Showing posts with label အီစွတ်ပုံပြင်. Show all posts
Showing posts with label အီစွတ်ပုံပြင်. Show all posts

အဝေးရောက်နတ်မင်း

2

ဇုနတ်က နွားတစ်ကောင်ကို ဖန်ဆင်းခဲ့တယ်။ ပရာမီကျုးစ်နတ်က လူတစ်ယောက်ကို ဖန်ဆင်းတယ်။ အာသီနာ နတ်က အိမ်တစ်ဆောင်ကို ဖန်ဆင်းသတဲ့။ သူတို့ဟာ မိမိတို့ ဖန်ဆင်းထားတာ တွေကို ဆုံးဖြတ်ပေးဖို့ မိုမတ်စ်နတ်ကို ရွေးချယ်လိုက်တယ်။

သူက မနာလိုဝန်တိုစိတ်ဖြစ်ပြီး ဖန်ဆင်းထားတာတွေ အပေါ် အပြစ်ရှာဖွေပြောဆိုတယ်။ ဇုနတ်ကို ပြောဆိုတာက နွား ရဲ့ မျက်လုံး တပ်ဆင်တာမှားနေတယ်။ သူ့မျက်လုံးတွေကို ဦးချိုမှာထားရှိသင့်တယ်။ ဒါမှ ဦးချို နဲ့ ဝှေ့တဲ့အခါ မြင်နိုင်မှာပေါ့ တဲ့။

ပရာမီကျူးစ်နတ်ကိုတော့ လူတွေရဲ့ စိတ်ကို ကိုယ်ခန္စ္ဒာအပြင်ဘက်မှာ ထားရှိသင့်တယ်။ ထိုသူရဲ့ အကြံအစည်ကို မြင်တွေ့ဖို့လိုတယ်။ ဒါမှ ကောက်ကျစ်စဉ်းလဲမှုကို ဖုံးကွယ်မရတော့ဘူး လို့ဆိုတယ်။

အာသီနာနတ်ကို ဝေဖန်တာက လူတွေရဲ့ အိမ်ကို လှည်းကြီးရဲ့ ဘီးပေါ်မှာ တည်ဆောက်သင့်တယ်။ အဲဒါမှ လူဆိုးတွေဟာ သူ့အိမ်အနီး လာရောက် မနေထိုင်နိုင်တော့ဘူး။ ဒါဆို ဘာဒုက္ခမှ ကြုံတွေ့စရာမရှိဘူး တဲ့။

မှိုချိုးမျှစ်ချိုး ပုတ်ခတ်ပြောဆိုတာကြောင့် ဇုနတ်က စိတ်ဆိုးပြီး မိုမတ်စ်နတ်ကို အိုလံပစ်တောင်က နှင်ထုတ်လိုက်ပါတယ်။

(အပြစ် မရှိဘဲ အပြစ်ရှာပြောဆိုတာ ဘယ်ကောင်းမလဲ။)

ပျော်ရွှင်ကြပါစေ...
ညခင်း

ကြောင်မှန်းသိဖို့ ကြွက်သက်သေ။

7

ကြောင်မ တစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မိလို့ အက်ဖရိုဒိုက်နတ်သမီးဆီမှာ သူ့ကို မိန်းကလေးအဖြစ်ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်။ နတ်သမီးက သူ့ရဲ့ အချစ်နာကျနေတဲ့ပုံကို သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေးအဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်။

လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်။ သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်။

အိမ်မှာ သူတို့နားနေခိုက် အက်ဖရိုဒိုက်နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ ကြောင်ကို လူလိုအသိဥာဏ် ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်။ ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့လွှတ်လိုက်သတဲ့။

သူဟာ လူနဲ့ အိမ်ထောင်ကျနေပြီ ကို ရုတ်တရက် မေ့ပျောက်သွားတယ်။ အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်။ ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး။ ဒါကြောင့် နတ်သမီးက စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်။

(ဒီလိုပါပဲ။ လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦး မှာ ဖြစ်တယ်။)


ပျော်ရွှင်ကြပါစေ...
ညခင်း

အကြံပိုင်တဲ့ရွှေကျီး

0

ရေဆာလွန်းလို့ သေလုမျောပါး ဖြစ်နေတဲ့ ကျီးတစ်ကောင်ဟာ ကရားတစ်ခုကို တွေလေရာ၊ ဒီကရားမှာအရင်ကတော့
ရေအပြည့်ပဲ ပေါ့၊ ဒါပေမယ့်ကျီးငှက်ဟာ ကရားထဲနှုတ်သီးသွင်းလိုက်တဲ့ အခါ ရေနည်းနည်းပဲ ကျန် တာတွေ့သတဲ့။
ရေကိုသောက်ဖို့ သူမတတ်နိုင်ဘူးလေ၊ အခါခါကြိုးစားပေမယ့် နောက်ဆုံးမှာ စိတ်ပျက်စွာ လက်လျှော့လိုက်ရတယ်။
ဒါနဲ့ အကြံတစ်ခုရပါရော၊ သူဟာကျောက်စရစ်ခဲ တစ်ခုကို ယူပြီး ကရားထဲချလိုက်သတဲ့။

ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။
ပြီးတော့နောက်တစ်ခုကိုယူပြီး ကရားထဲချလိုက်တယ်။

နောက်ဆုံးမှာ
ရေဟာသူနဲ့ နီးလာတာတွေရသတဲ့။ နောက်ထပ်ကျောက်စရစ်ခဲ နှစ်လုံးသုံးလုံး ချလိုက်ရင်ပဲ
ရေဆာလောင်နေတာကို အငတ်ပြေသွားရပြီး သူအသက်ရှင်ခဲ့လေသတဲ့။
တဖြည်းဖြည်းဖြင့် အောင်နိုင်ရာသည်။

လူတွေကြားထဲ မနေချင်သူ

0

ညခင်းတို့ ဘလောလ့် လေးမှာ တင်တဲ့ စာလေးတွေက ဗဟုသုတ ရစရာ လေးတွေ များပါတယ်…ဒီ တစ်ခါတော့ ပုံပြင်လေး တစ်ခုတင်ပေးပါရစေ…။

တစ်ခါတုန်းက တောထဲမှာ ကလေးငယ်လေး တစ်ယောက် စွန့်ပစ်ထားခြင်း ခံရတယ်။ ဘယ်သူက စွန့်ပစ်သွားမှန်းမသိဘူး…။နတ်သမီးတစ်ပါးက မမျှော်လင့်ဘဲ တွေ့ပြီး ကောက်ယူမွေးစားလိုက်တယ်။ကံဆိုးတဲ့ ကလေးက မိန်းကလေးဖြစ်ပြီး မွေးစားမိခင်နတ်သမီးက အရမ်း ချစ်တယ် … လိုလေသေးမရှိအောင်
ပြုစု စောင့်ရှောက်ထားတယ်။ဒါပေမယ့် ဒီကလေးရဲ့ မွေးရာပါဗီဇက မကောင်းဘူး။ ခေါင်းမာတယ်။သူ့အမှားကို ဘယ်တော့မှ ၀န်မခံဘူး။သူများပေါ် အပြစ်ပုံချတတ်တယ်။

ဒီလိုနဲ့ အရွယ်ရောက်လာတော့ မယ်တော်နတ်သမီးက သူ့ရဲ့ ဘုံဗိမာန်ကိုလိုက်ပြ တာပေါ့..။အခန်းပေါင်း
များစွာရှိတယ်။ အခန်းတိုင်းဟာဆန်းကြယ်စွာ ပြင်ဆင်မွမ်းမံထားတယ်။ ဖျော်ဖြေရေးရှိသလိုပျော်ရွှင်စရာ
တွေလည်းရှိတယ်ပေါ့။ အဲလိုအခန်းပေါင်း၂၀ရှိ သတဲ့။ဒါပေမဲ့ အခန်း၁၃ ကို မဖွင့်ဖို့လည်းအသေအချာ
မှာခဲ့တယ်။သူကလည်း မဖွင့်ပါဘူးလို့ ပြောတယ်။သူ့မယ်တော်က မဖွင့်ဖို့ အတန်တန်မှာထားတာမို့ ဖွင့်ရမှာ လက်မရဲ့ဘူး၊ ဒါပေမဲ့ မလုပ်ပါနဲ့ ဆို လုပ်ချင်တဲ့လူ့သဘာဝကို မလွန်ဆန်နိုင်တာကြောင့် အခန်း၁၃ ကို ဖွင့်ကြည့်မိတယ်။

တစ်ခန်းလုံးမည်းမှောင် နေတယ်။အထဲရောက်တော့ ရုတ်တရက် မီးတောက်မီးလျှံတွေ ပေါ်လာတယ်။
သတ္တ၀ါတွေမီးလောင်ကျွမ်းပြီး မချိမဆန့်အော်ဟစ်နေကြတာမြင် ပြီးအရမ်းလန့်ပြီး ထွက်ပြေးသွားတာ…
အခန်းတံခါးသော့ခတ်ဖို့ မေ့သွားတယ်…။တစ်နေ့ မယ်တော်သိသွားတော့ မေးတယ်..အခန်း၁၃ ကို ဖွင့်သလား ပေါ့။ သူ့သမီးကို သေသေချာချာမေးပါတယ်…။ဖွင့်မိသလား။အကြိမ်ကြိမ်ငြင်းဆန်ပြန်တယ်။

ဒီတော့ နတ်သမီးက သူ့သမီးရဲ့လိမ်လည်မှု၊အပြစ်ဝန်မခံမှုတွေအတွက် အပြစ်ပေးတဲ့ အနေနဲ့တောထဲကို
ပြန်ပို့လိုက်တယ်။တောထဲမှာ ၁၃ ရက်လောက်ငတ်ပြတ်ဆင်းရဲ ဒုက္ခခံရ ရှာတယ်။ကံအားလျှော်စွာ တောကစားထွက်လာတဲ့ မင်းသားတစ်ပါးနဲ့ တွေ့ပြီး တော်ကောက်ခံ ရတယ်။နန်းတော်ထဲမှာ မိဖုရားအဖြစ်နဲ့ ကောင်းကောင်းမွန်မွန်နေရတယ်။တစ်နှစ်လောက်ကြာတော့…သမီတော်လေးတစ်ပါးမွေးတယ်။

အဲ့ဒီအချိန်မှာဘဲ မယ်တော် နတ်သမီးကအိမ်မက်မေးတယ်။…သမီးတော်အခန်း၁၃ ကို ဖွင့်ခဲ့ သလား။မှန်တဲ့ အတိုင်းဝန်ခံပါ… ၀န်မခံရင်သမီးတော်ရဲ့ ကလေးကို ခေါ်သွားရလိမ့်မယ်။မဖွင့်ဘူးလို့ ငြင်းဆန်ပြန်တယ်။ အိမ်မက်ကလန့်နိုးလို့ ကလေးကြည့်လိုက်တော့ မရှိတော့ ဘူး။သူ့ယောက်ျားမင်းသားက အရမ်းစိတ်ဆိုး သွားတယ်။ဒီလောက် အစောင့်အကျပ်တွေများတဲ့ ကြားကကလေးပျောက်တာ ထူးဆန်းတယ်။ ကလေးအမေကြည့် ရတာ ကလေးပျောက်သွားရတဲ့အကြောင်းအရင်းလဲ သိပုံရသလိုဘဲ။ အကျိုးအကြောင်းမေးတော့ သူ ဘာမှမသိဘူးလို့ ငြင်းတယ်။မင်းသားလဲ စဉ်းစားတယ်။ တောနက်ထဲမှာလဲ တစ်ယောက်ထဲတွေ့တယ်။လူအစစ်ရောဟုတ်ရဲ့လား။သူ့ကလေးသူပြန်စားပစ်လိုက်တာလားပေါ့။ တော်ကြာ ငါ့ကို ပါ စားပစ်လိုက်ရင် ဒုက္ခ…လို့တွေးပြီး ****သုသသန်ထုတ် ဓားခုတ်သတ်စေ****လို့အမိန့် ပေးလိုက်တယ်။

မင်းသားလေးကို တစ်ခွန်းမှ ပြန်မတောင်းပန်ဘူး။ပြေရာပြေကြောင်းလေးတောင် မပြောဘဲ ဘူးခံနေတယ်။
နောက်ဆုံး သုသသန်ရောက်လို့ လည်ကုတ်ပေါ် ဓားတင်တော့ မှ…မယ်တော် သမီးမှားပါပြီ…အခန်း၁၃ကို
သမီးဖွင့်ခဲ့ပါတယ်။ မသေခင်မှာ ၀န်ခံခဲ့ပါရစေ…။လို့ငိုယိုတောင်းပန်လိုက်တယ်။အဲဒီတော့မှ မယ်တော် နတ်သမီးဟာ သူ့ကို လာကယ်ပြီး နတ်ပြည်ခေါ်သွားသတဲ့။နတ်ပြည်ရောက်တော့ သူကလေးနဲ့ ပေးတွေ့ပြီး လူပြည်ပြန်ပို့ ပေးရမလားလို့ မေးတယ်။မပြန်ချင်တော့ဘူး…၊အခုချစ်…အခုမုန်းပြီး အဆုံးစီရင် တတ်တဲ့ လူ့စိတ်ဓာတ်ကို သူကြောက်သွားပြီ။လိုရင်တစ်မျိုး..မလိုရင် တစ်မျိုး သဘောထားတွေ ပြောင်းလဲ ဆက်ဆံ တတ်တဲ့ လူတွေကြားထဲမှာသူ မနေပါရစေနဲ့…တဲ့။ ပုံပြင်လေးကတော့ ဒါပါပဲ။

ပုလွေမှုတ်လို့ ငါးကတယ်

1



တစ်ခါတုန်းက ငါးဖမ်းသမားတစ်ယောက်ဟာ ပုလွေအိတ်ကိုယူပြီး မြစ်ကမ်းဆီ လာခဲ့တယ်။
ရေထဲကငါးတွေက ပေါ်လာမလားလို့ ပုလွေကိုမှုတ်တယ်လေ။
ဒါပေမယ့် ငါးတစ်ကောင်မျှ ရေထဲက နှာခေါင်းဖော်မကြည့်ပါဘူး၊ ဒါနဲ့ ရေထဲ ပိုက်ကွန်ပစ်ဖမ်းသတဲ့။
မကြာမီ ပိုက်ကို ဆွဲတင်လိုက်တော့ ငါးတွေအပြည့်ပဲပါခဲ့တယ်။
ဒီတော့မှ ပုလွေအိတ်ကို တစ်ခါထုတ်ပြီး မှုတ်တဲ့အခါ ဒီငါးတွေက ပိုက်ထဲမှာကခုန် ကြသတဲ့။
ခုတော့မှ မင်းတို့ဟာ ငါပုလွေမှုတ်တာကို ကကြလေရဲ့။
****ငါးအိုတစ်ကောင်က ဆိုတာပေါ့ကွယ်။****
***ဟုတ်ကဲ့ ကရတော့မှာပေါ့ဗျာ***

သူတစ်ပါး အရှိန်အ၀ါအောက် ရောက်နေလျှင် ထိုသူ စေခိုင်းသမျှ သင်လုပ်ရချေမည်။

နားထိုင်းတို့ရွာ

1


တစ်ခါတရံ လူတစ်ချို့ဟာ နားလည်ရခက်တယ်ဆိုတာ ညခင်းလက်တွေ့ ကြုံရတယ်။ဒီလို အခါမျိုးမှာ နားထိုင်းတို့ရွာဆိုတဲ့ ပုံပြင်လေးကို သတိရမိတယ်။

ဖြစ်ပုံက----

ရွာတစ်ရွာမှာ နားထိုင်းတဲ့….ဆိတ်ကျောင်းသမားတစ်ယောက်ရှိတယ်။သူကတစ်နေ့ သူ့ဆိတ်အုပ်တွေနဲ့ အတူဆိတ်ကျောင်းထွက်ခဲ့တယ်။ဆိတ်တွေကိုကျောင်းရင်းနဲ့ မကြာမီသူဟာ အိပ်ငိုက်လာတာပေါ့ ။ဒါနဲ့ပဲ သူဟာ အရိပ်ကောင်းကောင်းကို ရွေးပြီး အိပ်ငိုက်ပြီးနေတာပေါ့ .သူဆိတ်တွေကတော့ သူ့ခပ်လှမ်းလှမ်းမှာ အစာစားနေတာပေါ့။ဒီလိုနဲ့ သူအိပ်ငိုက်လို့ဝ သွားချိန်မှာကြည့်လိုက်တော့ သူ့ဆိတ်တွေမရှိတော့ဘူးတဲ့ ။ဒါနဲ့ သူလည်းစိတ်ပူသွားပြီးရှေ့မှာမြင်နေရတဲ့ ထန်းတောဘက်ဆီ သွားပြီးသူ့ဆိတ်တွေကို ရှာတာပေါ့ ။သူရှာနေတုန်းမှာပဲ သူ့အပေါ်ဆီက ထန်းတက်သမားရဲ့အသံကို ကြားတော့ သူကမေးတာပေါ့

***နောင်ကြီးထန်းတက်သမားရေ--- ကျွန်တော့ဆိတ်အုပ်များမတွေမိဘူးလားလို့***

အဲဒီထန်းတက်သမားကလည်း နားထိုင်းနေတယ်တဲ့ ဒီအခါမှာ ထန်းတက်သမားကဘာကြားလည်းဆိုတော့ ***နောင်ကြီးရဲ့အိမ်ကဘယ်မှာလည်းလို့မေးတယ်ထင်ပြီး ကျုပ်အိမ်က ဒီရှေ့တည့်တည့်သွားပြီးရင်ညာဘက်ချိုးလိုက်ရောက်ပြီ ****လို့ပြောလိုက်တယ်။

အဲဒီအခါမှာ ဆိတ်ကျောင်းသမားက ဟိုဘက်ကိုသွားတယ်ထင်တာပဲလို့ ပြောတယ်ထင်ပြီး ဆိတ်ကျောင်းသမားညွှန်ပြရာကို သွားတာပေါ့ ။ဆိတ်အုပ်ကို မတွေဘူးပေါ့ ဒီအခါမှာ ဆိတ်ကျောင်းသားကဒေါသထွက်သွားတယ်။သူ့အချိန်တွေကို ဖြုန်းနေတယ်ပေါ့ ဒါနဲ့ပြန်လာပြီးထန်းတက်သမားကို ပြောတာပေါ့

**** နောင်ကြီးရယ် မသိရင်မသိဘူးပေါ့ကျုပ်မှာတော့ မောတာပဲအဖတ်တင်တယ်***

ဒီအခါမှာ ထန်းတက်သမားကဘယ်လိုကြားပြန်လဲဆိုတော့

***ခင်ဗျားမိန်းမကအိမ်ကိုပြန်မလာနဲ့။ခင်ဗျားထန်းပင်တွေနဲ့ပဲနေတဲ့။ကျုပ်တော့ပြန်တော့မယ်လို့***ကြားလိုက်တယ်။

ဒီအခါမှာပဲ ထန်းတက်သမားဟာ စိတ်ဆိုးဆိုးနဲ့ ***ဘာရယ် ကျုပ်မိန်းမနဲ့ ခင်ဗျားက ဘာမို့လို့လဲ***ဆိုပြီးထန်းပင်ပေါ်ကဆင်းပြီးရန်ထောင်တာပေါ့

ဆိတ်ကျောင်းသမားကလည်း***ခင်ဗျားဆိတ်တွေကို မျက်စိနောက်လို့ဗျိုး ***

လို့ ကြားတယ်ဒီအခါမှာပဲဆိတ်ကျောင်းသမားက ကဲ***ခင်ဗျားကလည်းအပင်ပေါ်နေပြီးဘာလို့

အပြစ်မရှိတဲ့ကျုပ်ဆိတ်တွေကို မျက်စိနောက်ရတာလည်း ကျုပ်တော့ ခင်ဗျားကို မကျေနပ်ဘူးဗျာ သူကြီးနဲ့တိုင်မယ်****ဆိုပြီးဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားပါလေရော

ထန်းတက်သမားကလည်းဘာကြားလည်းဆိုတော့****ခင်ဗျားလိုထန်းတက်သမားထက်စာရင်

ကျုပ်လိုဆိတ်ကျောင်းသမားမိန်းမဖြစ်ရတာပိုကောင်းမှာပေါ့မကျေနပ်လည်းနေလို့***ကြားတယ်တဲ့

ဒါနဲ့ ထန်းတက်သမားလည်း မကျေနပ်တဲ့အတွက် သူကြီးနဲ့ တိုင်မယ်ဆိုပြီးထွက်လာတာပေါ့

အဲ သူကြီးအိမ်ရောက်တယ်ဆိုရင်ပဲ သူကြီးက အိမ်ရှေ့ကွပ်ပျစ်မှာ မှုန်ကုပ်ကုပ်နဲ့ ထိုင်နေတယ်တဲ့ ဖြစ်ချင်တော့ သူကြီးကလည်း သူ့မိန်းမနဲ့ ရန်ဖြစ်ပြီးကာစ စိတ်ဆိုးပြီးထိုင်နေတာတဲ့ ပြိုင်တူရောက်လာတဲ့ သူတို့နှစ်ယောက်ကို သူကြီးကစူးစမ်းအကြည့်နဲ့ ကြည့်နေတာပေါ့ဒီအခါမှာပဲ မကျေမနပ်ဖြစ်နေတဲ့ သူတို့ ဟာ…ဖြစ်ကြောင်းရယ်ကုန်စင်ကို သူမှန်တယ် ငါမှန်တယ်နဲ့ ပြောကြတော့တာပေါ့ တော်တော်ကြာ ပြောပြီးတဲ့ နောက်မှာတော့ သူကြီးကစိတ်ဆိုးဆိုးနဲ့ ***ငါ့ဘာသာငါ့မိန်းမနဲ့ ရန်ဖြစ်တာမင်းတို့ကလာဆရာတတ်ရအောင်မင်းတို့ကဘာမို့လို့လဲ***ဆိုပြီးအနားမှာရှိတဲ့ ကွမ်းအစ်ကြီးနဲ့ ပိတ်ပေါက်လို့ သူတို့ထွက်ပြေးကြရတယ်တဲ့ ....

အင်း----ဖြစ်ချင်တော့ အဲဒီသူကြီးကလည်း နားထိုင်းနေတယ်တဲ့လေ။ ဟိဟိ အဲလို အဲလို ….ကြုံကြိုက်လို့ သတိရသွားလို့ ပြောပြတာပါ…ယုံချင်ယုံမယုံချင်နေ…။

ဖောင်းလိုက်တဲ့ဖား

1


*** ….အိုဖေဖေရယ်၊ သိပ်ကြောက်ဖို့ ကောင်းတဲ့ ဘီလူးကြီးကို ကျွန်တော်မြင်ခဲ့တယ်။ ဒီကောင်က တောင်ကြီးလောက်ရှိတယ်။ ဦးခေါင်းမှာလဲ ချိုနှစ်ခုနဲ့။ အမြီးဟာ အရှည်ကြီးပဲ၊ သူခွာတွေက နှစ်ခုရှိတယ်….***

ဖားကလေးဟာအနီးမှာ ထိုင်နေတဲ့ ဖားကြီးကို ပြောနေတာပါ၊

ဖားကြီးက အားကျမခဲဘဲ။

***…ထွီ၊ လူကလေးရယ်၊ သင်းက လယ်သမား ဦးဖြူရဲ့ နွားကြီးပါ၊ သင်းဟာ ဒီလောက်လဲ မကြီးလှပါဘူး၊ အဖေထက်တော့ သူနည်းနည်း မြင့်ပေမယ့် အဖေက သူထက်ကြီးဖို့ လုပ်ပြမယ်ကွဲ့မင်းကြည့်နေစမ်း…***

ဒါနဲ့ သူဟာ ဖောင်းလိုက်ပါရော၊ တစ်ခါဖောင်းလိုက်ပြန်တယ် နောက်တစ်ခါဖောင်းလိုက်ပြန်တယ်။

***…သူဒီလောက်ကြီးတယ်မဟုတ်လား…***

***မဟုတ်သေးဘူး အဖေ့ထက်ကြီးပါတယ်***

ဖားအိုကြီးဟာ ဖောင်းကားလိုက်ပြန်ရောတဲ့။ ပြီ တော့ဖားကလေးကို နွားကြီးက သူ့လောက်ကြီးသလားလို့ မေးသတဲ့။

***အဖေ့ထက်ကြီး ပါသေးတယ်***

ဒါနဲ့ ဖားအိုဟာ အသက်၀၀ ရှုလိုက်ပြီး ဖောင်းလိုက်၊ ဖောင်းလိုက်တာ၊ ဖီးလို့ ဖီးလို့ ဖီးလို့ ကားသွားလေရဲ့….။

နောက် သူက ဆိုနေရင်း…….

***…နွားကြီးဟာ အဖေလောက် မကြီးတာ သေချာလောက်ပါတယ်….***

သူ့စကားမဆုံးခင်ပဲ သူဟာပေါက်ကွဲသွားသတဲ့။

မိမိကိုယ်ကို အထင်ကြီးမှုကြောင့် ပျက်စီးဆုံးရှုံးတတ်ပါသည်။

ရေထဲက အရိပ်

0



အမဲတစ်တုံးကို ရရှိလိုက်တဲ့ခွေးတစ်ကောင်ဟာ အေးအေးဆေးဆေး စားဖို့ပါးစပ်ထဲ ကိုက်ချီပြီး အိမ်ယူလာသတဲ့။

ဒီလိုနဲ့ အိမ်အပြန်မှာ ရေစီးနေတဲ့ချောင်းကို ဖြတ်ဖို့ သစ်သားကူးတံတားပေါ်ရောက်လာရောတဲ့။ ချောင်းကို ဖြတ်ကျော်ရင်း သူငုံ့ကြည့်လိုက်တယ်လေ။ အောက်မှာ ရေထဲကသူ့အရိပ်ကို မြင်ရင်ပဲ အခြား ခွေးတစ်ကောင် အမဲတုံးတစ်ခု ချီလာတာလို့ ထင်မှတ်သတဲ့။

ဒီအမဲတုံးကိုလည်း သူပဲရချင်တယ်ပေါ့ကွယ်။

ဒါနဲ့ ရေထဲကအရိပ်ဆီ သူဟပ်လိုက်ရော၊ ဒါပေမယ့် သူ့ပါးစပ်ဟလိုက်တဲ့ အခါမှာ ကိုက်ချီလာတဲ့ အမဲတုံးကျသွားသတဲ့၊ ရေထဲနစ်မြုပ်သွားတာ ဘယ်လိုမှ ပြန်မတွေ့တော့ဘူးပေါ့။

အရိပ်ကို အာသာငမ်း မိသဖြင့် အကောင်ကို လက်လွတ် မဆုံးရှုံးဖို့ ဆင်ချင်ပါ။

ခြင်္သေ့ရေခြုံတဲ့လား

0



တစ်ခါတုန်းက လားတစ်ကောင်ဟာ မုဆိုးတွေက ခြောက်သွေ့စေဖို့ နေလှန်းထားတဲ့ ခြင်္သေ့ရေ တစ်ခုကိုတွေ့သတဲ့။

ဒီခြင်္သေ့ရေကို ၀တ်ဆင်လိုက်ပြီး သူနေတဲ့ရွာဆီသွားတာပေါ.။သူ့ပုံပမ်းကို တွေ့ရင်ပဲ လူတွေရော၊ တိရစ္တနာန်တွေရော အားလုံးထွက်ပြေးကြသတဲ့။

အဲဒီနေ့ကသူဟာ ဂုဏ်မာနမြင့်နေတဲ့ လားတစ်ကောင်ဖြစ်နေတာပေါ့။ ၀မ်းသာလွန်းလို့ ဦးခေါင်းကို မြှောက်ပြီး ဟီလိုက်သတဲ့။

ဒီအခါမှာ လူတိုင်းကသူ့ ကိုသိလိုက်ပြီပေါ့၊ လားပိုင်ရှင်ရောက်လာတော့ ကြောက်လန့်စေရမလားဆိုပြီး လားကို ကောင်းကောင်းရိုက်တော့တာပဲ၊

မကြာမီ မြေခွေးတစ်ကောင် လားဆီရောက်လာပြီး ဆိုတာက…..

****မင်း ဟီ လိုက်လို့ လားမှန်းသိတာပဲ****

အ၀တ်အစားဖြင့် ဟန်ဆောင်နိုင်ပေမယ့် အနှစ်သာရမရှိသော စကားကြောင့် လူ့အန္ဒမှန်း သိစေသည်။


ဝက်အစစ်ဆိုပေမဲ့

1


တောပွဲတစ်ခုမှာပေါ့၊ လူရွှင်တော်တစ်ယောက်ဟာ တိရိစ္ဆာန်အမျိုးမျိုးရဲ့ အသံတုကို လုပ်ပြရင်း ရယ်မောစေ သတဲ့။ ၀က်တစ်ကောင်ရဲ့ အသံတုကို လုပ်ပြ တဲ့အခါ သူ့မှာ ၀က်လေးတစ်ကောင် ၀ှက်ထားလိမ့်မယ်လို့ထင်လောက်အောင် အလွန်တူလှသတဲ့။

အနီးမှာကြည့်နေတဲ့ လယ်သမားတစ်ယောက်က ဆိုသတဲ့လေ။

***ဒါ ၀က်သံတဲ့လားဗျာ။ ၀က်သံ နဲ့ မတူပေါင်***၊ ဒီအခါလူရွှင်တော်က မနက်ဖြန်ခါတစ်ရက်အချိန်ပေးပါ၊ ၀က်သံကို ကျုပ်လုပ်ပြမယ်***

ပရိသတ်က ရယ်မောကြတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ လယ်သမားဟာ တကယ်ပဲ စင်ပေါ်ကို တက်ခဲ့ပြီး ဦးခေါင်းကို ငုံကာ ၀က်သံစူးစူးဝါးဝါးအော်ပြတာပေါ့၊ ဒါကိုပရိသတ်က သူ့ကို ရပ်လိုက်ဖို့ အော်ဟစ်ပြီး ခဲတွေနဲ့ ပေါက်သတဲ့။

***ခင်ဗျားတို့ အရှုးတွေပဲ၊ ဘယ်လိုအော်ပြနေသလဲ ဆိုတာသိစမ်းပါ။***

သူဟာ ၀က်ကလေးတစ်ကောင်ထုတ်လိုက်ပြီး နားရွက် ကို ဆိတ်တဲ့အခါမှာ ၀က်ကလေးအော်သံကြားရသတဲ့။

အတုအယောင် ကို သဘောကျတတ်သည်

အစစ်အမှန် ကို ပစ်ပယ်တတ်ကြသည်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers