Showing posts with label ညခင်းနှင့်လမင်း. Show all posts
Showing posts with label ညခင်းနှင့်လမင်း. Show all posts

မွေးနေ့အတွက် အဆုံးအမတရား (၁)

1

                        (မေ-၁၆ရက်နေ့မွေးဖွားသူများအတွက် အမှတ်ရ မွေးနေ့လက်ဆောင်)
အသက်ထက်ဆုံး မမေ့ကောင်းရာ
စာမိတ်ဆက်
ဧရာဝတီစာကြည့်တိုက်၏ ဘလော့ဂါ စာရေးဆရာ (May16) တစ်ယောက်က မေလ ၁၆ ရက်နေ့ဟာ သူမရဲ့ မွေးနေ့ဖြစ်ပါတယ်၊ မွေးနေ့အတွက် ဆုံးမစာလေးတစ်ပုဒ်လောက် ရေးပေးပါဟု လျှောက်ထားလာသည်၊ စာရေးသူလဲ ဘာရေးရမှန်းမသိ၊ ဒီလိုနဲ့ ညနေပိုင်း အလုပ်အားချိန်လေး စာလေးတွေ လျှောက်ဖတ်ရင်းက သူ့အတွက် မွေးနေ့ပို့စ်လေးတစ်ပုဒ် အစောတလျင် ဖန်တီးလိုက်ရသည်၊ မနက်ဖန်ဆို မေ ၁၆ ရက် ဖြစ်နေတာကိုးး။ လောကမှာ လူတွေ အများစုက ကိုယ့်ရဲ့ မွေးနေ့ကို အမှတ်ရစမြဲ ဖြစ်ကြပါတယ်။ ဘယ်ပုံ ဘယ်လိုနည်းတွေနဲ့ အမှတ်ရနေသင့်သနည်း?????? လောကမှာ အမြဲတမ်း အမှတ်ရထိုက်တဲ့ နေရာ သုံးနေရာရှိတယ်ဆိုတာလေးနဲ့ပဲ May16အတွက် မွေးနေ့ပိုစ်လေးကို အစပြုလိုက်ပါသည်။

တိုင်းပြည်ဘုရင်၏ တစ်သက်တာမှတ်တမ်း
(၁) တိုင်းပြည်မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်သည်သူ၏ မွေးဖွားရာ အချိန်ကို ဘယ်တော့မှ မမေ့သင့်ပါဘူး ဘယ်နေ့ ဘယ်အချိန် ဘယ်နက္ခတ်နဲ့ ယှဉ်ပြီးမွေးခဲ့တယ်ဆိုတာ မမေ့သင့် မမေ့အပ်၊ အမြဲတမ်း အမှတ်ရနေရမည်။ မွေးနေ့ မွေးရက်သည် ပထမ အချက်အနေနဲ့ တစ်သက်တာမှတ်တမ်း ဖြစ်နေရမည်။ (၂) ဒုတိယအချက်အနေနဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တိုင်းပြည်ရဲ့ အာဏာကို လက်ခံပြီး ဘုရင်အဖြစ် ခံယူသလဲဆိုတာကိုလဲ တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။ (၃) တတိယ အချက်ကတော့ ဘုရင့်ရဲ့ အောင်ပွဲခံတဲ့နေ့ဖြစ်ပါတယ်၊ ရန်သူကို တွန်းလှန်နိုင်တဲ့ နေ့ကို တစ်သက်တာ မှတ်တမ်းအဖြစ် ရှိနေရပါမည်။

ရဟန်းတော်၏ တစ်သက်တာမှတ်တမ်း
ထိုနည်းတူစွာ ရဟန်းတော်တွေမှာလဲ တစ်သက်တာမှတ်တမ်းအဖြစ် ရှိနေရမည်မှာ--(၁) ရဟန်းတော်များသည် ဘယ်နေ့ ဘယ်အချိန် ဘယ်မှာ ရဟန်းဖြစ်တယ်ဆိုတာကို တစ်သက်တာမှတ်တမ်း (ရဟန်း ရက်ချုပ်) ရှိနေရမည်၊ ဘယ်တော့မှ ရဟန်းဖြစ်သည့် နေ့ ရက်တို့ကို မမေ့အပ်။ (၂) အသိဥာဏ် အထူး ရသည့်အချိန်သည် ရဟန်းတော်များအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ငါ သစ္စာ (အမှန်) တရားကို သိပြီဆိုတာကို မမေ့အပ်။ (၃) အလားတူပဲ ဘယ်အချိန် ဘယ်နေရာမှာ စိတ်ညစ် စိတ်ရိုင်း (ကိလေသာ) တွေ အားလုံး ရှင်းသွားပြီဆိုတာသည် တတိယအနေနဲ့ ရဟန်းတော်တွေအတွက် တစ်သက်တာ မှတ်တမ်းဖြစ်သည်။

သာမန်လူသားများ တစ်သက်တာ မှတ်တမ်း
(၁) ထိုနည်းတူစွာ စာရေးသူတို့လို သာမန် လူသားတွေလဲ တစ်သက်တာ မှတ်မိနေရမည့် အချက်များ ရှိပါသည်။ နံပတ် (၁)က ကိုယ့်ရဲ့ မွေးနေ့ပါပဲ၊ လူတိုင်းက ကိုယ့်ရဲ့ မွေးနေ့ မွေးရက် မွေးလကို တသက်တာမှတ်တမ်းအဖြစ် မှတ်ထားကြစမြဲဖြစ်ပါသည်။ ကိုယ့်ရဲ့မွေးနေ့ကို ပုံစံအမျိုးမျိုး ပုံဖော် မှတ်မိစေခဲ့ကြသည်။ တချို့ကတော့ မွေးနေ့အတွက် ပါတီပွဲတွေ ပြုလုပ်ပြီး ပုံဖော် အမှတ်ရစေကြပါတယ်၊ တချို့ကတော့ မွေးနေ့ပွဲကို သူငယ်ချင်းတွေ စုစည်းပြီး ပါတီပွဲလေးလုပ်ပြီး အမှတ်ရစေကြပါတယ်။ တချို့ကြတော့ ရိုးရာဓလေ့လေးတွေနဲ့ မွေးပွဲကို ဆင်နွဲ အမှတ်ရစေကြပါတယ်။ တချို့ကြပြန်တော့ ပေးကမ်းခြင်း စွန့်လွတ်ခြင်းတွေနဲ့ မွေးနေ့ပွဲကို အမှတ်ရစေကြပါတယ်၊ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ်မယ်၊ မနက်စောစော သံဃာတွေ ဆွမ်းလောင်းမယ်၊ ဘိုးဘွားရိပ်သာ သွားပြီး အဘိုးအဘွားတွေကို ပြုစုမယ် လှူမယ်၊ ခိုကိုးရာမဲ့ မိဘမဲ့ဂေဟာတွေမှာ သွားပြီး အလှူပေးမယ်၊ ဆင်းရဲနွမ်းပါးတဲ့ သူတွေကို ပေးကမ်းမယ်။ တချို့ကြတော့ ဘုရားသွားပြီး အဓိဌာန်ပုတီးစိပ်တာတို့ ပရိတ်ရွတ်တာတို့ ပဋ္ဌာန်းရွတ်တာတို့ ဘုရားသန့်ရှင်းရေးလုပ်တာတို့ ဘုရားရှင်အား ပန်း ရေ မီး လှူတာတို့ ပြုလုပ်လေ့ရှိကြတယ်၊ တချို့ကြတော့ ငှက်ကလေးတွေကို အသက်စေ့ဝယ်ပြီး လွတ်ကြတယ်၊ တချို့ကတော့ ငါးကန်သွားပြီး ငါးလွတ်ကြတယ်၊ ဤနည်းအားဖြင့် ပုံစံအမျိုးမျိုးနဲ့ မိမိရဲ့ မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေကြသည်။ တချို့ကတော့ ကြာကြာစံရအောင် ကြာဇံတောင် တိုက်ကြသေးတယ်။ ဘလော့ဂါ စာရေးဆရာကိုယ်တိုင်က May16 ဆိုတဲ့ ကလောင်ကို အသုံးပြုပြီး သူ၏ မေ ၁၆ရက် မွေးနေ့ကို ပုံဖော် အမှတ်တရဖြစ်စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့မွေးနေ့လေးကို အရက်ဝိုင်း၊ ကေတီဗီ (KTV) တွေ ညကလပ် (Night-club) တွေမှာ သွားပြီး အပျော်အပါးတွေနဲ့ မွေးနေ့ပွဲကို ဆင်နွဲမဲ့အစား မိမိရဲ့စိတ်ကလေးတွေ အေးချမ်းပြီး ကိလေသာကင်းတဲ့ စိတ်နဲ့ ကောင်းမှု ကုသိုလ်များဖြင့် မွေးနေ့ပွဲကို အမှတ်တရ ဖြစ်စေတာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) နောက် ဒုတိယတစ်ခုက သာရဏီဓမ္မလို့ ခေါ်တဲ့ တစ်သက်တာ အမှတ်ရစေရမည့် အလုပ်တွေကို အမှတ်ရဖို့လိုသည်။ ထိုအလုပ်တွေဆိုတာ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ပြုလုပ်အပ်သော ကောင်းမှုများပင်ဖြစ်သည်။ စာပေက သာရဏီယ-တစ်သက်တာအမှတ်ရစေရမည့် အရာများကို ဤသို့ဆိုတယ်။ (က) မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် ကာယကံမေတ္တာ ထားခြင်း၊ ကိုယ့်အိမ်ရောက်လာတဲ့ ရဟန်းသဃာပဲ ဖြစ်ဖြစ်၊ ခရီးသွားဧည့်သည်ပဲ ဖြစ်ဖြစ် မေတ္တာရှေ့ရှုပြီး နွေးထွေးစွာ ကြိုဆို၊ နေရာထိုင်ခင်းပေး၊ ရေပူ ရေအေးပေး စသည်ဖြင့် ကိုယ်နဲ့ပြုလုပ်ရမည့် အလုပ်မှန်သမျှကို မေတ္တာဖြင့် ၀န်ဆောင်မှုပေးခြင်းသည် တစ်သက်တာ အမှတ်ရစေရမည့် (သာရဏီယဓမ္မ) အလုပ်ဖြစ်သည်၊ (ခ) မေတ္တာဖြင့် သူတော်ကောင်းစကား ပြောဆိုခြင်း၊ ဘုရားသွားမယ် ကျောင်းသွားမယ်၊ ကောင်းမှုပြုမယ် သီလဆောက်တည်မယ် စသည်ဖြင့် နှုတ်ဝစီဖြင့် ပြောဆိုခြင်းမျိုးကို တစ်သက်တာ အမှတ်ရစေမည့် တရားဖြစ်သည်။ အရက်ဆိုင်သွားမယ် ကေတီဗီသွားမယ် နှိုက်ကလပ်သွားမယ် ဆိုတဲ့ စကားမျိုးကား ထိုသာရဏီယ၏ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ (ခ) မေတ္တာစိတ် နှလုံးသွင်းခြင်းသည်လည်း ဘ၀မှာ တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ အားလုံးသော သတ္တ၀ါတွေ ကျန်းမာပါစေ ချမ်းသာပါစေ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ကင်းဝေကြပါစေဆိုတဲ့ စိတ်ဖြင့်ပွားများသည့် အလုပ်သည် တစ်သက်စာ အမှတ်ရစေမည့် သာရဏီယဓမ္မဖြစ်သည်။ (ဂ) ရလာတဲ့ စည်းစိမ်ဥစ္စာများကိုလဲ ကိုယ်တစ်ယောက်တည်း မသုံးဘဲ သူတပါးထံမှ ဘာမှ မျှော်လင့်ချက်မထားဘဲ မျှဝေသုံးစွဲသည့် စာဂ-စွန့်ကြဲဝေငှခြင်းသည်လည်း တစ်သက်စာ အမှတ်ရစေမည့် တရားဖြစ်သည်။ (ဃ) ကိုယ့်ရဲ့ မကျိုး မပေါက်သည့် သီလသည်လည်း ဘ၀အတွက် အမှတ်တရ ဖြစ်စေမည့် တရားဖြစ်သည်။ (စ) ဂုဏ်ပကာသနတွေကြောင့် တစ်ယောက်နှင့် တစ်ယောက် အထင်သေး အမြင်သေးခြင်းမရှိဘဲ တန်းတူညီမျှ ပေါင်းသင်း ဆက်ဆံခြင်းသည်လည်း တစ်သက် အမှတ်ရစေမည့် အမှတ်တရ ဖြစ်သည်။

(၃) သတ္တ၀ါ အားလုံး မွေးပြီးရင် သေကြရမည်ဆိုတာကို သိပြီး လူအချင်းချင်း မာန်မာနကင်း ဣဿာရှင်းပြီး မေတ္တာ မုဒိတာ ကရုဏာစိတ်များ သွင်းကြရမည် ဖြစ်သည်။ ထို့ကြောင့် တတိယအနေနဲ့ တစ်သက်တာ အမှတ်ရစေရမည် အရာသည် သေခြင်းတရားပဲ ဖြစ်သည်။ သတ္တ၀ါတွေဟာ မွေးပြီး မုချသေရမည်၊ သူတို့ရဲ့ အသက်ရှင်တည်နေမှုဆိုတာ မမြဲ (မရဏံ မေ ဘ၀ိဿတိ၊ ဇီဝိတံ မေ အဒ္ဓုဝံ) ဟုသော မရဏဿတိ ဘာဝနာသည်လည်း ဘ၀မှာ တတိယ အနေနဲ့ အမှတ်ရစေရမှာ ဖြစ်သည်။ ထိုသို့ အမှတ်ရနေမှသာလျှင် လူလူချင်း စာနာ စိတ်ရှိပြီး မေတ္တာစိတ်ဖြင့် အချင်းချင်း ကူညီရိုင်းပင်ကြမည် ဖြစ်သည်။ သတ္တ၀ါတွေသည် သေရမည်ဆိုတာကို မေ့နေကြပြီး ဂုဏ်တူဂုဏ်ပြိုင် မာနတွေ၊ တစ်ယောက်၏ ကြီးပွားမှု အောင်မြင်မှု ပြည့်စုံမှုတွေကို မလိုလား မနှစ်သက် ဖျက်ဆီးသည့် ဣဿာတွေ ဖြစ်နေကြသည်။

နိဂုံး
ထို့ကြောင့် အားလုံးသော မွေးနေ့ရှင်တို့သည် မိမိတို့၏ မွေးနေ့ကို အမှတ်တရဖြစ်စေပြီး ကောင်းမှုကုသိုလ်များဖြင့် မွေးနေ့ကို ပုံဖော် အမှတ်တရ ဖြစ်စေနိုင်ကြပါစေ။ သာရဏီယတရားဟု ခေါ်ဆိုသည့် ကာယကံ မေတ္တာ ၀စီကံမေတ္တာ မနောကံ မေတ္တာ သီလစတဲ့ ကောင်းမှုများကိုလည်း အမှတ်တရဖြစ်စေဖို့လိုပါသည်။ နောက်ဆုံး ငါသည် နှစ်တစ်ရာအတွင်း သေရမှာပါလားဆိုတဲ့ အသိစိတ်ဖြင့် တိုတောင်းလှတဲ့ အသက်ရှင်နေသမျှကာလလေးမှာ ကောင်းမှုပါရမီများ ပြုလုပ်ပြီး ဘ၀ရဲ့ အစ အဆုံးကို အမှတ်တရ ဖြစ်နိုင်ကြပါစေကုန်သတည်းးးးးးးးးးးးးးးးး

မွေးနေ့ရှင် May16 သည် “မေလ ၁၆ ရက်နေ့” ရာပေါင်းများစွာ ပိုင်ဆိုင်ပါစေ။
ယနေ့မှ သည် နှစ်များစွာ ပျော်ရွှင် ချမ်းမြေ့ပါစေ၊
“ဟတ်ပီး ဘာ့သဒေး တူ ယူ” ဟူ၍ မြန်မာအသံနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၅-၅-၂၀၁၂

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ရဟန်းခံအလှူတော်မင်္ဂလာ

1

၈.၃.၂၀၁၀ (တနင်္လာနေ့)တွင် ပုသိမ်မြို့ရေကြည်မင်္ဂလာကျောင်းတိုက် ၌ ဒုလ္လဘရဟန်းခံ အလှူတော်မင်္ဂလာကို ကွယ်လွန်သူ ဦးဘစိန်အား ရည်စူး၍ ဇနီးဒေါ်တင်တင်အေး မိသားစု တို့မှ မြေးဖြစ်သူ မောင်လမင်းအား သာသနာဘောင်သို့ရောက်အောင် ချီးမြှင့်ခဲ့ပါတယ်။



ဒုလ္လဘ

ယနေ့ မြန်မာနိုင်ငံ တောရော မြိုပါ နေရာအနှံ့အပြား မှာ နွေရာသီကျောင်းပိတ်ရက်ပဲဖြစ်ဖြစ်၊ သင်္ကြန် ရုံးတွေပိတ်ရက်တွေမှာပဲ ဖြစ်ဖြစ်၊ ဘုန်းတော်ကြီးကျောင်းတွေမှာ သားရှင်ပြု၊ ရဟန်းခံ၊ သမီး နားသ၊ သီလရှင်ဝတ်ပေးခြင်း စသည့် မင်္ဂလာများကို အကြောင်းပြု၍ အလှူကြီးတန်းကြီးတွေနဲ့ စည်ကားလျက်ရှိပါသည်။ ထိုရှင်ပြု ရဟန်းခံပွဲကို ဒုလ္လဘ ရဟန်းပြုပွဲလို့လဲ ခေါ်ဝေါ်ကြသည်။ ဒုလ္လဘဆိုသည်မှာ ရခဲ၏၊ ရဘို့ရန်မလွယ်ကူ၊ လူအနဲစုသာ ရနိုင်၏ စသည်အားဖြင့် အဓိပ္ပါယ်အမျိုးအမျိုးဖွင့်ဆိုနိုင်သည်။ လိုရင်းကတော့ တန်ဘိုးကြီးလို့ ရနိုင်ခဲခြင်းပင်ဖြစ်ပါသည်။ တန်ဘိုးဆိုသည်မှာ ရဟန်းဘ၀ရဲ့တန်ဘိုးနှင့် ထိုဘ၀ကိုရနိုင်ဘို့ ပိုင်ဆိုင်ရသည် ရှေးဘုန်းရှေးကံများပါသည်။ ဘယ်လိုတန်ဘိုးတွေနှင့် ရခဲလှတယ်ဆိုတာ ဆက်ပြောကြရအောင်နော်

ဒုလ္လဘ တရား ငါးပါး
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရား၏အဖြစ်ကိုရခဲခြင်း။
(၂) မနုဿတ္တဘာဝ ဒုလ္လဘ = လူအဖြစ်ကိုရခဲခြင်း။
(၃) သဒ္ဓါသမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံသည့်အဖြစ်ကိုရခဲခြင်း။
(၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။

ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ

နံပါတ် (၄) ရဟန်းအဖြစ်ကို ရခြင်းသည် ခက်ခဲ၏ ရခဲ၏၊ ဘုန်းရှိကံရှိ သူတွေသာလျင် ရဟန်းအဖြစ်ကို ရနိုင်သည်။ ဘုရားပွင့်မှ ဘုရားသားတော် ရဟန်းများပေါ်ပေါက်လာနိုင်၏။ ထိုရဟန်းတော်များရှိမှသာလျင် ရဟန်းအသစ်တပါးအားချီးမြှောက်ရန် အနီးကပ်ကြည့်ရှုစောင့်ရှောက်မည့် ဥပဇ္ဈာယ်ဆရာ၊ ရဟန်းခံရာဝယ် ပါဝင်မည့် ကာရက သံဃာ၊ အနုသာသက၊ ညတ်ကမ္မ၀ါစာဆရာ စသည်များရနိုင်ပါသည်။

ရဟန်းသစ်ကိုယ်တိုင်ကလဲ ပြည့်စုံရမည့် ဂုဏ်ရည်များလိုအပ်ပါသည်။

ထိုဂုဏ်ရည်တို့မှာ---
ရဟန်းလောင်းသည် ယောက်ျားစစ် ဖြစ်ရခြင်း၊
အသက် ၂၀-ပြည့်ရခြင်း၊
တိတ္ထိ ( ဒိဋ္ဌိအယူရှိသူ ) မဟုတ်ရခြင်း၊
ပဉ္စာနန္တရိယ ကံကြီးများ ကျူးလွန်ထားသူ မဟုတ်ခြင်း-စသော အင်္ဂါတို့နှင့် ညီညွတ်သူ ဖြစ်ရ၏။ ခြေလက်အင်္ဂါ ပြည့်စုံရခြင်း၊ အနူနာ၊ တီဘီစသော ရောဂါမျိုးများကင်းစင်ရခြင်း စသည်များအပြင် အခြား သိမ်နှင့်ပတ်သက်သသည့် လိုအပ်ချက်များရှိပါသေးသည်။ ဥပမာ- ဉတ္တိအနုဿာဝနတို့အရ ဉတ်ကမ္မ၀ါစာကို ဌာန်၊ ကရိုဏ်း၊ ပယတ်၊ သိထိလ၊ ဓနိတ ပီသစွာ မှန်မှန်ကန်ကန် ရွတ်ဖတ်နိုင်ရ၏။
သီမာ-အရ သိမ်သည် အောင်အောင်မြင်မြင် သမုတ်ခဲ့သော သိမ်ကောင်းဖြစ်ရ၏။
ပရိသာ-အရ ကံဆောင်သံဃာသည် အနည်းဆုံး ရဟန်းစစ်စစ် ငါးပါးရှိရ၏။ ဤသို့အားဖြင့်ရဟန်းမဖြစ်မီ ပြည့်စုံနေရမည့် ဂုဏ်ရည်များအပြင် ရဟန်းဖြစ်ပြီးသော် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ များစွာရှိနေပါသေးသည်။ ထို့ကြောင့် ရဟန်းဘ၀သည် လွယ်ကူသည်ဟူ၍ မည်သူမျှ မတွေးရဲ့ကြပေ။

ရဟန်းတော်များအား ထောက်ပံ့ခွင့်

ရဟန်းအဖြစ်ကို မဆိုထားဘဲ ရှင်ရဟန်းတို့အား ထောက်ပံ့ခွင့်ရခြင်းသည်ပင် ဘုန်းရှိ ကံရှိသူတွေအတွက်သာ ဖြစ်ပါသည်။ မိထွေးတော် ဂေါတမီက သူ၏ဘ၀သံသရာ ဖြစ်စဉ်ကို ပြန်ကြည့်လိုက်သောအခါ ရဟန်းတော်များအား ချီးမြောက်ခွင့်ရခြင်းသည် နှစ်ဘ၀ပဲရှိသည်ဟု မြတ်ဗုဒ္ဓအား လျှောက်ဖူးသည်၊ တစ်ဘ၀က ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား ပစ္စည်းလေးပါး ထောက်ပံ့ခွင့်ရခဲ့၊ ဒုတိယဘ၀မှာ တော့ ဘုရားရဲ့ မိထွေး(အမေ) အဖြစ်နဲ့ စောင့်ရှောက်ခွင့်ရသည်။

တပည့်တော်တို့ မိန်းမသားဘ၀မှာ ဘုရင့်အမေ၊ မိဘုရားဆိုတဲ့ အမည်ထူးတွေကတော့ ရဘို့ရန် မခဲရင်းပါဘူးဘုရား၊ ဒါပေမဲ့ဘုရား ရဟန်းမယ်တော်၊ ကိုရင့်မယ်တော် ရဟန်းအမဆိုတဲ့ ဘွဲ့ထူးတွေကတော့ အလွန့်အလွန်ကို ရခဲလှပါတယ်ဘုရား။(မိထွေးတော်ဂေါတမီ လျှောက်ခန်း)။မိထွေးတော်ဂေါတမီကို အားကျကာ ဗုဒ္ဓဘာသာဝင်များသည် စာသင်တိုက်ကြီးတွေမှ စာတော်သော ကိုရင်များကို ပစ္စည်းလေးပါး ထောက်ပံ့ခြင်း၊ ရဟန်းခံပေးခြင်းများ ပြုလုပ်ကြသည့်အပြင် ကိုယ့်ရဲ့ ရင်သွေးများ၊ သွေးသားတော်စပ် တူ၊ မြေးစသည်များကို ရဟန်းဘောင်ရောက်အောင် ထောက်ပံ့ပေးကြသည်။

ကိုယ့်ရဲ့ ရင်သွေးများ သွေးသားတော်စပ်သူများအား ရခဲသည့်ဘ၀ကို ရစေခြင်းသည်လည်း မိဘတိုင်းစေတနာ မေတ္တာတွေဖြစ်ပါသည်။ ထိုကဲ့သို့သော စေတနာမေတ္တာများဖြင့် ချီးမြှင့်ပေးခဲ့သော ပုသိမ်မြို့ ရေကြည် မင်္ဂလာ ကျောင်းတိုက်မှ သံဃာတော်များအားလုံး၊ သင်္ကန်းပရိက္ခရာအလှူရှင် ဘုန်းဘုန်း ၊ ညခင်းနှင့် လမင်း တို့၏ အဖွား ရဟန်းဒကာမကြီး ဒေါ်တင်တင်အေး တို့အားကျေးဇူး တင်စွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါတယ်။ ပြုပြုသမျှကုသိုလ် အဖို့ဘာဂကိုလည်း ညခင်းတို့နဲ့ ထပ်တူထပ်မျှရကြစေရန် သာဓုခေါ်ကြပါကုန်။

ညခင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ။

ညခင်းရဲ့လမင်း ဘလော့(၂)နှစ်ပြည့်

19

ညခင်းရဲ့ လမင်းဘလော့ ရဲ့ အမှတ်တရ နေ့လေး ကြရောက်လာပြန်ပါပြီ။
Feb2/2008 နေ့မှာဘလော့စတင်ခဲ့တာ (၂)ပြည့်မြောက်ပြီဖြစ်ပါတယ်။
ဘလော့ကို နေ့စဉ် လာလည် စာဖတ်ကြ သောမောင်နှမများ၊ ဘလော့လေး၏ လိုအပ်တာများ ညွှန်ပြပေးတဲ့ ညီအကိုမောင်နှများ၊ ဆုတောင်းပေးကြသော မောင်နှမများ၊ ကိုလည်း ကျေးဇူး တင်ပါတယ်။ အဆုံးအမများပေးကြသော ဘုန်းဘုန်းများကိုလည်း ဘလော့အမှတ်ရနေ့လေး မှာ ဦးချကန်တော့ရင်း ကျေးဇူးတင်ရှိကြောင်းပြောချင်ပါတယ်။ ညခင်း နှင့် လမင်း တို့ဖတ်မှတ်ထားသမျှများကို ဆက်လက်ဖြန့်ဝေ ဒါနပြုနိုင်အောင် ကျိုးစားပါ့မယ်ရှင့်...။

ဘလော့မွေးနေ့လေးမှာ လက်ဆောင်လေးတွေ ဝေမယ်နော်။
ဘလော့နှစ်ပတ်လည် အတွက် မုန့်ကျွေးခိုင်းတဲ့သူတွေ အတွက် ညခင်း ချက်ပြုတ်နေပါတယ်။ :P



ညခင်း အလုပ်ရှုပ်နေတဲ့ကြားက ဘလော့၂နှစ်သက်တမ်းပြည့် အထိမ်းအမှတ်ပို့စ်လေးကို ဖြစ်သလို ရေးရပေမဲ့ အရမ်းပျော်နေပါတယ်။ ညခင်းလိုပဲ အားလုံးသော မောင်နှမများလည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ပျော်ရွှင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း



Happy Birthday (For Lamin)

7

Perfect Birthday

On your birthday I wish you much pleasure and joy;
I hope all of your wishes come true.
May each hour and minute be filled with delight,
And your birthday be perfect for you!


HAPPY BIRTHDAY TO YOU

16

တီလေးညခင်း ရဲ့ ၁၆ရက်မေမှာကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘ၀ကိုအေးချမ်းသာယာမှု ကျန်းမာခြင်း၊ပျော်ရွှင်ခြင်း၊တက်ကြွခြင်း၊အေးမြခြင်း ၊လန်းဆန်းမှုတွေနဲ့အတူ တီလေးဘ၀အမြဲအေးမြပါစေ -စိတ်ညစ်မှု ဟူသမျှ မြူမှုန်လေးမျှ မကျရောက်ပါစေ နဲ့ လို့ ချစ်တူလေး ဆုမွန်ကောင်းတောင်းပါတယ်--

တီလေးမွေးနေ့ရောက်တော့ ကျနော်ကျွေးမွေးဧည့်ခံမှု တာဝန် ယူရမယ်လေ-မွေးနေ့ကိုလာမယ့် သူငယ်ချင်းတွေ၊မိတ်ဆွေတွေ ညီအကိုမောင်နှမအားလုံး အဆင်ပြေပြေနဲ့ စိတ်ကြိုက်သုံးဆောင်နိုင်အောင် လမင်းက တီတီကိုယ်စား အားလုံးကို လိုလိုသေးမရှိအောင် ကျွေးမွှေးဧည့်ခံပါတယ်--တီလေးမွေးနေ့ကိုလာရင်း အိမ်လေးကိုလာကျတဲ့ ညီအကိုမောင်နှမအားလုံး အားရပါးရသာသုံးဆောင်ကြပါလို့ တီလေးကိုယ်စားကျနော်ကပဲပြောဆိုပါရစေ--

ပထမဆုံးတော့ တီလေးအတွက် မွေးနေ့ ကိတ်လေး စီစဉ်ပေးပါမယ်-ဒါကတော့တီလေးအတွက်မွေးနေ့ ကိတ် လေးပါ


ဒါကတော့ တီတီလေးမွေးနေ့ကို ကြွရောက်ချီးမြှင့်ချတဲ့ ညီအကိုမောင်နှမတွေ သုံးဆောင်ဖို့ အားမနာတမ်း
ဝါးတီးဆွဲလို့ ရတယ်--





အားလုံးသော မောင်နှမအားလုံး တီတီလေးမွေးနေမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေ ရရှိကြပါစေလို့


ရွှင်လန်းချမ်းမြေ့ကြပါစေ။
Happy birthday to you - HAPPY BIRTHDAY


လမင်း

ညခင်းရဲ့ မွေးနေ့အစီအစဉ်

14


ညခင်း ရဲ့ မွေးနေ့လေးမနက်ဖြန် မေ(၁၆)ရက် ဆိုရောက်ပါပြီ.... နှစ်စဉ်နှစ်တိုင်းမွေးနေ့ ဆို ဘာလုပ်ရင်ကောင်းမလည်း ... ကြိုတင်စဉ်းစားရတာ အမောပါ...ဒီနှစ်မှာတော့ စိတ်ညစ်ညစ်ရှိတာနဲ့ ဘာမှ စဉ်းစားမထားပါဘူး... နှစ်စဉ်လည်း မိဘဘိုးဘွားတွေကို ကန်တော့ခြင်း၊ ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ခြင်း နှင့် ခင်မင်တဲ့မောင်နှမများ စားချင်တာကို ချက်ကျွေးခြင်း ဒါနများ လုပ်ခဲ့ပါတယ်။ ဒီတော့....ဒီနှစ်လည်းဒီအတိုင်းပဲ အလှူဒါန ပြုရင်း...ခင်ပွန်းကြီး (၁၀)ပါးအား လည်း ၀န်ချ တောင်းပန်မှာဖြစ်ပါတယ်။
ဝန်ချတောင်းပန်နည်းစာအုပ်လေး ညခင်းလက်ထဲရောက်နေတာ ကြာပါပြီ...မလုပ်ဖြစ်ခဲ့ဘူး။ ကန်တော့ တောင်းပန်နည်းလေးကိုလည်း ဘလော့မှမောင်နှမများ အားပြန်လည်းမျှဝေပေးမယ်နော်...။
ဝန်ချတောင်းပန် အဓိဌာန်နည်း...။
သတ္တ၀ါတို့၏ ချမ်းသာအကျိုးကိုသာ လမ်းညွန်တော်မူသော မြတ်စွာဘုရား၊ ဘုရားတပည်တော်/မ သည် ခင်ပွန်းကြီး ၁၀ပါး နှင့် အကြောင်းစပ်၍ သံသရာ၌ သော်၎င်း၊ ယခု ပစ္စုပ္ပန်၌သော်၎င်း၊ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ထိုခင်ပွန်းကြီးများအား ပြစ်မှားခြင်း များစွာရှိလျှင် ပစ္စုပ္ပန်သံသရာ၌ ဆိုးကျိုးများ အမှန်ဆက်ကာဆက်ကာ ရမည်ဟု ယုံကြည်လက်ခံပါ၏...။ကောင်းစွာ နှလုံးသွင်းပြီးပြီဖြစ်ပါသည်။ သံသရာဘ၀များစွာမှတော်စပ်ခဲ့သော ခင်ပွန်းကြီးများနှင့် ယခု ပစ္စုပ္ပန် ၌တော်စပ်လျက်ရှိသော ခင်ပွန်းကြီးတို့ အား အပြစ်ကြီးအပြစ်ငယ်တို့ ယခုပစ္စုပ္ပန်၌သော်၎င်း၊ အနာဂတ်သံသရာ၌သော်၎င်း ဆိုးကျိုးများပေးခြင်းမှ လွတ်ကင်းလိုသော အကျိုးငှာ (ယနေ့မှစ၍) ကောင်းစွာနှလုံးသွင်း ယုံကြည်စွာဖြင့် နေ့စဉ် တနေ့လျှင် အနည်းဆုံးတစ်ကြိမ် မပျက်မကွက် အသက်ထက်ဆုံး မှတ်ဥာဏ် မပျက်စီးသရွေ့ ၀န်ချတောင်းပန်ခြင်းပြုမည် ဖြစ်ပါကြောင်း လျှောက်ထား အဓိဌာန်တင်ပါသည်ဘုရား။
ခင်ပွန်းကြီး (၁၀)ပါး…ပါဌိလို ကန်တော့ရန် ဂါထာ။
ဗုဒ္ဒ္ဒ္စါ ပစ္စေက ဗုဒ္ဒ္စါစ
အရဟာ အဂ္ဂ သာဝကာ
မာတာပိတု ဂုရုသတ္တာ
ဓမ္မဒေသကာ စ ဒါယကာ
က္ကုမေ တေစ မဟာဂုဏေ
အဟံ ၀ိန္ဒာမိ သဗ္ဗဒါ။
ကန်တော့ ၀န်ချတောင်းပန်နည်း။
အနှိုင်းမဲ့ ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော( မြတ်စွာဘုရား )….တပည့်တော်/မသည်သံသရာ ဘ၀ပေါင်းများစွာ ၌သော် ၄င်း၊ ယခု ပစ္စုပ္ပန် ဘ၀ ၌သော် ၄င်း၊( မြတ်စွာ ဘုရားအဆူဆူ)တို့ အပေါ် ၌ သိ၍ဖြစ်စေ၊ မသိ၍ ဖြစ်စေ ကာယကံ ၀စီကံ မနောကံ တို့ဖြင့် ပြစ်မှား စော်ကားခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့ပါလျှင်၊ ထို ကျူးလွန်ခဲ့သော အပြစ်ကြီး အပြစ်ငယ်များကို ယခုအခါကောင်းစွာ နှလုံးသွင်း ယုံကြည်စွာဖြင့် ၀န်ခံ ပါ၏ ၊ ၀န်ချပါ၏ ၊ တောင်းပန်ပါ၏ ၊ ကန်တော့ပါ၏ ၊ဘုရားတပည့်တော်/ မ အားသည်းခံခွင့်လွတ်ပါရန် တောင်းပန်အပ်ပါသည်။ ၀န်ချတောင်းပန်ခြင်းမှန်သော စွမ်းအားကြောင့် ဆိုးကျိုးပေးဆဲ ဆိုးကျိုးပေးလတ္တံ သော စွမ်းအား သတ္တိတို့သည် ယခုပင်ပျက်ပြယ်ရန့်တန့်၍ ကောင်းကျိုး ချမ်းသာ အလုံးစုံ ခံစား ရရှိပါစေသတည်း။
လှူဒါန်းရန်။
(၁) ဖယောင်းတိုင် ၁၀တိုင် (သို့မဟုတ်) တစ်ပေါင်းတစ်စု ၁၀ပါးအတွက် တစ်တိုင်။
(၂) အမွေးတိုင်။
(၃) နှစ်သက်ရာ ဆွမ်းဘောဇဉ်ငါးပါးမှ တစ်ပါး (သို့မဟုတ်)ငါးပါးလုံး။
(ဆွမ်း ထမင်း၊ အသားဟင်း၊ ငါးဟင်း၊ ဂျုံနှင့်လုပ်သောမုန့်၊ ဆန်နှင့်လုပ်သောမုန့်)
(၄) ခဲဖွယ် ( အသီးအနှံအမျိုးမျိုး၊ အဥ အဖု၊ အညွန့်အတက်၊ အမြစ်အမျိုးမျိုး)
(၅) တိရိစ္ဆာန်များအားအစာကျွေးခြင်း၊
(၆) မိတ်သင်္ဂဟများ (သို့မဟုတ်) ခင်ပွန်းကြီးများ သက်ရှိထင်ရှားရှိပါက အာဟာရ ဒါနမှ အစစွမ်းနိုင်သော ဒါနများ ပြုရန်။
(၇) ကုသိုလ်အဖို့ဘာဂ ကို အမျှပေးဝေရန်။

ခင်ပွန်းကြီး၁၀ပါး အကြောင်း အကျိုးအပြစ်ကို ပိုစ့်တစ်ခု ရေးခဲ့ပြီးပါပြီ။
(http://www.nyahkinyaelamin.com/2008/12/blog-post_4710.html)
ရေးခဲ့ပြီးနောက်ပိုင်းလည်း နေ့စဉ် ခင်ပွန်းကြီး(၁၀)ပါးအား ဦးချ ကန်တော့ဖြစ်ပါတယ်။ကဲ.... ဒါကတော့ ညခင်းရဲ့ မွေးနေ့ အတွက် အစီအစဉ်လေးပါ။ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဖို့ ဈေးကို သွားအုံးမယ်နော်။မနက်ဖြန်ကျရင် ညခင်းတို့အိမ်မှာ...ထမင်းပေါင်း နဲ့ အအေး တိုက်မယ်။ လာခဲ့နော်။
လိပ်စာကတော့......www.nyahkinyaelamin.com ဆိုရောက်ပါတယ်။  ဟဲဟဲ

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

ဘလော့ဂ်လေး တစ်နှစ်ပြည့်

0


“ဘလော့ဂ်လေး တစ်နှစ်ပြည့်သွားပြီး———-အော်ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်လာပြီပဲ—

တီလေးကအောက်မှာရေးထားတဲ့အတိုင်းပဲနော်–တီလေးပြောတာတွေ အကုန်လုံး လမင်းပြောချင်တာနဲ့ 

တူတူပဲ–လမင်းက မွေးနေ့ ပွဲမှာလာရောက်လည်ပတ်မယ့် သူငယ်ချင်းတွေအတွက် အစားအသောက်များနဲ့

ဧည့်ခံဖို့ တာဝန်ယူထားပါတယ်–လာရောက်လည်ပတ်ကြတဲ့မောင်နှမတွေ အားရပါးရသုံးဆောင်ကြပါလို့

လက်ဆောင်ပစ္စည်း အဖြစ် ကွန့် မန့်နဲ့ စီဘောက်မှာအောဟစ်တာများကို ယူပါမယ့်–ကျန်တဲ့လက်ဆောင်

တွေတော့မယူတော့ဘူးဟီး –ကဲ -သုံးဆောင်ကြရအောင်“


ဒါကတော့ဘီယာကြိုက်သော ဘလော့ဂ်က ကိုကိုနှင့်မမများအတွက်

ဘီယာနဲ့ မြည်းဖို့  ဒါကတော့ ကြက်ကြော် တွေ-မသောက်တတ်တဲ့သူလဲ အမြည်းစားလို့ ရတယ် အားမနာတမ်းသာကြိတ်ပါ

ဒါကတော့ ၀ိုင်ကြိုက်သော ကိုကိုမမတို့ အတွက်ပေါ့–၀ိုင်ချိုချိုနဲ့ ခါးခါးလေးမှ နှစ်သက်တဲ့သူတို့အတွက် သုံးဆောင်နော်


ဝိုင်မသောက်ချင်ဘူး KFCမှစားချင်တယ်ဆိုရင်တော့ ဒီမှာ–သုံးဆောင်ပါ

ကဲ –လာရောက်လည်ပတ်ကျသောမောင်နှမအားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာကြပါစေ–

ညခင်းနဲ့ လမင်းဘလောဂ်ကအပြန်မှာ –ကားလဲမူးမမောင်းကြနဲ့ –အင်တာနက်ပေါ်လဲယိုင်ပြီးမတက်ကြပါနဲ့

အားလုံး ၁နှစ်ပြည့်အထိမ်းအမှတ်လေးကို ကြွရောက်ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်–

ဖေဖော်ဝါရီ ၁ရက်နေ့(အမှတ်တရ)

0

ညခင်းရဲ့ လမင်း ဘလော့ လေး စတင်ခဲ့တာ တစ်နှစ်ပြည့်ရန် ……

တင်ဇာမော် သီချင်းလိုပဲ စွဲလန်းမှုပြသသနာ…လေ။ ဆိုပြတော့ဘူးနော်…။ ဘလော့လာလည်တဲ့ သူတွေ ထွက်ပြေးကုန်မှာစိုးလို့..။

သူများတွေကတော့ဘာကို စွဲလန်းလဲသိဘူး၊ ညခင်းကတော့ အင်တာနက်ကြီးထဲက ညခင်းရဲ့လမင်းဘလော့လေးက ပြုစားနေပြီ။ ဒီစွဲလန်းမှုရဲ့ ဒုက္ခက မသေးဘူးနော်။မနက် ၁၀နာရီမှ ညနေ ၆နာရီအတွင်း ရောက်ယှက်ကိုခပ်နေအောင်လုပ်ရတာ။ အလုပ်တစ်ဘက်နဲ့သူမိုလို့ အလုပ်လဲ မလစ်ဟင်းရအောင် ကိုယ်ရေးထားတဲ့ ဘလော့လေး လဲမလစ် ဟင်းရအောင်နဲ့ ဆပ်စလူးကိုခါနေတော့တာ ပါဘဲ။ ဒီကြားထဲ အခုတစ်လော နက်မကောင်းတော့ ပိုဆိုးပါတယ်။ freedom နဲ့ကျော် ဟို proxy နဲ့ကျော် ဟိုကျော်ဒီကျော်။ တစ်ခါတစ်လေများ ဖျက်ပစ်ဖို့ ထိ စိတ်ကူးတယ်။ ဒီဘလော့ကြောင့်ပဲ တူအရီးနှစ်ယောက် ရန်ဖြစ်ရတာ လဲ အမောပါဘဲ။ သံယောဇဉ်ရှိရင်းစွဲမို့လို့ပေါ့။

အဲလိုနဲ့ လိမ်ဖယ်လိမ်ဖယ်နဲ့ ရေးလာခဲ့တာ မနက်ဖန် ဖေဖော်ဝါရီ ၁ရက်နေ့ဆို တစ်နှစ်ပြည့်ခဲ့ပါပြီ။ ပိုစ့်ပေါင်း ၂၄၂-ခု၊ ရေးသားခဲ့ပြီးပါပြီ။ ပထမဆုံး လိပ်စာလေးကတော့ www.nyahkinyaelamin.blogspot.com ပါ၊ ၂၀၀၈ခုနှစ် သြဂုတ်လမှာ တော့ Wordpress သို့ပြောင်းခဲ့ပါတယ်။ www.nyahkinyaelamin.iblogger.com အခုလိပ်စာ လေးပေါ့။ Wordpress လေးနဲ့လည်း ရင်းနှီးအောင် တူအရီးနှစ်ယောက် တော်တော်ကြိုးစားခဲ့ရတယ်။ဒီကြားထဲပျက်မလိုဖြစ်လို့ စိတ်ညစ်ခဲ့ရပါသေးတယ်။ အဲဒီ နောက်မှာတော့ စာတွေကို backup လုပ်ထားရင်း www.nyahkinyaelamin.co.cc လေးကိုလည်းဖန်တီးဖြစ်ခဲ့တယ်။

အခုလို တစ်နှစ်တာ ကာလအတွင်းမှာ ဘလော့နဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတွေ တော်တော်လေးရခဲ့တယ်။မနက်ဆို ကွန်ပျူတာရှေ့ရောက်တာနဲ့ ဘယ်သူတွေများ ဘာပြော သွားခဲ့ကြမလဲ။ပိုစ်လေးကရော… စီဘောက်လေးထဲမှာရော… နဲ့အိမ်လည်သွားလို့…..ဖိတ်ခေါ်လို့ လာလည်ကြတာလား၊ ကိုယ်မရောက်ဖြစ်ပေမဲ့ အမြဲလာအားပေးတာ ရော ဘယ်နှစ်ယောက်လဲ ရေတွက်ရတာ အမောပါ။ ကိုးလို့ကန့်လန့်ပြောသူတွေ နဲ့လည်းကြုံခဲ့ရဘူးတယ်။ ဒီကြားထဲ ကိုယ်ရဲ့ဘလော့လေးက စာတွေကို ကူးယူပြီး ခပ်တည်တည်နဲ့ ဖိုရမ်တစ်ခုပေါ်တင်ထားတာမျိုး၊ forword mail နဲ့ ပို့လို့ ကူးယူတာမျိုးရောပေါ့ ။ စုံလို့ပါပဲ။

ညခင်းနဲ့လမင်းမှာ တစ်နေ့တစ်ခြား ဒီဘလော့လေးက တာဝန်ကြီးလာပါတယ်။ လမင်းလဲ စာတွေများလာတဲ့အတွက် အချိန်ကိုလုနေရပါပြီ။ အိမ်လည်ဖို့တွေလဲပျက်ကွက်တာ ရှိတာပေါ့။ ညခင်းနဲ့လမင်းမရောက်ဖြစ်ပေမဲ့ အမြဲအားပေးနေတဲ့ အစ်ကိုညီမမောင်လေးများလည်း ရှိနေပါတယ်။ ဘလော့ မောင်နှမများရဲ့ ချစ်ခင်စွာ အားပေး လက်တွဲခေါ်ယူမှုကြောင့် ဒီလောက် ခရီးရောက်ခဲ့တယ်လို့ဆိုရပါမယ်။ အားလုံးသောမောင်နှမများ ကျေးဇူးတင်ပါတယ် လို့ပြောပါရစေ။

ညခင်း ရင်ထဲ ရှိတဲ့ အလှအပအကြောင်းအရာလေးများ၊ ရင်ထဲခံစားချက်များ၊ ဗဟုသုတများ၊ မှတ်စုလေးများကို ရိုးသားစွာ ဖော်ထုတ်ပြသခွင့်ရတဲ့အတွက် ကြည်နှုးမိပါတယ်။ ဒီဘလော့လေးကို ညခင်းနဲ့လမင်းတို့ ဖန်းတီးနေတာ ဘာနဲ့တူသလဲဆိုရင် မိန်းမငယ်လေး တစ်ဦး သနပ်ခါးလူးတာ နဲ့တူပါတယ်။ နေ့တွေညတွေ ဘယ်လိုပြောင်းပြောင်း အလှမပျက်သနပ်ခါးဖက် လျှက်လို့ ဆိုရပါမယ်။ ဒီဘလော့လေး စတင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့

စာရွက်ဗလာပေါ်မှာ

မြစ်တစ်စင်း တင်လိုက်ခြင်းပါ…

အဲဒီမြစ်မှာ

မျှော်လင့်ချက် ရည်ရွယ်ချက်

အိမ်မက်တွေ ထည့်သွင်း လိုက်တဲ့ အခါ…………


ကောင်းကင်ကကြည်လင်နေဦးမှာပါ….မြေသားကလည်းခိုင်ခံ့သေချာနေဦးမှာပါ…. လတ်ဆတ် တဲ့ လေပြည်၊ စိမ်းသစ်တဲ့ သဘာဝတရား အမြဲထာဝရ တည် ရှိနေဦးမယ်…အဲဒီ အချိန်တွေ ထဲက ကျွန်မတို့ ဘာတွေများ ရယူနိုင်ကြဦးမလဲ…ကိုယ်အတွက်ကိုယ်ပတ်ဝန်းကျင် အတွက် ဘာတွေများ စွမ်းဆောင် ပေးနိုင်ကြဦးမလဲ…စဉ်းစားရင်း

ဘ၀ဆိုတာ အသစ်အသစ်သော အရာတွေနှင့် အကောင်းဆုံးတည်ဆောက်ခွင့် တွေဖန်တီး ရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိသေးတဲ့ အခြေအနေတစ်ခု ဖြစ်တယ်ဆိုတဲ့ အကြောင်း….


ဘ၀ဆိုတာချစ်စရာကောင်းတဲ့ နံနက်ခင်း တွေမှာ လမ်းလျှောက်ထွက်ခြင်း လို့သာ ယူဆနိုင်မယ်ဆိုရင်…လတ်ဆတ် တဲ့လေကို ရှုရှိုက်၊ ကျယ်ပြန့်လွင့်မျောတဲ့ ကောင်းကင်အောက်မှာ ခဏတာ အတူတကွ လမ်းလျှောက် ထွက်ကြရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖတ်မိတဲ့ လူတိုင်း အတွက် ရသမြောက်စွာ ခံစားနိုင်စေဖို့ မျှဝေခံစားခြင်း ဖြစ်ပါတယ်လို့…..ပြောရင်း ဘလော့လေး ရဲ့ တစ်နှစ်မြောက်နှစ်ပတ်လည် မှသည် ဆက်လက် ကြိုးစားပါဦးမယ်လို့ ဆန္ဒပြုရင်း…

အားလုံးကိုချစ်ခင်လေးစားလျှက်…

ညခင်း


HAPPY NEW YEAR 2009 စလိုက်ရှိုး

3

၂၀၀၈ ခုနှစ်ကုန်ဆုံး ၍ နှစ်သစ် ဖြစ်တဲ့ ၂၀၀၉ခုနှစ် ကို မကြာမီအချိန်မှာ ရောက်ရှိတော့  မှာပါ…။နှစ်သစ်ကူးညအတွက် ကြိုတင်ပြင်ဆင်ပြီး ရင်ခုန်နေကြပြီလား။ ညဆယ်နှစ်နာရီ မထိုးမချင်း ရင်တွေခုန်ပြီးတော့ စိတ်လှုပ်ရှားနေရတာ၊ စက္ကန့်တွေရေတွက်ပြီး နှစ်သစ်ကို ကြိုဆိုရတဲ့ အရသာက အရမ်းပျော်စရာကောင်းပါတယ်…။ဒီနှစ်တော့ ဘလော့ကာ မောင်နှမတွေ ရဲ့ ဓာတ်ပုံလေးတွေ မ၀ါ ကဖိတ်ခေါ်ထားတဲ့ အတွက် စိတ်ဝင်စားစရာ လည်းကောင်း၊ ခင်မင်သူများရဲ့ ပုံရိပ်လေးများကို မြင်ရမယ်ဆိုတော့ ပျော်စရာကောင်း၊ New Year Night လေးက တော်တော် ပျော်ဖို့ကောင်းမှာပါ…။ဘလောဂ်မှ မောင်နှမများ ပျော်ရွှင်စေရန်ရည်ရွယ်ပါတယ်။

မမ၀ါရဲ့ ဘလော့မှ စလိုက်ရှိုးကို ကြည့်ရှုပြီးမှ ညခင်း တို့ ရဲ့ စလိုက်ရှိုးကို ကြည့်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဟဲဟဲ…ပြီးရင်တော့…အဖြေထွက်လာမှာပါ။
ဘလော့ကာ ကိုကိုများသည် ရုပ်အလွန်ဆိုး ၍ မမနဲ့ ညီမလေးများသည် ချောမေလှပကြောင်း သိရှိပြီးသကာလ…. မနာလို မဖြစ်ကြပါရန်တောင်းပန်အပ်ပါသည်။



ဒီစလိုက်ရှိုးလေး ကတော့ အစ်မ၀ါဝါခိုင်မင်း ရဲ့ စလိုက်ရှိုးလေးပါ။ ဘလော့ကာမောင်နှမ အချောအလှလေးတွေပေါ့။


Birthday Poem

1


Birthday Poem For Nephew

I'm fortunate, and I'm glad
I got you for my Nephew;
Even if I had the chance,
I wouldn't pick another.

I'm happy you're in my life;
You're my winner, come what may.
May your birthday wishes come true
On your very special day.

မွေးနေ့ကိတ်

0


*****လမင်းရေ .....၁.၇.၂၀၀၈ မှ ကျရောက်သော မွေးနေ့အတွက်
မွေးနေ့ကိတ်နော်******





နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers