Showing posts with label ထိုထိုယောင်္ကျား။. Show all posts
Showing posts with label ထိုထိုယောင်္ကျား။. Show all posts

စွန့်ရက်ခဲ့သူ

5

မြို့တစ်မြို့မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ယောက်ရှိခဲ့ပါသတဲ့။ ထိုဆရာကြီးထံတွင် ပိဂုင်္တ္တရ လုလင်အမည်ရှိ တပည့်တစ်ယောက်ရှိရာ ပညာပြည့်စုံလို့ သူ့ရပ်သူရွာ ပြန်တော့မဲ့အခါ တပည့်အား သမီးနှင့်လက်ဆက် ထိမ်းမြားပေး၍ ချီးမြှောက်ပါတယ်။ ဒိသာပါမောက္ခရဲ့သမီးက အလွန်ချောမောလှပတဲ့အပြင် လိမ္မာရေးခြား လည်းရှိအိမ်တွင်းမှုကိစ္စများကိုလည်းကောင်းစွာဆောင်ရွက်တတ် ၊လူအများနဲ့ ဆက်ဆံတဲ့ အခါလည်း ပြေပြေပြစ်ပြစ်ရှိလှပါတယ်။ ဒါပေမဲ့ ပိဂုင်္တ္တရလုလင်က ဆရာကြီးရဲ့ သမီးကိုတစ်ခါမှ မေတ္တာသက်ဝင် ချစ်ခင်ခြင်းမရှိခဲ့ပါဘူး ။ ဒါပေမဲ့မယူချင်ဘူးလို့လည်းမငြင်းခဲ့ဘူး။

ဒီလိုနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။ အကြင်လင်မယားဖြစ်ပေမဲ့ ပိဂုင်္တ္တရ လုလင်သည် သူ့အနား မိန်းကလေး ၀င်အိပ် တယ်ဆိုရင်ပဲ ချက်ချင်းအောက်ကိုဆင်းပြီး အိပ်ပါတယ်။ ဒီတော့လိမ္မာယဉ်ကျေးတဲ့ မိန်းကလေးက သူ့ခင်ပွန်းနဲ့အတူ အောက်ဘက်ကိုဆင်းအိပ် ပါတယ်။ အော်.ငါက ရွာခံပဲ သူဘာများ ဖြစ်နေမလဲ လို့တွေးပြီ...ပေါ့။ အဲဒီတော့ ပိဂုင်္တ္တရ လုလင်ကရှင်းပါတယ်။ တစ်ခါတည်း မြေကြီးပေါ်အထိဆင်းပြီး မြေကြီးပေါ်မှာပဲ လှဲအိပ်က ရော တဲ့။

မိန်းကလေးက ဘုန်းကံကြီးမားပြီး လုလင်ပိဂုင်္တ္တရက ဘုန်းကံနည်းပါးတဲ့အတွက် အဲသလို ဖြစ်ရတာပေါ့လေ။ အဲသလိုနဲ့(၇)ရက်ပြည့်တော့ သူတို့မောင်နှံဟာ လုလင်ရဲ့ရွာကိုပြန်ကြတော့တာပေါ့။ လမ်းခရီးမှာလည်း ချစ်ခင်ခြင်းမရှိခဲ့ပါဘူး။ ထမင်းစားတော့လည်း ကိုယ့်အိုးနဲ့ကိုယ်ချက်စားကြပါသတဲ့။တည်းခိုဖို့ ဇရပ်တွေ့ရင် လည်း မိန်းကလေးက ဇရပ်ပေါ်မှာအိပ်ရင် ယောက်ျားလေးက ဇရပ်အောက်မြေပေါ်မှာ အိပ်ပါသတဲ့။ လမ်းတစ်လျောက် ပိဂုင်္တ္တရ က မိန်းကလေးအနားကို မသီ နိုင်ဘဲ အမြဲအောက်ကျနောက်ကျစွာ နေခဲ့ပါသတဲ့ (ဒါကလည်း သူ့ရဲ့ရွေးချယ်မှုနဲ့သူပဲ ဖြစ်ပါတယ်။)

အဲလိုနဲ့လာလိုက်တာ ပိဂုင်္တ္တရရဲ့ရွာနားအနီး အသီးတွေအပြည့်နဲ့ ရေသဖန်းပင်အနီးရောက်တော့ ဆာလောင် လွန်းတာနဲ့ ပိဂုင်္တ္တရ က သစ်ပင်ပေါ်တက်ပြီး အသီးတွေကို ဆွတ်စားပါတော့တယ်။ မိန်းကလေးခမျာမှာတော့ အပင်အောက်ကနေ တမော့မော့ပေါ့။ ပြီးတော့မှ အရဲစွန့်ပြီး အရှင် ကျွန်မကိုလည်း ခူးပေးစေလိုပါတယ်လို့ ပြောလိုက်ပါတယ်။ ပိဂုင်္တ္တရလည်း တလမ်းလုံးသူမကြိုက်ဘဲ ကပ်ပါလာသော မိန်းကလေးကို ချစ်လာရမယ့် အစားပိုပိုမုန်းလာတာဆိုတော့ ခူးမပေးနိုင်ပါဘူး။ စားချင်ရင် နင့်ဘာသာနင်တက်ပြီး ခူးစားပါလား လို့ပြောပါ တယ်။မိန်းကလေးခမျာ ပိဂုင်္တ္တရ သစ်ပင်ပေါ်ဆင်အောင် စောင့်ပြီးမှ သဖန်းပင် ပေါ်တက်ပြီး သဖန်းသီးခူးစား ရရှာပါတယ်။ ထိုအခါ အပင်ပေါ်မှာ အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး သစ်ပင်အောက်ခြေပတ်လည်မှာ ဆူးတွေနဲ့ ကာရံထားခဲ့ပြီး သူတို့ရွာရှိရာဘက်ကို ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးပါလေ တော့တယ်။ (အံ့စရာအဖြစ်ပါပဲ။)

မိန်းကလေးခမျာ သဖန်းပင်ပေါ်မှာ နေစောင်းတဲ့အထိ ထိုင်နေရရှာတယ်။ နေစောင်းလာတော့ ဥယျာဥကစားထွက်လာတဲ့ ၀ိဒေဟရာဇ်မင်းကြီးဟာ ရွှေနန်းတော်အပြန် လမ်းဘေး သဖန်းပင်အနီးကို ရောက်လာပါတယ်။ သစ်ပင်ပေါ်မှာ မိန်းကလေးတစ်ယောက်တည်း ထိုင်နေတာမြင်တော့ အလွန်ချောမော တဲ့မိန်းမလေး ထူးထူးဆန်းဆန်းသစ်ပင်ပေါ် ရောက်နေတယ် ချစ်ခင်စိတ်တွေဖြစ်ပေါ်ပြီး...မင်းချင်းတွေကို သွားမေးကြစမ်း ဟု အမိန့် ပေးလိုက်ပါတယ်။ အဲဒီတော့ မိန်းကလေးရဲ့အကြောင်းစုံကိုသိပြီး မင်းကြီးက အလွန်ချစ်ခင်ကာနန်းတော်ကိုခေါ်သွားပြီး မိဖုရားခေါင်ကြီးရာထူးနဲ့ မိဖုရားမြှောက်လိုက်ပါတယ်။ အမည်ကလည်း ဥဒုမ္ဗရဒေ၀ီလို့ တွင်သွားပါတယ်။ သဖန်းဒေ၀ီ ရှင်သဖန်းပေါ့။

ဇာတ်လမ်းက ဆုံးသေဘူး…ရှာရှည်တယ်မထင်နဲ့နော်.။ဒီလိုနဲ့ မိဖုရားရှင်သဖန်း နဲ့ဝိဒေဟရာဇ်မင်းကြီး တို့ဟာ တစ်နေ့မှာဆင်စီးပြီး ခရီးသွားပါတယ်။ မင်းကြီးသွားတဲ့လမ်းကို ပြင်ဆင်ဖို့ရာ သူရပ်ကွက်နဲ့ သူတာဝန်ယူကြတဲ့အထဲမှာ ပိဂုင်္တ္တရလုလင် နေတဲ့ရွာရောက်တဲ့အခါ ခါးတောင်းကို မြှောင်အောင်ကျိုက်ကာ ပေါက်တူးတစ်ချောင်းနဲ့လမ်းပြင်နေတာကို ရှင်သဖန်းမြင်တဲ့အခါမှာ သူ့ကို ရက်ရက်စက်စက် မျက်ကွယ် ပြုသွားတဲ့ သူ့ကိုမြင်တာနဲ့ အဖေပေးစားတုန်းက မငြင်းဝံ့ဘဲ ငါ့ကိုရက်စက်ခဲ့တဲ့ သူ အခုတော့လည်း ငါတို့ သွားမယ့်လမ်းကို ပြင်နေရပြီးမဟုတ်လားလို့ မိန်းကလေးတို့သဘာဝ မှတ်ကရောဟယ်လို့ တွေးမိပြီး မစောင့်စည်း နိုင်ဘဲ ရယ်မောလိုက်ပါတယ်။

ဘုရင်ကြီးက ရှင်သဖန်း ဘာကြောင့်ဒီလောက် ရယ်ရသလဲလို့မေးတော့ နန်တော်ရောက်မှပြောပါရစေဟုဆိုကာ နန်းတော်ရောက်လို့ အကြောင်းစုံပြောတဲ့အခါ ဘုရင်ကြီးက မယုံကြည်ပါဘူး။ ပိဂုင်္တ္တရ ကို အခု ထိမမေ့နိုင်လို့ မြင်တာနဲ့ ၀မ်းသာလို့ရယ်တယ်၊ တခြားတစ်ပါးသောသူကိုမြင်လို့ ရယ်တာလားလို့တွေးပြီး မိဖုရားကို သန်လျက် တရွယ်ရွယ်လုပ်နေပါသတဲ့။ မိဖုရားက ပညာရှိတစ်ယောက်ကို မေးကြည့်ပါဦး။ သူမကို တကယ်ပစ်ထားခဲ့တာပါ။ အဘယ်မှာ စွဲလမ်းပါ့မလဲ စသည်ဖြင့်အသနားခံ တဲ့အခါ သေနက အမတ်ကြီး ကို ဘုရင်ကအကျိုးအကြောင်းပြောပြီးမေးတော့ ဒီလောက်လှတဲ့ မိန်းမကို ရခဲ့တဲ့သူတစ်ယောက်က ပစ်ထားခဲ့တယ် ဆိုတာ ဖြစ်နိုင်ပါမလားလို့မေးခဲ့တာပါ။ မဖြစ်နိုင် ပါဘူးလို့ပြန်လည်းလျောက်တင်ပါတယ်။ အဲဒီတော့ ရှင်သဖန်း ကုတ်ပေါ်ကို သန်လျက်ဝဲတော့တာပေါ့။ နောက်တစ်ယောက်ကို မေးပါဦး လို့လျောက်တင်ပြန်ပါတယ်။ အဲဒီအခါမှာ မဟောသဓအမတ်ကို မေးပြန်ပါတယ်။

မဟောသဓ က ဘုရားအလောင်းပညာရှိသုခမိန်ကိုး ဒီတော့ အရှင်မင်းကြီး လောကဟာ လျှိုဝှက်ဆန်းကြယ် တယ်။ သာမန်ဆိုရင် မိန်းမလှတစ်ယောက်ကို လိုချင်ကြမှပါပဲ။ ဒါပေမဲ့ သိပ်ပြီးဘုန်းကံမြင့်နေမယ်၊ သူ့ကိုအခွင့်သာလို့ရတဲ့သူက ဘုန်းကံမွဲသူ ၊သူယုတ်မာတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ မိန်းမလှကို မယူရဲတာနဲ့ပဲပစ်ထားခဲ့မှာပါပဲလို့မဟောသဓကဖြေပါတယ်။အဲတော့မှမင်းကြီးက မိဖုရားကို ခွင့်လွတ် တော်မူခဲ့သတဲ့.။

ဥဒုမ္ဗရဒေ၀ီရဲ့ဇာတ်ကြောင်းဟာ အလွန် စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ အခုခေတ်မှာလည်း မိန်းကလေးက သိပ်လှပေမဲ့၊ သိပ်တော်ပေမဲ့ ယောက်ျားလေးက ပြစ်ခွာသွားရက်တယ်ဆိုတဲ့ ဇာတ်လမ်းတွေ အများကြီးပါပဲ။ အဲဒီလိုပဲ ယောင်္ကျားလေးက သိပ်တော်မယ်၊ မိန်းကလေးကိုလည်း အလွန်မြတ်နိုးမယ်၊ ဒါတောင်မှ မိန်းကလေးက ပစ်ခွာသွားရက်တယ်ဆိုတဲ့ ဇာတ်လမ်းတွေ၊ နောက် အိမ်ထောင်ရက်သားကျ ကလေးတွေရပြီးမှ ပစ်ခွာထားရက်တယ် ဆိုတာတွေ မရေတွက်နိုင်ဘူးပေါ့။ အဲသလိုအဖြစ်မျိုးတွေ ကို နားလည်မလည်နိုင်၊ ခံရချက်ကလည်း မသက်သာနိုင် တဲ့အတွက် ထားရစ်ခံရသူတို့အဖို့ အလွန်စိတ်ဆင်းရဲတတ်ကြပါတယ်။

ဒါပေမဲ့ ဒီလိုကိစ္စမျိုးတွေဟာ ဟိုးရှေးရှေးကာလ ကတည်းကရှိခဲ့ဖူးပါတယ်။ အရေးကြီးတာ က ကိုယ့်ဘက်က သီလလုံခြုံနေဖို့ပါပဲ။ သီလနဲ့ပြည့်စုံသူဟာ ရဲရင့်ပါတယ်။ ဘယ်လိုအဖြစ်မျိုးနဲ့တိုးသည်ဖြစ်စေ ဇာတ်သိမ်း ကျတော့ ကောင်းတတ်ပါတယ်။ အဲဒီတော့ ဒီဇာတ်တော်ဖတ်ပြီး ထားခဲ့ရက်တယ် ဆိုတဲ့ခံစားချက်နဲ့ မသက်မသာဖြစ်နေရင် အဲဒီစိတ်ကို သြော်.....ကံအား ဥာဏ်အား ဘုန်းကံအား မတူရှာလို့ သွားရှာတယ်။ ငါတို့တော့ ငါတို့ရဲ့ ကံအား ဥာဏ်အား ဘုန်းကံအားကို ပို၍သာဖြည့်ရပေဦးမယ်လို့ တွေးတော လိုက်စေချင်ပါတယ်။

အဲဒါမှ မိဖုရား ရှင်သဖန်းလို ဆင်ပေါ်ကနေပြီး ရယ်လို့ရမှာပေါ့။ အဲ…ဒါတောင်မှ အတောင် ၂၀ ၀တ် မင်းယောက်ျားတွေ များတော့ သဖန်းပင်ပေါ်တင်နေတာကို ဆင်နဲ့ယှဉ်ပြီး အရယူခဲ့သေးရဲ့ ရယ်မိတာ လောက်နဲ့ ကုပ်ပေါ် သန်လျက်တင်ပြီး စစ်ချင်သေးတယ်။ အင်း တွေးစရာ တောစရာတွေက တယ်များ … သပေါ့နော်။



(ဇာတ်ကြီး ၁၀ဘွဲ့ မဟောသဓာဇာတ်တော်ကြီး ဥဒုမ္ဗရဒေ၀ီ)


ရွှင်လန်းချမ်းမြေ့ကြပါစေ။

ယောက်ျားကောင်း ၏ခေါင်းဆောင်မှုများ။

7

ယောက်ျားကောင်း တစ်ယောက်သည် မိမိ အိမ်ထောင် မိမိရပ်ရွာ၊ မိမိပတ်ဝန်းကျင်၊ မိမိအလုပ်၊ မိမိနိုင်ငံ ကို ဦးစီးဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်ရသည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ရာတွင် ခေါင်းဆောင်ကောင်း ယောက်ျားကောင်းတစ်ယောက် ဖြစ်စေရန်အတွက် အရည်အချင်းများပြည်ဝရန်လိုအပ်ပါသည်။ အရည်အချင်းပြည့်ဝမှ အများ၏ ကြည်ညိုလေးစားခြင်းကို ခံရပြီး ဦးစီးဦးဆောင်ကောင်း ယောက်ျားတစ်ယောက်ဖြစ်ပါမည်။

ခေါင်းဆောင်ကောင်းတစ်ယောက် ယောက်ျားကောင်းတစ်ယောက်အတွက် လိုအပ်သော ခေါင်းဆောင်မှု အင်္ဂါတို့ ရှိကြသည်။ ယင်းတို့မှာ-

(၁) သဒ္ဒ္စါ = မိမိလုပ်နေရသော အလုပ်၏ မွန်မြတ်မှုကို သက်ဝင်ယုံကြည်မှုရှိခြင်း။

(၂) အလုပ်တတ် = မိမိလုပ်မည့် အလုပ်၏ လုပ်ငန်း ပမာဏ အစရှိသည်တို့ကို တတ်သိ နားလည် ကျွမ်းကျင် ရမည်။
(၃) တာဝန်ယူ = မိမိလုပ်သမျှ အလုပ်များကို မိမိတာဝန်ယူနိုင်ရမည်။

(၄) တိုးအောင်လုပ် = မိမိစွမ်းရည်ထက်မြက်လာအောင် ကြိုးစားရမည်။

(၅) စံပြဖြစ် = အများအတွက် နမူနာကောင်း စံပြပုဂ္ဂိုလ် ဖြစ်ရပါမည်။

(၆) တာဝန်ရှာ = ကျလာ ပေးလာသော တာဝန်ကို မကြောက်ရ၊ ပြေးတွေ့ရဲ - ရင်ဆိုင်ရမည်။

(၇) အခိုင်းတတ် = လုပ်သားများအား ခိုင်းလိုက်သော အလုပ်ကို သေသေချာချာ နားလည်ရဲ့လား၊ ကြီးကြပ်မှုရှိ ရဲ့လား၊ ပြီးစီးအောင် လုပ်ရဲ့လား ဟု အမြဲသတိရှိပြီး ခိုင်းစေတတ်ရမည်။

(၈) မေတ္တာထား = ငယ်သားတိုင်း ၏ လူမှုရေး၊ စိတ်ဓာတ်အခြေအနေ၊ ကျန်းမာရေးနှင့် သက်သာချောင်ချိရေး အခြေအနေတို့ကို ဂရုစိုက်ထားရမည်။

(၉) ပညာပေး = မိမိလုပ်သားများ တပည့်များ၊ မိတ်ဆွေများ သိသင့်သိထိုက် သိရှိနားလည်ထိုက်သော အကြောင်းအရာ ပညာရပ်များကို သိရှိနားလည်အောင် ဆောင်ရွက်ပေးရမည်။ ပညာပေးရမည်။

ပျော်ရွှင်ကြပါစေ...
ညခင်း

သား(၃)မျိုး

7

လောက၀ယ် မိဘတိုင်း ၌ သား(၃)မျိုး ရှိကြောင်း ဘုရားရှင်က ဟောကြားခဲ့သည်။ ယင်း ၃မျိုးမှာ-

(၁) အတိဇာတသား = မိဘတို့ ထက် သီလ ၊ သမာဓိ ပညာ ဂုဏ်သရေ သာလွန်သောသား။

(၂) အနုဇာတသား = မိဘတို့နှင့် သီလ၊ သမာဓိ ပညာ ဂုဏ်ရည်တူ သောသား။

(၃) အ၀ဇာတသား = မိဘတို့နှင့် သီလ၊ သမာဓိ ပညာ ဂုဏ်ရည် ယုတ်ညံ့သော သားမိုက်။

လောကတွင် မိဘတို့သည် ထိုသား (၃)မျိုးတွင် အ၀ဇာတ သားကို အလိုမရှိကြပေ။ အတိဇာတသား နှင့် အနုဇာတသားကိုသာ အလိုရှိကြသည်။ ထိုသို့ အလိုရှိကြသည့်အတွက် သားသမီးကို လိမ္မာရေးခြားရှိအောင်၊ ပညာတတ်အောင် သွန်သင်ဆုံးမ ကြ သည်။ အတတ်ပညာ သင်ပေးကြသည်။ ဥစ္စာအမွေ ပေးကြသည်။

ဘုရားရှင် က သားကောင်းသားမြတ် နှင့် ပတ်သက်၍-

***ချစ်သားတို့ လောကအတွင်းဝယ် သား(၃)မျိုးရှိရာ၏။ ထိုသုံးပါးတို့တွင် အကြင်သားသည် ရတနာ သုံးပါးဆည်းကပ်ကိုးကွယ်တတ်၏။ ရတနာသုံးပါး ကံ-ကံ ၏ အကျိုးကိုသက်ဝင်ယုံကြည်တတ်၏။ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည့် သီလနှင့်ပြည့်စုံ၏ အလှူခံ ပုဂ္ဂိုလ်တို့၏ စကားကို တတ်သိနားလည်ကြ၏။ ၀န်တိုခြင်း -မစ္ဆေရ အညစ်အကြေး ကင်းစင်စေကုန်၏၊ ထိုသားထူးသားမြတ်တို့သည် မိုးသားတိမ်တိုက်မှ ထွက်သော ကမ္ဘာတန်ဆာ လဆန်းရတာကဲ့သို့ များပြားသော ပရိသတ်အလယ်၌ တင့်တယ်ထွန်းပ ကြကုန်၏။***
ဟူ၍ ဟောတော်မူခဲ့ပါသည်။

ထို့ကြောင့်..............................


ဗဟုသုတရစေရန် ရည်ရွယ်ပါသည်...
ညခင်း

ထိုထိုယောင်္ကျား။

4

ယောက်ျားမြတ်တို့ အား(၅)ပါး။

၁။ ဗာဟု -လက်ရုံးအား၊ ကိုယ်လက်သန်မာထွားကျိုင်းခြင်း။
၂။ ဘောဂဗလ-ရွှေငွေ ရတနာ လယ်ယာစပါး စသည် ပစ္စည်းဥစ္စာများ။
၃။ အမစ္စဗလ- မှူးမတ်ရာထူး၊ အာဏာရာထူး စသည်များ၊
၎။ အဘိဇဗလ- ဆွေမျိုးမိတ်သင်္ဂင်္ဟအား။
၅။ ပညာဗလ- ဗာဟုသစ္စသိပ္ပပညာအား။

ယောက်ျားမြတ်တို့၌ ရှိထားကြရမည့် ဗလငါးတန်တို့တွင် တစ်ဆင့်ထက်တစ်ဆင့် အစဉ်အတိုင်းမြတ်၍ ပညာအားသည် အမြတ်ဆုံးဖြစ်သည်။

ယောင်္ကျားသားတို့ အပြစ် (၆)ပါး။

ယောက်ျားမြတ် ဖြစ်လိုသော သူတို့သည် အောက်ပါ အပြစ် (၆)ပါးကို ရှောင်ကြဉ်ကြရသည်။

၁။နိဒ္ဒ -အအိပ်စုံမက်ခြင်း၊
၂။တန္နီ -လုပ်ငန်းရပ်၌ အလိုမသန်း နှေးကန်ဖင့်လေး အေးစက်ထိုင်းမှိုင်းခြင်း။
၃။ဘယ - သတ္တိညံ့ဖျင်း ကြောက်ရွှံ့တတ်ခြင်း။
၎။ကောဓ - သည်းညည်းမခံ ဒေါသထန်ခြင်း။
၅။ အာလသျ - အပျင်းထူခြင်း။
၆။ ဒီဃသုတ္တ -အချိန်ဖင့်လေးပြီးစီးမှု နှောင့်နှေးအောင်လုပ်ဆောင်ခြင်း။

ယောက်ျားတို့၏ မာယာ (၉)သွယ်။

၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း။
၂။ပညာဂုဏ်ကို ပြတတ်ခြင်း။
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း။
၎။ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း။
၅။ အစဉ်မပြတ် နောက်ယောင်ခံငြင်း။
၆။ အစားအသောက် လက်ဆောင်များ ပေးတတ်ခြင်း။
၇။ မြှောက်ပင့် ချီးမွမ်းတတ်ခြင်း။
၈။ အ၀တ်အစားပြောင်းလဲ ၀တ်တတ်ခြင်း။
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း။


ပျော်ရွှင်ကြပါစေ...
ညခင်း

ကွယ်ဝှက်လို့မရအောင် ဖြစ်တတ်တဲ့ အချစ်ဆိပ်တက်ချိန်

0

မိန်းကလေး တစ်ယောက်ကို ရင်ခုန်ခံစား ချစ်မိပြီဆိုရင် ကိုရွှေယောက်ျားတော်တော်များများဟာ ဟန်ဆောင်ဖုံးကွယ်ထားပါစေ၊ သူ စိတ်လှုပ်ရှားခံစားနေတယ်ဆိုတာ ပေါ်နေတတ်ပါတယ်။ အဲလို အမူအရာတွေ လှုပ်ရှားမှုတွေက ဘာတွေလဲ။

၁။ ချစ်မိပြီဆိုတာ သိစေတဲ့ အချင်းအရာ။
အနာဂတ်အစီအစဉ်တွေ လုပ်စရာတွေ စဉ်းစားလိုက်တိုင်း သူကလေး က အဲဒီအစီအစဉ်တွေထဲမှာ တွဲလျက်ပါနေတာ၊ သူကလေး နဲ့ ဆက်စပ်နေတဲ့ အလုပ်ကိစ္စတွေကိုပဲ ရှေ့ဆက်လုပ်ဖို့စဉ်းစား နေတာ၊ သူကလေးနဲ့အတူတကွ သွားလာလည်ပတ်ဖြစ်တဲ့အခါ ဆက်ခါဆက်ခါ ဟိုသွားမယ် ဒီသွားမယ် ဟိုပွဲဒီပွဲတွေ နှစ်ယောက်သား ဆင်နွဲမယ်ဆိုတာပဲ တွေးဖြစ်တာတွေဟာ သင် သူအပေါ် ချစ်မိနေတာတွေပေါ့။

၂။ တခြားအရေးကြီးတာတွေ သူကလေးနဲ့ယှဉ်လိုက်ရင် အားလုံးနောက်ဆုံးမှာပါ။
အရင်က ဘယ်လို ကိစ္စတွေကိုပဲ ဦးစားပေးခဲ့ပေးခဲ့ သူ့ကိုတွေပြီးချိန်မှာ အားလုံးနောက်ကောက်ကျသွားပြီ။ သူကလေးက ကော်ဖီဆိုင်ထိုင်ဖို့ ပြောရင် အလုပ်တွေပစ်ပြီး လစ်ဖို့ အဆင်သင့်.။

၃။ လိုက်လျောဖို့သိပ်ပြောမနေရပါ။
နှစ်ယောက်တွေဆုံတဲ့အခါ ကိုယ်စီရှိကြတဲ့ အစီအစဉ်တွေက တခြားစီဖြစ်နေကြစေဦး။ သူ့ဘက်က သိပ်တောင်းဆို ညှိနှိုင်းမနေရဘဲ သင်ကအမြဲ သူ့အစီအစဉ်နဲ့ အဆင်ပြေအောင် အလျှော့ပေး လိုက်လျော နေဖြစ်တာ။

၎။အမြဲသူကလေးနဲ့တွေ့ဆုံအချိန်ဖြုန်းရတာကို ပျော်နေတာ။
သူနဲ့တွေ့ဖို့သာ စဉ်းစားတယ်။သူနဲ့တွေ့ဖို့ပဲ စီစဉ်တယ်။ တခြားဘာမှ အဲဒါလောက် အရေးမ ကြီးတော့ဘူး။ လှပသာယာတဲ့ ညနေခင်းတိုင်း သူကလေး ဆီက တီတီတာတာ စကားသံလေးတွေပဲ နားထောင် ရင် လမ်းလျှောက်ကြမလား၊ခုံတန်းကလေးပေါ်ပဲထိုင်ကြမလား။ အဲလို အမြဲအချိန်ဖြုန်းချင်တဲ့အခါ။

၅။သူကလေး လွဲရင် ဖွဲနဲ့ ဆန်ကွဲဖြစ်နေတာ။
သင့်မျက်စိ သင့်ရင်ခုံသံမှာ သူကလွဲရင် တခြားသူနေရာမရှိ၊ သိပ်ချောသိပ်လှတဲံ မိန်းကလေးတွေနဲ့ အလုပ်လုပ်ကိုင်နေသည့်တိုင် သင်သတိမမူဖြစ်၊ အလွန့်အလွန်ဆုံးသင် သတိထားမိရင်တောင် သူကလေးရဲ့ အလှကို မီဘူး။ဘယ်နေရာမှာ ပိုသာတယ်ဆိုတာပဲ သင်တွေးနေတတ်တာ။

၆။သင်နေလို့ထိုင်လို့သိပ်ကောင်းနေပြီး သင့်မျက်လုံးတွေ တောက်ပနေမှာ။
သင့်ဆီမှာ ချစ်ဆိပ်ချစ်သွေးတွေ ပြည့်နေချိန်မှာ သင့် ခန္ဒ္စာကိုယ်က ဓာတ်သဘာဝ မျှတနေပြီး သင့်မျက်ဝန်းမှာလည်း ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းလဲ့ပြာပြာဆိုလောက်အောင် တောက်ပနေမှာ၊တက်ကြွလန်းဆန်းနေမှာ သေချာပါရဲ့။

၇။သူကလေးရဲ့ ချစ်စရာကောင်းပုံတွေကို သင်ရှာဖွေဖြစ်နေတာ။
အချိန်တိုင်း သူကလေး ရဲ့ အများနဲ့ မတူ တစ်မူထူးတယ်လို့ ယူဆရတာလေးတွေကို ရှာဖွေ စဉ်းစားပြီး သင့်တစ်ယောက်တည်း ပြောမပြတတ်အောင် ကျေနပ်ပျော်ရွှင်နေတတ်တာ။

၈။သူကလေးနဲ့ပတ်သက်သမျှ သင်သိချင် ပတ်သက်ချင်နေတတ်တာ။

ချစ်မိတဲ့အခါ သူကလေး အကြောင်း ဆံစ မှ ခြေဖျား အဆုံး သင်သိချင်တော့တာ၊ သူ ဘာတွေတယ်။ သူဘာကြိုက်တယ်။ သူဘာ နှစ်သက်တယ်။ ဘာတွေလုပ်ပေးရင် သူကျေနပ်မယ်။ ပြုံးပျော်မယ် ဆိုတာတွေ အားလုံး သင်သိချင် ဖြည့်ဆည်းပေးချင်နေတော့တာ။

၉။ သူ့အကြောင်းတွေးတာ ရပ်လို့မရအောင်ပါ။

ဘာကြောင့်ရယ်လို့ ဆင်ခြေမရှိဘဲ သူ့အကြောင်း စဉ်းစားတိုင်း ပျော်ရွှင်ကြည်နှုးနေတတ်တာ၊ သူက သင့်တစ်ဝက်တောင် သင့်ကို သတိရမနေတဲ့တိုင် သင်ကတော့ တွေ့ဖို့တွေးနေတာ၊ တွေ့ခဲ့တာတွေ တွေးမ၀နိုင်၊ အမြဲသတိရနေတာ။

၁၀။ သူ့ရှေ့က ကြုံဖူးတဲ့ ရင်ခုန်စရာတွေကို မေ့လိုက်နိုင်တာ။

သင်ဟာ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ နီးစပ်တွေ့ဆုံနေပါလျက်နဲ့ ။အဲဒီ မိန်းကလေးရဲ့ ရှေ့က သင်ရင်ခုန်ဖူးသူတွေကို သတိရနေသေးရင် ဒါအချစ်မဟုတ်သေးဘူး။ သင်အခုဆုံနေတဲ့ သူကလေးကို တွေ့မိချိန်ကစပြီး ရှေ့က ကြုံခဲ့ဖူးသူတွေ တစ်ယောက်မှ သတိမရတော့အောင် ပျောက်ကွယ်ကုန်ကြတဲ့အခါ
သင်ဟာ အချစ်စစ်ကို တွေ့နေပြီဆိုတာ ပါပဲ။
ပျော်ရွှင်စေရန်ရည်ရွယ်ပါသည်။ အားလုံးပြုံးပျော်နိုင်ကြပါစေ။


ယောက်ျားမာယာကိုးပါး

0

၁။ အမျိုးဂုဏ်ကိုဖော်ပြတတ်ခြင်း၊
၂။ ပညာဂုဏ်ကို ပြတတ်ခြင်း၊
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း
၎။ ၀မ်းသာဟန် ၀မ်းနည်းဟန်ပြုတတ်ခြင်း
၅။ အစဉ်တစိုက် နောက်ယောင်ခံလိုက်တတ်ခြင်း
၆။ လက်ဆောင်ပစ္စည်း စားသောက်ဖွယ်ရာ ပေးကမ်းခြင်း
၇။ မြှောက်ပင့်ချီးမွမ်းခြင်း
၈။ အ၀တ်အစားမျိုးစုံ လဲလှယ်ဝတ်ပြခြင်း
၉။ ကိုယ်ခန္ဒာတောင့်တင်းကျန်းမာမှုကို ဖော်ပြတတ်ခြင်း

ယောင်္ကျားဟူသည်

0

ကောင်မလေးနှင့် ကောင်လေး ချိန်းတွေကြ၏။ ကောင်းကင်မှာ ငှက်ကလေးတွေက တကျီကျီမြည်တမ်းလျက် ပျံသန်းသွားကြသည်။ ငှက်ကလေးတွေကို ကြည့်ပြီး ကောင်မလေးက မေးခွန်းတစ်ခု မေးလိုက်၏။

***ဘာငှက်လေးတွေလဲ မသိဘူးနော် မောင်ရော သိရဲ့လား***

***အချစ်ငှက်လေးတွေပေါ့ အချစ်ရာ***ကောင်လေး က ချိုသာသော အသံဖြင့် ပြန်ဖြေသည်။ ချစ်ရည်ရွှန်းသော အကြည့်တို့ဖြင့် တစ်ဦးကို တစ်ဦး ကြည့်၍ ပြိုင်တူ ပြုံးလိုက် ကြ၏။

အိမ်ထောင်ကျပြီးစ……

ကောင်မလေးက သူ့ယောင်္ကျားကို ခေါ်ပြီး ရည်းစား ဘ၀က အတူတူထိုင်၍ ကြည်နှုးခဲ့ ဖူးသော နေရာဟောင်းလေးသို့ အတူတူသွား၍ ထိုင်ကြသည်။ ကောင်းကင်ထံမှာ လည်း ငှက်ကလေးတွေ တချို့ပျံသန်းသွားကြပြန်သည်။ ကောင်မလေးက ကြည်နှုးစွာမေးခဲဖူးသော မေးခွန်းတစ်ခုကို အသစ်လုပ်ကာ ပြန်မေးလိုက်၏။

***ဘာငှက်လေးတွေ လဲ မသိဘူးနော် မောင်ရော သိရဲ့လား***

***စာငှက်တွေလေကွာ***

ယောင်္ကျားဖြစ်သူက စိတ်မပါစွာ ပြန်ဖြေလိုက်၏။ ကောင်မလေးက မဲ့ပြုံးလေးတစ်ချက် ပြုံးသည်။

ကလေးတစ်ယောက်ရပြီးသောအခါ…..

သည်တစ်ခါလည်း သူတို့ အတူတူထိုင်ဖူးသော နေရာမှာပင် ထိုင်နေကြပြန်သည်။ သို့သော် အရင်နှင့်မတူတော့။ ကောင်မလေး ရင်ခွင်မှာ ကလေးငယ်တစ်ယောက်ကို ထွေးပွေ့ထား၏။ ငှက်ကလေးများကတော့ မပြောင်းလဲစွာ ပျံသန်းသွားကြပြန်သည်။ ကောင်မလေးက မေးခွန်း တစ်ခု မေးလိုက်ပြန်တယ်။

***ဘာငှက်တွေလဲ မသိဘူးနော် တကျီကျီနဲ့***

ထိုအခါ ယောင်္ကျား ဖြစ်သူ၏ အဖြေစကားကြောင့် မိန်ကလေးမှာ မျက်ရည်များ ဝေ့သမ်းလာလေသည်။ ယောင်္ကျားဖြစ်သူ ပြောလိုက်သည်ကား……

***ဟ ….ဒီငှက်ကလေးရဲ့ နာမည်မှ မသိဘူးလား၊ မသိရင် မသေမချင်းမှတ်ထား၊ လဒ တဲ့ ဟေ့၊ လဒ ငှက်တဲ့***ဟူသတည်း။

မိုးမမြင်လေမမြင်

0

ချစ်စရာနွေ တစ်နေ့ပေါ့…အေးမြသော မြစ်ကမ်းပါးပေါ် ချစ်သူ နှစ်ဦး ယှဉ်တွဲ ၍ထိုင်လျှက် ချစ်တေးလေးတွေ
သီနေကြသည်။

***တို့ကို မောင်သိပ်ချစ်တာ ပဲလားကွယ်***

***သိပ်ချစ်တာပေါ့အချစ်ရယ်***

***ဧ၀ ကို အာဒံချစ်တာထက် ပိုမှာပေါ့နော်***

***အို….အများကြီးကိုပိုတာပေါ့…တကယ်ပေါ့***

***ဘာလို့…တကယ်ပါလဲ…***

***ဘာလို့ရမှာလဲအချစ်ရဲ့…အာဒံမှာက ရွေးစရာ မရှိဘူးလေ…***

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers