အချိန်အခါကိုက်ရင် အရှိန်အ၀ါလိုက်တယ်

3

အချိန်အခါကိုက်ရင် အရှိန်အ၀ါလိုက်တယ်

ကိုယ့်စိတ်မှာ သောကတစ်ခုခု
ဖြစ်နေတဲ့အချိန်
ဘုရားဂုဏ်တော်
ဘယ်လိုပွားရမလဲ
စဉ်းစားမနေပါနဲ့။
သောကခပ်သိမ်း
ငြိမ်းတော်မူသော
မြတ်စွာဘုရား လို့သာ
ထပ်တလဲလဲ ပွားလိုက်ပါ။
နှလုံးသားထဲက
သောကမီတောက်တွေ
ချက်ချင်း သို့မဟုတ်
တဖြည်းဖြည်း
ငြိမ်းသွားပါလိမ့်မယ်။
ဘုရားဂုဏ်တော်ကို
အချိန်အခါကိုက်
ပွားများတတ်ရင်
အရှိန်အ၀ါလိုက်ပြီး
ချက်ချင်းအကျိုးပေးပါတယ်။
အရှင်ဆန္ဒာဓိက (စိတ်အားဖြည့်ဓမ္မပန်းပွင့် စာအုပ်မှ ကူးယူဖော်ပြပါသည်။)


ကျမသည်နေ့စဉ်ဘုရားဝတ်ပြုပြီး ဂုဏ်တော်ပွားများပါသည်။တစ်နေ့တွင်အဘိုးဖြစ်သူက မေးပါသည်။

သမီး၊ ခုပွားများ  သရဇ္ဈာယ်နေတာ ဘာလဲ။

ဂုဏ်တော်ပါ အဘိုး။

အေး ဂုဏ်တော်ကို ပွားများတဲ့အခါ ရွတ်နေရုံနှင့်  မပြီးသေးဘူး သမီး။ ဂုဏ်တော်တစ်ခုချင်းကို နှလုံးသွင်းတတ်ဖို့လည်း လိုတယ်။ နောက်ပြီး အရဟံ ဂုဏ်တော်ကို ရွတ်ဆိုတဲ့အခါ အရဟံ ဂုဏ်တော်ရဲ့ အနက် အဓိပ္ပါယ်ဟာ မိမိဥာဏ်မှာ ထင်ရမယ်။ သမီးအဲလို ထင်ရဲ့လား။

မထင်ပါဘူး အဘိုး၊ သမီးသိတာက တော့ အရဟံ ဂုဏ်တော်ကို ရွတ်ဖတ်လိုက်တဲ့အခါ သမီးရင်ထဲမှာ ကြည်နှုး အားရှိသွားတယ်။ လုံခြုံမှုဖြစ်သွားပါတယ်။

မှန်ပါတယ်။ ဘုရားရဲ့ ဂုဏ်တော်ဟာ စိတ်ကို လုံခြုံစေပါတယ်း ဒါပေမဲ့ ဒီလောက်နှင့် လမ်းမဆုံးသင့်ဘူး။ ဒါကြောင့် ဂုဏ်တော် တစ်ပါးစီရဲ့ အနက်ကို မိမိစိတ်မှာ ဥာဏ်အမြင်ပေါက်အောင် ဆင်ခြင်နိုင်ရမယ်။

အရဟံ ဂုဏ်တော်... အရဟံဆိုတာ ကိလေသာ အပေါင်းမှ ဝေးကွာခြင်း၊ ကိလေသာဟူသမျှ မြူငွေလောက်တောင် မထင်ခြင်း သဘောကို ဆိုလိုတယ်။ နောက်ပြီး အရဟံဟာ လှူဒါန်း ပူဇော်သမျှကို ခံယူထိုက်ခြင်း အနက်ကို ရတယ်။ ဒါကို ဆင်ခြင်နိုင်အောင် ဆိုပြီး တောင်မြို မဟာဂန္ဒာရုံဆရာတော်ကြီးက ရတနာဂုဏ်ရည် ကျမ်းမှာ ဆောင်ပုဒ်လေးတွေ ပြုလုပ်ပေးထားတယ်။

ပြောပြပါဦး အဘိုး။

သောဘဂ၀ါ  ထိုရွှေဘုန်းတော်သခင် အရှင်မြတ်ဘုရားသည် ဣတိပိ ဣမိနာစ ကာရဏေန တစ်ထောင့်ငါးရာ ကိလေသာတို့ ၀ါသနာဓလေ့ ထုံအငွေ့မျှ မငွေ့ အရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း ၍မင်းမင်းပြည်သူ ကြည်ဖြူကော်ရော် အလူတော်မှန် အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း အရဟံ အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံ တိုင်အောင်ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဟုတ်ကဲ့ပါ ဘိုး ...သမီးတို့ က ဂုဏ်တော်တွေကို ရွတ်တတ်ရုံပဲ ရှိတယ်။ နှလုံးမသွင်းတတ်ဘူးနော်။ အခုမှပဲ စိတ်ထဲရှင်းသွားပါတယ်။

ဟုတ်တယ်မြေးရဲ့..။ လူဆိုတာ ကိုယ့်လိုအပ်ချက်ကို လေ့လာရမယ်ဖြည့်ဆည်းရမယ်ကွဲ့..။ ဂုဏ်တော်ကိုပွားများတဲ့အခါ မိမိရဲ့ စိတ်ထဲ ဥာဏ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေမှသာ နှလုံးသွင်းတတ်မယ်။ အဲဒီလို နှလုံးသွင်းတတ်မှလည်း အကျိုးရှိတယ်။

ဟုတ်ကဲ့ပါ အဘိုး...ဘိုးရှင်းပြသမျှကို သမီးလိုပဲ သူငယ်ချင်းတွေလည်း နှလုံးသွင်းမှန်အောင် ဖြန့်ဝေပြောပြပေးလိုက်ဦးမယ်နော် ဘိုး။ သာဓု သာဓု သာဓုပါ ကွယ်။

ညခင်း
30.3.2011

တရားအစစ် အမှန်ချစ်. နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ။

0

 
သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ။

မြတ်စွာဘုရား သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ၏ ၁၃၇၂ခုနှစ် ၊ တပေါင်းလပြည့်  (၁၉-၃-၂၀၁၁)နေ့တွင် ကျရောက်သော သက်တော်(၇၄)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ကို တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။

ပညာရွှေအိုး ၊ပြည့်လျှံဖြိုးအောင်၊

ကြိုးပမ်းပို့ချ၊ သင်ကြားပြ၍

ဖြူစွမနော၊ မိတ်သဘောဖြင့်

မြတ်သောအမွေ ပေးလေသူ။

ပညာရှိများ၏ စကားအတိုင်း သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်၊ ဆရာဂုဏ် တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ သာသနာ့အာဇာနည်  ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြုချီးကျူးခွင့်ရတဲ့အတွက် ရွှင်ပြုံးကြည်သာ ပီတိဖြာခဲ့ရပါသည်။ မွေးနေ့ ချီးကျုးဂုဏ်ပြုလွှာကို ဒုတိယအကြိမ် ရေးသားခွင့်ပေးသော အရှင်ကောဝိဒသိရီ (သီတဂူစတား) ပူနေး အရှင်ဘုရားအားလည်း ကျေးဇူးတင်ပါသည်..ဘုရား။

သူ့ကိုချီးမြောက်၊ ကိုယ်ဂုဏ်မြောက်၏

ယွင်းဘောက်အလို၊ ၀န်မတိုနှင့်

သူ့ကို ဂုဏ်နှိမ့် ၊ ကိုယ်ဂုဏ်နိမ့်၏

စည်းစိမ်အရာ၊ သူချမ်းသာနှိုက်

ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။

သူ့ကိုစောင့်မှ၊ သူက ကိုယ်ကို

ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။ (မာဃဒေ၀ ၁၈၅)


သူတစ်ပါး၏ အမှန်တကယ်ရှိသည့် ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးကျူးခြင်းသည် ဘုရားအလိုကျ သူတော်ကောင်းတို့၏ အလိုကျဖြစ်သည်ဟူသော အချက်ကို ဖော်ပြပါ လင်္ကာဖြင့်သိနိုင်ပါသည်။

ယနေ့ ချီးမြောက်ပူဇော်မည့် သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ဆရာအရှင်မြတ်သည် သာသနာအတွက်၊ အများအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချနေသည့် သာသနာပြု ရဟန်းတော်တစ်ပါးဖြစ်သည် ကို ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းများက သက်သေပြ လျက်ရှိပါတယ်။


ဆရာတော်၏ သာသနာပြုလုပ်ငန်းများ၊


ဆရာတော်ကြီး၏ ရေအလှူတော်စီမံကိန်း၊ အာယုဒါန ဆေးရုံအလှူများ၊  ပညာရေးနယ်ပယ်မှာလည်း အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်ကြီးများ ညီလာခံကြီး ကို လက်ခံကျင်းပ နိုင်ခဲ့သည့်အထိ ဆောင်ရွက်ခဲ့ခြင်း၊

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး သက်ဝင်လှုပ်ရှား အထူးအောင်မြင်လျက်ရှိခြင်း၊ ရန်ကုန်၊မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲ့ခြင်း ။


ထို့ပြင် တက္ကသိုလ်၏ ပါမောက္ခ၊ ကထိက ဆရာများကို ပြည်ပသို့ပညာတော်သင် စေလွှတ် ၍အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ နှင့် နိုင်ငံတကာ တက္ကသိုလ်အသီးသီးမှ ဒေါက်တာဘွဲ့များ၊ အမ်အေဘွဲ့များ ရယူစေခဲ့ခြင်း၊ တပည့်များသည် လည်း သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များတွင် စာပေများ သင်ကြားပို့ချလျက် တာဝန်များ ထမ်းဆောင်နေကြပြီဖြစ်ကြောင်းကြားသိရပါသည်။ဒါအပြင် ဆေးကျောင်းသား များကိုလည်းပညာသင်စရိတ်ထောက်ပံ့ ပညာသင်ပေး လျက်ရှိ ကြောင်း ၊ စက္ခုဒါနဆေးရုံတော်ကြီးများအား နိုင်ငံအ၀ှမ်း တည်ဆောက်လှူဒါန်းမှု သတင်းများ၊ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ကူညီထောက်ပံ့မှု့များ အကြောင်းကိုလည်း ပြောမကုန်နိုင်လိုက်အောင်   ကြားသိရပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။


ဆရာတော်၏ Ground to Crown ဆောင်ပုဒ်အတိုင်း ရေကြည်ရာ မြက်နုရာ မဟုတ်ဘဲ ရေမကြည်သေးတဲ့ နေရာ ရေကြည်လာအောင် မနုသေးတဲ့မြက် နေရာ မြက်နုလာအောင် အရိုင်းပန်းမှ တော်ဝင်ပန်း (သရဖူပန်း)အထိ အောင်မြင်လာအောင် ဆောင်ရွက်လာခဲ့သည် ကိုတွေ့ရပါသည်။


ဆရာတော်ကြီးသည် ကျမတို့မြို့သို့ ယခုနှစ်အတွင်းပင် တရားပွဲ ၂ကြိမ် လာရောက်ဟောကြားခဲ့သော်လည်း အနီးကပ်ဖူးမျှော်ခွင့် မရခဲ့ပါဘူး။ ၀ီရိယအား နည်း တဲ့ အတွက် တရားပွဲကို ပရိုဂျက်တာ ကပင်ဖူးမျှော်ရတာများပါတယ်။  သို့သော် ဆရာတော်ကြီး ၏ ဆုံးမ သြ၀ါဒများကတော့ ဘ၀အတွက်အဖိုးတန်စွာ နှလုံးသားထဲ တည်ရှိလျက်ရှိပါတယ်။


မကောင်းတာလုပ်မှ လူမိုက်မဟုတ်ဘူး။

အချိန်တွေကို အကျိုးရှိအောင် အသုံးမချပဲ အလကားကုန်ဆုံးစေတဲ့သူသည်လည်း လူမိုက်ပဲ ဆိုတဲ့ ….


သြ၀ါဒကတော့ ကျမတို့လို လူငယ်တွေအဖို့ အင်မတန်မှ ထိရောက်လှပါတယ်။ အချိန်တွေရှိပါလျက် ဘာအလုပ်မှ မလုပ်ဖြစ်လိုက်ဘူး၊ ကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အကုသိုလ်၊ တွေလုပ်သလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ ဘာကိုမှ မလုပ်ပဲ ဖြုန်းတီး ကုန်ဆုံးစေတာပါပဲ။


ဘုရားဟော တရားတော်မှာ လူတစ်ယောက်ဟာ တစ်နေ့တာအတွက် ကုသိုလ်၊ပညာ၊ဥစ္စာ၊ ကျန်းမာရေးတစ်ခုခု ကိုရအောင် ကြိုးစားထိုက်တယ်။ တစ်ခုတည်းသော အကျိုးကျေးဇူး ကိုပင်ရအံ့၊ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ပဲ ဆိုတဲ့ သြ၀ါဒ ကို သတိရမိပါတယ်။


ဆရာတော်သည် မိမိသြ၀ါဒများ အဟောအပြောများနှင့်အညီ သမာသမတ်ကျစွာ ရှေ့ကနေပြီး မားမားမတ်မတ်လုပ်ဆောင်ပြခဲ့ပါတယ်။ ဆရာတော်ကို ကြည်ညိုလေးစား၍ ကိုးကွယ်ကြသော တပည့်ဒကာ၊ ဒကာမများ အနေဖြင့် ဆရာတော်၏ သာသနာအတွက်စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကို တတ်နိုင်သလောက် အတုခိုး ကျင့်သုံးကြလျင်...ယခုဘ၀၌ပင် ကောင်းကျိုးချမ်သာ အဖြာဖြာတို့ ဖြစ်ထွန်း၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် တက်လှမ်းနိုင်သော အထောက်အပံ့များ ရရှိနိုင်ကြလိမ့်မည်ဟု ယုံကြည်ကာ သဒ္ဓါတရားဖြစ်ပေါ်မိပါတယ်။


ဆရာတော် အရှင်မြတ်၏ (၇၄)နှစ်မြောက် မွေးနေ့မင်္ဂလာ ရက်ြ့မတ်မှ သာသနာတော်မြတ်ကြီး တည်တံ့နေသရွေ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဘာသာအကျိုး ဆောင်ရွက်နိုင်ပါစေဟု ဤဆောင်းပါဖြင့် ဂုဏ်ပြုပူဇော် ကန်တော့လိုက်ပါသည်ဘုရား…


ညခင်း
၁၇-၃-၂၀၁၁၊



ဒီနေ့ ငါစိတ် မော်ဒယ်အသစ်

1

မနက်ဖြန်စိတ်ဟာ ဒီနေ့စိတ်ထက်
အရည်အသွေးပိုကောင်းသွားရင်
မနက်ဖြန်မှာ ကိုယ်စိတ် မော်ဒယ်မြင့်သွားတာပေါ့။
နေ့တိုင်းနေ့တိုင်း ကိုယ်စိတ်ကို
မော်ဒယ်သစ်သည်ထက်သစ်
မြင့်သည်ထက်မြင့်အောင် ကြိုးစားသွားရမှာပါပဲ။
အရေးအကြီးဆုံးက ဒီနေ့ပါ
လောလောဆယ်ကိုယ်နေနေရတာ ဒီနေ့ဖြစ်လို့
ဒီနေ့ ကိုယ့်ရဲ့စိတ်မော်ဒယ်သစ်နေဖို့
မော်ဒယ်မြင့်နေဖို့ အဓိကပါပဲ။
စိတ်အေးချမ်းလေ မော်ဒယ်သစ်လေ
မော်ဒယ်လ်နိမ့်တဲ့စိတ်ဆိုတာ
အရည်အသွေးနိမ့်ကျတဲ့စိတ်ကို ပြောတာပါ။
မော်ဒယ်မြင့်တဲ့စိတ်ဆိုတာ
အရည်အသွေးမြင့်မားတဲ့စိတ်ကို ပြောတာပါ။
စိတ်ဟာ ကိလေသာ ထူပြောလေ
အရည်အသွေးနိမ့်ကျလေ
ကိလေသာ ခေါင်းပါးလေ
အရေအသွေးမြင့်မားလေပါပဲ။
မနေ့က စိတ်က
ဒီနေ့စိတ်က
ပိုပြီးကြည်လင်အေးချမ်းနေတယ်
ပိုပြီးအရည်အသွေးကောင်းတွေ
ပြည့်စုံနေတယ်ဆိုရင်
ကိုယ်စိတ်ဟာ ဒီနေ့မော်ဒယ်သစ်သွားပါပြီ။
မော်ဒယ်မြင့်သွားပါပြီ။

အရှင်ဆန္ဒာဓိက (စိတ်အားဖြည့် ဓမ္မပန်းပွင့်စာအုပ်မှ ကူးယူဖော်ပြပါသည်။)


ညခင်း တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

ဂတိနမိတ်

2

ဂတိနိမိတ်ဆိုသည်မှာ လူတစ်ဥိးတစ်ယောက် သေဆုံးခါနီးအချိန် (သို့မဟုတ်) ဘ၀နိဂုံး အဆုံးရောက်ရန် နောက်ဆုံး ထွက်သက်အချိန် ရောက်နေသောအခါ မိမိ၏ ယခုဘ၀မှ ရှေ့ဘ၀သစ် တစ်ခုသို့ ကူးပြောင်းလာရန် ရောက်ရန်ဖြစ်သော ဘ၀သစ်က အဆင်းရှုပါရုံကို ခေါ်သည်။
သေခါနီးတွင်ရှေ့ဘ၀သစ်သို့ မိမိဧကန် ရောက်တော့မည် အဆင့်ကို ကြိုတင်နိမိတ်အဖြစ် မြင်တွေ့ရခြင်းကို ဂတိနမိတ်ဟုခေါ်သည်။
လျင်လျင်မြန်မြန် သေသူတို့အားလည်း ဂတိနိမိတ်ထင်ရသည်။ ဆောက်ရိုးထိပ်၌ နားနေသော ယင်ကောင်ကို လက်ဖြင့် ရိုက်မိ၍ သေသောအခါမျိုး၌ပင်လည်း နိမိတ်သုံးပါးထင်လျက် သေရသည်ဟု ပဋိစ္စသမုပ္ပါဒ် ၀ိဘင်အဌကထာ၌ပြဆိုထားသည်။
မည်မျှပင် သေးငယ်သော သတ္တ၀ါဖြစ်ပြီးမည်မျှပင် လျင်မြန်သော သေခြင်းဖြစ်စေကာမူ ဂတိနမိတ် မထင်ဘဲ သေရခြင်းမရှိ။
မသေမီက ပြုအပ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံတို့သည် ထိုသေခါနီး သူ၏ စိတ်အစဉ်ကို အတင်းဝင်၍ ဆွဲငင်ကိုင်းညွတ်စေသဖြင့် ညနေအချိန်၌ တောင်ထွတ်ကြီးတို့၏ အရိပ်ကဲ့သို့ အလွန်သေခြင်း နီးသောသူ၏ စိတ်၌ အိပ်မက်ထဲမှာကဲ့သို့ အကျိုးပေးခွင့်ရသော ကုသိုလ်ကံ၊ အကုသိုလ်ကံနှစ်ပါးတို့တွင့် တစ်းပါးပါးသော ကံသည်လည်းကောင်း၊ ထိုကံပြုစဉ်က အမှတ် နိမိတ်ဟူသော ကမ္မနိမိတ်သည် ၄င်း၊ ထိုကံနှင့် လျော်စွာ လားရ ရောက်ရမည့် ဂတိနိမိတ်သည်၎င်း အမြဲထင်ကြရသည်။ ထင်ပြီးမှ သေကြရသည်။
ငရဲအိုး၊ ငရဲမီးလျှံ၊ ငရဲသူ ငရဲသားတို့ကိုမြင်၍ ထင်၍ သေလျင် ငရဲသို့ လားမည့်သူ ဖြစ်ကြောင်းသိရပါသည်။
အနီရောင် သက္ကလပ်ပိတ်စ ဖုံးအုပ်၍လာသော လှည်းယာဉ်နှင့်တူသော အမိဝမ်းရေကို မြင်၍သေမူ လူ့ပြည်သို့ လာ၍ ဖြစ်တတ်သည်။
နတ်ပြည်၌ဖြစ် လတ္တံသော သူအား ပဒေသာပင် နတ် ဗိမာန် နတ်တို့အိပ်ရာ နေရာ၊ နတ်သား နတ်သမီးတို့ကို မြင်၍ သေရသည်။
တောခြေရင်၊ တောအုပ်၊ ခြောက်ကမ်း ပါးပြတ်စသည်တို့ကို ထင်ရမြင်ရမူ တိရိစ္ဆာန်ဂတိ၌ ဖြစ်တတ်သည်။
မှောင်မှောင်မည်းမည်း အဆင်းရှိသော အမိုက်အမှောင်တိုက်ကြီးကို ထင်မြင်၍ သေမူ ပြိတ္တာဘုံ၌ ဖြစ်တတ်သည်။
သေခါနီးတွင် ဂတိနိမိတ်ကောင်းအောင် သေခါနီးလူနာတို့ကို ကယ်တင်ရန် ဘုရာရှင်က ဟောကြားထားတော်မူခဲ့ခြင်း ရှိသည်။
မဟာဝဂ္ဂသံယုတ်ပါဠိတော်တွင် ဘုရားရှင် ကပ္ပိလ၀တ်မြို့ နိဂြောဓာရုံကျောင်း၌ သီတင်း သုံးစဉ်အခါ မဟာနာမ်မင်းကြီးက တောင်းပန်လျောက်ထား၍ ပညာရှိသူသည် ပညာရှိသော အသည်းအသန် မကျန်းမမာနေသူကို အောက်ပါအတိုင်း ဆုံးမရမည်ဟု ဟောတော်မူသည်။
မကြောက်ပါနှင့်...သက်သက်သာသာနေပါ၊ သင့်မှာ ဘု၇ား၌ယုံကြည်သော သဒ္ဓါရှိ၏၊ သံဃာ၌ ယုံကြည်သော သဒ္ဒါရှိ၏။ ကိုယ်ကျင့်သီလည်းရှိ၏။ သင်သည် မိဘတို့၌ ငဲ့ညှာသည်ဖြစ်စေ၊ မငဲ့ညှာသည်ဖြစ်စေ သေရမည့် သူချည်းဖြစ်သည်။ အကျိုးမရှိပါ၊ မငဲ့ညှာပါနှင့် ငဲ့ညှာခြင်းကို စွန့်လွတ်လိုက်ပါ၊ ကောင်းပါပြီ၊ စွန့်လွတ်ပြီဆိုအံ့၊ သင်သည် သားမယားတို့၌ ငဲ့ညာ နေသလား၊ ငဲ့ညှာပါသည်ဆိုလျင် သင်သည် ငဲ့ညှာသည်ဖြစ်စေ၊ မငဲ့ညှာသည်ဖြစ်စေ သေရမည့်သူချည်းသတည်း၊ အကျိုးမရှိပါ၊ မငဲ့ညှာပါနှင့် ငဲ့ညှာခြင်းကို စွန့်လွှတ်လိုက်ပါ...။
ကောင်ပြီ...စွန့်လွှတ်လိုက်ပြိဆိုပါအံ့။ သင့်အား လူ့စည်းစိမ်၊ လူ့ကာမဂုဏ်၌ ခုံမင်တက်မက်ခြင်း ရှိပါသလား၊ ရှိပါ၏ဆိုလျင် သင်သည် လူ့ကာမဂုဉ်ထက် နတ်ကာမဂုဏ်က လွန်ကဲမွန်မြတ်၏။ နတ်တို့သည် လူတို့လို ပဋိသန္ဓေမနေရဘဲ နတ်သမီး ၁၆ နှစ်ရွယ်၊ နတ်သား ၂၀ ရွယ်အလိုလိုဖြစ်၇၏။ နတ်သက်တမ်းအတိုင်း မညိုးသောပန်း ပန်ပြီးဖြစ်၏။ နတ်သက်တမ်းအတိုင်း မဟောင်းမနွမ်းသော အ၀တ်တန်ဆာရှိ၏။ ဘယ်အခါမှ ချွေးအညစ်အကြေးမရှိ၍ စင်ကြယ်သန့်ရှင်း၏၊ ဆံဖြူသွားကျိုး ပါးရေတွန့်ခြင်းမရှိ၍ အမြဲတမ်းလှ၏၊ ပျင်းသည်မရှိ၍် ပျော်မွေ့လှ၏။ သားသမီးမမွေးဖွားရ၊ ချမ်းသာလှ၏။ တစ်နေ့အတွက် သဖန်းသီအရွယ် နတ်သုဓာဖြင့် စားဖွယ် ကိစ္စ နည်းပါးချမ်းသာလှ၏။
လူ့ကာမဂုဏ်နှင့် နတ်ကာမဂုဏ်သည် သမန်မြက်ဖျား၌ ကပ်နေသော ရေပေါက်နှင့် သမုဒ္ဒရာရှိရေလောက် ကွာဝေးလှ၏။ သင့်အား တောင်းပန်ပါရစေ၊ လူ့ဘုံလူ့ကာမဂုဏ်ကို လွှတ်ရန် နတ်ဘုံနတ်ကာမဂုဏ်၌ ညွှတ်လိုက်ပါ။နတ်ဘုံ နတ်ကာမဂုဏ်ကို ညွှတ်လိုက်ပါပြီဆိုအံ့ ထို့နောက် စတုမဟာရာဇ်နတ်ထက် တာဝတိံသာ ၊ တာဝတိံသာထက် ယာမာ၊ သုတိသာ နိမ္မာနရတိ၊ ပရနိမ္မိတ ၀ဿဝတီထိအောင် တစ်ဘုံထက်တစ်ဘုံ ကောင်းကြောင်း နှစ်သိမ့်သွေးဆောင်ရမည်။
ထို့နောက် နတ်ဘုံထက် ဗြဟ္မာဘုံ ကောင်းကြောင်း သွေးဆောင်ပြီးမှာ ထိုဗြဟ္မာဘုံ ကောင်းကြောင်း သွေးဆောင်ပြီးမှ ထို ဗြဟ္မာဘ၀ ဟာလည်းမမြဲဘူး၊ မခိုင်မာဘူး၊ မမြဲသေး မခိုင်မာသေးသော ခန္ဒ္ဓာငါးပါးအပါအ၀င် ဖြစ်နေပြန်ပြီ။ တောင်းပန်ပါ၇စေ၊ သင်သည် မြဲတဲ့ခိုင်တဲ့ ဒီခန္ဓာငါးပါးချုပ်ငြိမ်းရတဲ့ နိဗ္ဗာန်သို့သာ စိတ်ညွတ်လိုက်ပါဟု ပြောဆို နှစ်သိမ့် သက်သာရန် ကယ်တင်ရမည်။
ထီလာစိုးမြင့်ထယ် (၂၅) ဖေဖော်ဝါရီလ ၂၀၀၉ ခုနှစ် မနောမယဂျာနယ် မှကူးယူဖော်ပြပါသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

မာနကြောင့်အမျိုးယုတ်နှိမ့်

1

ကဿပ မြတ်စွာဘု၇ား လက်ထက် မင်းသားတစ်ယောက်သည် မိတ်ဆွေကောင်းနှင့် ပေါင်းသင်းမိသဖြင့် သတိ သံဝေဂဖြစ်၍ သာသနာတော်၌ ရဟန်းပြုပြီးလျှင် ပရိယတ် တရားတော်များကို သင်ယူရာ ပရိယတ္တိ ဗဟုသုတနှင့် ပြည့်ဝကုံလုံသော ရဟန်းတော်ဖြစ်လာ၏။ သို့သော် အမျိုးမာန် နှင့် ဗဟုသုတမာန် ခက်ထန်ကြီးမားသောကြောင့် မိမိကိုယ်ကို ၀ါကြွားပြောဆိုကာ သူတစ်ပါးကို ရှုတ်ချပြောဆိုလေ့ရှိ၏။ မိမိကိုယ်ကိုနှိမ့်ချခြင်း နိဝါတ တရားကို နားမလည်သူဖြစ်သည်။
ဂေါတမ မြတ်စွာဘုရား လက်ထက်တော်သို့ ရောက်သောအခါ ထိုရဟန်းသည် သူ၏ ထိုမနှိမ့်ချမှု မာနကြီးမှု အကုသိုလ်ကံကြောင့် အယုတ်ဆုံး အနိမ့်ဆုံး အမျိုးဖြစ်သည့် သုဿာန်စောင့် စဏ္ဍာလအမျိုး၌ဖြစ်ရ၏။ အမည်မှာ သုပ္ပိယဖြစ်၏။
နောင်အခါ သောပါကမထေရ်ထံမှ တရားနာရ ၍ ရဟန်းပြုပြီးလျှင် တရားအားထုတ်ရာ ရဟန္တာဖြစ်သွား၏။ မနှိမ့်ချမှု မောက်မာထောင်လွားမှု မာန အကုသိုလ်သည် ရဟန္တာဖြစ်မည့် ဘ၀အထိလိုက်၍ ဆိုးကျိုးကိုပေးနိုင်ပါသည်။
အမျိုးဂုဏ်၊ ပစ္စည်းဥစ္စာ၊ ပညာအရည်အချင်း၊ ရာထူးဂုဏ်ရှိန် စသည်ဖြင့် တမျိုးမျိုးကြောင့်ဖြစ်စေ မိမိကိုယ်ကို အဟုတ်ကြီး... အတော်ကြီးထင်မှတ်ကာ မာန်မာနခက်ထန်နေသူသည် နှိမ့်ချခြင်း နိဝါတ မင်္ဂလာ မရှိပေ။ ထိုသို့နိဝါတ နှိမ့်ချခြင်း မင်္ဂလာ မရှိသူသည် သိမ်မွေ့နှုးညံပျော့ပျောင်းမှု မရှိသဖြင့် မချမ်းသာနိုင်ပေ။ အမြဲတစေ စိတ်ရော ကိုယ်ပါ ခက်ထန်ကြမ်းတမ်း မောက်မာရိုင်းစိုင်း နေမည်သာဖြစ်ပြီး ပူလောင်နေသူသာ ဖြစ်၏။
ထို့ကြောင့် အပူ၏ ဆန့်ကျင်ဘက် အအေးတရား နှိမ့်ချခြင်း နိဝါတ မင်္ဂလာသည် မုချ လိုလားအပ်သည့် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ နှိမ့်ချစိတ်ထားရှိသူသာ ရိုသေထိုက်သူကို ရိုသေ ကိုင်းရှိုင်းလေ့ရှိပေသည်။

မာန်ထောင်လွှားက၊ မျိုးယုတ်ရ၊ နှိမ့်ချ မျိုးမြတ်သည်။ နှိမ့်ချသူမှာ၊ စဉ်မကွာ၊ မင်္ဂလာရှိပေသည်။
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers