မွေးနေ့ အတွက် ချီးမြှင့်သော ဓမ္မဒေသနာအမြတ်ရတနာ။
အဆုံးအမပေးသော ဆရာတော်အားကျေးဇူးတင် ဦးချကန်တော့ရင်း အဆုံးအမများကိုပြန်လည်း မျှဝေပါတယ်။မွေးနေ့မှာ ပျော်ရွှင်မူပေါင်းများစွာကို ရပါစေ၊ နောက်နောင်မှာလဲ မိတ်ဆွေသူငယ်ချင်းတွေနှင့် အတူ ပျော်ရွှင်နိုင်ပါစေလို့ ဦးစွာပထမဆုတောင်းပေးလိုက်ပါတယ်
ဒီနေ့(၁၆.၅.၂၀၁၂)ကျရောက်လာတဲ့ ညခင်းရဲ့လမင်းမွေးနေ့မှာ ဦးဇင်း(လပြည့်ဝန်း) က ဓမ္မဒါနအမြတ် ရတနာလည်းယူရာရောက်ေ အာင် ဓမ္မဒေသနာအမြတ်ရတနာလက်ဆောင်ပေးလိုက်ရပါတယ်။ ညခင်းလည်း စာရေးသူတစ်ယောက်ဖြစ်လေတော့ ဘာသာရေးဆိုင်ရာဗဟုသုတတွေတော်တော် များများသိပါလိမ့်မယ်၊ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အခုဦးဇင်းပြောမှာကတော့ ပိယင်ဇဟ မထေရ်ပြောခဲ့သော စကားလေးခွန်းပဲဖြစ်ပါတယ်။
(၁)မြင့်သူတွေရဲ့ကြားထဲမှာ နိမ့်သူအဖြစ်နေပါ။
မြင့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ သေယျမာန်၊သဒိသမာန်၊ဟီနမာန်တည်းေ သာ မာန်မာနတွေဖြင့် ထောင်လွှာပြီးတော့နေနေတဲ့သူတွေရဲ့ ကြားထဲမှာ မာန်မာနမရှိဘဲနိမ့်သူအဖြစ် နေပါလို့ပြောချင်တာပါ။ အဲဒီတော့ သာမန်ပုထုဇဉ်အနေဖြင့် မာန်မာနတွေကတော့ ရှိနေဦးမှာပါပဲ၊ မိမိက အဲဒီလူတွေကြားထဲမှာ သတိသမ္ပဇဉ်စိတ်ဝယ်ဆင်ပြီးနေတတ်ဖို့ပါပဲ။ ဒါဆိုရင် မာန်မာနတွေထူပြောနေတဲ့သူတွေကြား ထဲမှာ မာန်မာနမရှိဘဲနေတတ်အောင်နေပါလို့  ရတနာထိုက်သောပထမစကားတစ်ခွန်ြး ဖင့်တိုက်တွန်းလိုက်ရပါတယ်..။
(၂)နိမ့်သူတွေရဲ့ကြားထဲမှာ မြင့်သူအဖြစ်နေပါ။
နိမ့်သူတွေရဲ့ကြားထဲမှာဆိုတာက လောကကြီးမှာ ကိုယ်ကျင့်သီလပျက်ပြားနေတဲ့သူေ တွအများကြီးရှိပါတယ်၊ အဲဒီလိုကိုယ်ကျင့်တရားပျက်ပြား သူတွေကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်ေ အာင်နေပါလို့ပြောချင်တာပါ။ မိမိဘ၀မှာ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် တွေ့ကောင်းတွေ့ပါလိမ့်မယ်၊ အကျင့်သီလပျက်ပြားနေတဲ့သူတွေကို ပေါ့၊ ဘယ်သူတွေ ဘယ်လိုပျက်ပျက် အဲဒီအထဲမှာ မိမိက မပါသွားဖို့ပဲလိုတယ်။ ဒါဆိုရင် ကိုယ့်ကျင့်တရားပျက်ပြားနေသူတွေ ကြားထဲမှာ မြင့်မြတ်သူတစ်ယောက်အဖြစ်နေတတ်ေ အာင်နေပါလို့ ရတနာထိုက်သော ဒုတိယစကားတစ်ခွန်း ဖြင့်တိုက်တွ န်းလိုက်ရပါတယ်..။
(၃)မနေသူတွေကြားထဲမှာ နေသူအဖြစ်နေပါ။
ဒေါသဖြင့်နေသူတွေကြားထဲမှာ မေတ္တာတရားဖြင့်နေပါ။ လူများအစုက ဒေါသဖြင့်နေကြတာဆိုတော့ မေတ္တာတရားဖြင့်နေတဲ့သူကခြားပါ တယ်၊ အဲဒီတော့ မေတ္တာတရားဖြင့်မနေနိုင်သူတွေကြားထဲမှာ မေတ္တာတရားဖြင့်နေတတ်အောင်နေဖို့ ရယ်၊ ကိလေသာထူပြောနေသူကြားထဲမှာ ကိလေသာ မရှိဘဲနေတတ်ရမယ်။ လူအများစုက ကာမဂုဏ်ချမ်းသာတွေဖြင့်နေတာများ ပါတယ်၊ အဲဒီလို ကိလေသာကိုမထိန်းနိုင်သူတွေကြား ထဲမှာ ကိလေသားကိုပါးအောင်ကျင့်ကြံဖြင့် နေပါလို့ပြောချင်တာပါ။ မလိုတာတွေနဲ့အလုပ်ရူပ်နေတဲ့သူေ တွကြားထဲမှာ လိုတာလောက်သာရှားပြီးနေပါ။ အဓိကကတော့ မိမိရရှိထားတဲ့ဘ၀မှာ ရရှိသလောက်လေးဖြင့်တင်တိမ်ရောင် ရဲတတ်အောင်နေပါလို့ပြောချင်တာပါ ။ ဒါဆိုရင် ရတနာထိုက်သော တတိယစကားတစ်ခွန်းဖြင့် မနေသူတွေကြားထဲမှာနေသူအဖြစ်ေ နတတ်အောင်နေပါလို့ တိုက်တွန်းလိုက်ရပါတယ်..။
(၄)ပျော်သူတွေရဲ့ကြားထဲမှာ မပျော်သူအဖြစ်နေပါ။
ပျော်သူတွေကြားထဲမှာဆိုတာက ကာမဂုဏ်တွေဖြင့် မူးယစ်ပြီး ဇိမ်ခံစားနေသူတွေရဲ့ကြားထဲမှာ ကာမဂုဏ်အရသာတွေကို တန်းဖိုးရှိရှိအသုံးချပြီး မပျော်သူအဖြစ်နေပါလို့ပြောချင် တာပါ။ ရှေးဆရာတော်ဘုရားကြီးတွေက-“တစ်စ တစ်စ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နောင်ဆက်တိုင်းကောင်းမည် ”တဲ့။ အဲဒီတော့ ရရှိထားတဲ့စည်းစိမ်းတွေကို မစွန့်ဝံ့ပဲပျော်ရွှင်စွာခံစား၊ စံစားနေသူတွေကြားထဲမှာ မိမိက လောကအတွက်၊သာသနာအတွက်၊အများအကျိုးအတွက်လှူဒါန်ပြီးတော့နေတာကို ပဲ ပျော်သူတွေကြားထဲမှာ မပျော်သူအဖြစ်နေပါလို့ စတုတ္ထရတနာထိုက်သောစကားလေးတစ်ခွ န်းဖြင့်တိုက်တွန်းလိုက်ရပါတယ်. .။
ညခင်းရေ..မိမိရဲ့ဘ၀မှာ ဒီရတနာထိုက်သောစကားလေးခွန်းကို ရင်ထဲကိုထည့်ထားစေချင်တယ်။ ဒါမှမိမိဘ၀ကို တန်းဖိုးရှိရှိပိုပြီးတော့ နေတတ်သွားအောင်ပါ။ ဒီစကားလေးခွန်းကတော့ ဦးဇင်းစကားတော့မဟုတ်ဘူး၊ ဒါပေမယ့် ဒီစကားလေးခွန်းဖြင့် ညခင်းရဲ့မွေးနေ့မှာ ဓမ္မဒေသနာမြတ်ရတနာအထူးကုသိုလ်ြ ဖင့်ဓမ္မဒါနမွေးနေ့လက်ဆောင်အဖြင့်  ပေးလိုက်ရပါတော့တယ်။ ယခုမွေးနေ့မှစ၍ နှစ်စဉ်နှစ်တိုင်းပျော်ရွှင်ပါေ စလို့ထပ်မံဆုတောင်းလိုက်ရပါတယ်။
လပြည့်ဝန်း(သာစည်)
(16.05.2012)




