ပြုပြင် လိုစိတ်

4

တခါတွင်...ဗုဒ္ဓမြတ်စွာဘုရားသည် မြင်းဆရာတစ်ဦးအား မြင်းရိုင်းကို အဘယ်သို့ဆုံးမသနည်းဟု မေးတော်မူလေသည်။ မြင်းဆရာက ကျွန်ုပ်သည် အနုနည်းအားဖြင့်လည်း ဆုံးမပါ၏။ အကြမ်းအားဖြင့်လည်း ဆုံးမပါ၏... ဟုလျောက်ထား၏ ။ ထိုအခါ မြတ်စွာဘုရားက အကယ်၍ သင့်မြင်းရိုင်းသည် အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်း အားဖြင့်လည်း အဆုံးအမ မခံလျှင် ထိုမြင်းရိုင်းကို အဘယ်သို့ပြုသနည်းဟု မေးလေသည်။

ထိုအခါမြင်းဆရာက.....ကျွန်ပ်၏မြင်းရိုင်းသည်အကယ်၍အနုအားဖြင့်အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ ၊ အနုအကြမ်းအားဖြင့်လည်း အဆုံးအမ မခံလျှင် ထိုမြင်းရိုင်းကို သတ်ပစ်ပါသည်။ ထိုသိုသတ်ပစ်ခြင်းသည် ကျွန်ုပ်၏ဆရာ အမျိုးအနွယ် အား၊ ဂုဏ်ကျေးဇူးမဲ့ မဖြစ်စေ လို သောကြောင့် ဖြစ်တယ်လို့ဖြေကြားခဲ့ပါတယ်။

အရှင်ဘုရားသည် လည်း ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုပါသည်။ အရှင်ဘုရားသည် အဘယ်သို့ ဆုံးမတော်မူပါသနည်းဟု မေးရာ ...

ဗုဒ္ဓက မိမိသည်လည်း ဆုံးမထိုက်သောသူကို အနုအားဖြင့်လည်းဆုံးမကြောင်း၊ အကြမ်းအားဖြင့်လည်း ဆုံးမကြောင်း၊ အနုအကြမ်းအားဖြင့်လည်း ဆုံးမကြောင်း ထိုနည်းတို့နှင့်မှ ဆုံးမ၍မရသော သူကိုမှ လျစ်လျူရှုလိုက်ရကြောင်း။ ထိုသို့ လျစ်လျူရှုလိုက်ရခြင်းသည် မည်သည်နည်းနှင့်မျှ ဆုံးမ၍မရသော မြင်းရိုင်းကို သတ်ပစ်ခြင်းနှင့်သဘောတူကြောင်း ပြန်ပြောလေသည်။ အထက်ပါ ဗုဒ္ဓ၏ စကားအတိုင်း ကျွန်ုပ်တို့သည် ကိုယ်ကျင့်သီလ အရာ၊ ပညာအရာ၊ အကျင့်စရိုက် အရာတို့၌ စံပြုလောက်သော ပုဂ္ဂိုလ်၏ ဆုံးမသြ၀ါဒတို့ကို မည်မျှပင်ရစေကာမူ၊ မိမိတို့ကိုယ်တိုင်က ပြုပြင် လိုစိတ် အနည်းအကျဉ်းမျှမရှိပါက လျစ်လျူရှုခံရသူများအဖြစ်သို့ ရောက်ဖို့သာရှိမည် ဖြစ်လေသည်။


ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

စဉ်းစားဆင်ခြင်

3

အပြုအမှုတစ်ခုကို ကောင်းမွန် မှန်ကန်စွာ ပြုလုပ်နိုင်ရန် အတွက် အခြေအနေ အခြင်းအရာတို့ကို ယထာဘူတကျကျခွဲခြား ရှုမြင်နိုင်မှုသည် များစွာလိုအပ်ပါသည်။ အခြေအနေ အခြင်းအရာတို့ကို ယထာဘူတကျကျ ခွဲခြားရှုမြင် ဆင်ခြင်နိုင်စွမ်း မရှိပါက ကောင်းမွန်မှန်ကန်သော နှုတ်နှင့်ဆိုင်ရာ အပြုအမှု၊ ကိုယ်နှင့်ဆိုင်ရာ အပြုအမူတို့ကို ပြုမှု လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ဤအချက်နှင့် စပ်လျဉ်း၍ မြတ်စွာဘုရားသည် အောက်ပါ အတွေ့အကြုံ တစ်ခုကို ပြန်၍ပြောပြခဲ့သည်။
ရွာတစ်ရွာသို့ရောက်ခိုက် ထိုရွာမှ လယ်သမားကြီးတစ်ဦး ဦးခေါင်းကွဲ သေဆုံးနေသည့်အဖြစ်နှင့် ကြုံရလေသည်။ သေဆုံးသော လက်သမားကြီး မသေဆုံးမီ အချိန်ပိုင်းက လက်သမားအလုပ်ကို လုပ်နေခိုက် မိမိ၏နဖူးတွင် မှက်တစ်ကောင်လာ၍ ကိုက်လေသည်။ မှက်ကိုမောင်းရန် လက်မအားသည်နှင့် အနီးရှိ သားဖြစ်သူအား မှက်ကို မောင်းနှင်ပေးရန်ပြော၏။ ထိုအခါသားဖြစ်သူက မိမိဖခင်အား ကိုက်ရကောင်းလားဆိုကာ လက်မှ ပုဆိန်ဖြင့် ဖခင်နဖူး မှာကိုက်နေသော မှက်ကို ထုရိုက်လိုက်၏။ မမြော်မြင် မဆင်ခြင်ပဲ ပြုလုပ်လိုက်သော ဤအပြုအမှုကြောင့် ဖခင်လက်သမားကြီးမှာ ဦးခေါင်းကွဲ၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်၏။
အခြေအနေကို သုံးသပ်ဆင်ခြင်၍ သင့်မသင့် ခွဲခြား သိမြင်မှု မရှိပဲ ပြုမှုသော အလုပ်တစ်ခု၊ အပြုအမှုတစ်ခုသည် အကျိုးမဲ့ကိုသာ ဆောင်တတ်ကြောင်းကိုလည်း ဗုဒ္ဓမြတ်စွာသည် အဖြစ်အပျက် တစ်ခုဖြင့် ထပ်မံ ဟောပြတော်မှုခဲ့ပါတယ်။
ဥယျာဉ်မှုးတစ်ဦးသည် နက္ခတ်ပွဲသဘင်သို့ သွားလိုသောကြောင့် မိမိမရှိခိုက် သစ်ပင် ပန်းပင်တို့ကို ရေလောင်ပေးရန် မျောက်တို့အနက်မှ ခေါင်းဆောင်ဖြစ်သည့်မျောက်ကို မှာကြားခဲ့သည်။ ဥယျာဉ်မှုး ထွက်သွားသောအခါ မျောက်အကြီးအမှုးသည် လက်အောက်ငယ်သား မျောက်တို့အား စုဝေး၍- သစ်ပင်ပန်းပင်တို့ကို ပထမဦးစွာ နုတ်ကြည့်ရမည်။ ထိုသို့ နုတ်ကြည့်သောအခါ အမြစ်တိုသော အပင်ဖြစ်ပါက ရေနည်းနည်းလောင်း၍ အမြစ်ရှည်သောအပင်ဖြစ်ပါက ရေများများလောင်းရမည်ဟု ညွန့်ကြားလိုက်သည်။
အချို့သော အမြစ်တိုသည့်အပင်သည် ရေများများလောင်ဖို့လိုကြောင်း၊ ထိုသို့ရေများများလောင်းပေးပါမှ ရှင်သန်နိုင်ကြောင်းကို ၄င်း၊ အချို့သော အမြစ်ရှည်ပင်များသည် ရေများများလောင်းရန်မလိုကြောင်း၊ ရေများများ မရသော်လည်း ရှင်သန်နိုင်ကြောင်းကို ၄င်း အကြီးအမှုးမျောက်မသိရှာချေ။
မျောက်တို့သည်လည်း ညွှန့်ကြားချက်အတိုင်း ဥယျာဉ်ရှိ သစ်ပင်ပန်းပင်တို့ကို နုတ်၍အမြစ်ရှည် မရှည်ကိုစစ်ဆေးကြည့်ပြီး အမြစ်တိုက ရေနည်းနည်းလောင်းပြီး အမြစ်ရှည်ပင်များကို ရေများများ လောင်းကြကုန်၏။ ထိုနည်းဖြင့် ဥယျာဉ်ကြီးတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားလေတော့သည်။
မျောက်တို့၏ ပြုမှုလုပ်ဆောင်မှုများကြောင့် ရစရာမရှိအောင်ပျက်စီးနေသော ဥယျာဉ်ကြီးကို သာဓကပြ၍ အသိဆင်ခြင်ဥာဏ် ကင်းမဲ့မှု၏ အပြစ်နှင့် ပတ်သက်ပြီး အကျိုးရှိသည်မရှိသည်၌ မလိမ္မာသော သူမိုက်သည် အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်သော်လည်း အကျိုးစီးပွား မဖြစ်ထွန်းနိုင်၊
ဆုတ်ယုတ်ပျက်စီးခြင်းသာဖြစ်ရသည်။
ပညာရှိတို့သည် အကျိုးရှိမရှိကို ခွဲခြား ရှုမြင်ခြင်းဟူသော အားရှိကုန်၏။ ကြေးမုံမှန်သည် ကြည့်ရှုဆင်ခြင်ခြင်း အကျိုးရှိ၏။ ထိုအတူ ဆင်ခြင်၍ ကိုယ်ဖြင့်ပြုအပ်၏၊ ဆင်ခြင်၍ နှုတ်ဖြင့်ပြောဆိုအပ်၏။ ဆင်ခြင်၍ စိတ်ဖြင့်ကြံစည်အပ်၏။ထိုသို့ခွဲခြားရှုမြင်နိုင်မှု၊ ဆင်ခြင်နိုင်မှုတို့ ရှိမှသာ အကျိုးတရားမှန်ကန် ကောင်းမွန်မှုတို့ရလာနိုင်မည်ဖြစ်ကြောင်း ဟောကြာတော်မူခဲ့လေသည်။
....အရာဌာန အချိန်ကာလကို စဉ်းစား နှိုင်းချိန်ကာ အားထုတ်ပြုလုပ်ရာ၏.....
ညခင်း
ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေ။

ဆရာတော် ဥူးသုမင်္ဂလ တရားတော်များ

2



 မင်္ဂလာတိုက်ဆရာတော် ဥူးသုမင်္ဂလ ဟောကြားတော်မူသော တရားတော်များ

Download 
၁။ သောဏာထေရီ                   ကျပ်ပြင်    (၂.၅.၂၀၁၀)
၂။ သကုလာထေရီ                    ရေနံ့သာ   (၆.၅.၂၀၁၀) 
၃။ ဘဒ္ဒကာပိလာနီထေရီ(၁)     မော်လမြိုင်   (၁၀.၅.၂၀၁၀)
၎။ ဘဒ္ဒကာပိလာနီထေရီ(၂)     မော်လမြိုင်   (၁၁.၅.၂၀၁၀)
၅။ ဘဒ္ဒကာပိလာနီထေရီ(၃)     မော်လမြိုင်   (၁၂.၅.၂၀၁၀)
၆။ ယသောဓရာထေရီ(၁)         မြ၀တီ         (၁၄.၅.၂၀၁၀)
၇။ ယသောဓရာထေရီ (၂)        မြ၀တီ         (၁၅.၅.၂၀၁၀)
၈။ သိင်္ဂါလမာတုထေရီ             မြ၀တီ         (၁၆.၅.၂၀၁၀)
၉။ မြေခံကောင်းမှ                  မဲဆောက်    (၁၅.၅.၂၀၁၀)
၁၀။ ဘာရပြီးပြီလဲ                  မဲဆောက်    (၁၆.၅.၂၀၁၀)


လက်ဆင့်ကမ်း ဓမ္မဒါနများ ပြုလုပ်နိုင်ပါသည်။

တိုက်ရိုက်နာယူရန်။








ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အနှောင်ထူလေ လောင်ဆူလေ

0

အနှောင်ထူလေ လောင်ဆူလေ
အသွင်သဏ္ဍန်အရ
 လူဝတ်ကြောင်ဘ၀ကို
ကိုင်းတောမှာ ဆောက်တဲ့အိမ်၊
ရဟန်းဘ၀၊ သီလရှင်ဘ၀ကို
သောင်ပြင်မှာ ဆောက်တဲ့အိမ်
လို့ဆိုရပေမယ့်
အနှစ်သာရအရကတော့
 လူပဲဖြစ်ဖြစ် ရှင်ပဲဖြစ်ဖြစ်
သံယောဇဉ်အနှောင်အဖွဲ့
များတဲ့စိတ်ဟာ
ကိုင်းတောအိမ်ဖြစ်ပြီး
သံယောဇဉ်အနှောင်အဖွဲ့
ကင်းတဲ့စိတ်ဟာ
သောင်ပြင်အိမ်ဖြစ်ပါတယ်။
 လူဖြစ်ပေမယ့် သောင်ပြင်မှာ
 ရောက်နေနိုင်သလို
ရှင်ဖြစ်ပေမယ့်လည်းကိုင်းတော မှာ
 ရောက်နေနိုင်ပါတယ်။
ကိုင်းတောအိမ်သမားက
အပူဓာတ်ကူးလွယ်ပါတယ်။
သောင်ပြင်အိမ်သမားက
 အပူဓာတ်ကင်းဝေးပါတယ်။

 အရှင်ဆန္ဒာဓိက (စိတ်အားဖြည့်ဓမ္မပန်းပွင့်)

မုဒိတာ

2

 ဗြဟ္မစိုရ်တရား ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပက္ခာ ဆိုတဲ့ ဒီတရားလေးပါးပါဘဲ။ မြတ်သော အကျင့် မြတ်သောနေထိုင်ရေးတရားလို့ ဆိုလိုပါတယ်။

ဒီ၎ပါးထဲက မုဒိတာ ဆိုတာ ကိုယ့်အထက်ကလူတွေ ကိုယ်ထက်ပြည့်စုံတဲ့  ချမ်းသာတဲ့လူတွေကို ချမ်းသာမြဲ ချမ်းသာကြပါစေ ၀မ်းမြောက်ဝမ်းသာနဲ့ နှလုံးသွင်းနိုင်တဲ့ သဘောကို ဆိုလိုတာပါ။ ဒါပေမဲ့ ကိုယ်ထက်သာ မနာလို ဆိုတဲ့ စကားပုံအတိုင်း အများအားဖြင့် သတ္တ၀ါတွေ မှာကိုယ့်ထက် သာတာကိုမြင်ရ ကြားရ သိရယင် မျက်မုန်း ကျိုးမှု မနာလိုမှုတွေ ဖြစ်တတ်ပါတယ်။ အဲဒီ မနာလိုမှုဟာ မုဒိတာရဲ့ ဆန့်ကျင်ဘက် ရန်သူပါဘဲ။ အကုသိုလ်ပွားတဲ့သဘောပါ။ သူက မျက်မှောက်ဘ၀မှာလဲ မကောင်းကျိုးတွေ ကိုပေးတတ်တယ်။ နောင်တမလွန်မှာလဲ အပါယ်ဆင်းရဲ သံသရာဆင်းရဲတွေ ပေးတယ်ဆိုတာ ဒီ ဥပမာလေးများက သက်သေပြနေပါတယ်။

ဘုရားလက်ထက်တော် ကာလက ကောသမ္ဗီပြည်မှာ ဃောသက ဆိုတဲ့ ကျောင်းဒကာ သူဋ္ဌေးတစ်ဦး ရှိခဲ့တယ်။ ငယ်စဉ်တုန်းက သူကိုမွေးတဲ့ သူဋ္ဌေးကြီးက သားရင်းကလေးရလာတဲ့အခါ ဃောသကသူငယ်ကို မလိုလားတာနဲ့ ၆ကြိမ်တိုင်တိုင် သေရာသေကြောင်းကြံစည်ပြုလုပ်တယ်။ ဒါပေမဲ့ သေကံမရောက် သက်မပျောက်ဆိုတာ လိုပဲ သူ့မှာ သေဖို့ရာ ကံက မပါတဲ့အတွက် သေဘေးမှ လွတ်ခဲ့တယ်။ အဲဒီ ၆ကြိမ် ထဲမှာ တစ်ကြိမ်ကတော့ အိုးဖုတ်တဲ့ ဖိုကြီးထဲမှာထည့်ပြီး မီးဖုတ်လိုက်ဖို့ အိုးထိန်းသည်ထံ ဃောသကသူငယ်ကို စေလွတ်လိုက်တယ်။ လမ်းခုလပ်မှာ သူဋ္ဌေကြီးရဲ့သားအရင်းက ခုံညင်းထိုးကစားပေးဖို့ တောင်းပန်တယ်။ ဖခင်က အိုးထိန်းသည်ထံ စေလွှတ်လိုက်တဲ့အကြောင်းပြောတော့ အဲဒီ သူဋ္ဌေးသား အရင်းက ခုံညင်းသာ နိုင်အောင် ထိုးရစ်ပါ။ သူသွားပေးပါမယ်ဆိုပြီး အိုးထိန်းသည်ထံသွားတယ်။ အိုးထိန်းသည်ကလဲ အဲဒီ သူငယ်ဟာ ဃောသက ဘဲထင်ပြီး သူဋ္ဌေးကြီး ရဲ့အမိန့်အတိုင်း အိုးဖိုထဲထည့်ပြီး မီးဖုတ်လိုက်တယ်။ အဲဒီအကြောင်းကို သူဋ္ဌေးကြီး သိရတဲ့အခါ အလွန်အကဲ စိတ်ဆင်းရဲ ဒုက္ခရောက်ရရှာတယ်။ စိတ်နှလုံး ပူပန်ပြီး ရောဂါဝေဒနာ အကြီးအကျယ်စွဲကပ်ခံရတယ်။ အဲဒီ ရောဂါနဲ့ဘဲ နောက်ဆုံးမှာ သေသွားရရှာတယ်။ ဒါလဲ မနာလိုမှုရဲ့ ကောင်းကျိုးဘဲ။

ဒါကြောင့် သူများ မနာလို ကိုယ်အကျိုးမရှိ လို့ ပြောစမှတ်ပြုကြတယ်။

တစ်ခါက ဘုန်းကြီးကျောင်း တစ်ခုမှာ ဖိုးသူတော် တစ်ယောက်ရှိသတဲ့။ အဲဒီ ဖိုးသူတော်က သူများ မနာလို ကိုယ်အကျိုးမရှိ ဆိုတဲ့ ဒီစကားပုံကလေးကို မကြာခဏ ရွတ်ဆိုပြီး တရားနှလုံးသွင်းနေသတဲ့ အဲဒီ ကျောင်းမှာ ကိုးကွယ်ပြီး သွားလာဝင်ထွက်နေတဲ့ ဒကာမကြီး တစ်ယောက် ဖိုးသူတော်ရွတ်ဆိုနေတဲ့ စကားကို ခဏ ခဏကြားရတော့ သူ့စောင်းပြီးရွတ်ဆို နေတယ်လို့ ထင်ပြီး ဖိုးသူတော်အပေါ် ရန်ငြိုးဖွဲ့သွားပါတယ်။ ဒါနဲ့ ဒီ ဒကာမကြီးက မုန့်ထဲမှာ အဆိပ်ထည့်ပြီး ဖိုးသူတော်ကို လှုသတဲ့ ဖိုးသူတော်က လဲ မရစဖူး အထူးရတဲ့ မုန့်ဘဲလို့ အလေးအမြတ်ပြုပြီး ဘုရားမှာ ဆွမ်းတော်ကပ်လိုက်သတဲ့၊ မုန့်လှုတဲ့ ဒကာမကြီးရဲ့ သားကလဲ အဲဒီကျောင်းမှာ ကျောင်းသားအဖြစ်နဲ့ နေတဲ့အတွက် အဲဒီ ကျောင်းသားက ဆွမ်းတော်ကပ်ထားတဲ့  အဲဒီမုန့်ကို ကောက်ပြီး စားမိလို့ အဆိပ်သင့်ပြီး သေရှာသတဲ့။ ဒီတော့ မုန့်လှူတဲ့ ဒကာမကြီးက ဖိုးသူတော်မသေဘဲ သူ့သား သေနေတာကိုတွေ့ရတဲ့ အတွက် (သူများ မနာလို ကိုယ်အကျိုးမရှိ) ဆိုတဲ့ ဖိုးသူတော် ကမ္မဋ္ဌာန်း ကိုသဘောပေါက်ပြီး ဦးသူတော် ကမ္မဋ္ဌာန်း ငါ့ကိုရမ်း ဖြန်းဖြန်းကွဲလေပြီ လို့ မြည်တမ်းကိုကြွေးရှာသတဲ့။

ယခုပြောခဲ့တာတွေဟာ မုဒိတာကိုပွားစေမည့် ပုဂ္ဂိုလ်မှာ မုဒိတာရဲ့ဆန့်ကျင်ဘက်ရန်သူဖြစ်တဲ့ ဣဿာဆိုတဲ့ မနာလိုမှုကို အပြစ်မြင်ပြီး မုဒိတာကို ပွားစေနိုင်ဖို့ သာဓကတွေဖြစ်ပါတယ်။

ညခင်း 
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers