Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

အသက်ရှုခြင်းဆိုင်ရာရောဂါကုထုံး

12


ကျနော်တို့နှာခေါင်းမှာ ဘယ်နဲ့ညာဆိုပြီး နှာခေါင်းပေါက် နှစ်ပေါက်ပါရှိပါတယ်။သူတို့တွေက တူညီတဲ့ အသက်ရှုခြင်းဆိုင်ရာ နည်းလမ်း တွေဖြစ်တဲ့ ၀င်လေ(Breath in)နှင့်ထွက်လေ(Breath out)တို့ပါရှိနေ ပါတယ်။အမှန်တကယ်အားဖြင့်တော့ သူတို့တွေဟာမတူညီကြ သလို အာရုံခံစားမှုတွေဟာလည်း ကွဲပြားခြားနား ကြပါတယ်။

သို့ဖြစ်သောကြောင့် ညာဘက်နှာခေါင်းပေါက်ကတော့ နေကို ကိုယ်စားပြုသလို ဘယ်ဘက်နှာခေါင်းကတော့ လကို ကိုယ်စား ပြုထား ပါတယ်။ နေကပူလောင်ခြင်း၊လ ကတော့ အေးမြခြင်းပေါ့။

ခေါင်းကိုက်လာတဲ့ အခါမှာ ညာဘက်နှာခေါင်းပေါက်ကို ပိတ်လိုက်ပါ။ထို့နောက် ဘယ်ဘက်နှာခေါင်းပေါက်ဖြင့် ၅ မိနစ်မျှ အသက်ရူလိုက် ပါ။ခေါင်းကိုက်နေတာ သက်သာပြီး ကောင်းသွားပါလိမ့်မယ်။

တကယ်လို့ အရမ်းပင်ပန်း နေတယ်လို့ ခံစားနေရင် သူနဲ့ ဆန့်ကျင်ဘက်နည်းလမ်းကိုလုပ်ပေးပါ။ ဘယ်ဘက် နှာခေါင်းပေါက်ကို ပိတ်လိုက်ပါ။ထို့နောက် ညာဘက် နှာခေါင်းပေါက်ဖြင့် ၅ မိနစ်ခန့် အသက်ရူပေးပါ။ ပင်ပန်းမှုတွေပျောက်ပြီး လန်းဆန်း သွားပါ လိမ့်မယ်။

ဘာကြောင့်ဒီလို လုပ်ရသလဲဆိုရင်တော့ ညဘက် နှာခေါင်းက အပူကိုပိုင်ဆိုင်ထားပြီး၊ ပူလောင်တာ လွယ်ကူစွာရရှိစေပါတယ်။ ဘယ်ဘယ်နှာခေါင်းကတော့ အအေးဓာတ်ကို ပိုင်ဆိုင်ထားတဲ့အတွက် အေး လွယ်စေပါတယ်။

အမျိုးသမီးတွေဟာ ဘယ်ဘက်နှာခေါင်းပေါက်ကပဲအဓီက အားပြုပြီးအသက်ရူကြပါတယ်၊ဒါကြောင့် သူတို့တွေ က အလွယ်တကူပဲ စိတ်ညစ်လွယ်၊စိတ်ဓာတ်ကျလွယ်တတ်ကြပါတယ်။

အမျိုးသားများကတော့ အများအားဖြင့် ညာဘက်နှာခေါင်းပေါက်ကို အဓိကအားပြုပြီး အသက်ရှုကြတဲ့ အတွက် စိတ်ဆိုး၊ဒေါသထွက် လွယ်တတ်ကြပါတယ်။

ကျနော်တို့တွေ အိပ်ရာထထခြင်းမှာ ဘယ်နှာခေါင်းပေါက်ကအရင် အသက်မြန်မြန် ရူတာလဲဆိုတာလဲ သတိထား မိကြပါလား? ဘယ်ဘက်လား ဒါမှမဟုတ် ဘာဘက်လား ?

တကယ်လို့များ မင်းဟာ ဘယ်ဘက်နှာခေါင်းပေါက်နဲ့ အသက်မြန်မြန်ရှုခဲ့မိမယ်ဆိုရင် အဲဒီနေ့မှာ အရမ်းပင်ပန်းမှုကို ခံစားရလိမ့်မယ်။ဒါဆိုဘယ်ဘက်နှာခေါင်းကို ပိတ်ပြီး ညာဘက်နှာခေါင်းပေါက်နဲ့အသက်ရူ ပေးပါ ၊လန်းဆန်းမှုတွေ ပြန်လည် ရရှိပါလိမ့်မယ်။

မင်းရဲ့ကလေးတွေကိုဒီလိုအသက်ရူပေးပုံတွေကိုသင်ပေးပါ။အသက်အရွယ်ရလာတဲ့အခါဒီအသက်ရှုသွင်းပုံကို သူတို့ တွေကောင်းမွန်စွာ အသုံးချနိုင်ပါလိမ့်မယ်။

လက်တွေခေါင်းကိုက်ဝေဒနာခံစားရသူက ဒီလိုပြောခဲ့တယ်...။

ကျမခါင်းကိုက်ခြင်းဝေဒနာကို သေလုမတတ်ခံစားခဲ့ရပါတယ်။ဒေါက်တာကို ပြတဲ့အခါမှာ သူက ဟာသအနေ နဲ့ ပြောပါတယ် (ယောကျာ်း ယူလိုက်ပါတဲ့ အဲဒီရောဂါ သက်သာသွားလိမ့်မယ်တဲ့)

သူ့ကိုကျမမကျိန်းဆဲမိပါဘူး....သူကလဲသူရဲ့ အတွေ့အကြုံတွေ၊သူစမ်းသပ်မှုတွေ အရသူ နည်းလမ်းတွေ နဲ့ အကြံဥာဏ်ပေးတာပဲ လို့ ယူဆမိပါတယ်။အဲဒီအတောအတွင်းကာလ မှာတော့ ကျမဟာ ညတိုင်း ခေါင်းကိုက်တဲ့ ဝေဒနာကိုခံစားနေရပြီးကျောင်းစာ တွေကိုလဲ ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး၊ကျမ ဆေးတွေသောက် ခဲ့ပေမယ့် ၊ဆေးကုသမှုကိုတော့ မခံယူခဲ့ပါဘူး။

တည မှာတော့ ကျမဟာ တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်မှုရအောင်အရင် ကြိုးပမ်းလိုက်ပါ တယ်။ ထို့နောက် ကျမညာဘက် နှာခေါင်း ကို ပိတ်လိုက်ပါတယ် ပြီးတော့ဘယ်ဘက်နှာခေါင်းဖြင့် အသက်ရူတာ ကို လုပ်မိပါတယ်။ အဲဒီလို ကျမ တစ်ပတ်လောက် လုပ်ပြီးတဲ့အခါမှာ ကျမ ခေါင်းကိုက်ခြင်း ဝေဒနာတွေ က လုံးဝပျောက်ကင်းသွား ပါတယ်။ အဲဒါနဲ့ကျမလဲ တလလောက်ကြာအောင် ဆက်တိုက်လုပ် နေမိတာ ကျမ နောက်တစ်ကြိမ် အဲဒီဝေဒနာ ထပ်ပြီးမခံစားရတော့ပါဘူး။ဒါဟာ ကျမကိုယ်တိုင် လုပ်ခဲ့တဲ့ ကိုယ်တိုင် လေ့ကျင့်ခန်း အတွေ့အကြုံပါ။

ဒါကြောင့် တခြားသူတွေ ခေါင်းကိုက်ခြင်းဝေဒနာ ခံစားနေရလျှင် ဤနည်းလမ်းကို အသုံးပြုပါလို့ ပြောချင်ပါတယ်။နောက် မောပန်းမှု ကိုခံစားရသူတွေ အတွက်လဲ ဤနည်းလမ်းကို အသုံးချပြီး လန်းဆန်းမှုကို ရရှိစေချင်ပါတယ်ဆေးဝါးတွေ ကြာရှည်စွာ သောက် သုံးခြင်းဟာ ဘေးထွက် ဆိုးကျိုး အန္တရယ်တွေ များပြားစေပါတယ်။ဒါကတကယ် သဘာဝနည်းလမ်းလေး တစ်ခုပါ ဘာကြောင့် ခင်ဗျား တို့တွေ မလုပ်နိုင်ရမှာလဲ ?အသက်ရှုခြင်းဆိုင်ရာရောဂါကုထုံး(breath in and breath out)လေ့ကျင့်ခန်းဟာ ကျွနုပ်တို့အတွက် မှန်ကန် သင့် လျော်သော နည်းလမ်းတစ်ခု ဖြစ်တဲ့အလျှောက် ဒါကို ပြုလုပ်ပေးနိုင်မယ်ဆိုရင် ဖြင့်ကျနော်တို့ ကိုယ်ခန္ဓာဟာ တကယ်ပဲ လန်းဆန်း တက်ကြွနေမှာပါ ။


လမင်း(ဘာသာပြန်)
ရွှင်လန်းချမ်းမြေ့ကြပါစေ။







ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ် ၈၀ % လျော့ချနည်း

5

ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ ဆရာဝန်တွေဟာ လူအား ငွေအား တွေအများကြီးသုံးကြပါတယ်။ ဒါပေမဲ့ ကင်ဆာမဖြစ်အောင် ဘယ်လို ရှောင်ရမယ် ဆိုတာ သူတို့ရဲ့ လူနာတွေကို ပြောပြဖို့ကျတော့ အချိန်သိပ်မပေးတတ်ကြဘူး။
ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရာတွေကို ရှောင်လိုက်ရင် ကင်ဆာ အန္တရာယ် မှ ၈၀ % လျှော့ချပြီးသားဖြစ်ပါမယ်။

၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။ ပြီးတော့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။

၂။ အဆီပေါတဲ့ ၊ အဆီများတဲ့ အစားအသောက်တွေကို ဖြတ်လိုက်ပါ။

၃။ အသားမစားပါနဲ့။

၎။ အသီးအရွက် အစိမ်း (မချက်မပြုတ်ဘဲ စားလိုရတာ)တွေ အများကြီးစားပါ။

၅။ အမျှင်ပါတဲ့ Fiber အစားအသောက် နဲ့ လုံးတီးဆန် ၊ လုံးတီး ဂျုံတို့နဲ့ လုပ်တဲ့ အစားအစာတွေ အများကြီးစားပါ။

၆။ မလိုအပ်ဘဲ ဓာတ်မှန်တွေမရိုက်ပါနှင့်။

၇။ နေပူထဲမှာ အကြာကြီးမနေပါနဲ့။

၈။ လျှပ်စစ်ဓာတ်ကြိုးတွေအောက် ဒါမှမဟုတ် ဓာတ်ကြိုးတွေနဲ့နီးနီးမှာ ၊ ဓာတ်အားပေးစက်ရုံနဲ့ နီးနီးမှာ နေထိုင်တာမျိုး မလုပ်ပါနဲ့ လျှပ်စစ်အသုံးအဆာင် ပစ္စည်းတွေနဲ့ သိပ်ကပ်ပြီး ထိုင်တာ၊ အိပ်တာ တွေ မလုပ်ပါနဲ့။

၉။ အရသာ ထူးကဲစေတဲ့ ထပ်ဖြည့် ပစ္စည်းတွေ အများကြီးပါတဲ့ အစားအသောက်တွေကို ရှောင်ပါ။

၁၀။ ကိုယ်အလေးချိန် ကိုထိန်းပါ။

၁၁။ အရက်ကို အနည်းဆုံးဖြစ်အောင်လျှော့သောက်ပါ။

၁၂။ အသားငါး ကျပ်တင်၊ ဆားနယ်၊ ဆားစိမ် ဒါမှမဟုတ် မီးကင်တွေ မစားပါနဲ့။

ဒီအချက်လေးတွေ တတ်နိုင်သမျှရှောင်ကြည့်ကြရအောင်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါ။ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ကံစိတ်ဥတုအဟာရ ညီမျှစွာနေထိုင်တတ်ဖို့လည်းလိုပါတယ်။ဒါအပြင် အသက်ကို ဥာဏ်စောင့်တဲ့အတွက် သတိပြုဆင်ခြင်ကြည့်ရအောင်နော်။


ပျော်ရွှင်ကြပါစေ...
ညခင်း

စိတ်ပျော်ရွှင်အောင်မြှင့်တင်နည်း

0

စိတ်ပျော်ရွှင်အောင်မြှင့်တင်နည်း

-စိတ်ပါဝင်စားရာကို လုပ်ဆောင်ပါ။ ဥပမာ-ချက်ပြုတ်ခြင်း၊ ၀တ်ဆင်ခြင်း၊ သစ်ပင်ဝယ်ခြင်း။
-ဆန္ဒရှိရာကို စာရွက်ပေါ်ရေးချလိုက်ပါ။ (ခေါင်းခဲနေရင်၊ အတွေးများပြီး စိတ်ရှုပ်နေရင်)
-စိတ်ပျက်အားငယ် အထီးကျန်ဆန်နေရင် ဗီရို၊ စာအုပ်စင်၊ အိပ်ခန်းရှင်းတာမျိုး ထလုပ်လိုက်ပါ၊
-သက်တောင့်သက်သာထိုင်ခုံနဲ့ ထိုင်ပါ။
-သန့်ရှင်းသပ်ရပ်တဲ့ အခန်းလေးက စိတ်ပျော်စေဖို့ အချက်တစ်ချက်ပါ။
-လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ (တစ်ပတ်မှာ ၃ကြိမ်၊ တစ်ကြိမ်မှာ နာရီဝက်)
-ကိုယ့်ကို နားလည်ပေးမယ့် သူငယ်ချင်းနဲ့ အဆက်အသွယ်လုပ်ပါ။ စကားစမြည်ပြောပါ။ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေလိုက်ပါ။
-စိတ်မပါ ပေမယ့် အပြုံးကျင့်ဖြစ်အောင်ကျင့်ပါ။ မျက်နှာအကြောတွေ လျော့လာမယ်။ အကြောတွေက ဦးနှောက်ကို သတင်းပို့မယ်။ လုပ်ရင်းနဲ့ပျော်လာပါလိမ့်မယ်။
-တတ်နိုင်သမျှအကောင်းမြင်ပေးလိုက်ပါ။ ဥပမာ…သူဘာကြောင့် ဒီလောက်ရိုင်းပါလိမ့်… အစား …အော်…သူဒီလို ရည်ရွယ်တာ မဟုတ်လောက်ပါဘူးလို့ တွေးပေးလိုက်ပါ။

ကျန်းမာစွာ စားသုံးပါ။
-အာဟာရပြည့်တဲ့ အစာတွေဖြစ်ပါစေ။
-အချိန်မှန် ၊ ပမာဏမှန်စားပါ။
စိတ်တည်ငြိမ်အောင် လေ့ကျင့်ပါ။ (ဥပမာ-တရားထိုင်ခြင်း)
-စွမ်းအားတွေ တိုးတက်လာ။
-စိတ်ရှုပ်စရာတွေ လျော့ပါးလာမယ်။
-ကိုယ်ခံစွမ်းအား ကောင်းလာမယ်။
-နားနေမှု၊ ငြိမ်းချမ်းမှု တိုးတက်မယ်။
-ကိုယ်ကိုယ်တိုင် နားလည် သိမြင်မှု ရရှိ၊
-မသေချာမှုနဲ့ စိတ်ကျမှုကို လျော့စေ၊
-စိတ်နဲ့ ၀ိညာဉ်ကို အာဖြည့်ကြံ့ ခိုင်စေပါတယ်။

တကယ်လို့များ မပျော်မရွှင်ဖြစ်နေခဲ့ရင် ကြိုးစား ပြီးလုပ်ဆောင်ကြည့်စေချင်ပါတယ်။ ပျော်ရွှင်ကျေနပ်မှု စိတ်ပေါ့ပါးမှုကို တကယ်ရရှိပါတယ်။

အရောင်ကြည့်စားစို့

0

အရောင်ကြည့်စားစို့

အာဟာရပြည့်ဝမှုကို ဖော်ပြသည့် သော့ချက်တစ်ခုမှာ အရောင်ဖြစ်သည်။
အာဟာရနှင့် ကင်ဆာကာကွယ်ရေးကို နှစ်ပေါင်း ၂၀ကျော်ကြာလေ့လာ ခဲ့သူ ဒေါက်တာဘိခ်ျက နှလုံးရောဂါ၊ သွေးချို ဆီးချို၊ ကင်ဆာရောဂါ၊ အ၀လွန်ရောဂါ တို့သည် အစားအသောက်ပေါ်မှုတည်ကြောင်းပြောခဲ့သည်။
ဟင်းသီးဟင်ရွက်၊ အသီးအနှံတို့ကို စားသုံးခြင်းဖြစ့်လိုအပ်သော အာဟာရ ကို ရရှိစေသည်။ သို့သော် ဆလတ်ရွက်တစ်မျိုး နှင့်အတူ အရာင်ကင်းမဲ့သည့် အခြားဟင်းသီးဟင်းရွက်တို့မှာ အာဟာရ အပြည့်အ၀ မပေးနိုင်ချေ။
နေ့စဉ်စားနေကျ ဆန်၊ ဂျုံ စသည့် အာဟာရထဲတွင် သစ်သီးတစ်စိတ် ဖြစ်စေ၊ သစ်သီးဖျော်ရည် တစ်ခွက်ဖြစ်စေ၊ ဟင်းသီးဟင်းရွက် ဟင်းတစ်ခွက်ဖြစ်စေ ထည့်စားသင့်လှသည်။
ဟင်းသီးဟင်းရွက်တို့က ပေါင်မုန့်နှင့် အခြား သရေစာမုန့်များကဲ့သို့ မဟုတ်ဘဲ ခန္ဒ္စာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်သည်။
အနီရောင် ၊ ခရမ်းရောင်အစားအစာများ
ယင်းတို့တွင် Anti Procyanin ခေါ်ဓာတ်တို့ ဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး သွေးခဲမှုကို တားဆီးခြင်းဖြင့် နှလုံးရောဂါအန္တရာယ်မှ ကာကွယ်သည်။
ယင်းအုပ်စုတွင် စတော်ဘယ်ရီသီး၊ ပန်းသီး၊ စပျစ်သီး၊ ချယ်ရီသီး၊ ရက်ပ်ဘယ်ရီသီး၊ ဘလူးရယ်ရီသီး၊ ဆီးသီး၊ မုန်လာဥနီ၊ သစ်တော်သီးအနီ စသည်တို့ပါဝင်သည်။
အနီရောင်အစားအစာများ
ခရမ်းချဉ်သီးနှင့်ချက်ပြုတ်ထားသော အစားအစာများတွင် လိုင်ကိုပင်း ခေါ် ကင်ဆာကို ကာကွယ်နိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိသည်။ မာလကာသီး၊ ဂရိတ်ဖရုပန်းရောင်၊ ဖရဲသီးတို့သည်လည်း အလားတူ အာနိသင်ရှိကြသည်။
လိမ္မော်ရောင် အစားအစာများ
ဘီတာကယ်ရိုတင်း (Beta carotene)ဓာတ်သည် လိမ္မောရောင် အစားအစာတို့တွင် ပါရှိသည်။ ယင်းသည် ခန္ဒ္စာကိုယ်တွင် မျက်စိနှင့် အရေပြားတို့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကင်ဆာရောဂါ အချို့ကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
လိမ္မော်ရောင်နှင့် အ၀ါရောင် အစားအစာများ
လိမ္မော်ရောင် အစားအစာများနှင့် ဆက်နွယ်သည့် ယင်းအစားအစာများတွင် ဘီတာခရစ်ပ်တိုဇင်သင်း (Beta Cryptoxanthin) ခေါ် ကလာပ်စည်းများ ပျက်စီမှုကို ကာကွယ်နိုင်သည့် ဓာတ်တို့ ဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိသည်။ယင်းတို့မှာ လိမ္မော်သီး၊ သဘောင်္သီး၊ မက်မွန်သီး၊နာနတ်သီး၊ ဂရိတ်ဖရုအ၀ါ၊ တုန်ချဉ်သီးတို့ ဖြစ်ကြသည်။
အ၀ါရောင် ၊ အစိမ်းရောင် အစားအစာများ
မျက်စိကို ကာကွယ်မှုပေးသည့် ယင်းအစားအစာများတွင် (Luten & Zeaxantprin) ဓာတ်တို့ပါဝင်ပြီး အတွင်းတိမ် နှင့် မျက်စိကြွက်သား ထိခိုက်မှုမှ ကာကွယ်ပေးနိုင်သည်။ ယင်းတို့တွင် ပြောင်းဖူး၊ သခွားသီး၊ ဟင်းနုနွယ် ၊ ဆလတ်ရွက်၊ ပဲသီး၊ မုန်ညင်းတို့ပါဝင်သည်။
အစိမ်းရောင် အစားအစာများ
အစိမ်းရောင် အစာများတွင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းတို့ ပါဝင်ရာ ယင်းတို့တွင်ပါရှိသည့် (Iso Riocyanate) ဓာတ်တို့က ကင်ဆာကို တားဆီးသည့် အသည်းရှိ ဇီဝဓာတ်ကူးပစ္စည်းများ Enzymes ထုတ်လုပ်မှုကို လှုံဆော်ပေးသည်။
အဖြူရောင်၊ အစိမ်းရောင် အစားအစာများ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့တွင် ကင်ဆာကို တားဆီးနိုင်သည့် (Allician) ဓာတ်ပစ္စည်း ပါရှိသည်။ မှိုတွင်လည်း အလားတူကင်ဆာ အန္တရာယ်မှ ကာကွယ်နိုင်သည့် ဓာတ်ပစ္စည်းများပါရှိသည်။ ယင်းတို့တွင် Flavonaid ခေါ် ကလာပ်စည်းများ ထိခိုက်မှုကို ကာကွယ်နိုင်သည့် ဓာတ်ပစ္စည်းများပါရှိသည်။
LifeStyle ၂၀၀၅ခုနှစ် ဇန်န၀ါရီလထုတ် မဂ္ဂဇင်း ဆောင်းပါးရှင် အောင်ကိုလွင် ၏ အရောင်ကြည့်စားစို့ ဆောင်းပါးလေး ဖြစ်ပါတယ်။ ညခင်းဖတ်မိတာလေး မျှဝေပါတယ်။ အာရောဂျံ ပရမံလာဘံ ဆိုတဲ့အတိုင်း ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါး ပါ အားလုံး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ဆင်ခြင် စားသုံနိုင်ပါစေလို့ ဆန္ဒပြုရင်း….။

ကျန်းမာစွာ အိပ်စက်ခြင်း

2

ညခင်း ရဲ့ ဘလောဒ် ကိုလာရောက်တဲ့ လူတိုင်း ဗဟုသုတ မှတ်သားစရာလေးများကို လက်ဆောင်းအနေနဲ့ ပေးချင်ပါတယ်။အကျိုးရှိတဲ့ ရေသားခြင်းမျိုးဖြစ်အောင်လဲညခင်းကြိုးစားနေပါတယ်။ ညခင်းကစာဖတ်ပျင်းပါတယ်။သိချင်တဲ့အကြောင်းအရာရှိပြီဆိုရင်တော့သေသေချာချာ အချိန်ပေးပြီး ဖတ်တတ်တဲ့ အပြင်…ဖတ်ပြီးသမျှကိုလည်း သူများအားပြန်ပြောပြီး ဝေငှလေ့ရှိပါတယ်… ဒီနေ့ ညခင်းဝေငှမဲ့ အကြောင်းအရာ လေး ကတော့ ကျန်းမာစွာ အိပ်စက်ခြင်း ဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးက…ညဘက်ဆို မအိပ်ဘဲ ဘောလုံးပွဲကြည့်ပြီး အိပ်ပျက်တတ်ပါတဲ့လမင်းကို စော်ချင်တာလဲပါ ပါတယ်…၊... ကဲစပြီနော်…. လျှာကြော ရှည်လိုက်ဦးမယ်…..။

လူတို့သည် မွေးကင်းစ ကတဲ့ကနေ့စဉ်အိပ်စက်ကြသည်။မိခင်၏၀မ်းမှ ပြင်ပသို့ထွက်လာစဉ် ကျယ်လောင်စူးရှစွာ ငိုယိုပြီးနောက်မောပန်းသွားပြီး မိခင်၏နို့ချိုစို့၍ အိပ်စက်သွားပါသည်။ အဲလိုနဲ့အိပ်စက်ခြင်းအလေ့အထ တစ်ခုစတင်ခဲ့ရာမှာ…အသက်အရွယ်အလိုက် အိပ်ချိန် မှာ ပြောင်းလဲသွား တယ်ဆိုတာသိပြီးဖြစ်ပါတယ်…သိုဖြစ်၍ ကျန်းမာစွာအိပ်စက်တတ်ဖို့လိုပါတယ်… အိပ်စက်တတ်ပါ မှ ကျန်မာရေးနှင့် ညီညွတ်သည်ဟု သိရှိရပါတယ်… အိပ်စက်ခြင်းသည် ခွန်အားပြည့်ဖြိုးကျန်းမာစေပြီး အသက်ရှည်စေပါတယ်..လူသားတို့နေ့စဉ်နှင့်အမျှ ကာယအား ဖြင့်ခွန်အားစိုက်ထုတ်အသုံးပြုရခြင်း၊စိတ္တအားဖြင့်စဉ်းစားတွေးခေါ်ကြခြင်းတို့ကြောင့် ခန္ဒာကိုယ်အတွင်း ခွန်အား များယုတ်လျော့သွားသည်ကို အိပ်စက်အနားယူခြင်းဖြင့် ပြန်လည် ဖြည့်တင်း ရမည်ဖြစ်ပါသည်။ကျန်းမာစွာ အိပ်စက်အနားယူတတ်စေရန်အတွက် လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မွေ့ရာ၊သို့မဟုတ် ညီညာပြန့်ပြူးသော ခုတင်ပေါ်တွင် ဖျာခင်း၍၄င်း၊ အိပ်ခန်းသည်လည်း အိပ်ရာ ကဲ့သို့ သန့်ရှင်းနေရမည်။ခြင်၊ယင်၊ပိုဟပ်၊ကြွက်စသည့်တို့ကင်းရှင်းရမည့်အပြင် ပတ်ဝန်းကျင်၏ ဆူညံသံများလည်း ကင်းဝေးရပါမည်။ အိပ်ခန်းအတွင်းလေပြေလေညင်း ကလေးသာဝင်လာ သင့်ပါသည်။ ဒါတွေကတော့ အိပ်စက်မဲ့ဝန်းကျင်အတွက်ပါ။

ဦးနောက် ဗလောင်ဆူနေစဉ် အတင်းအိပ်စက်ခြင်းမလုပ်ပါနှင့်၊ ဥပမာအားဖြင့် စာအုပ် တစ်အုပ်ကို ဇွဲနပဲဖြင့် အပြင်းအထန်ဖတ်ခြင်း၊ သို့မဟုတ် အကြောင်းအရာတစ်ခုခုကို အလွန် အကျွံစဉ်းစားခြင်း တို့ကြောင့် ဦးနှောက်တွင် အလုပ်များစွာ လုပ်ဆောင်နေရပါသည်။ ထိုအချိန်မျိုးတွင် အတင်းအိပ် စက်ခြင်းမျိုး ပြုလုပ်ရန်မသင့်ပေ၊ ထို့ကြောင့် ခေတ္တနားပြီးဦးနှောက်ကြည်လင်သွားမှသာအိပ်ရာသို့ဝင်သင့်ပါသည်။ လူတစ်ဦးသည် တစ်နေ့လျှင်(၈)နာရီ (၆)နာရီအိပ်သင့်သည်ဟုအမျိုးမျိုးအဆိုရှိကြပါတယ်။ သို့သော် အိပ်သည့်အချိန်ကလေးတွင် နှစ်နှစ် ခြိုက်ခြိုက် စိတ်လက်ပေါ့ပါးစွာအိပ်ဖို့လိုပါတယ်။

လူတစ်ခုပူမှုရယ်တဲ့အထွေထွေ ဆိုသည့်အတိုင်း လူတိုင်းလူတိုင်းသည် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး ၊သားရေးသမီးရေး စသည်တို့ဖြင့် အပူပေါင်းမြောက်မြားစွာ ရှိပါသည်။ ပူပင်သောကဖြင့် အိပ်စက်ခြင်းသည် ကျန်းမာသောအိပ်စက်ခြင်းမျိုး မဖြစ်နိုင်ပါ။အပူအပင်များ လျော့ပါးသွားစေရန် အိပ်ရာမ၀င်မီ မိမိတို့ဘာသာအလိုက် ဆုတောင်းခြင်း၊ ဘုရားဝတ်ပြုခြင်း၊ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း ပြုလုပ်ပြီးသောကများလျော့ပါး သွားမှအိပ်ရာဝင်မည် ဆိုပါကကျန်းမာသော အိပ်စက်ခြင်းကို ရနိုင်ပါသည်။

အချို့သူများသည် ညဥ့်နက်မှအိပ်စက်ပြီး နံနက်တွင်နောက်ကျမှထကြသည်။ထိုကဲသို့အိပ်စက်ခြင်း မျိုးမှာ ကျန်းမာရေးနှင့် ညီညွတ်ခြင်းမရှိပါ။ထို့ကြောင့်***စောစောအိပ်လို့၊စောစောထလို့၊ စောစောလမ်းလျှောက်ကြ ပါစို့*** ဟုဆော်သြရင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန် နည်းလမ်းလေးကို ရေးသားတင်ပြ လိုက်ရ ပါတယ်.…။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers