သတ်မှတ်မှာပါဘဲ..။

ချမ်းမြေ့သာယာတဲ့ မိသားစုတစ်ခုဖြစ်ဖို့ ကြင်နာတဲ့ နှလုံးသားနဲ့ မိန်မတစ်ယောက်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ သားသမီးငယ်တွေအတွက်တော့ မိခင် ဆိုတဲ့ မိန်းမတစ်ဦးရဲ့ ရင်ခွင်ဟာ အလုံခြုံဆုံးဆိုတာကို ဘယ်သူမှ ငြင်းလိမ့်မယ် မဟုတ်..။

မိန်းမသားတွေနဲ့ပတ်သက်တဲ့ စာတွေ၊ အလကာင်္တွေ၊ စကားပုံတွေ၊ ဆိုရိုးတွေဆိုတာလည်း အကုန်အစင်ရေတွက်ဖို့ တောင်မလွယ်လှပါဘူး။

-မိန်းမဟူဘိ ထိုက္ကုထိ သည် မရှိမကောင်း ရှိမကောင်းတည်း။

-မိန်းမသဘော မြစ်ရေကြောသို့

-မိန်းမ မာယာ သဲကိုးဖြာ

-မာယာတစ်သိန်း အပလိန်း အနန္တ…စသည်ဖြင့် မိန်းမတွေနဲ့ ပတ်သက်ပြီး မှတ်လောက်သားလောက် တနင့်တစ်ပိုးထိခိုက်ခံစားခဲ့ရသူတွေရဲ့ အသုံးအနှုန်းတွေပါ..ပြောင်မြောက်လှတယ်နော.။

ဒါပြင် ရှိပါသေးတယ်…ဆူးပေါ်ဖက်ကျလဲ ဖက်၊ ဖက်ပေါ်ဆူးကြလဲ ဖက် တဲ့။ ဂရုဏာနဲ့ယှဉ်တဲ့ တင်စားမှုပါ။ (ဆူးကျိုးတဲ့ဖက် ရှိတတ်ပါတယ်လို့ ဆိုသူကလဲ ရှိသေးတယ်နော်)

တစ်ခါ

-မိန်းမတို့ အိနြေ္ဓ ရွှေပေးလို့မရ

-ဆင်မယဉ်သာလို့

-ပုခက်လွဲသောလက်သည် ကမ္ဘာ ကို ကိုင်စိုး၏…….

ဟုလဲဆိုကြပြန်ပါတယ်…။ ဒါက မိန်းမတို့ရဲ့ သိမ်မွေ့မှုနဲ့ ကျက်သရေကို ခံစားနားလည်တဲ့ သူတွေရဲ့တင်စားမှုဖြစ်ပါလိမ့်မယ်။ မထင်ပါ။လူရယ်လို့ ဖြစ်လာရင် မိခင်ရင်ခွင်ကနေ ထွက်သွားကြတဲ့ သူတွေချည်းပါ။ ဘယ်လောက်စွမ်းတဲ့လူဖြစ်ပါစေ သူဖြစ်ဖို့အတွက် မိခင်ဖြစ်လာမယ့် မိန်းမသား တစ်ဦး ဟာရှိနှင့် ပြီးဖြစ်ရ ပါတယ်..။ ဒါဟာဖြစ့် မိန်းမသားတွေရဲ့ ဘယ်သူကမှ တုယှဉ်လို့ မရတဲ့ ဂုဏ်ထူး ၀ိသေသတစ်ခုပါ။

တကယ်တော့ မိန်းမများသည် လောက၏ ပါရမီဖြည့်ဖက် စွမ်းအားရှင်များဖြစ်ကြသည်။

တစ်ချို့က မိန်းမများကို ပန်းပွင်များ အဖြစ်တင်စားကြသည်။

ပန်းတစ်ပွင့်ကဲ့သို့…အဆင်းလှခြင်း၊ ဂုဏ်သတင်းသင်းပျံ့ခြင်း၊ နှုညံ့သိမ်မွေ့ခြင်း ကြောင့် လား။
ဒါမှမဟုတ်ပန်းတစ်ပွင့်ကဲ့သို့ အလွယ်တစ်ကူခူးယူချင် ၍ ကြာရှည်မလန်းဆန်းနိုင်ဟု ထင်မြင်ကြ၍လား
မသိပေ။သို့သော် သဘာဝမှ ပန်းကို အလှထားလိုသူအတွက် ပန်းအိုး ကောင်းကောင်းတော့ရှိသင့်သည်ဟု
ကျွန်မထင်ပါသည်။ထို့အတူ ပန်းခူးသူလား၊ပန်းစိုက်သူလား၊ တန်ဖိုးထားမည့်သူလားခွဲခြားရပေဦးမည်။
ပန်းတစ်ပွင့်ကဲ့သို နှုးညံသိမ်မွေ့ လှပသင်းပျံမှုကို ကြိုက်သော်လည်း…ပန်းတစ်ပွင့်ကဲ့သို့ လောကဓံနှင့်
နေရောင်ခြည်ကို အလွယ်တကူ အရှုံးပေးကာ ကြွေကျပေးလိုက်သော ပန်းများမဖြစ်စေချင်ပါ…။

တစ်ချို့က…မိန်းမများသည် ဆောင်းလေမညီ ဟုဆိုကြသည်။

တကယ်တော့ လေ သည် အရောင်အဆင်းမရှိ၊ အနံ့အရသာမရှိသော အပြစ်ကင်းစင်သည့်ဒြပ်စင
် တစ်ခုသာဖြစ်သည်။ ကံကြမ္မာ ၏ စေစားရာသို့ လွင့်မျောရင်း တစ်ချို့သည် လေနုအေး၊ လေညှင်း၊
နွေလေပူ၊ နှင်းဆွတ်လေ၊ လေနီကြမ်း၊ တစ်ချိုက မုန်တိုင်း။ ဘယ်သူက မုန်တိုင်းထန်ချင်ပါမည်နည်း။
လေဖိအားနည်းရပ်ဝန်းတစ်ခုကြောင့်သာ မုန်တိုင်းဖြစ်သွားရသည်ကို သတိပြုသင့်သည်။

တစ်ချို့ က မိန်းမများကို ရေ နှင့်တင်စားကြသည်။

ရေကြည်ကို သောက်ဖူးပါသည်။သန့်စင်မှုအတွက် ရေကြည်တစ်ခွက်ကို အသုံးချဖူးလိမ်မည်။
နောက်ကျိ ညစ်ထေးသော ရေသေများကိုလည်းမြင်ဖူးကြလိမ်မည်။ အမြဲလို လေးလံမောဟိုက်ကာ
ကမ်းစပ်ကို လာလာ ဦးခိုက်နေတတ်သော ပင်လယ်လှိုင်းများ၏ ခက်ထန်သော ဂီတသံကိုလည်းကြား
ဖူးလိမ်မည်။ ကံကြမ္မာ၏ စေစားရာတွင် ဖြစ်တည်ရသောဘ၀ တွင်မည်သူသည် အချိန်ပြည့်လှိုင်းထန်
ချင်မည်နည်း။အားလုံးလိုလို ရေကြည်ရေသန့်ဖြစ်လိုကြသည်။

ကမ္ဘာတွင် မိန်းမ ကြောင့်စစ်ပွဲ များဖြစ်ခဲ့ရဖူးသည်ဟု တစ်ချိုက ဆိုသည်။ သို့သော်သေချာတွေးကြည့်လျှင်
ကလီယိုပါထရာ၊ ဟယ်လင်မင်းသမီး၊ စစ်ပွဲကို ဆင်နွဲကြသူများမဟုတ်ပါ။ သူတို့ကို ပိုင်စိုးလိုသူတို့၏
အတ္တကြောင့်ဖြစ်ရသည် ကို တွေ့ရ ပေလိမ်မည်။ မိန်းမသား ဘ၀ကို တစ်ခါမှ စိတ်မပျက်ခဲ့ဖူးသူ
တစ်ယောက်အနေနဲ့တော့ မိန်းမများအားလုံးကို သံမဏိပွင့်ဖတ်များလို ကြံ့ခိုင်စေချင်သည်။
ကြည်လင်သန့်စင်သော သဘာဝရေကြည်အေးလေးဖြစ်စေချင်သည်။အရောင်အနံ့ကင်းမဲ့သော
လေနုအေးလေး ဖြစ်စေချင်သည်။ ကမ္ဘာကို အုပ်စိုးခွင်မရတောင် ကိုယ်ပိုင်ဆိုင်ရာ ကမ္ဘာလေး
တစ်ခုကိုတော့ ငြိမ်းချမ်း အေးမြအောင် အုပ်စိုးပြုပြင်စွမ်းစေချင်သည်….။ဖတ်ပေးလို့ ကျေးဇူးပါ…။

အချစ်မြို့

0

***အချိန် နှင့် အချစ်***
ကမ္ဘာပေါ်မှာ… ၀ယ်လို့မရနိုင်တဲ့ အရာ (၂) ခုပါ…
ဒါပေမဲ့…. သုံးပစ်လို့တော့ ရပါတယ်။
ဘ၀လမ်းပေါ် လျှောက်လာကြတဲ့ လူတိုင်း အချစ်ဆိုတဲ့နေရာ တစ်ခုကိုတော့ မလွဲမသွေ တွေ့ဆုံ
ကျော်ဖြတ်ကြရတယ်..။ တကယ်တော့ အချစ်ဆိုတဲ့ နေရာလေးဟာ အင်မတန် သန့်စင်တဲ့ အဖြူရောင်
လွင်ပြင်လေး တစ်ခုပါပဲ…။
ဒီနေရာကို ဖြတ်သန်းတဲ့အခါမှာ သယ်ဆောင်သွားတဲ့ ပစ္စည်းတွေက တစ်ယောက်နဲ့ တစ်ယောက
် မတူကြဘူး..။
အချို့က -သစ္စာတရားကို သယ်သွားကြတယ်။
အချို့က -မုဒိတာ နဲ့ ဥပေက္ခာ တရားတွေကို သယ်ဆောင်သွား ကြတယ်။
အချို့က -တဏှာ ရာဂတွေ သယ်ဆောင်သွားကြတယ်။
အချို့က -လောဘ ၊ ဒေါသ ၊ အတ္တ ၊ မာန်မာန တွေ သယ်ဆောင်သွားတယ်….။
သင်ရော - အချစ်မြို့ ကို ဖြတ်တော့မယ် ဆိုရင် ဘယ်အရာ ကို သယ်ဆောင်သွားမှာလဲ…။
ဘ၀ အတွက် အချစ်ဆိုတာ ဦးစားပေးရမယ့် အရာ မဟုတ်ပေမဲ့ တန်ဖိုးထား လေးစားရမယ့် အရာ
တစ်ခုတော့ ဖြစ်ပါတယ်…။

အချစ်မှာအကြောင်းပြချက်လိုလား

0

ကောင်မလေး။ ရှင်ဘာကြောင့်ကျွန်မကိုကြိုက်တာလဲ?ရှင်ဘာကြောင့်ကျွန်မကိုချစ်တာလဲ??

ကောင်လေး။မင်းကိုကိုဘာကြောင့်ချစ်တယ်ဆိုတာအကြောင်းပြချက်မပေးပါရစေနဲ့။ဒါပေမယ့်
ကိုမင်းကိုအမှန် တကယ်ချစ်တယ်။

ကောင်မလေး။ရှင်ဘာကြောင့်ချစ်တဲ့အကြောင့်ပြချက်ကိုမပြောချင်ရတာလဲ??ကျွန်မကိုဘယ်လို
ချစ်တယ်၊ ဘယ်လောက်မြတ်နိုးတယ်ဆိုတာ ရှင်သက်သေပြလေ??

ကောင်လေး။မင်းကိုဒီအကြောင်းပြချက်မပေးနိုင်တာဆောရီးပါ.မင်းကိုချစ်တယ်ဆိုတာတော့တကယ်
အမှန်တရားပါ။

ကောင်မလေး။အမှန်တရား?ဟုတ်လား??ကျွန်မပြောတာကအကြောင်းပြချက်ပေးဖို့ပြေတာပါရှင်။
ကျွန်မသူငယ်ချင်းရဲ့ချစ်သူကရှင့်လိုမဟုတ်ဘူး.သူဘာကြောင့်ချစ်တယ်ဆိုတာပြောပြနိုင်တယ်ရှင့်

ကောင်လေး။အင်.အိုကေလေ.ကောင်းပါပြီ…အင်းဘာကြောင့်လဲဆိုတော့မင်းကအရမ်းလှတယ်..
မင်းရဲ့အသံလေးတွေကအရမ်းချိုမြိန်တယ်.မင်းကစိတ်ဝင်စားဖို့ကောင်းတယ်။မင်းကိုချစ်ခင်မြတ်နိုးတယ်။
မင်းအကြောင်းကိုအမြဲတွေးတောနေမိတယ်။ မင်းရဲ့အပြုံးတွေကဆွဲဆောင်မှုရှိတယ်။
မင်းရဲ့လှုပ်ရှားမှုအားလုံးတွေကြောင့်ပါ ။

ကောင်မလေးဟာ ကောင်လေးရဲ့အဖြေတွေကို အရမ်းကျေနပ်သွားခဲ့ပါတယ်။

ကံမကောင်းစွာပါပဲ။ရက်အနည်းငယ်ကြာပြီးနောက် ကောင်မလေးဟာမတော်တဆအက်ဆီးဒင့် တစ်ခုဖြစ်သွားပြီး သတိတွေမေ့မြောသွားတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ကောင်လေးက ကောင်မလေးရှိတဲ့ နေရာကို စာတစ်စောင်လှမ်းပို့ပေးလိုက်ပါတယ်။

သို့ ..

ချစ်သောကောင်မလေး……….

ကိုမင်းအသံလေးတွေကြောင့်ချစ်ခဲတယ်.အခုမင်းစကားပြောနိုင်သေးလား.??မပြောနိုင်တော့ဘူးမှလား.??? ဒါကြောင့် ကိုမင်းကို မချစ်နိုင်တော့ဘူး…

မင်းရဲ့ဂရုစိုက်မှုလေးတွေနဲ့ဆက်နွယ်ပြီးကိုချစ်ခဲ့တယ်။မင်းအခုဒါတွေကိုလုပ်မပြနိုင်တော့ဘူးမှလား..
ဒီအတွက် ကိုမင်းကို မချစ်နိုင်တော့ဘူး…

မင်းရဲ့အပြုံးတွေမင်းရဲ့လှုပ်ရှားမှုတွေကြောင့်ကိုချစ်ခဲ့တယ်.မင်းအခုပြုံးနိုင်သေးလား?မင်းလှုပ်ရှားနိုင် သေးလား?မင်းမပြုံးနိုင်၊မလှုပ်ရှားနိုင်တော့ဘူးလေ။ဒါကြောင့်ကိုမင်းကိုမချစ်နိုင်တော့ဘူးလေ..

မင်းဟာ ကိုဘာကြောင့်ချစ်သလဲဆိုတဲ့အကြောင်းပြချက်တွေလိုချင်တယ်မှလား။အခုလို အဖြစ်အပျက်မျိုးတွေ ပေါ့။ဒါတွေဟာ မင်းကိုမချစ်ပဲမချစ်ချင်တော့လို့အကြောင်းပြချက်တွေ မဟုတ်ဘူးဆိုတာမင်းမှ မဟုတ်ပါဘူးဘယ်သူကို မဆိုပြောမှာမဟုတ်ပါဘူး..

ချစ်ခြင်းမှာ အကြောင်းပြချက်တွေပေးဖို့ လိုလားဟင်??ကို ကတော့မလိုဘူးထင်ပါတယ်။

ဒိလိုဖြစ်ခဲ့ပေမယ့် ကိုမင်းကိုချစ်နေဆဲပါ။ပြီးတော့ အချစ်မှာ အကြောင်းပြချက်တစ်စုံတစ်ရာမလိုပါဘူး ထာဝရချစ်ခြင်းများစွာဖြင့်

အမြဲတမ်း ကို………..

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers