Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

အမွေပေးပါ...

3

ဓမ္မရံသီမဂ္ဂဇင်း အမှတ်စဉ် ၁၅၀ တွင် ဆရာမောင်အေးနှစ် (ပညာရေး)၏ အမွေပေးပါ ဟူသော ဆောင်းပါးအဟောင်းလေးကို အမှတ်မထင်ဖတ်မိလိုက်ရတဲ့အခါ...ဒီပိုစ့်လေးဖြစ်ပေါ်လာပါတယ်။

ဒီဆောင်းပါးလေးမှာ...ဘာသာခြား မိဘများသည် သူတို့၏ ရင်သွေးငယ်များကို ဘာသာတရား  အကြောင်းကို နှံနှံစပ်စပ် မဟုတ်စေကာမူ မေးလာသူတို့ ကျေနပ်အောင် ပြန်လည်ဖြေဆိုနိုင်အောင် သင်ထားပေးကြတယ်။ သူတိုကလေးတွေကလည်း ဖြေဆိုနိုင်ကြကြောင်း၊

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် သားသမီးတို့မှာ အများစုက ဘာသာရေးကို နားလည်သယောင်နှင့် ဟုတ်တိပတ်တိနားမလည်ကြကြောင်း၊ လုံးလည်ချာလည်ဖြစ်နေကြောင်း ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်များ ဖြစ်ကြသော သားသမီးများကို စာသင်ကျောင်းများတွင် ဘုရားရှိခိုးပုံကအစ ဘာသာတရားအကြောင်းကို အလေးအနက် သက်ဝင်ယုံကြည်လာအောင် နေ့စဉ် အချိန်ရသလောက် လေ့ကျင့်သင်ကြားပေးသင့်ကြောင်း ဟူ၍ဖြစ်ပါသည်။ဆရာမောင်အေးနှစ် (ပညာရေး) ကြုံတွေ့ခဲ့ရသော အဖြစ် များကိုရေးသားထားပါတယ်။

ဒီဆောင်းပါးကိုဖတ်ရတဲ့အခါ..သူငယ်ချင်းတစ်ဦးပြောပြတာတွေကိုပြန် သတိရမိတယ်။ ဘာသာခြားတစ်ဦးနဲ့ တခန်းထဲနေထိုင်တဲ့အခါ ကိုးကွယ်တဲ့ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ ယုံကြည်မှုကို ဆွေးနွေး မေးမြန်းပါသတဲ့။ သူသည် ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ သေချာပြည့်စုံစွာရှင်းမပြနိုင်ခဲ့ကြောင်း၊ အခုဆိုရင်တော့ အင်တာနက်ပေါ်မှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ဘလော့လေးတွေ ဆိုဒ်တွေ ပေါ်ပေါက်လာတဲ့အတွက် ပြန်လည်လေ့လာ ရှင်းပြနိုင်အောင် သူကျိုးစားနေရတဲ့အကြောင်းပြောပြပါတယ်။

ဗုဒ္ဓဘာသာဝင် တစ်ဦး အနေဖြင့် အနည်းဆုံး သရဏဂုံ၊ အဓိပ္ပါယ် သြကာသကန်တော့ခန်းပါ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး စသည်တို့၏ အဓိပ္ပါယ်နှင့် ငါးပါးသီလ အဓိပ္ပါယ်တို့ကို သိထားသင့်ပါသည်။ ထိုမှ တစ်ဆင့် ဘုရားဖြစ်တော်စဉ် ပဋိသန္ဓေနေသော နေ့၊လ၊ ခုနှစ် မွေးဖွား ရာ ဒေသ၊ ပရိနိဗ္ဗာန်စံသော ဒေသ ခုနှစ်၊လ ၊ရက်တို့ကို သိထားသင့်ပါသည်။ ထို့နောက် ဗုဒ္ဓ၏ အနှစ်ချုပ် သြ၀ါဒဖြစ်သော မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုသည်ကိုလည်း သိထားသင့်ပါသည်။ တဖက်သား သဘောပေါက်သည် အထိပြောပြနိုင်ရပါမည်။ သို့မှ သာ မိမိတို့ ကိုးကွယ်သည့် ဘုရား ၊ ဘာသာသည် မည်သို့ဆိုတာကိုပြောပြရှင်းပြနိုင်ပါမည်။သူများရှိခိုးလို့ ရှိခိုးရ ၊ သူများလှူလို့သာ လှူရ ကြောင်းကျိုးတရား ကို မသိကြဖြစ်နေကြမည်သာဖြစ်သည်။

ထိုသို့သော သူများယောင်ကို ကိုယ်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုသလိုကိုယ် ကိုးကွယ် သည့် ဘာသာ၏ အနှစ်သာရကို မသိ၊ နှစ်နှစ်ကာကာ ယုံကြည်မှုဆိုတာ မရှိ၊ ဖြစ်နေတော့မည်သာဖြစ်သည်။ ဒီလို အဖြစ်မျိုးတွေ မရှိအောင် ကလေးငယ်များအား မိဘများ ဆရာသမားများ သာသနာဝန်ထမ်းရဟန်းတော်များမှ အချို့သော မြို့ရွာတို့၌ ယဉ်ကျေးမှုသင်တန်းများ၊ ဗုဒ္ဓအဘိဓမ္မာ သင်တန်းများကို သင်ကြားပို့ချ ပေးနေသည်ကိုတွေ့ရသည်မှာ ကြည်နှုးစရာကောင်းပါသည်။ ထိုသင်တန်းများသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် မျိုးဆက်သစ်များအတွက် ဘာသာရေး အသိပညာများ ထွန်းတောက်ဖို့ရန် နေမင်းကြီး သဖွယ်ပင်ဖြစ်ပါသည်။

အမရပူရ၊ မဟာဂန္ဓာရုံဆရာတော်ကြီး၏ ကလေးအရွယ်၊ လိမ္မာနှင့်ပါမှ၊ကြီးရင့်က လိမ္မာမည် ဟူသော သြ၀ါဒသည် မှန်ကန်လှပေသည်။ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မျိုးဆက်သစ်ကလေးများအား ဘာသာ၊ သာသနာ  အမွေပေ့းကြကုန်သော မိဘ၊ဆရာ၊ ဆရာသမားအပေါင်းတို့အား  ကျေးဇူးတင်သောအားဖြင့် ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။

ဘုန်းကံကြီးမား မြတ်ဘုရားသာသာနာတော်ကို ဘုန်းကံကြီးမားသူများ မှီခိုခွင့်ရတယ်။
ဘုန်းကံကြီးမား မြတ်ဘုရားသာသာနာတော်ကို ဘုန်းကံရှားပါး သူများ မှီခိုခွင့်မရဘူး။
ဘုန်းကံကြီးမား မြတ်ဘုရားသာသာနာတော်ကို ဘုန်းကံကြီးမားသူများ ထောက်ပံ့ခွင့်ရတယ်။
ဘုန်းကံကြီးမား မြတ်ဘုရားသာသာနာတော်ကို ဘုန်းကံရှားပါးသူများ ထောက်ပံ့ခွင့်မရဘူး။
(ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရား )


ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အဖေ

12

၎နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
၅နှစ်.......ငါ့ဖေဖေကြီး မသိတာ ဘာမှ မရှိဘူး။
၆နှစ်.......ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ။
၈နှစ်.......တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး။
၁၀နှစ်......အင်း အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊ သူက အသက်သိပ်ကြီးပြီိဆိုတော့ ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး။
၁၄နှစ်......အဖေတော့ ထည့်ပြောမနေနဲ့ ၊သူက ရှေး ရိုးသမားကြီး။
၂၁နှစ်.....အဘိုးကြီးလား.....ထားပါ။ အောက်နေပြီ။ လုံးဝအောက်နေပြီ။
၂၅နှစ်.....အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်။ မသိလို့လည်း မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။
၃၀ နှစ်....အဖေကို နည်းနည်းပါးပါး မေးမြန်းကြည့်ရင်ကောင်းမယ်ထင်တယ်။ ဘာပဲပြောပြော သူက အတွေ့အကြုံအများကြီးရှိတယ်။
၃၅နှစ်.....အဖေနဲ့ တိုင်ပင်ပြီးမှ ပဲ ဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်။
၄၀....အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲမသိဘူး၊ အဖေက အတွေ့အကြုံစုံတယ်။ အမြော်အမြင်လည်းရှိတယ်။
၅၀.....ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိ မထားခဲ့မိတာ သိပ်နှမြောစရာကောင်းတယ်။ တကယ်ဆို ငါ့အဖေဆီက အများကြီး ရလိုက်ဖို့ကောင်းတယ်။
ဖေမြင်(့ နှလုံးသားအာဟာရ)စာအုပ်လေးမှ ဘာသာပြန် ရသ စာလေးဖြစ်ပါတယ်။အဖေ ဆိုတဲ့ စာလေးကိုဖတ်လိုက်ရတော့ မကြာသေးခင်က ကွယ်လွန်သွားသော အဘိုးဖြစ်သူအား သတိရသွားပါတယ်။ ဒီစာထဲကလိုပဲ အဘိုးရှိတုန်း ...သူ့ရှိက ပညာတွေ အများကြီး ရလိုက်အောင် ကြီုးစားသင့်တယ်လို့ နောင်တ ရမိတယ်။
ညခင်း

ဘ၀ကို ပြန်လည်ဆန်းစစ်ခြင်း။

2

လူ့ဘ၀ကို ဖြတ်သန်းလာခဲ့ကြရာတွင် အကြမ်းအားဖြင့် အရွယ်သုံးပါးကို ဖြတ်သန်းကြရသည်။ တစ်နည်းဆိုရသော် ပထမအရွယ်၊ ဒုတိယအရွယ် ၊ တတိယအရွယ် တို့ကိုဖြတ်သန်းခဲ့ကြရသည်။

ပထမအရွယ်နှင့် ဒုတိယအရွယ်တို့ ၌ လူ့ဘ၀တွင် လှုပ်ရှားဆောင်ရွက်မှု၊ အမှု ကိစ္စများခြင်းသည် သဘာဝဖြစ်၏။ ပညာ၊ ဥစ္စာ ရှာဖွေစုဆောင်းသည့် ...ဘ၀...ကာလအပိုင်းအခြားလည်းဖြစ်သည်။ မိမိဘ၀ရပ်တည်ဖူလုံရေးအတွက် စိတ်ဇောသန်သန်ဖြင့် ရုန်းကန် လှုပ်ရှားရသော ကာလလည်းဖြစ်သည်။

္ဒထိုဘ၀အဆစ်အပိုင်းတွင် လူသည် အောင်မြင်မှုရနိုင်သကဲ့သို့ ဆုံးရှုံးမှုလည်းဖြစ်နိုင်သည်။ လူအများစုတို့၏ တစ်သက်တာ အောင်မြင်မှု၊ ဆုံးရှုံးမှုတို့ကို အဆုံးအဖြတ်ပေးသည့် ဘ၀အပိုင်းအခြားလည်းဖြစ်လေသည်။

တတိယအရွယ်ရောက်သည့်အခါ အောင်မြင်မှုတို့လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး၊ မအောင်မြင်မှုတို့လည်း တက်ကြွသည့် အရှိန်အဟုန်လျှော့ပြီ။ ထိုအချိန်တွင် မိမိဘ၀ကို ပြန်လည်ရှုမျှော်သုံးသပ်မှုကိုပြုမိကြသည်။ ဇောပေါင်းများစွာ ကွာကျသွားသည့် တတိယအရွယ်သို့ရောက်မှသာ မိမိ ဘ၀ ကို ပြန်လည်ဆင်ခြင် စိတ်ဝင်လာလေ့ရှိသည်။

ဘ၀ကို ပြန်လည် သုံးသပ်ဆင်ခြင်ရာတွင် ဆင်ခြင်ပုံ ဆင်ခြင်နည်း နှစ်မျိုး နှစ်စားကွဲပြားနိုင်လေသည်။ အ ချို့က မိမိဘ၀၏ အောင်မြင်မှု၊ မအောင်မြင်မှုများကို ဆင်ခြင်သုံးသပ်သကဲ့သို့ အချို့က မိမိဘ၀တွင် ယခုကာလအထိ ဆောင်ရွက်ခဲ့သည်များကြားထဲမှ ပရဟိတ အဘယ်မျှပါသည်ကို ဆင်ခြင်သုံးသပ်သည်လည်းရှိမည်။ လူ့လောက အတွက် ပြောစမှတ်ပြုလောက်သည့်ဆောင်ရွက်မှု အဘယ်မျှပါမပါ ဆန်းစစ်ကြသည်လည်းရှိမည်။

မည်သို့ပင်ဖြစ်စေ ပြန်လည်ဆန်းစစ်ခြင်းဖြင့် လူ့ဘ၀၏ တန်ဖိုးကို ပြန်လည် အကဲဖြတ်ကြပါစို့။


ပျော်ရွှင်ကြပါစေ...
ညခင်း

အကျည်းတန်သော ဘဲကလေး

8

ငယ်ငယ်က ပုံပြင်လေး တစ်ခု........

ဟင်ဒါဆင်၏....အကျည်းတန်သော ဘဲကလေး ပုံပြင် ပါ....။
နို့အိုးတိုက်မိသော အပြစ်ကြောင့် ကြောက်အားလန့်အားနှင့် အိမ်မှထွက်ပြေးရသော ဘဲကလေး၊ လယ်တောထဲ ရောက်သွားသည်။ ကိုင်းပင်တွေကြားထဲ ရေစပ်စပ်မှာ ပုန်းနေစဉ် အမဲလိုက် ခွေးကြီးနှင့် တွေ့ရသည်။ အမဲလိုက်ခွေးကြီးက သူကိုမြင်တော့ ပါးစပ်ကြီးကို ဖြဲပြပြီး ကိုက်မစားပဲ ထွက်သွားသည်။ ဘဲကလေးမှာ အလွန်ကြောက်ရွံ့ပြီးစိတ်ဓာတ်အကျကြီး ကျနေချိန်ဖြစ် ၍ သူ့ကို မကိုက်ဘဲ ထွက်သွားသော ခွေးကြီးကို မြင်သော အခါ.........

ငါ့နှယ် အကျည်းတန်လွန်းလို့ ခွေးကြီးကတောင် မစားချင်ဘူး ဟု သူ့ကိုယ်သူ တွေးမိသည်။

ဒီပုံပြင်လေးကိုဘာလို့နှစ်သက်မိလည်းဆိုရင်...လူရယ်လို့ဖြစ်လာကတည်းက...ငွေဇွန်းကိုက်ခါ ရွှေလင်ပန်းနှင့် အချင်းဆေး၊ ပန်းမွေ့ရာ ရွှေကော်ဇော အဆင်သင့်ခင်းပေးမဲ့ဘ၀မျိုးမဟုတ်ခဲ့ဘူးလေ။ ကိုယ်လမ်းကို ထွင် ကစဥ့်ကရဲ အိုးနင်းခွက်နင်း ၀င်ရောက်လာရင်း၊ စိတ်ဓာတ်ကျစရာများကြုံတွေ့လာရပါတယ်။ထိုအခါတိုင်း ပုံပြင်ထဲ က ဘဲလေးကို သွားသတိရမိလို့ပါပဲ။

ညခင်း ဆားချက်ပြီ...ရေးစရာ က လက်ကုန်နေပြီလေ။ ဟီးးးးဟိ


ညခင်း

ပန်းရန်သုံးယောက် အကြောင်း နှင့် လူ ၅မျိုး။

5

ကလေးအရွယ်မှာတော့ ကစားတာပဲ သိသပေါ့။ အရွယ်ရောက်လာရင်တော့ အလုပ်လုပ်ရတယ်မဟုတ်ပါလား။ အလုပ်လုပ်တယ်ဆိုတာ လူလားမြောက်ကြောင်းပြတဲ့ အထင်ရှားဆုံးသင်္ကေတ ဆိုတဲ့စကားကိုလည်း မှတ်သားရဖူးပါတယ်။
အလုပ်နှင့်ပတ်သက်၍ မှတ်သားထားဖူးတာလေးများ ကို ပြန်ပြောပြပါရစေ....

ပန်းရန်သုံးယောက် အကြောင်း.............

ပထမ ပန်းရန်ကိုမေးသည်။ ဘာလုပ်နေသလဲ ပန်းရန်က မော့၍မျှပင်မကြည့်ပဲ ကျုပ် အုတ်စီနေတာ ဟူ၍ ပေါ့ပေါ့တန်တန်ဖြေ၏။

ဒုတိယ ပန်းရန်ကမူ အနည်းငယ် အလေးထားသော ပုံစံမျိုးဖြင့် နံရံတစ်ခု လုပ်နေတယ် ဟူ၍ ဖြေသည်။

တတိယ ပန်းရန်ကမူ ဂုဏ်ယူဝင့်ကြွားသော လေသံဖြင့် စိတ်အားထက်သန်စွာ ဖြေသည်။ ကျုပ်က ဘုရားကျောင်းတော်ကြီး တည်နေတာဗျ..။

အလုပ်လုပ်တာချင်းအတူတူ အလုပ်၏ ရည်ရွယ်ချက်ကို တိတိပပ ပြောနိုင်သူသည်သာလျှင် သူတစ်ပါးထက်ထူး၏။ အလုပ်ချင်း အတူတူ စေတနာထားတာချင်းကွာ၍ ရည်ရွယ်ချက်ခြင်း ကွာ၍ တန်ဖိုးခြင်း လည်းကွာသည်။

လောကတွင် လူ ၅မျိုးရှိသည်။ ယင်းတို့မှာ-
၁။ အလုပ်ရှောင်သူ။ ။ ထိုသူသည် အထက်လူကြီးများ မသိအောင် အလုပ်ခိုကပ်နေသူဖြစ်သည်။

၂။အလုပ် အ သူ ။ ။ ထိုသူသည် မိမိတကယ်နားမလည်သော်လည်း နားလည်သကဲ့သို့ ဟန်ဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။

၃။ အလုပ် ပျင်းသူ ။ ။ ထိုသူသည် အလုပ်လုပ်ရန်ပျင်းရိသောကြောင့် ဆင်ခြေအမျိုးမျိုးပေး နေသူဖြစ်သည်။

၎။ အလုပ်လိမ်သူ။ ။ ထိုသူသည် အလုပ် ဆယ်ပြားတန်လုပ်၍ တကျပ်တန် အခတောင်းတတ်သော လူမျိုးဖြစ်သည်။

၅။ အလုပ်အားမကိုးသူ။ ။ ထိုသူသည် မိမိကိုယ်ကို မိမိအားမကိုးပဲ သူတစ်ပါး၏ နှားခေါင်းနှင့်အသက်ရှူသော လူမျိုးဖြစ်သည်။

အဆိုပါ ရှောင်သူ ၊ အသူ၊ ပျင်းသူ ၊ လိမ်သူ၊ အားမကိုးသူများ၏ အကြားမှ----တာဝန်ဟူသမျှကို ထမ်းရွက်ခြင်းအလုပ်ကို မခိုမကပ်လုပ်ကိုင်ခြင်း မိမိအလုပ် လုပ်သမျှနှင့် ထိုက်တန်သော အဖိုးအခကို သာ တောင်းခြင်း၊ စိတ်ပျက်ခြင်းများကို တိုက်ခိုက်၍ စိတ်ပျော်ခြင်းများကို လက်ခံခြင်းစသော အရည်အချင်းများနှင့်ပြည့်စုံသည့် အလုပ်သမားကောင်းဖြစ်ဖို့ကြိုစားကြပါစို့လို့......

ချစ်ခင်လေးစားလျှက်...
ညခင်း

သုံးကောင်ဖြစ်သွားမယ်။

4

အင်းဝခေတ် တောင်ဖီလာဆရာတော်ကြီးသည် ခွေးများကို အစာကျွေးနေရင်းက ကြီးသောခွေးက ငယ်သော ခွေးကို အနိုင်ကျင့်ပြီးကိုက်သောအခါ တဟဲ့ဟဲ့ဖြင့် မောင်းနေရ၏။ တစ်ချို့ခွေးကြီးများကား ဘယ်လောက်ပင်မောင်း မောင်း မရ၊ ပို၍သာ ဆိုးလာ၏။ ထိုအခါ ဆရာတော်ကြီးသည် စိတ်တိုသွား သဖြင့် တောင်ဝှေးကို ကိုင်မြှောက်လိုက်ရင်း ...

...တယ်........ဒီခွေးတွေ ရိုက်လိုက်ရ ငါပါ သုံးကောင်ဖြစ်သွားရော မယ်......ဟု ညည်းတွားရှာလေသည်။

ယခုလည်း ဆုတ်ကပ်ခေတ်ကြီးတွင် မကောင်းသော သူများကသာ များများလာသောအခါ အနည်းစုဖြစ်သော လူကောင်းများက မထူးပါဘူးကွား၊ သူများမိုးခါးရေသောက် ကိုယ်လည်းသောက်တာပဲ ကောင်းပါတယ်ဆိုပြီး မကောင်းတာကို လုပ်မိကြသူကများ၏။ ထိုသူမျိုးကား မိမိကိုယ်ကို သုံးကောင်ဖြစ်စေသူများသာ ဖြစ်၏။


ချစ်ခင်လေးစားလျှက်...
ညခင်း

တကယ်ဖြစ်ရပ်မှ တိုင်တန်းနစ် သင်္ဘောကြီး

9


တကယ်ဖြစ်ရပ်မှ တိုင်တန်နစ် သင်္ဘော

၁။ သေဘာၤမွာ ၿဗိတိသွ်သေဘၤာ။
သင်္ဘောလိုင်းမှာကြယ်ဖြူလိုင်း၊ထိုကြယ်ဖြူလိုင်းတွင် ရှယ်ယာအများဆုံးထည့်ဝင်သည့် ပိုင်ရှင်မှာ အမေရိကန်သူဌေး ဂျေပီမော်ဂန်။
၂။ မည်သည့်အခါမျှ မနစ်မြုပ်နိုင်အောင်တည်ဆောက်ထားသည်။
၃။ တစ်နာရီတွင် ရေမိုင် ၂၃မိုင်မှ ၂၅မိုင် အမြန်နှုန်းသွားနိုင်သည်။
၎။ သဘောင်္အရှည် ၈၈၂ပေ။
၅။ အသက်ကယ်လှေ ၂၀ပါသည်။
၆။ မြင်းကောင်ရေ ၅၀ ၀၀၀အား။
၇။ ရေခဲတုံးကြီးနှင့် တိုက်ပြီး နစ်မြုပ်သည်။
၈။ လူ ၁၅၂၂ သေသည်။
၉။ ဧပြီလ ၏ တစ်ညတွင် ဖြစ်ပွားသည်။
၁၀။ ပင်လယ်ပြင်သည် ငြိမ်သက်နေသည်။
၁၁။ အရှိန်အနှုန်း အမြင့်ဆုံး ခုတ်မောင်းနေသည်။
၁၂။ မြောက်အတ္တလန်တိတ် သမုဒ္ဒရာအကျော် နယူးဖောင်းလန် ကမ်းခြေအနီးတွင်ဖြစ်ပွားသည်။
၁၃။ ပန်ကာ သုံးလုံးတပ်သင်္ဘော။
၁၄။ သင်္ဘောတွင် ရေလုံခန်း ၁၅ခန်းပါသည်။

နှိုင်းယှဉ်ကြည့်လျှင် တိုက်ဆိုင်မှုများသည် အလွန်ပင်အံ့သြစရာကောင်းလှပါသည်။ ၀တ္တုထွက်ပြီး ၁၄နှစ်အကြာတွင် တကယ့်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ စာရေးဆရာ မော်ဂန်ရောဘတ်ဆင်သည် ကြိုတင် အကြားအမြင်ရ ထားသည့်သဘောဖြစ်သည်။

ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရိုက လည်း တိုက်တန်းနစ် သဘောင်္နှင့်ပတ်သက်၍ ကြိုတင် ဟောကိန်းထုတ်ဖူးသည်။ သူက အင်္ဂလိပ်သတင်းစာဆရာ ၀ီလျံစတက် ကို ၁၉၁၂ခုနှစ် ၊ ဧပြီလ လယ်တွင် ရေကြောင်းခရီးမသွားရန် ဟောဖူးသည်။ ၀ီလျံစတက်က တိုက်တန်နစ် သင်္ဘောနှင့် ခရီးသွားမည်ဟု ထပ်ပြောသောအခါ သူက တားမရရင်တော့သွားပေါ့၊ ဒါပေမဲ့ ပြန်လမ်းမရှိဘူးနော် ဟုကား သတိပေးလိုက်သည် ဆို၏။ ၀ီလျံစတက်က အယုံအကြည်မရှိ ၍ ခရီးသွားခဲ့သည်။ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်တွင် တိုက်တန်နစ် သင်္ဘောနစ်ရာတွင်ပါဝင်ပြီး ကွယ်လွန်သွားသည်။

အသံထွက်၊ အတိတ်နိမိတ်ကို ယူတတ်သော မြန်မာ ဂမ္ဘီရပညာရှင်များက လည်း တိုက်တန်နစ် (တိုက်တန်းနစ်) သင်္ဘော၏ ဗျုပ္ပတ်အမည် ကိုယ်နှိုက်ကပင် တိုက်တာ နဲ့ တန်းနစ် တာပဲဟု ဆိုကြလေရာ....။


ချစ်ခင်လေးစားလျှက်...
ညခင်း

ဝတ္တုထဲမှ တိုင်တန်းနစ် သင်္ဘောကြီး

1


စားရေးဆရာ ဟိန်းလတ်၏ သိပ္ပံဖြင့်ရှင်းပြ၍မရနိုင်သော ဖြစ်ရပ်ဆန်းများ စာအုပ်မှ ဖတ်မိရသမျှ.... ပြောပြမယ်နော်....

ယခု ကမ္ဘာကျော် တိုက်တန်းနစ် သဘောင်္ကြီးနှင့် ပတ်သက်သောဖြစ်ရပ်တစ်ခုပါ..
၁၈၆၂ ခုနှစ်တွင် မွေးဖွားသော နယူးယောက်မြို့သား မော်ဂန်ရောဘတ်ဆင်သည် အရွယ်ရောက်လာသောအခါ စာရေးဆရာဖြစ် လာသည်။ သူသည် တကူးတက ကြိုးစားစရာမလိုဘဲ စာရေးဆရာဖြစ်လာသူဖြစ်၏။ သူ့အသက် ၃၆နှစ်တွင် သူ့မိတ်ဆွေတွေကိုပြောပြ သည်။ ငါစာရေးမယ်ကြံလိုက်တိုင်း ငါ့လက်ကို တစ်ယောက်ယောက်က ကိုင်ပြီးရေးပေးနေသလိုပဲ၊ ငါ့ဘာသာငါတောင်ဘာမှ မသိလိုက်ပဲ အချိန်တန်ရင် ၀တ္တုတစ်ပုဒ်ဖြစ်သွားတာတွေ့ရတယ်။နားထဲမှာ အသံတွေကြား၊အာရုံထဲမှာ မြင်ကွင်းတွေမြင်လာတာကို လက်ကိုတစ်စုံ တစ်ရာက ၀င်စီးပြီးရေးချလိုက်တာပဲ။ထိုအာရုံဖြင့် ၁၈၉၈ တွင်သူ၏ ပထမဆုံး ၀တ္တု တိုက်တန်သဘောင်္ပျက်ခြင်း (The Wreck of the Titan) စာအုပ်ထွက်လာသည်။ဇာတ်လမ်းမှာ တန်ချိန် ၇၀,၀၀၀ ရှိသောကမ္ဘာပေါ်တွင် အလုံခြုံ စိတ်အချရဆုံး ပင်လယ်ကူးသဘောင်္ကြီး ဖြစ်သော တိုက်တန် သဘောင်္ကြီးသည် သူ၏ ပထမဆုံးခရီးတွင်ပင် ရေခဲတုံးကြီးအား တိုက်မိပြီးနစ်မြုပ်သွားပုံဇာတ်လမ်းဖြစ်၏။ သဘောင်္ကြီးတွင် အသက်ကယ်လှေ(၂၄)စင်းသာပါသဖြင့်လူပေါင်း၂၅၀၀ရေနစ်သေခဲ့ကြသည်ဟုလည်း ဇာတ်လမ်းထဲတွင်ရေးထားသည်။ ဒါက ၀တ္တု တကယ်လည်း သမိုင်းတွင် တိုက်တန်းနစ် သဘောင်္ကြီး နစ်မြုပ်ခဲ့ပါသည်။ ၀တ္တုနှင့် တကယ်ဖြစ်ရပ်ကို ဇယားဖြင့် နှိုင်းယှဉ်ကြည့်လျင် ပို၍စိတ်ဝင်စားစရာကောင်း၏။

ဝတ္တုထဲမှ တိုင်တန်း နစ္သေဘာၤာ
၁။ သေဘာၤက ျဗိတိသွ်သေဘာၤာ၊ သို့သော် ပိုင်ဆိုင်သူက အမေရိကန်သူဌေး။
၂။ မည်သည့်အခါမျှ မနစ်မြုပ်နိုင်သော သင်္ဘော။
၃။ တစ်နာရီလျှင်ရေမိုင် ၂၅မိုင် အမြန်နှုန်း။
၎။ သဘောင်္အရှည် ၈၀၀ ပေ။
၅။ အသက်ကယ်လှေ ၂၄ခုပါသည်။
၆။ မြင်းကောင်ရေ ၄၀ ၀၀၀ အား။
၇။ ရေခဲတုံးကြီးနှင့်တိုက်ပြီး နစ်မြုပ်သည်။
၈။ လူ ၁၅၀၀ ကျော်သေသည်။
၉။ ဧပြီ ၁ရက်၏ တစ်ညတွင်ဖြစ်ပွားသည်။
၁၀။ ပင်လယ်ပြင်သည် ငြိမ်သက်နေသည်။
၁၁။ အရှိန်နှုန်း အမြင့်ဆုံး ခုတ်မောင်းနေသည်။
၁၂။ မြောက်အတ္တလန်တိတ် သမုဒ္ဒရာအကျော်
နယူးဖောင်းလန်း ကမ်းခြေအနီးတွင် ဖြစ်ပွားသည်။
၁၃။ ပန္ကာ သံုးလံုးတပ္သေဘာၤ။
၁၄။ သေဘာၤ ရေလုံခန်း ၁၅ခန်းပါသည်။

တကယ်ဖြစ်ရပ်မှ တိုင်တန်းနစ် သင်္ဘော အကြောင်း
............................ဆက်ရန်ရှိ


ချစ်ခင်လေးစားလျှက်...
ညခင်း

နှစ်သက်မိတဲ့ကဗျာလေးများနှင့် အမြင်

3

နှစ်သက်မိတဲ့ကဗျာလေးများနှင့် အမြင်

ကျမ…ပထမဆုံးကဗျာလေးများနှင့် စတင်ထိတွေ့ခဲ့သည်မှာ အမှတ်တရအားဖြင့် ၁၉၉၃ ခုနှစ်နွေဦးရာသီမှာ ဖြစ်ပါတယ်။ထိုစဉ်က နွေရာသီကျောင်းပိတ်ရက်ဖြစ်လို့ စာပေမျိုးစုံ၊ မဂ္ဂဇင်းမျိုးစုံ စာရေးစရာမျိုး စုံဖတ်ရှုခဲ့ရာ မထင်မှတ်ဘဲ ကဗျာလေးများကို စွဲငြိသွားခဲ့မိပါတယ်။ ကဗျာလဲ ရေးတတ်ချင်ခဲ့မိပါတယ်။ ပထမဆုံးကဗျာလေးကတော့…..

မိုးပေါ်မှာ ကြယ်တစ်လုံး

တိမ်ဖုံးပါလို့ လမသာ

သာတဲ့အခါသာပါလိမ့်မယ်

နတ်ဒေ၀ါသူဖန်ဆင်း

ဖိုးရွှေလမင်း

ဒီကဗျာလေးကတော့ ငယ်စဉ်ကတဲက မေမေရဲ့ ရေရွတ်သံလေးနဲ့ ရင်းနှီးခဲ့ရတာပါ။ ကဗျာလေးမှန်း သိခဲ့ပါဘူး။ အဲဒီနောက် ဆရာမင်းသုဝဏ်ရဲ့ သပြေညိုကဗျာလေး….

သူ့ခေါင်းမှာတဲ့ သပြေညို

ငါ့ခေါင်းမှာတဲ့ သပြေညို

တို့ပြည်မှာ တို့မေကမ်းပါတဲ့

သပြေညို ရွှေဘိုပန်းရယ်က

လန်းလျက်ပါကို။

မြန်မာလည်းဆန်၊ အညာလည်းဆန်သည်။ သပြေညို ရွှေဘိုပန်းဆိုသည့်တင်စားပုံလှ၍ စိတ်နှလုံးကို ရွှင်လန်းဝမ်းမြောက်စေပါသည်။ ပြီးတော့ ကျမတို့ငယ်ငယ် သူငယ်နှပ်စား မူလတန်းကျောင်းသား ဘ၀က သံပြိုင်သီဆိုဘူးခဲ့ကြတာ॥အားလုံးလည်းသီဆိုဘူးကြပါတယ်။ သပြေသီးကောက်ကဗျာလေးပါ ဆိုဘူးတာမှ ဟန်တွေ ပန်တွေနှင့်ပေါ့။ သံပြိုင်သီကျူးရတိုင်း အတိုင်းမသိပျော်ရွင်ခဲ့ရပါတယ်။

ဝါဆိုဝါခေါင် ရေတွေကြီးလို့

သပြေသီးမှည့် ကောက်စို့ကွယ်

ခရာဆူးချုံ တောနက်ထဲက

မျှောနက်မည်းကြီးတွယ်တတ်တယ်။

မျှောနက်ဆိုတာ ချိုနဲ့လားကွယ့်

မြွေနဂါးတောင်ကြောက်ဘူးကွယ်။

တို့လဲ ကြောက်ပေါင် အတူသွားစို့

အုန်းလက်နွားလေး ထာခဲ့မယ်။

အနက်အဓိပ္ပါယ်လေးမှာ ရိုးစင်းလွယ်ကူ၍ရွတ်ဆိုသီဆိုလို့အင်မတန်ကောင်းခဲ့ပါတယ်။ ကျေးလက် တောရွာသဘာဝ၊မြန်မာ စရိုက်ဓလေ့နှင့် ကိုက်ညီပြီး ကလေးတို့ခံစားချက်ကိုနှိုးဆော်နိုင်သည်။

နောက်ထပ်ကြိုက်နှစ်သက်ခဲ့ဘူးတဲ့ကဗျာလေးကတော့….

ပျဉ်းမငုတ်တို

စစ်ကိုလည်းကြုံ၊ ခြ အုံ့လည်းဖြစ်

ဓားထစ်လည်းခံ

လေပြင်းခိုက်၍ ၊ မငိုက်ဦးခေါင်း

နွေသစ်လောင်းသော်၊

ရွက်ဟောင်းညှာကြွေ၊

ရွက်သစ်ဝေ၍

လေပြည်ထဲတွင်

ငယ်ရုပ်ဆင်သည်

အသင်

ယောင်္ကျားကောင်းတကား။

ပျဉ်းမငုတ်တို့သည် စစ်ဘေးစစ်ဒဏ်ကိုလည်းခံခဲ့ရသည်။ လူသားတို့၏ ဓားဖြင့်ခုတ်ထစ်ခြင်းကိုလည်းံ ခဲ့ရသည်။ခြစားဒဏ်၊ ရာသီဥတုတို့၏ပြောင်လဲတိုက်ခိုက်မှုဒဏ်ကိုလည်းခံခဲ့ရသည်။သို့တိုင်အောင် အရှုံးမပေးပဲ ယောင်္ကျားကောင်းပီသစွာဖြင့် နွေသစ်လောင်းချိန်တွင် ရွက်နုဝေနိုင်ခဲ့သေးသည်။ ယောင်္ကျားကောင်းယောင်္ကျားမြတ်တို့၏ ခံနိုင်ရည်သတ္တိ နှင့်အညံ့မခံစိတ်ကိုဖော်ကျူးထား ၍အလွန်နှစ်ခြိုက်မိခဲ့တယ်။

ဒီကဗျာလေးတွေကို အပျော်သဘောဖတ်ဖြစ်ခဲ့ခြင်းမှ ရရှိလာတဲ့ အကျိုးကျေးဇူး၊ ကဗျာဆရာအပေါ် အမြင် နဲ့ခံစားမှုလေးတွေကတော့….

လောကတွင် အဖြစ်ရှိသလို အပျက်ရှိတယ်။ အပျက်ရှိသလို အဖြစ်ရှိတယ်။ အဲလိုဘဲ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ ဖျက်ဆီးတဲ့လူရှိသလို တည်ဆောက်တဲ့လူရှိတယ်။ တည်ဆောက်သူရဲ့ဆန္ဒ္စကဘာလဲဆိုတော့ လောကကြီးကိုသာယာစေချင်တယ်။ ၀ပြောစေချင်တယ်။ ငြိမ်း ချမ်းစေချင်တယ်။ ဒါကြောင့်သာယာဝပြောအောင်သူတို့တတ်နိုင်တဲ့ဘက်ကသူ့တို့စိတ်ကူးအရ ကြိုးပမ်းဆောင်ရွက်ကြပါတယ်။

လယ်သမားတွေက စိုက်ကျပျိုးကျ ရိတ်သိမ်းကြနဲ့လောကကြီးကို ထမင်းကျွေးကြတယ်။

ဗိုင်းဝါသမားတွေက လောကကို ၀တ်ရုံပေးကြတယ်။

သမားတွေကလည်း ဆေးဝါးမန္တရားတွေနဲ့လောကကို ကုစားစောင်မကြတယ်။

တရားဓမ္မသတ်နားလည်သူတွေကလည်းငြိမ်းချမ်းမှုကိုစောင့်ရှောက်ကြတယ်။

အဲဒီလိုလောကကြီးရဲ့ သာယာဝပြောမှုငြိမ်းချမ်းမှုတွေကို လိုလားပြီးကြိုးစားဆောင်ရွက် နေသူများထဲတွင် ကဗျာဆရာများလည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ကဗျာဆရာရဲ့စေတနာ ကဘာလဲ ဆိုတော့ လူတွေရဲ့စိတ်ထားကို တစ်ဖက်သတ် မဖြစ်စေဘဲ ဟိုဘက်ဒီဘက်မျှတတဲ့ အလယ် အလတ်စိတ်ထားမှုမျိုး ဖြစ်ပြီး လောကကို သာယာဝပြော အေးချမ်းစည်ပင်အောင်ဖန်တီးမယ့်အင်အား ကြီးတစ်ခု ဖြစ်လာအောင်ဖန်တီးချင်တာပဲဖြစ်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးများကို ဖတ်ပြီ့း ဒီလိုခံစားချက်လေးများဖြစ်မိပါတယ်…။


ညခင်း

အပြစ် မပြောချင်နဲ့

1

လူတစ်ယောက်က ကြက်တူရွေးကို ၀ယ်ခဲ့ပြီး အိမ်မှာလွတ်လပ်စွာ မွေးထားလိုက်တယ်။ ဒီကြက်တူရွေးက အလွန်ယဉ်ပါးတယ် ဆိုပဲ။

တစ်နေ့မှာ ကြက်တူရွေးဟာ မီးလင်းဖိုအထက်နားမှာ နားရင်း သာယာစွာ သီချင်းဆိုနေတာပေါ့။ အိမ်မှာမွေးထားတဲ့ ကြောင်က မြင်သွားလို့ မင်းဘယ်သူလဲ ဘယ်ကလာ သလဲလို့မေးလိုက်တယ်။

ကြက်တူရွေးကလည်း အိမ်ရှင်က ၀ယ်ခဲ့တယ် လို့ဖြေတယ်။

မင်းဟာ အတော် အတင့်ရဲ့တာပဲ။ ဒီ အိမ်ကို အခုမှလည်းရောက်လာသေးရဲ့။ ဒီလောက်ဆူဆူညံညံ သီချင်းဆိုရသလား။ ငါဟာ ဒီအိမ်မှာ မွေးတဲ့ ကြောင်ပဲ။ ဒါတောင် ငါအော်ခွင့် မရဘူး။ ငါ့အော်သံကို ကြားရင် သူတို့စိတ်ဆိုးပြီး အိမ်က နှင်လိုက်မှာ သေချာတယ်…လို့ ကြောင်ကပြောတာပေါ့။

ဒါနဲ့ ကြက်တူရွေးက ပြန်ပြောတယ်။

ဒါဝမ်းနည်းစရာပဲ။ ကျုပ်အကြံပေးချင်တာက ကျုပ်လို အသံကောင်းဖို့ ခင်ဗျား အများကြီးကြိုးစားရလိမ့်မယ်။ ခင်ဗျားရဲ့ အသံနဲ့ ကျုပ်ရဲ့ အသံဘယ်လိုကွားခြားသလဲ ဆိုတာ သိတယ် မဟုတ်လား။ ဒီအိမ်ရှင် မိသားစုက ခင်ဗျားရဲ့အသံကို မကြားချင်ပေမယ့် ကျုပ်အသံကို သဘောကျ ကြတယ်ဗျ တဲ့။

(ကိုယ့်ချို့ယွင်းချက်လည်းမသိ၊ သူများ အားသာချက်ကိုလည်း မသိတဲ့သူတွေ ရှိတယ် ဆိုကြောင်းပြထားတဲ့ ပုံပြင်ပါ။)

ဒီပုံပြင်လေးနဲ့ လမင်းအား နှိပ်ကွပ်ပါတယ်။ ကြပ်ကြပ်သတိထား ကင်စားပစ်မယ်။



ငါ့ကြောင့်မဟုတ်

0

ဒီမြေပေါ် ရေတစ်စက် စ ချသူဟာ ငါ ဖြစ်တယ်…။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီနေရာမှာ သမုဒ္ဒရာ…. တစ်ခု ဖြစ်လာရင်တော့ ငါ့ကြောင့် မဟုတ်ဘူး။

ဒီတောင်ကမူလေးပေါ် ကျောက်ခဲလေး တစ်ခဲကို မီးစွဲအောင် စလုပ်သူဟာ ငါဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီတောင်ကမူလေး မီးတောင်ကြီးတစ်ခုဖြစ်လာပြီး ထပေါက်ကွဲရင်…ငါကြောင့် မဟုတ်ဘူး..။

ဟော….အတောင်ပံမဲ့နေတဲ့ အဖော်မဲ့ ငှက်ကလေးတစ်ကောင်ကို အတောင်ပံတွေ ပေးတာငါဖြစ်တယ်။ ဒါပေမယ့် တစ်ချိန် ချိန်မှာ ဒီဒေသ ငှက်မဲ့ဒေသ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားရင် ငါ့ကြောင့်မဟုတ်ဘူး။

အေး….နွေသစ်ခက်ကို ရွက်နုတစ်ရွက်ပေးသူဟာလည်း ငါပဲ ဖြစ်တယ်။ အဲဒီရွက်နုတစ်ရွက်ကြောင့် ခြောက်သွေ့ပြီး တောပြုန်းတဲ့ ဒီနေရာမှာ တစ်ချိန်ချိန် စိမ်းလန်း ဝေဆာပြီး သာယာတဲ့ ဥယျာဉ်ကလေးတွေ ပေါ်လာရင် အေးမြတဲ့ စမ်းချောင်းကလေးတွေ ပေါ်လာရင် ငှက်ကလေးတွေ သီချင်းဆိုတိုင်း ပန်းပွင့်ကလေးတွေ …ထ. ကရင်…

ဟုတ်ပြီနော်…။ ဟိုတစ်ချိန်က မရဖူးတဲ့ ချိုမြန်မှုတွေ အခုဒီနေရာမှာ ပြန်ရလာရင်လည်း…..

ငါ့ကြောင့်မဟုတ်……

လုပ်ဆောင်ချက်မှန်ကန်ကောင်းမွန်ဖို့

0

ဘုရားသခင် လူသားကို ဖန်ဆင်းစဉ်က ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ အချင်းချင်းအငြင်းအခုံ ဖြစ်ပွား စကားများခဲ့ ကြလေသည်။

သူတို့ထဲမှာ ဘယ်သူက ဆရာကြီး ဘောစ့် ဖြစ်သနည်း ပေါ့။


ဦးနှောက်က အရင် စ စကားများသည်။

”ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးကို ငါကထိန်းချုပ်ထားတာကွ၊ ဒါကြောင့် တစ်ကိုယ်လုံးမှာ ငါသာလျှင် ဘော့စ်”

ခြေထောက်က ပြန်ချေပသည်။

”တစ်ကိုယ်လုံး ဘယ်သွားသွား ဘယ်လာလာ ငါက ပို့ဆောင်ပေးတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”

အစာအိမ်က ခုလို အကြောင်းပြသည်။

”မှီဝဲ စားသောက်လိုက်သမျှ အစာရေစာတွေကို ကျေညက်အောင် ငါက ခြေဖျက်ပေတာကွ၊ ဒါကြောင့် ငါသာလျှင် ဘော့စ်”

မျက်လုံးတွေကလည်း သူ့ အကြောင်းပြချက်နဲ့သူ။

”ငါတို့သာ မရှိရင် လူဆိုတာ ခိုကိုးရာမဲ့ ဒုက္ဇိတ ဘ၀ရောက်သွားမှာကွ၊ ဒါကြောင့် ငါတို့သာလျှင် ဘောစ့်”

သို့လျှင် နှလုံးသား ၊ လက်များ၊ နားရွက်များနှင့် အဆုတ်များကပါ သူတို့သာလျှင် ဆရာကြီးဖြစ်ထိုက်သည်ဟု အသီးသီး အကြောင်းပြကြ၏။

နောက်ဆုံး စအိုဝ အလှည့် ရောက်သည်။ သူကလည်း ဘော့စ်ရာထူးတွင် ၀င်အရွေးခံသည်။

ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးက စအိုဝအား တ၀ါးဝါး ၀ိုင်းဟားကြသည်။ စအိုဝ မခံမရပ်နိုင် ဖြစ်ပြီး သူ့တာဝန်၊ သူ့လုပ်ငန်း သူ မထမ်းတော့ ဘဲ ဆန္ဓ္ဇပြ ရပ်ဆိုင်းလိုက်သည်။

မကြာပါ။ တစ်ရက် နှစ်ရက် အတွင်းမှာ ဦးနှောက်တစ်ခု လုံး အူကြောင်ကျားဖြစ်စ ပြုလာသည်။ ခြေထောက်တွေ ကောင်းကောင်း လျှောက်လို့မရတော့။ မခိုင်ခန့် ချည့်နဲ့စ ပြုလာသည်။ အစာအိမ် အလုပ်မလုပ်၊ ၀မ်းချုပ်လာသည်။ မျက်လုံးတွေ မမြင်မစမ်း ကန်းချင်လာသည်။

နောက်ဆုံး စအိုဝအား အားလုံးက ၀ိုင်းတောင်ပန်ပြီး ဆရာကြီး အဖြစ် ရွေးကောက် တင်မြှောက်လိုက် ကြရလေသည်။

ဘော့စ် ဖြစ်ဖို့ ဦးနှောက် ကောင်းဖို့မလို၊ စအိုဝ ၏နေ့စဉ်လုပ်ဆောင်ချက်မှန်ကန်ကောင်းမွန်ဖို့သာ လိုသည် ဟူသောစကား မှန်ကန်ကြောင်း ခိုင်လုံဆုံး အထောက်အထားဖြစ်သတည်း။





ရင်ခုန်သံရောင်စုံ

0

တစ်နေ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတစ်ယောက်ကိုတွေ့ဖို့ ချိန်းထားတာနဲ့ ကျွန်တော် လက်ဖက်ရည်သောက်ရင်းထိုင်စောင့်နေရင်းလက်ဖက်ရည်ဆိုင်ဖွင့်လိုက်တဲ့ ကော်ဖီခါးခါးသီချင်းကပျံ့လွှင့် နေခဲ့တယ်။အဲဒီသီချင်းကို ကြားတော့ အငဲဆိုထားတဲ့”အချစ်ဟာခါးခါး”သီချင်းက ကျွန်တော့်အတွေးထဲဝင်လာတယ်။ဘာဆိုင်လဲတော့မမေးပါနဲ့ တိုက်ဆိုင်တာလေးတွေရှိ
နေတယ်။။ကော်ဖီခါးခါး ကချစ်ကောင်း ဆိုထားတာလေ။အဲဒီ သီချင်းထဲဘ၀ဟာ “ကော်ဖီခါးခါး” ရင်ခုန်သံတွေတောင် မချိုမြိန်ဘူးလို့ ပြောတယ်။
“အငဲ”ဆိုထားတာက အချစ်ကခါးလွန်းတယ်တဲ့။ သူတို့နှစ်ယောက်က ခါးတာခြင်း တူတယ်ဆိုပေမယ့် မတူတာလေး တစ်ခုတော့ ရှိနေတယ်။ သူတို့ နှစ်ယောက်နဲ့ မတူတဲ့၊ကျွန်တော့်
သူငယ်ချင်းရဲ့နှုတ်ဖျားက ထွက်ကျတာတဲ့စကားက”ဘ၀ခါးခါး”တဲ့ အချိုးအစားမပြယ်၊အချဉ်စားလို့
မပျောက်၊ဆေးခါးကြီးသောက်နေရသလိုလိုပဲလို့တဲ့။သူပြောသေးတယ်။သူပြောတဲ့ စကားက ကဗျာဆန်တယ်။
“ဘ၀ကခါးသက်သက်၊အိမ်မက် မျက်နှာကျက်ပေါ်မှာ၊စိတ်ကူးယဉ်ခဲ့မိတာ…….လူဖြစ်ခဲ့တဲ့ ခဏငါ့ဘ၀ခါးသက်သက်ကိုမှ ကံကြမ္မာကပါ၊လိုက်ပြီးခါးနေတယ်။သူခါးတော့ ဥက္ကရာဇ်တွေ ၊ရာသီတွေ၊နာရီတွေကအစငါ့ဘ၀အတွက်အားလုံး ခါးသက်နေခဲ့တယ်”
ကျွန်တော့်သူငယ်ချင်းပြောတာကို ကျွန်တော်ဦးလေး ကြားသွားပြီထင်တယ်။ကျွန်တော်တို့နှစ်ဦး
နားကို ရောက်လာတယ်။ပြီးတော့ စကားတစ်ခွန်းပြောခဲ့တယ်။ သူပြောတဲ့စကားကိုကြားလိုက်
တော့ ကျွန်တော့်သူငယ်ချင်းပြောတာနဲ့ တခြားဆီဖြစ်နေတယ်။ကျွန်တော့်ဦးလေးရဲ့ စကားက
အားလုံးနဲ့ဆန့်ကျင်ဘက်တော့ဖြစ်နေတယ်။သိုပေမယ့် သူပြောတဲ့စကားကိုနားထောင်နေတဲ့
ကျွန်တော့်သူငယ်ချင်းကို အမှတ်တမဲ့ကြည့်လိုက်တော့ ဟိုးဝေးဝေးကိုမျှော်ငေးနေတယ်။
သူတွေဝေသွားတာလား။စဉ်းစားချင့်ချိန်
နေတာလား။ ဦးလေးပြောတဲ့စကားလေးကတော့ 
ရိုးရိုးလေးသာဖြစ်ပါတယ်။သူပြောတဲ့စကားက—-
“ဘ၀ကို ခါးတယ်ဆိုတာမင်းမှားနေတယ်၊တကယ်တော့ ဘ၀ကခါးသီးဖို့၊နာကြည်းဖို့မဟုတ်ဘူး
ခုနက မင်းပြောတဲ့စကားက ဘ၀ကိုနာကြည်းနေသလိုပဲ၊ကိုယ်တွေ့ကြုံနေရတဲ့ ဘ၀အခက်အခဲ
တွေကို မင်းသင်ခန်းစာ ယူတတ်ရင်မင်းပြောပြောနေတဲ့ ဘ၀ခါးခါးဆိုတာ မဖြစ်လာတော့ဘူး
အဲ့တော့မှ ဘ၀ကချိုမြိန်တယ်ဆိုတာမင်း သိလာလလိမ့်မယ်”ဦလေးပြောသလိုဆိုရင် သူတို့ရဲ့
ခါးသီးမှုတွေက ချိုမြိန်နေလိမ့်မယ်လို့ ထင်မိတယ်။သို့ပေမယ့် အတ္တနှလုံးသားရှိသူတွေဖြစ်နေ
တော့ ခက်တယ်။ရင်ခုန်သံတွေတောင် ဘ၀မှမချိုမြိန်ဘူး၊အချစ်ဟာ ခါးလွန်းတယ်ဆိုတဲ့
ချစ်ကောင်းနဲ့ အငဲပြိးတော့ ဘ၀ခါးခါးလိုပြောတဲ့ ကျွန်တော့်သူငယ်ချင်း၊သူတို့ရဲ့ခါးသီးမှုတွေက
ဘယ်ဟာပိုခါးတယ်ဆိုတာ ကျွန်တော် မတွေးတတ်တော့ပါ၊သေချာတာ တစ်ခုတော့ သူတို့မှာခြားနားခြင်း တစ်ခုစီတော့ ရှိနေကြပါတယ်။

ပန်းနုရောင်ဘဝ

0

ညခင်းတို့
ငယ်ဘ၀ လေးနဲ့ လျှောက်လမ်းနေရတဲ့ ယခုဘ၀လေး နှိုင်းယှဉ်ကြည့်ရအောင်နော်…
ငယ်ကဆို…အပူအပင်မရှိ ဆော့လို့ကောင်းတုန်း ။ ဘာမှ သိပ်အများကြီး မသိသေး။ ဘာမှလည်း မစဉ်းစားတတ်။ လူငယ်ဘ၀ အရသာအပြည့် လွတ်လပ်ခြင်းတွေနှင့် ပျော်ရွှင်လို့၊ ဘ၀ဆိုတာလည်း ဘာမှန်းပင် မသိနိုင်အောင်။
လူတွေကလို့ ….သိမ်းကျုံး ရစ်ပတ်နာကျင်စွာ မဖွင့်အန်တတ်သေး…
ပီတိ ကလေးဘ၀…
ပျော်စရာကိုသာတွေး….
ပျော်စရာကိုသာ ရွေးတတ်ခဲ့ချိန်တွေ။
အခုတော့ လုပ်ငန်းခွင်ထဲမှာ ဘ၀တတ်လမ်း အတွက် စီးမျော၊ ပညာနှင့် ဥစ္စာနောက် ကောက်ကောက်ပါအောင် လိုက်နေကြရတဲ့ ဘ၀ထဲမှာ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း အရသာတွေ ပျောက်ဆုံးခဲ့ပါပြီ။
ကြမ်းတမ်းတဲ့ လောကဓံ။
ခက်ခဲ ကျပ်တည်းတဲ့ လူမှု ဆက်ဆံရေးများ အကြား ဘ၀နှင့် ဆန္ဒဟာ ထပ်တူမကျခဲ့ပါ။
အသားမကျခြင်းတွေနှင့်ပဲ အသားတကျ ပျော်ဝင်ရင်း လူကြီးဖြစ်ခဲ့ရပြီ။
လောကဓံလှိုင်းတွေ…နဲ့ဆုံတွေ ရတိုင်း ငယ်ဘ၀ လေးပြန်ရချင်မိတယ်။
ရတော့ဘူးနော်…

ကြိုးစားတာ အချည်းအနှီးမဖြစ်ပါ

0

ဒို့အားလုံးသိကြတယ်
ဘယ်လောက်များတဲ့တိမ်တိုက်တွေ
ရှေ့မှာရှိနေနေ၊
နေမင်းကြီးဟာ ဆက်လက်တောက်ပနေမှာပဲ။
သူ့ရဲ့အလင်းတန်းတွေကို
အကြိမ်ဘယ်လောက်အများကြီး
ဒို့ရဲ့မြင်ကွင်းက ပိတ်ဆို့ထားပါစေ
နေမင်းကြီးက ပြန်ထွက်လာလိမ့်မယ်
နောက်တစ်နေ့ကျရင်လေ
အရင်ကထက်တောင်ပိုပြီး
ထွန်းလင်းတောက်ပနေဖို့ပေါ့။
တစ်ခါတစ်လေ ဘ၀ထဲကို
ဝင်လာတတ်တဲ့
တိမ်မည်းကြီးတွေကို
ကျော်လွှားအနိုင်ယူဖို့
ခိုင်မြဲတဲ့ သန္မိဌာန်ရှိဖို့လိုတယ်။
ကိုယ့်ရှေ့မှာ ဘာတွေပဲရှိနေနေ
ဆက်လက်တောက်ပနေစေဖို့အတွက်
စိတ်ရှည်ရှည်ထားဖို့လိုတယ်။
အချိန်တန်ရင်အသီးအပွင့်ကို
ခံစားရစမြဲပဲ။
အခက်အခဲတွေကို ကျော်ဖြတ်ဖို့
အင်အားတွေ အတွင်းမှာရှိနေတာကို
သင်အမြဲတမ်းတွေ့ရပါလိမ့်မယ်၊
ဘာကြောင့်ဆိုတော့ သင်နဲ့နေမင်းကြီးမှာ
တူညီတာတွေအများကြီးရှိနေတယ်လေ
ဘာပဲဖြစ်နေနေ
သင်တို့နှစ်ဦးစလုံးဟာ
ထွန်းလင်းတောက်ပနေကြမှာမို့ပဲ။






ထိုထိုလူ

0

ညခင်းဘ၀မှာ…သင်ဆရာများစွာ ရှိသလို၊ ယခုလို သွားရင်းလာရင်းမှတ်သားစရာ၊ ဗဟုသုတများသင်ကြားပေးတဲ့ ကြားဆရာများလဲ
ရှိခဲ့ ပါတယ်။ ယခု ကြားဆရာတစ်ယောက်ပြောပြတဲ့ လူ့ အကြောင်းပြောပြပါမယ်။ ညခင်း ရုံးပိတ်ရက်လေးမှာ…ဆံပင်သွားညှပ်တော့၊
ဆိုင်မှာ…အန်တီကြီး တစ်ယောက်နဲ့ ဆုံမိတော့ ထွေရာလေးပါးပြောဆိုရင်း လောကတွင် လူ(၅)မျိုး ရှိတယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။
ပထမတစ်မျိုးက အ၀တ်အစား ၀တ်ထားတဲ့ တိရိစ္ဆာန်သာသာလူစားတဲ့၊ အဲသလိုလူမျိုးတွေက အိပ်၊စား၊ကာမ ထိုသုံဝနဲ့ဘဲ ဘ၀ကို
အချိန်ကုန်နေကြ၊ တိရိစ္ဆာန်လိုပဲ စိတ်ကုးထဲပေါ်တာတွေ အကုန်လုံးလျှောက်လုပ်ကြ၊ အာရုံရရင် ရသလို ထင်ရာစိုင်းလိုက်ကြနဲ့
တကယ်တမ်းမှာ အ၀တ်အစားဝတ်ထားတဲ့ တိရိစ္ဆာန်ပါတဲ့။
လူငါးမျိုးထဲမှာ အနိမ်ဆုံးမျိုးအစားလို့ သရုပ်ခွဲပြပါတယ်။
ဒုတိယတစ်မျိုးကတော့ ပထမထက် အနည်းငယ်သာပါသတဲ့။ အဲဒါကတော့ အခွင့်အရေးသမားတွေတဲ့။သည်အမျိုးအစားကတော့
ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်အခွင့်အရေးအတွက် ဘာမဆို လုပ်ကိုင်ဆောင် ရွက်ဖို့ ၀န်မလေးသူတွေပါတဲ့။
တတိယတစ်မျိုးကကျပြန်တော့လည်း ဒုတိယအမျိုးထက် နည်းနည်းသာသွားပြန်ရောတဲ့။ အဲဒီတစ်မျိုးကတော့ ဘ၀ရပ်တည်မှုအတွက်အား
ထုတ်သူများပါတဲ့။သူတို့ကတော့ အတတ်ပညာ၊အသိပညာ၊ ၀ါသနာ၊အစွမ်းအစတစ်ခုခုကို ထုတ်သုံးပြီး ဘ၀ရပ်တည်ရေး အတွက်
ဆောင်ရွက်နေသူများဖြစ်ပါသတဲ့။သူတို့တွေကလည်း သူ့တို့ရပ်တည်မှုနဲ့ သူတို့ရဲ့ နေရာအတွက် ဘာကိုမဆိုလုပ်ကိုင်ဆောင်ရွက်ဖို့
ဝန်မလေးကြပြန်ဘူးတဲ့။
စတုတ္တတစ်မျိုးကတော့ စာရိတ္တမဏိုင်ကိုခိုင်အောင် ထိန်းသိမ်းသူများဖြစ်ပါတယ်။လျှာမှာ မြက်ပေါက်ပါစေ၊ သည်လိုအလုပ်ကိုဖြင့်
မလုပ်ဘူး၊ မိုးပြိုချင်ပြိုပါစေ၊ မတရားကတော့ မလုပ်ဘူးစသဖြင့် မိမိရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်ကိုအပွန်းအပဲ့မခံသူများဖြစ်ပါသတဲ့။
အဲ…နောက်ဆုံးတစ်မျိုးကတော့ သူတော်စင်များပါတဲ့။ မိမိရဲ့ ကိုယ်ကျိုးကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိတော့ဘဲ အများအတွက်
ဆောင်ရွက်နေတာ၊ အများသူငါအပေါ် မေတ္တာစေတနာသန့်စင်စွာ ထားနိုင်တာ၊အတ္တအနည်းဆုံးနေနိုင်တာများနဲ့ပြည့်စုံနေသူ
သူတော်စင်များပါတဲ့။
အဲသလို(၅)မျိုးခွဲခြားပြသပေးတဲ့ အန်တီကြီး၏ စကားအဆုံးမှာ….ညခင်း ငိုင်ပြီးကျန်ရစ်ခဲ့ပါတယ်။သူ့စကားကို တနုံနုံစဉ်းစားနေမိတယ်။
အသေချာဆုံးကတော့ သူတော်စင်မဟုတ်တာပါ။ အတ္တမာန၊ဘ၀င်မိုးထိနေတဲ့ ပုထုဇဉ်တစ်ယောက်ပါ။ ဒါဖြင့် စတုတ္တတစ်မျိုးရော…ဒါလဲ ရဲရဲမပြောနိုင်ပြန်ဘူး။မျှတမှုကို ဂရုထားတတ်ပြီး၊ နိုင်လိုမင်းထက် မပြုချင်သူ ထဲပါတယ်လို့လဲ ထင်မိသေးတယ်။ တစ်ခါတစ်လေတော့လဲ ထင်ရာစိုင်းတဲ့အခါစိုင်းမိနဲ့…အော် ဟိုငြိ ၊ သည် ငြိပါလား………။




လူအမျိုးအစား

0

လူတစ်ယောက်သည် ဆီအပြည့်ပါသောပုလင်းတစ်လုံးကို သယ်လာ၏။လမ်းတွင် ခလုတ်တိုက်မိ၍ ထိုလူလဲလေသည်။ လက်မှ ဆီပုလင်း လွတ်ကျ၍ ဆီတို့ ဖိတ်စင် ကျကုန်သည်။ ထိုလူလည်းဆီပုလင်းကို အလျင်အမြန် လိုက်လံဖမ်းဆွဲ၏။သို့သော် ပုလင်းထဲ၌ ဆီတစ်ဝက်သာ ကျန်တော့သည်။ တစ်ဝက်သောဆီတို့မှမြေသို့ ဖိတ်ကုန်လေသည်။
ထိုလူသည် အဆိုးမြင်သမားတစ်ယောက်ဖြစ်ခဲ့ပါမူ…..
ဖိတ်ကျကုန်သော ဆီအတွက် နှမြောတသ၍ ယူကြုံးမရဖြစ်မည်။ တိုက်မိသော ခလုတ်ကိုလည်းပြစ်တင်မောင်းမဲဆဲရေါ်ပေမည်။ မိမိကိုယ်ကိုလည်း အသုံးမကျတဲ့ကောင် ဟူ၍ ငြူစူပေမည်။ အဆိုးမြင်သမားတို့သည် ဒေါသကြီးတတ်၏။ လောဘကြီးတတ်၏။ အတ္တကြီးတတ်၏။ ကြမ်းတမ်းခက်ထန်တတ်၏။ ပရဟိတနည်းတတ်၏။ လောကကြီးကို မကျေနပ်တတ်၊ ဘ၀ ကို မကျေနပ်တတ်၊ ပျော်ရွှင်ရယ်မောခြင်း နည်းတတ်၏။ ဘ၀ကို ပူလောင်စွာ နေထိုင်တတ်သူတည်း။
ထိုလူသည် အကောင်းမြင်သမားတစ်ယောက်ဖြစ်ခဲ့ပါမူ…..
တော်ပါသေးရဲ့၊ ငါ မြန်မြန်လိုက်ဖမ်းနိုင်ပေလို့၊ ပုလင်းထဲမှာ ဆီတစ်ဝက်ကျန်နေသေးတယ်။ ဟု မှတ်ချက်ပြုပေမည်။ မည်သူ့ကိုမှ အပြစ်မတင်။ အကောင်းမြင်သမားတို့သည် ဒေါသနည်းတတ်၏။ လောဘနည်းတတ်၏။ အတ္တနည်း၏။ လောကကိုလည်းကျေနပ်တတ်၏။
ဘ၀ကိုလည်းကျေနပ်တတ်၏။ နူးညံ့ပျော့ပြောင်းတတ်၏။ တစ်ခါတစ်ရံ ပျော့ညံ့သူဟုပင် ဆိုနိုင်၏။ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်၏။ ပရဟိတလုပ်ငန်းတို့တွင် တတ်ကြွစွာ ပါဝင်တတ်၏။ ဘ၀ကို အေးချမ်းစွာ နေထိုင်သူတည်း။
ထိုလူသည် ပကတိ အမှန်မြင်သမားဖြစ်ခဲ့ပါမူ….
ပုလင်းထဲ၌ ဆီပုလင်းတစ်ဝက်ကျန်နေသေးသည့်အတွက် ကောင်း၏။ တစ်ဝက်ဖိတ်ကျကုန် သည့်အတွက် မကောင်း၊ ဖိတ်ကျကုန်သော ဆီတစ်ဝက်ကို မည်သို့ ပြန်ဖြည့်ရမလဲ စဉ်းစား၏။
နောက်နောင် ခလုတ်တိုက်မလဲရအောင် သတိထားရမည်ဟု ဆင်ခြင်၏။ ထိုလူသည် အကောင်းကို အေးဆေးစွာ လက်ခံနိုင်သလို၊ အဆိုးကိုလည်း တည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းနိုင်၏။ လောဘ၊ ဒေါသ၊ အတ္တ၊ ပရကိုလည်း မျှတစွာ ချိန်ဆတတ်၏။ လောကကို၎င်း၊ ဘ၀ကို၎င်း ကျေနပ်တတ်၏။ ပျော်ပျော်ရွှင်ရွင် နေထိုင်တတ်၏။ ဘ၀ကို တည်ငြိမ်စွာ နေထိုင်တတ်သူတည်း။
သင်သည် မည်သည့်လူအမျိုးအစားတွင် ပါဝင်ပါသလဲ၊ မိမိကိုယ်ကို မေးကြည့်ပါ…။

စိတ်စမ်း

0

စိတ်ဆိုတာ မမြင်နိုင်တဲ့ အရာဖြစ်တယ်။စိတ်မှာ တိကျရေရာတဲ့ ပုံသဏန်တွေ
ဖွဲ့စည်းပုံတွေ မရှိဘူး။ ဒါကြောင့် စိတ်ကို စမ်းကြည့်လို့ မရနိုင်ဘူး နော်။
လူတချို့ဟာ စိတ်ကို စမ်းကြည့်နိုင်တယ်လို့ လွဲမှားစွာ ယူဆနေကြတယ်။ သူစိတ်ကို
စမ်းကြည့်တာ ပါ၊ သူဘယ်လိုခံစားရမလဲဆိုတာ သိချင်လို့ပါ ဆိုတဲ့ စကားမျိုး သူငယ်ချင်းတို့
မကြာခဏ ကြားဖူးကြမယ်ထင်တယ်။ တကယ်တော့ သူရရှိတဲ့ အဖြေဟာ
မှန်ကန်လိမ့်မယ်လို့ တစ်ထစ်ချ ပြောလို့မရဘူးနော်။၅၀ ရာခိုင်နှုန်းမှန်ကန်ဖို့ ခက်ခဲပါတယ်။
မျက်မမြင် ပုဏ္ဏား ခြောက်ယောက်က ဆင်သေတစ်ကောင်ကို ရုပ်လုံးဖေါ်သလိုမျိုး
ဖြစ်မှာဘဲ။ လိုရာကို ဆွဲတွေးပြီး ကောက်ချက်ချလိုက်မိနိုင်တယ်။ လောကကြီးကို
ဘယ်လိုသိပ္ပံပညာရဲ့ တီတွင်မှုတွေကမှ လိုက်မမီနိုင်တာ စိတ်ရဲ့ လျင်မြန်မှုဖြစ်တယ်။ စိတ်ရဲ့
အမြန်နှုံးဟာ လျှပ်တစ်ပြက်တောင် မရှိဘူးနော်။ ဒါကြောင့် စိတ်ကို ဖမ်းဖို့ မိဖို့မလွယ်နိုင်ဘူး။
လူ့စိတ်ဆိုတာ မျောက်စိတ်လိုပဲ၊ အပြောင်းအလဲ မြန်တယ်လို့ ဆိုကြတယ်။( လမင်းလဲ
မျောက်စိတ်….ဟိဟိ)
ကိုယ်စိတ်ကိုယ်တောင်မှ လွတ်ထွက်မသွားအောင် ထိန်းသိမ်းနိုင်ဖို့ ခက်လှတာ
သူတစ်ပါးရဲ့ စိတ်ကို စမ်းသပ်ကြည့်ဖို့ ပိုလို့တောင်မလွယ်ကူဘူး။
လူတစ်ယောက်ရဲ့ စိတ်ခံစားမှုဆိုတာ သူကိုယ်တိုင် ဖွင့်ဟ၀န်ခံချက်လောက် တိတိကျကျ
ဘယ်သူမှ မသိနိုင်ဘူး။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါ။

စိတ်ချမ်းသာ

0

စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတယ်တဲ့ သူငယ်ချင်းတို့ရေ။ ဒါပေမယ့် ကိုယ်ချမ်းသာတိုင်းတော့ စိတ်က ကျန်းမာချင်မှ
ကျန်းမာလိမ့်မယ်။
ချမ်းသာ တယ်ဆိုတာ ဘာကို ခေါ်တာလဲ။ သူငယ်ချင်းတို့ သိထားတဲ့ ချမ်းသာခြင်းဆိုတာ ငွေကြေးနဲ့တိုင်းတာထားတဲ့
သတ်မှတ်ချက်ဖြစ်တယ်။
ပြည့်စုံကြွယ်ဝ တင့်တယ်လှပတဲ့ ဘ၀အခြေအနေကို ချမ်းသာတယ်လို့ သုံးနှုံးလေ့ ရှိကြတယ်နော်။
ကဲ…ဒါဖြင့် စိတ်ချမ်းသာတယ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုကြမလဲ။ စိတ်ဆန္ဒတွေ ပြည့်စုံပြီး ကြံစည်သမျှ
အောင်မြင်လိုသမျှ ဖြည့်ဆည်းနိုင်တဲ့ မျက်ရည်ကင်းသော ဘ၀ကို စိတ်၏ ချမ်းသာခြင်းသုခ ခံစား ရတယ်လို့ ပြောရလိမ့်မယ်။
မိမိစိတ်ထဲက ဖြစ်ချင်တဲ့အရာ၊ လိုချင်တဲ့အရာ တွေဖြစ်လာရတဲ့အခါ ဘယ်လောက် စိတ်ချမ်းမြေ့ စရာကောင်းသလဲနော်။
အဲဒါကို ငွေနဲ့ ၀ယ်လို့ရမယ်လို့ သူငယ်ချင်းတို့ မထင်လိုက်လေနဲ့။
ငွေပုံပေါ်မှာ ထိုင်နေပြီး စိတ်ချမ်းသာခြင်းသုခကို မရရှိနိုင်ကြသူတွေ လောကမှာ အများကြီးရှိတယ် သူငယ်ချင်းတို့ရ။
မေတ္တာ၊ အကြင်နာ၊ စေတနာတွေကို ငွေနဲ့ဝယ်လို့ မရသလို ငွေနဲ့တန်ဖိုးဖြတ်လို့လည်း မရဘူး။ အဲဒီအရာ တွေဟာ
စိတ်ချမ်းသာမှု အတွက် လိုအပ်သော ဆေးဝါး တွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ငွေနဲ့ သွေးဆေးလို့ ဘယ်တော့မှ
မရနိုင်ဘူးပါဘူး။
ဒါကြောင့် လူ့ဘ၀ အရေအကြီးဆုံးငွေမဟုတ်ဘူးဆိုတာကို လက်ခံလားဟင်…
စိတ်ချမ်းသာမှုရှိစေဖို့ မေတ္တာသည်သာ အရေးအပါဆုံး ဖြစ်တယ်။ လူတိုင်းအပေါ် မေတ္တာထားတတ် ကြရမယ်လို့
ညခင်းထင်မြင်မိပါတယ်။

စိတ်ရှုပ်

0

စိတ်ရုပ်တယ်ဆိုတာကတော့ စိတ်မရှင်းတာ၊ မကြည်လင်တာ ပေါ့နော်။ မပြတ်သားတာကို ခေါ်တယ်။ မဖြောင့်ဖြူးတာကို
ခေါ်တယ်။ မချောမွေ့တာကို ခေါ်တယ်။ မသန့်ရှင်းတာကို ခေါ်တယ်။ မသပ်ယပ်တာကို ခေါ်တယ်။ ဒါကြောင့် ရှုပ်တယ်ဆိုတဲ့
ဝေါဟာရဟာ အနုတ် သဘော ဖြစ်နေပြီ ဆိုတဲ့ သဘောပါ။ စိတ်ချမ်းမြေ့မှုတွေ လျှော့နည်း သွားပြီ ဆိုပါစို့နော်။
ဘာကြောင့် စိတ်ရှုပ်ရတာလဲ၊ စိတ်ကို အနှောက်အယှက်တစ်စုံတစ်ရာ ပြူမူခြင်းခံရတဲ့ အခါ စိတ်ရှုပ်ရတာပေါ့။ စိတ်ကို
ဘာကနှောက်ယှက်သလဲ။ စဉ်းစား ကြည့်ရအောင်နော်။
အဓိက ကတော့ စိတ်ကို စိတ်ကပဲ နှောက်ယှက်တာပါ။ ဟုတ်ရဲ့လား။
မခံချင်စိတ်၊ သ၀န်တိုစိတ်၊ သံသယစိတ်၊ နာကြည်းစိတ်၊ တက်မက်စိတ်၊ အများကြီးပါဘဲ။
အဲဒီစိတ်တွေဝင်လာတဲ့ အခါ ပင်ကိုယ်စိတ်ရင်းခမျာ ရှုပ်သွားရတော့တာပါပဲ။
တစ်ခါတလေတော့လည်း စိတ်ကို ကံတရားက နှောက်ယှက်တတ်ပါတယ်။ ဘ၀ရဲ့ဆုံးရှုံးမှု၊ နစ်နာမှု၊ လွဲချော်မှု၊
ဒုက္လ္ခ္ခ္လ နဲ့သောကတွေဟာလည်း စိတ်ကို ရှုပ်ထွေးစေပါတယ်။
စိတ်ရှုပ်မှုရဲ့ ရလဒ်တွေက တော့ အလုပ်လုပ်ရတာ မလန်းဆန်း၊ မဖြတ်လတ်၊ မတတ်ကြွ၊ မတိကျ၊ မမှန်မကန် မှုတွေနဲ့
အနှုတ်သဘော တွေကိုပဲရှိမှာပါ။ စိတ်ရှုပ်ရှုပ်နဲ့ လုပ်မှတော့ မှားတော့တာပေါ့။
ကဲ ရှုပ်နေတဲ့ စိတ်ကို ပြေအောင် ဖြေတတ်ဖို့လိုတယ်နော်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers