မှန်

8

မှန် ကို တစ်ခါမှ မမြင်ဘူးသူ မကြည့်ဘူးသူတစ်ယောက်မှန်ကို ပထမဆုံးအကြိမ်မြင် တွေ့သွားရင်ဘာဖြစ်မယ်ထင်ပါသလဲ။လန့်သွားမယ်ထင်တယ်။ စဉ်းစားဆင်ခြင်တဲ့အလေ့အကျင့်မရှိတဲ့သူတစ်ယောက်လည်း စဉ်းစားစရာ တစ်ခု စဉ်းစားဆင်ခြင်မိသွားရင်ဘာဖြစ်မည် ထင်သလဲ……..

မှန်ကို တစ်ကြိမ်တစ်ခါမျှမတွေဖူးသူများအကြောင်း…

ထင်းခုတ်သမားတစ်ယောက်တောထဲသွားရင်း နေရောင်အောက်တွင်တလက်လက် ဖြစ်နေသောအရာတစ်ခုကိုတွေ့သည်။ဘာမှန်းမသိကောက်ယူကြည့်သည်။ မှန်တစ်ချပ်ဖြစ်နေသည်။ သို့သော်မှန်ကို မှန်ဟုမသိ၍ ကြည့်ပြီးထိတ်လန့်သွားလေသည် ။ ကွယ်လွန်သွားတဲ့အဖေရဲ့ပုံတူပါလား...တောစောင့်နတ်ကပေးသနားတာပဲဟု....

အိမ်သို့ယူဆောင်သွားပြီးခေါင်းအုံးအောက်မှာ တရိုတသေထားလေသည်။ညအိပ်ရာဝင်တိုင်း၊ထင်းခုတ်သွားခါနီးတိုင်း ကြည်ဖြစ် သည်။ရက်အတန်ကြာတော့ဇနီးဖြစ်သူကမယုံသင်္ကာဖြစ်လာပါတယ်။ တစ်စုံတစ်ခုကိုကြည့်ပြီးပီတီဖြစ်နေတယ်ဘာလဲမသိ ဟု တောထဲယောက်ျားသွားတုန်း ယူကြည်လေသည်။ သူလည်းမှန်ကိုတစ်ခါမျှမမြင်ဖူးသူဖြစ်၍ ထိတ်လန့်အံသြခြင်းနှင့်အတူ ကြေကွဲခြင်း၊ ဒေါသဖြစ်ခြင်းတို့ဖြစ်လာသည်။ သူ့ယောက်ျား တစ်ခြားမိန်းမတစ်ဦးနှင့် ဖောက်ပြားနေပြီ။ ထိုမိန်းမပုံကို တမြတ်တနိုးခေါင်းအုံးအောက်ထား၍နေ့တိုင်းကြည့် သည်ဟု ထင်မှတ်ကာ ပြန်လာရင်သိမယ်ဟု မောင်းတင်ထားလေသည်။

ယောက်ျားပြန်လာတော့ ဒေါသတကြီးဖြင့်ပြောဆိုရာ ရန်ပွဲဖြစ်လေသည်။ယောက်ျားက လည်း သူကြည့်နေတာမိန်းမပုံမဟုတ်ပါဘူး။သူ့အဖေပုံပါလိုဖြေရှင်းပေမဲ့မရဘူး။ အဲလိုနဲ့ တစ်ဦးနှင့်တစ်ဦး ညှိနိုင်းမရတော့သဖြင့် ကျေးရွာထုံးစံအတိုင်း ရွာဦးဘုန်းကြီးရဲ့ အဆုံးအဖြတ်ကို နာခံရန် ဘုန်းကြီးကျောင်းသွားကြရလေသည်။

ဘုန်းကြီးက အကျိုးအကြောင်းမေးသည်။အရင်းအမြစ်ဖြစ်တဲ့မှန်ချပ်ကို ဘုန်းကြီးက တောင်းပြီးကြည့်သည်။ တကယ်တော့ဘုန်းကြီးလည်းမှန်ကိုတစ်ကြိမ်မျှမတွေဖူးပေ။ သည်တော့ဘုန်းကြီးပြောလိုက်တဲ့စကားက…ပျံလွန်တော်မူသွားတဲ့အရင်က ကျောင်းထိုင်ဆရာတော်ကြီးပုံပါလား။ မင်းတို့ နှစ်ယောက်အိမ်မှာ မထားရဘူး၊ ဘုန်းကြီးကျောင်းမှာပဲထားရမယ်ဟု..ပြောလိုက်ပါသည်။

စဉ်းစားဆင်ခြင်ခြင်းဆိုသည်မှာလည်းမှန် နှင့်တူသည်ဟု ဗုဒ္ဒ္စက သားတော်ရာဟုလာ အားဆုံးမသောသုတ္တန်တရားတွင်ဟောခဲ့သည်။မှန်ကြည့်ဖူးသူများဘာကြောင့် မှန်ကြည့်ကြပါသလဲ။တစ်ယောက်တစ်မျိုးဖြေကြမည်သာ။လှမလှသိချင်လို့၊အချိုးကျမကျ၊
ကြည့်ကောင်းမ ကောင်း၊ကြည့်သည်ဟုတ်ပါသည်။ထို့အတူ စဉ်းစားဆင်ခြင်ဥာဏ် သည်မိမိ၏အပြုအမူ၊အပြောအဆို၊အကြံအစည်တို့မှန်မမှန်၊ကောင်းမကောင်း၊အကျိုးရှိမရှိ ဝေဖန်ပိုင်းခြားပေးသည်။မစဉ်းစားမဆင်ခြင်ပဲ ထင်ရာစိုင်း၍ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်ဟုဆိုကာ ဦးတည်ချက်တိတိကျကျမရှိဘဲပြုမှုပါက လိုရာ ပန်းတိုင် မရောက်နိုင်၊ပန်းတိုင်ပျောက်သွားနိုင်ပါသည်။
လေးစားချစ်ခင်လျှက်
ညခင်း

အဖေ email

1

နယူးယောက်မြို့အနီးတွင် အနှစ်၄၀ ကျော်နေထိုင်ခဲ့သော အာရပ်အဘိုးကြီးတစ်ဦးသည် သူ့ခြံထဲ၌ အာလူး နှင့် အခြားဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးလိုစိတ်ပေါက်လာသော်လည်းအသက်ကြီးလွန်း၊ အားနည်းလွန်းသဖြင့် ပါရီ၌ပညာသင်ကြားနေသော သူ့သားထံအောက်ပါ email ပို့လိုက်၏။

ချစ်သား။ ဖေဖေခြံထဲမှာအာလူးစိုက်ချင်သော်လည်းမစိုက်နိုင်တာဖေဖေစိတ်မကောင်းပါ၊သားသာ ဒီမှာရှိရင်မြေကြီးတူးပေးဖော်ရမှာပဲ၊ချစ်သော ဖေဖေ..။

နောက်တစ်နေ့ သားထံမှအောက်ပါ email ပြန်လာ၏။

ချစ်သောဖေဖေခြံမြေကိုမထိပါနဲ့၊ကျွန်တော်အဲဒီမှာဟိုဟာကိုမြုပ်ထားလို့ ချစ်သားကြီး အာမက်။

ညနေ၄နာရီတွင် FBI နှင့် RANGER ဆိုတဲ့သားငယ်နှစ်ယောက်တို့အဘိုးကြီးအိမ်ရောက်လာပြီး၊ ခြံတစ်ခုလုံး တစ်လက်မမကျန်တူးဆွသွား၏။ဘာမျှမတွေ့၍စိတ်ပျက်ပြီးပြန်သွားကြသည်။

နောက်တစ်နေ့သားထံမှ နောက်ထပ် email တစ်စောင်ရောက်လာ၏။

ချစ်သောဖေဖေ အခုလောက်ဆိုခြံမြေတူးဆွပြီးလို့အာလူးစိုက်နိုင်ပြီပေါ့၊ သားအနေနဲ့တော့ ဒီကနေ ဒီလောက်ပဲလုပ်ပေးနိုင်ပါတယ် …ချစ်သားအားမက်..။

အားလုံးပြုံးပျော်နိုင်ကြပါစေ။

ညခင်း

ဦးသက်ထွန်း (အငြိမ်းသားသံအမတ်ကြီး)ကောက်နှုတ်ပြန်ဆိုသည်။နိုင်ငံခြားဟာသများ။

မရောင်ရဲနိုင်သောအရာ သုံမျိုး

1

လောကတွင် မရောင်ရဲနိုင်သောအရာ သုံမျိုး ရှိတယ်လို့ ညခင်း အဘိုးက အမြဲပြောပါတယ်။

၎င်းတို့ကား တောက်လောင်နေသော မီးပုံကြီး၊ သမုဒ္ဒရာ၊ အလိုလောဘကြီးသူတို့ပင်ဖြစ်၏။ လောင်နေသောမီးပုံကြီးထဲသို့ လောင်စာထင်းများဘယ်လောက်ပင်ထည့်ထည့်၊ တော်ပြီ တန်ပြီဟူ၍ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ထည့်သမျှတောက်လောင်ပစ်မည်သာဖြစ်သည်။

မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ ချောင်းပေါင်းများစွာမှ ရေများ ဘယ်၍ ဘယ်မျှပင် ၀င်ဝင် ၊ သမုဒ္ဒရာကြီးကားဘယ်တော့မှပြည့်ပြီဟုရှိလိမ့်မည်မဟုတ်၊ ၀င်လာသမျှ လက်ခံနေမည် သာဖြစ်၏။ ထိုအတူ အလိုလောဘကြီးသူသည်လည်း ပစ္စည်းဥစ္စာမည်မျှပင်ရရ တော်ပြိတန်ပြီ ဟူ၍ဘယ်တော့မှ ရှိလိမ့်မှာ မဟုတ်ပါဘူး။ ရနိုင်သမျှယူနေမည်သာဖြစ်၏။

လောဘနှင့်ပတ်သက်၍ ပုံပြင်လေးတစ်ပုဒ် ကို ညခင်းအဘိုးက ဆက်ပြောပြခဲ့လို့ နားထောင်ခဲ့ဘူးပါတယ်။

တစ်ခါက အလိုလောဘကြီးသူတစ်ယောက် မျက်စိလည်လမ်းမှားပြီး ညောင်ပင်ကြီး တစ်ပင်အောက်ရောက်သွားရာ သနားတတ်သော ညောင်ပင်စောင့်နတ်က-

***အိုအသင်လူသား ဘာများ အလိုရှိပါသနည်း***

***လောလောဆယ်ရေသိပ်ငတ်နေပါတယ်ဘုရား၊ ဒါကြောင့် သောက်ရေအေးအေးသာ အလိုရှိ ပါတယ်…။***

***ရစေမယ် အသင်လူသား …ပါးစပ်ကိုသာ ဟထားပါလော့ ဟု*** သူ၏လက်ညှိုးမှ အေးမြကြည်လင်သောရေစင်ရေအေးကို တိုက်ရာ ခရီးသွားကအားရပါးရသောက်သုံးလေ သည်။သောက်သုံးရင်းလည်း ရေထွက်သော ညောင်ပင်စောင့်နတ်၏ လက်ညှိုးကို သဘောကျနေမိသည်။

***အသင်လူသား သင့်အလိုဆန္ဒပြည့်စုံပါပြီလော***

***အသင်နတ်သား စွမ်းနိုင်လျှင် ဟင်းကောင်းကောင်း နှင့် ထမင်းစားလိုပါသေးသည် ဆက်လက်ကူညီပါလို*** ဆိုသတဲ့။

***ရနိုင်ပေသည် အသင်လူသား သန့်ရှင်းသော ဖက်ရွက်တို့ကိုသာ အသင့်ပြင် ထားပါလေ။***

ထိုသို့ပြောပြီး နတ်၏လက်ညိုးမှ ထမင်းဟင်းများထွက်ကျပေးပြန်ပါသည်။ ထမင်းဟင်းများ စားသောက်ပြီးနောက် ညောင်ပင်စောင့်နတ် မြန်မြန်ကွယ်ပျောက်သွားမည်ကို ကြောက်သော လူသားက အသင်နတ်မင်း ကူညီလက်စနဲ့ ဆက်ပြီးကူညီပါဦး၊

***လူလောကပြန်ရောက်ရင် အရင် အနှီးလုပ်စားရန်အတွက် ငွေသားများကို ဖန်ဆင်း၍ပေးတော်မူပါဦး။***

***အသင်လူသား၏ ဆန္ဒပြည့်ဝပါစေ*** ဟုဆိုကာ နတ်၏ လက်ညှိုးမှ ငွေသားများထွက်ကျ လာပြန်သည်။ ငွေများကို သိမ်းယူပြီးနောက် သွားဖို့ ပြင်ဆင်နေသော နတ်သားကို လူသားက…

***အို အသင်နတ်သား၊ သိမ်းဆည်းသောအခါ လွယ်ကူသော စိန်ရွှေပတ္တမြားတို့ကို လည်း တစ်ဆက်တည်း ပေးခဲ့ပါဦး။***

အသင် လူသား သင်၏ လောဘကား ကြီးမားပေစွ၊ သို့သော် ကူညီလက်စနဲ့ ကူညီပမည်။ ဟုဆိုကာ ကူညီလိုက်ပြန်တယ်။

ရတနာများကိုသိမ်းဆည်းနေသောလူသားကို ကြည့်ပြီး နတ်က-

***အသင်လူသား ဆန္ဒကားပြည့်ဝလောက်ပြီ ဟု*** ကျွှန်ပ်ထင်ပါသည်။ ဒါကြောင့် သွားခွင့်ပြုပါတော့လို့ ပြောသတဲ့။

ထိုအခါ တနင့်တပိုးသိမ်းဆည်းနေသော လောဘ လူသားနောက်ဆုံးတောင်း ဆိုလိုက်တာကတော့-

***နတ်မင်းကြီး ခင်ဗျား ရွေငွေရတနာများက ဘယ်လောက်ပင်များများ သုံးပစ်လိုက်ရင် ကုန်သွားမှာ ပါခင်ဗျာ၊ ဒါကြောင့် လိုချင်တာမှန်သမျှအကုန်ထွက်နေတဲ့ နတ်မင်းရဲ့ လက်ညှိုးကို ဖြတ်စေချင်ပါတယ် ခင်ဗျားဟူ ***သတည်း။

လူ့အလိုနတ်မလိုက်နိုင်ဆိုသော စကားသည် ထိုပုံကများ စခဲ့လေသလားမသိ။ နတ်သားမှာ လူသား၏ လောဘကို ကြောက်ရှာလွန်းသဖြင့် ချက်ခြင်း ကိုယ်ယောင်ဖျောက်ကာ ထွက်ပြေးရပါတော့သည်။ ရလေ လိုလေ အိုတစ္ဆေ ဟူသောစကားသည် လောဘ အတွက်ထားခဲ့ခြင်းဖြစ်သည်။

ထိုပုံပြင်လေးက တဆင့် ရရှိလာရတဲ့ အသိဥာဏ်ကတော့…လောဘသည် မွေးမြူထားရမည့် အရာမဟုတ်၊ ပယ်သတ်ရမည့် အရာသာဖြစ်သည်ဟု ……

အားလုံးပြုံပျော်နိုင်ကြပါစေ။

ညခင်း


အပြစ် မပြောချင်နဲ့

1

လူတစ်ယောက်က ကြက်တူရွေးကို ၀ယ်ခဲ့ပြီး အိမ်မှာလွတ်လပ်စွာ မွေးထားလိုက်တယ်။ ဒီကြက်တူရွေးက အလွန်ယဉ်ပါးတယ် ဆိုပဲ။

တစ်နေ့မှာ ကြက်တူရွေးဟာ မီးလင်းဖိုအထက်နားမှာ နားရင်း သာယာစွာ သီချင်းဆိုနေတာပေါ့။ အိမ်မှာမွေးထားတဲ့ ကြောင်က မြင်သွားလို့ မင်းဘယ်သူလဲ ဘယ်ကလာ သလဲလို့မေးလိုက်တယ်။

ကြက်တူရွေးကလည်း အိမ်ရှင်က ၀ယ်ခဲ့တယ် လို့ဖြေတယ်။

မင်းဟာ အတော် အတင့်ရဲ့တာပဲ။ ဒီ အိမ်ကို အခုမှလည်းရောက်လာသေးရဲ့။ ဒီလောက်ဆူဆူညံညံ သီချင်းဆိုရသလား။ ငါဟာ ဒီအိမ်မှာ မွေးတဲ့ ကြောင်ပဲ။ ဒါတောင် ငါအော်ခွင့် မရဘူး။ ငါ့အော်သံကို ကြားရင် သူတို့စိတ်ဆိုးပြီး အိမ်က နှင်လိုက်မှာ သေချာတယ်…လို့ ကြောင်ကပြောတာပေါ့။

ဒါနဲ့ ကြက်တူရွေးက ပြန်ပြောတယ်။

ဒါဝမ်းနည်းစရာပဲ။ ကျုပ်အကြံပေးချင်တာက ကျုပ်လို အသံကောင်းဖို့ ခင်ဗျား အများကြီးကြိုးစားရလိမ့်မယ်။ ခင်ဗျားရဲ့ အသံနဲ့ ကျုပ်ရဲ့ အသံဘယ်လိုကွားခြားသလဲ ဆိုတာ သိတယ် မဟုတ်လား။ ဒီအိမ်ရှင် မိသားစုက ခင်ဗျားရဲ့အသံကို မကြားချင်ပေမယ့် ကျုပ်အသံကို သဘောကျ ကြတယ်ဗျ တဲ့။

(ကိုယ့်ချို့ယွင်းချက်လည်းမသိ၊ သူများ အားသာချက်ကိုလည်း မသိတဲ့သူတွေ ရှိတယ် ဆိုကြောင်းပြထားတဲ့ ပုံပြင်ပါ။)

ဒီပုံပြင်လေးနဲ့ လမင်းအား နှိပ်ကွပ်ပါတယ်။ ကြပ်ကြပ်သတိထား ကင်စားပစ်မယ်။



ငါ့ကြောင့်မဟုတ်

0

ဒီမြေပေါ် ရေတစ်စက် စ ချသူဟာ ငါ ဖြစ်တယ်…။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီနေရာမှာ သမုဒ္ဒရာ…. တစ်ခု ဖြစ်လာရင်တော့ ငါ့ကြောင့် မဟုတ်ဘူး။

ဒီတောင်ကမူလေးပေါ် ကျောက်ခဲလေး တစ်ခဲကို မီးစွဲအောင် စလုပ်သူဟာ ငါဖြစ်တယ်။ ဒါပေမဲ့ တစ်ချိန်ချိန် ဒီတောင်ကမူလေး မီးတောင်ကြီးတစ်ခုဖြစ်လာပြီး ထပေါက်ကွဲရင်…ငါကြောင့် မဟုတ်ဘူး..။

ဟော….အတောင်ပံမဲ့နေတဲ့ အဖော်မဲ့ ငှက်ကလေးတစ်ကောင်ကို အတောင်ပံတွေ ပေးတာငါဖြစ်တယ်။ ဒါပေမယ့် တစ်ချိန် ချိန်မှာ ဒီဒေသ ငှက်မဲ့ဒေသ ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားရင် ငါ့ကြောင့်မဟုတ်ဘူး။

အေး….နွေသစ်ခက်ကို ရွက်နုတစ်ရွက်ပေးသူဟာလည်း ငါပဲ ဖြစ်တယ်။ အဲဒီရွက်နုတစ်ရွက်ကြောင့် ခြောက်သွေ့ပြီး တောပြုန်းတဲ့ ဒီနေရာမှာ တစ်ချိန်ချိန် စိမ်းလန်း ဝေဆာပြီး သာယာတဲ့ ဥယျာဉ်ကလေးတွေ ပေါ်လာရင် အေးမြတဲ့ စမ်းချောင်းကလေးတွေ ပေါ်လာရင် ငှက်ကလေးတွေ သီချင်းဆိုတိုင်း ပန်းပွင့်ကလေးတွေ …ထ. ကရင်…

ဟုတ်ပြီနော်…။ ဟိုတစ်ချိန်က မရဖူးတဲ့ ချိုမြန်မှုတွေ အခုဒီနေရာမှာ ပြန်ရလာရင်လည်း…..

ငါ့ကြောင့်မဟုတ်……

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers