ဘုရားရှင်တို့၏လက္ခဏာတော်(၃၂)ပါး၊

3

ဘုရားရှင်တို့၏လက္ခဏာတော်(၃၂)ပါး၊


၁။ သုပ္ပတိဌိတပါဒတာလက္ခဏာတော်-ကောင်းစွာတည်ရှိသောခြေတော်ရှိခြင်း။
၂။ စက္ကေနကီင်္တပါဒတာလက္ခဏာတော်-အမှတ်တံဆိပ်ခပ်နှိပ်အပ်သောခြေတော်ရှိခြင်း။
၃။ ဒီဂပဏှိတာလက္ခဏာတော်-ရှည်သောဖနောင့်ရှိခြင်း။
၎။ အာယတဂုင်္လိတာလက္ခဏာတော်-ရှည်သွယ်သောလက်ချောင်းတော်ရှိခြင်း။
၅။ ဗြဟ္မုဇုဂတ္တတာလက္ခဏာတော်-ဗြဟ္မာမင်းလိုဖြောင့်မတ်သောကိုယ်တော်ရှိခြင်း။
၆။ သတ္တုဿဒတာလက္ခဏာတော်-လက်ဖမိုးတော်၂-ဘက်၊ခြေဖမိုးတော်၂-ဘက်၊ပခုံးတော်၂-ဘက်၊
လည်ကုတ်တော်အားဖြင့်၇-ပါးသောအရပ်တို့ ၌ပြည့်ဖြိုးသောအသားအရေတော်ရှိခြင်း။
၇။ မုဒုတလုဏဟတ္တပါဒတာလက္ခဏာတော်-ပျိုသောနုညံ့သောလက်တော်ခြေတော်ရှိခြင်း။
၈။ ဇာလဟတ္ထပါဒတာလက္ခဏာတော်-ဇာကွန်ယက်ပမာညီစွာတည်သောလက်ချောင်းခြေချောင်းတော်ရှိခြင်း။
၉။ ဥဿင်္ခပါဒတာလက္ခဏာတော်-အောက်သို့မသက်အထက်တက်သည့်ဖမျက်အနေခြေတော်ရှိခြင်း။
၁၀။ ဥဒ္ဓဂ္ဂလောမတာလက္ခဏာတော်-ရှေ့မျက်နှာတော်ဖူးမျှော်လိုဘိမော့်၍ကြည့်သို့အဖျားလှည့်မော်မွေးညှင်းတော်ရှိခြင်း။
၁၁။ ဧဏီဇင်္ဃတာလက္ခဏာတော်-ဧဏီမည်သောသားကောင်၏သလုံးအသွင်အစဉ်အဆက်လုံး၍
တက်သောခြေသလုံးတော်ရှိခြင်း။
၁၂။ သုခုမစ္ဆ၀ိတာလက္ခဏာတော်-နုညံ့သိမ်မွေ့သောအသားအရေတော်ရှိခြင်း။
၁၃။ သုဝဏ၀ဏတာလက္ခဏာတော်-၀င်းဝါသောအသားအရေရှိတော်မူခြင်း။
၁၄။ ကောသောဟိတ၀တ္ထဂုယှတာလက္ခဏာတော်-ဥသဘနွားမြတ်အင်္ဂါဇာတ်သို့အအိမ်ဖြင့်ဖုံးအပ်သောအင်္ဂါဇာတ်တော်ရှိခြင်း။
၁၅။ နိဂြောဓပရိမဏ္ဋလလက္ခဏာတော်-၀ိုင်းဝန်းသောပင်ညောင်ပင်ကဲ့သို့ကိုယ်တော်နှင့်အလံလျော်ကန်ညီညီဝန်းဝိုင်းတော်မူခြင်း။
၁၆။ ဇာဏုပရာသမနလက္ခဏာတော်-ဒူးတော်ကိုသုံးသပ်ကိုင်လိုတော်မူလျှင်မတ်မတ်ရပ်တော်မူလျက်ပုဆစ်ဒူးဝန်း၂-ဖက်တို့ကိုလက်တော်၂-ဖက်ဖြင့်ထိအောင်သုံးသပ်တော်မူနိုင်ခြင်း။
၁၇။ ၀တ္တက္ခန္ဓတာလက္ခဏာတော်ကြီး-ရွှေမုရိုးစည်ကဲ့သို့အညီပတ်ဝင်းလုံးသောလည်ပင်းတော်ရှိခြင်း။
၁၈။ စိတန္တရတာလက္ခဏာတော်-လက်ပြင်ရိုး၂-ဖက်အကြား၌အသားပြည့်ပုံနောက်ကျောပြင်ဝယ် လည်ကုပ်၏အောက်၌ပေါ်ထွက်၍နေသောအရိုးနှစ်ဖက်ရှိခြင်း။
၁၉။ သီဟဗုဗ္ဗဒ္ဓကယတာလက္ခဏာတော်-ခြင်္သေ့မင်း၏ရှေ့ထက်ဝက်ကိုယ်ကဲ့သို့အထက်အောက်နှစ်ဌာန၌ပြည့်ဝသောကိုယ်တော်ရှိခြင်း။
၂၀။ ရသဂသဂ္ဂိတလက္ခဏာတော်-အရသာကိုဆောင်ယူနိုင်သောအကြောတို့တွင်အမြတ်ဆုံးဖြစ်သောခုနှစ်ထောင်သောအကြောတော်ရှိခြင်း။
၂၁။ အဘိနီလနေတ္တတာလက္ခဏာတော်-မျက်လုံးတော်သည်ညိုသင့်ရာအရပ်ဝယ်အောက်မဲညိုပန်းနှမ်းကြတ်ပန်းအသွေးကဲ့သို့ညိုသောမျက်လုံးတော် လဲရှိတော်မူခြင်း။
၂၂။ ဂေါပခုမတာလက္ခဏာတော်-မွေးစအရွယ်နွားနိငယ်၏တင့်တယ်ကြည်အေးမျက်လုံးကလေးသို့မျက်မွေးစီရရီအလွန်ကြည်သောမျက်လုံးတော် ရှိခြင်း။
၂၃။ ဥဏှီသသီသတာလက္ခဏာတော်-သင်းကျစ်အပြားဖွဲ့ပတ်ထားသို့သီးခြားဆန်းထူးမဟာနဖူးကြောင့်ဖူးရရွှင်ပျော်လုံးသောဦးခေါင်းတော်ရှိခြင်း။
၂၄။ ဧကေကလောမတာလက္ခဏာတော်-မွေးတွင်းတစ်တွင်းလျှင်တစ်ပင်စီသောအမွေးတော်ရှိခြင်း။
၂၅။ ဥဏလောမတာလက္ခဏာတော်-မျက်ခုံးတော်၂-ပါးအလယ်ကြား၌ထူးခြားပေါ်လွင်အလွန်ဖြူစင်သောမွေးတော်ရှင်ရှိခြင်း။
၂၆။ သမစတ္တာလီသဒန္တတာလက္ခဏာတော်-အမျှလေးဆယ်လွန်တင့်တယ်သောသွားတော်ရှိခြင်း။
၂၇။ အ၀ိရူဠတာလက္ခဏာတော်ရွှေပြားအပြင်ဝရဇိန်တင်သို့အစဉ်မကွဲမကျဲသောသွားတော်ရှိခြင်း။
၂၈။ ပဟူတဇိဝှတာလက္ခဏာတော်-ရှည်လျားနုနယ်ကျယ်ပြန့်ပြောလျှာတော်ရှိခြင်း။
၂၉။ ဗြဟ္မဿရတာလက္ခဏာတော်-ဗြဟ္မာမင်း၏အသံကဲ့သို့သာယာနာပျော်အသံတော်ရှိသည်ကောင်း၊အာဒေယျဝစနောစ-အများကြည်ဖြူနာယူဖွယ်စကားတော်ရှိခြင်း။
၃၀။ သီဟဟနုတာလက္ခဏာတော်-ခြင်္သေ့မင်း၏အောက်မေးအလားထက်အောက်အားဖြင့်၂-ပါးထင်ပေါ်ပြည့်ဝသောမေးတော်ရှိခြင်း။
၃၁။ သမဒန္တတာလက္ခဏာတော်-၀ရဇများစီ၍ထားသို့ထက်ဖျားစီရရီညီိသောသွားတော်ရှိခြင်း။
၃၂။ သသုက္ကဒါဌတာလက္ခဏာတော်-သောကြာကြယ်ဝန်းထွန်းသည့်အသွင်အလွန်ဖြူစင်သောစွယ်တော်ရှိခြင်း။

ဘုရားရှင်တို့၏လက္ခဏာတော်(၃၂)ပါး အားကြည်ညိုစွာ ဖော်ပြအပ်ပါသည်။


ညခင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ။

မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့ .....

8

အတ္တသမာ ပဏိဓိစ၊ ဧတံမင်္ဂလမုတ္တမံ
မိမိစိတ်ကို ကောင်းစွာထားခြင်းသည်
မြတ်သောမင်္ဂလာမည်၏။
မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့
မတိမ်းစေနဲ့ဆောက်တည်လေ။

ကဿပဘုရားရှင်လက်ထက်က ရဟန်းတစ်ပါးရှိပါတယ်။ အဲဒီ ရဟန်းက သီလလည်း တော်တော် စင်ကြယ်ပါတယ်။ တစ်နေ့တော့ သူ့ကျောင်းကို အာဂန္တုကိုယ်တော်တစ်ပါးရောက်လာပါတယ်။ သူ့ရဲ့ဆွမ်းကပ် နေကျ ဒကာက ကျောင်းမှာ အာဂန္တု ရဟန်းရောက်နေတယ်ဆိုတာ သိရတော့ မနက်ကျရင် အာဂန္တု ရဟန်းကိုပါ ဆွမ်းစားကြွဖို့ ပင့်ဖိတ်သွားပါတယ်။

အဲဒီအချိန်မှာ ကျောင်းထိုင် ကိုယ်တော်ရဲ့ မစ္ဆရိယစိတ်တွေက တဖွားဖွားပေါ်လာတော့တာပါပဲ။ ဒီတော့ မနက်ဆွမ်းစားသွားခါနီးမှာ လက်သည်းဖျားနဲ့ ခေါင်းလောင်းထိုး နှိုးခဲ့ပါ သတဲ့ ။ ဒကာအိမ်ရောက်တော့ သင့်ကိုယ်တော် အအိပ်ကြီးနေတယ်။ ခေါင်းလောင်းထိုး နှိုးတာတောင် မနှိုးဘူးလို့ မိန့်ပါတယ်။

ဒါကို ဒကာက...ရိပ်မိလိုက်တယ်....ဒါကြောင့် အပြန်မှာ အာဂန္တုကိုယ်တော်အတွက် ဆွမ်းထည့်ပေး လိုက်တယ်။ ကျောင်းထိုင်ကိုယ်တော် အတွက် ဒုတိယအကြိမ် က္ကုဿာမစ္ဆရိယတွေ ထပ်ဝင် လာပြန် ရော၊ ဒီတော့ ဆွမ်းကိုလမ်းမှာပဲ သွန်ပစ်ခဲ့ ပါတော့တယ်။

အဲဒီမကောင်းတဲ့ စိတ်ဟာ သူ့ဘ၀ ရဲ့ တစ်သံသရာလုံးကို ဒုက္ခပေးခဲ့ပါတယ်။ သူတင်မကပါဘူး ရွာတစ်ရွာမှာ လူသွားဖြစ်ရင် တစ်ရွာလုံးဆင်းရဲသွားကြတဲ့အထိပေါ့။ တကယ်လို့သာ အဲဒီရဟန်းဟာ သူတစ်ပါးအပေါ် မကောင်းတဲ့စိတ် ဖြစ်တာနဲ့ချက်ချင်းသိပြီး ကိုယ့်စိတ်ကလေးကို အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက် ယူလိုက်မယ်ဆိုရင် ဇာတ်လမ်းလေးက တစ်မျိုးပြောင်းသွားမှာပါ........

ထိုဓမ္မ၀တ္တုလေးအရ မိမိတို့၏ စိတ်ကို...မကောင်းတဲ့ဘက်ရောက်မသွားအောင်...

နေ့စဉ်ကိုယ်စိတ်ကို မှန်ကြည့်သလို သတိနဲ့ စောင့်ကြည့်ရပါမယ်။ အထူးသဖြင့် မကောင်းတဲ့စိတ်ဖြစ်တာနဲ့ ချက်ချင်းသိ၊ သိတာနဲ့တပြိုင်နက် ပစ်ပယ်ရမှာ ဖြစ်ပါတယ်။.....စွမ်းအားရှိသမျှ သတိပဌာန်တရားများ ပွားများအားထုတ်ခြင်း၊ မေတ္တာကမ္မဌာန်းများပွားများအားထုတ်ခြင်း၊..သူတစ်ပါးအပေါ် မကောင်းတဲ့စိတ် ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက်အောင်မြင်တယ်လို့ တစ်ခါမှ မကြားဖူးသေးဘူး စသည်ဖြင့် ကိုယ်နားလည်သလို ဆင်ခြင်ပြီးပယ်ကြရမှာဖြစ်ပါတယ်။ ညခင်းတို့...ထိုမကောင်းတဲ့ စိတ်လေးကို ပယ်သတ်ရင်း မေတ္တာ ဆောင်ပုဒ်လေး ကို ဆိုကြည့်ရအောင်နော်။

မေတ္တာဆောင်ပုဒ်။
နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှစ်ခိုးမယ်....။
အနန္တငါး ဂုဏ်တော်များ ညွတ်တွားကန်တော့မယ်...။
မျက်နှာသစ်ရင်ရေကိုမြင် မြင်စဉ်မေတ္တာပွားပါ့မယ်။
သစ်ရင်းသစ်ရင်းလျော့ယိုယွင်း ရုပ်ဆင်းသတိ ထားပါ့မယ်။

တန်းတူတွေ့ရင်မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မဲ့အစားမေတ္တာပွား စိတ်ထားပြုပြင်ပြောင်းပါမယ်။
ကိုယ့်အောက်တွေ့ရင် ဂရုဏာဝင် မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မဲ့အစား ဂရုဏာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင် မ၀င် က္ကုဿ ယိုင်တတ်တယ်။
ယိုင်မဲ့အစား မုဒိတာပွား စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
ရုပ်ကိုလည်းပြင် စိတ်လည်းပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။

မိန်းမတို့ အပါယ်ကျကြောင်း ၅ပါး။

4


မိန်းမတို့အား၊ များယေဘုယျ၊ အပါယ်ကျသည့်၊ ပါပယုတ်မာ၊ တရားမှာလည်း၊ သဒ္ဒ္စါမရှိ၊ ဟီရိမကပ်၊ သြတ္တပ်ကင်းပ၊ ကောဓာကြီးစွာ ၊ ပညာမဲ့ငြား၊ ငါးပါးတည်း။

မိန်းမတို့ ၏ အပါယ်ကျကြောင်းငါးပါး-

၁။ ဓမ္မအပေါ်၌ သဒ္ဒ္စါမရှိခြင်း။

၂။ ဟီရိဟုဆိုအပ်သော အရှက်တရားမရှိခြင်း။

၃။ သြတ္တပ္ပဟု ဆိုအပ်သော အကြောက်တရားမရှိခြင်း။

၎။ ကောဓဟုဆိုအပ်သော ကြီးသောဒေါသရှိခြင်း။

၅။ ပညာမဲ့ခြင်း။


(မဃဒေ၀လင်္ကာသစ်)



ရွှင်လန်းချမ်းမြေ့ကြပါစေ။

HAPPY BIRTHDAY TO YOU

16

တီလေးညခင်း ရဲ့ ၁၆ရက်မေမှာကျရောက်သော မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘ၀ကိုအေးချမ်းသာယာမှု ကျန်းမာခြင်း၊ပျော်ရွှင်ခြင်း၊တက်ကြွခြင်း၊အေးမြခြင်း ၊လန်းဆန်းမှုတွေနဲ့အတူ တီလေးဘ၀အမြဲအေးမြပါစေ -စိတ်ညစ်မှု ဟူသမျှ မြူမှုန်လေးမျှ မကျရောက်ပါစေ နဲ့ လို့ ချစ်တူလေး ဆုမွန်ကောင်းတောင်းပါတယ်--

တီလေးမွေးနေ့ရောက်တော့ ကျနော်ကျွေးမွေးဧည့်ခံမှု တာဝန် ယူရမယ်လေ-မွေးနေ့ကိုလာမယ့် သူငယ်ချင်းတွေ၊မိတ်ဆွေတွေ ညီအကိုမောင်နှမအားလုံး အဆင်ပြေပြေနဲ့ စိတ်ကြိုက်သုံးဆောင်နိုင်အောင် လမင်းက တီတီကိုယ်စား အားလုံးကို လိုလိုသေးမရှိအောင် ကျွေးမွှေးဧည့်ခံပါတယ်--တီလေးမွေးနေ့ကိုလာရင်း အိမ်လေးကိုလာကျတဲ့ ညီအကိုမောင်နှမအားလုံး အားရပါးရသာသုံးဆောင်ကြပါလို့ တီလေးကိုယ်စားကျနော်ကပဲပြောဆိုပါရစေ--

ပထမဆုံးတော့ တီလေးအတွက် မွေးနေ့ ကိတ်လေး စီစဉ်ပေးပါမယ်-ဒါကတော့တီလေးအတွက်မွေးနေ့ ကိတ် လေးပါ


ဒါကတော့ တီတီလေးမွေးနေ့ကို ကြွရောက်ချီးမြှင့်ချတဲ့ ညီအကိုမောင်နှမတွေ သုံးဆောင်ဖို့ အားမနာတမ်း
ဝါးတီးဆွဲလို့ ရတယ်--





အားလုံးသော မောင်နှမအားလုံး တီတီလေးမွေးနေမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေ ရရှိကြပါစေလို့


ရွှင်လန်းချမ်းမြေ့ကြပါစေ။
Happy birthday to you - HAPPY BIRTHDAY


လမင်း

ညခင်းရဲ့ မွေးနေ့အစီအစဉ်

14


ညခင်း ရဲ့ မွေးနေ့လေးမနက်ဖြန် မေ(၁၆)ရက် ဆိုရောက်ပါပြီ.... နှစ်စဉ်နှစ်တိုင်းမွေးနေ့ ဆို ဘာလုပ်ရင်ကောင်းမလည်း ... ကြိုတင်စဉ်းစားရတာ အမောပါ...ဒီနှစ်မှာတော့ စိတ်ညစ်ညစ်ရှိတာနဲ့ ဘာမှ စဉ်းစားမထားပါဘူး... နှစ်စဉ်လည်း မိဘဘိုးဘွားတွေကို ကန်တော့ခြင်း၊ ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ခြင်း နှင့် ခင်မင်တဲ့မောင်နှမများ စားချင်တာကို ချက်ကျွေးခြင်း ဒါနများ လုပ်ခဲ့ပါတယ်။ ဒီတော့....ဒီနှစ်လည်းဒီအတိုင်းပဲ အလှူဒါန ပြုရင်း...ခင်ပွန်းကြီး (၁၀)ပါးအား လည်း ၀န်ချ တောင်းပန်မှာဖြစ်ပါတယ်။
ဝန်ချတောင်းပန်နည်းစာအုပ်လေး ညခင်းလက်ထဲရောက်နေတာ ကြာပါပြီ...မလုပ်ဖြစ်ခဲ့ဘူး။ ကန်တော့ တောင်းပန်နည်းလေးကိုလည်း ဘလော့မှမောင်နှမများ အားပြန်လည်းမျှဝေပေးမယ်နော်...။
ဝန်ချတောင်းပန် အဓိဌာန်နည်း...။
သတ္တ၀ါတို့၏ ချမ်းသာအကျိုးကိုသာ လမ်းညွန်တော်မူသော မြတ်စွာဘုရား၊ ဘုရားတပည်တော်/မ သည် ခင်ပွန်းကြီး ၁၀ပါး နှင့် အကြောင်းစပ်၍ သံသရာ၌ သော်၎င်း၊ ယခု ပစ္စုပ္ပန်၌သော်၎င်း၊ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ ၀စီကံ မနောကံတို့ဖြင့် ထိုခင်ပွန်းကြီးများအား ပြစ်မှားခြင်း များစွာရှိလျှင် ပစ္စုပ္ပန်သံသရာ၌ ဆိုးကျိုးများ အမှန်ဆက်ကာဆက်ကာ ရမည်ဟု ယုံကြည်လက်ခံပါ၏...။ကောင်းစွာ နှလုံးသွင်းပြီးပြီဖြစ်ပါသည်။ သံသရာဘ၀များစွာမှတော်စပ်ခဲ့သော ခင်ပွန်းကြီးများနှင့် ယခု ပစ္စုပ္ပန် ၌တော်စပ်လျက်ရှိသော ခင်ပွန်းကြီးတို့ အား အပြစ်ကြီးအပြစ်ငယ်တို့ ယခုပစ္စုပ္ပန်၌သော်၎င်း၊ အနာဂတ်သံသရာ၌သော်၎င်း ဆိုးကျိုးများပေးခြင်းမှ လွတ်ကင်းလိုသော အကျိုးငှာ (ယနေ့မှစ၍) ကောင်းစွာနှလုံးသွင်း ယုံကြည်စွာဖြင့် နေ့စဉ် တနေ့လျှင် အနည်းဆုံးတစ်ကြိမ် မပျက်မကွက် အသက်ထက်ဆုံး မှတ်ဥာဏ် မပျက်စီးသရွေ့ ၀န်ချတောင်းပန်ခြင်းပြုမည် ဖြစ်ပါကြောင်း လျှောက်ထား အဓိဌာန်တင်ပါသည်ဘုရား။
ခင်ပွန်းကြီး (၁၀)ပါး…ပါဌိလို ကန်တော့ရန် ဂါထာ။
ဗုဒ္ဒ္ဒ္စါ ပစ္စေက ဗုဒ္ဒ္စါစ
အရဟာ အဂ္ဂ သာဝကာ
မာတာပိတု ဂုရုသတ္တာ
ဓမ္မဒေသကာ စ ဒါယကာ
က္ကုမေ တေစ မဟာဂုဏေ
အဟံ ၀ိန္ဒာမိ သဗ္ဗဒါ။
ကန်တော့ ၀န်ချတောင်းပန်နည်း။
အနှိုင်းမဲ့ ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော( မြတ်စွာဘုရား )….တပည့်တော်/မသည်သံသရာ ဘ၀ပေါင်းများစွာ ၌သော် ၄င်း၊ ယခု ပစ္စုပ္ပန် ဘ၀ ၌သော် ၄င်း၊( မြတ်စွာ ဘုရားအဆူဆူ)တို့ အပေါ် ၌ သိ၍ဖြစ်စေ၊ မသိ၍ ဖြစ်စေ ကာယကံ ၀စီကံ မနောကံ တို့ဖြင့် ပြစ်မှား စော်ကားခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့ပါလျှင်၊ ထို ကျူးလွန်ခဲ့သော အပြစ်ကြီး အပြစ်ငယ်များကို ယခုအခါကောင်းစွာ နှလုံးသွင်း ယုံကြည်စွာဖြင့် ၀န်ခံ ပါ၏ ၊ ၀န်ချပါ၏ ၊ တောင်းပန်ပါ၏ ၊ ကန်တော့ပါ၏ ၊ဘုရားတပည့်တော်/ မ အားသည်းခံခွင့်လွတ်ပါရန် တောင်းပန်အပ်ပါသည်။ ၀န်ချတောင်းပန်ခြင်းမှန်သော စွမ်းအားကြောင့် ဆိုးကျိုးပေးဆဲ ဆိုးကျိုးပေးလတ္တံ သော စွမ်းအား သတ္တိတို့သည် ယခုပင်ပျက်ပြယ်ရန့်တန့်၍ ကောင်းကျိုး ချမ်းသာ အလုံးစုံ ခံစား ရရှိပါစေသတည်း။
လှူဒါန်းရန်။
(၁) ဖယောင်းတိုင် ၁၀တိုင် (သို့မဟုတ်) တစ်ပေါင်းတစ်စု ၁၀ပါးအတွက် တစ်တိုင်။
(၂) အမွေးတိုင်။
(၃) နှစ်သက်ရာ ဆွမ်းဘောဇဉ်ငါးပါးမှ တစ်ပါး (သို့မဟုတ်)ငါးပါးလုံး။
(ဆွမ်း ထမင်း၊ အသားဟင်း၊ ငါးဟင်း၊ ဂျုံနှင့်လုပ်သောမုန့်၊ ဆန်နှင့်လုပ်သောမုန့်)
(၄) ခဲဖွယ် ( အသီးအနှံအမျိုးမျိုး၊ အဥ အဖု၊ အညွန့်အတက်၊ အမြစ်အမျိုးမျိုး)
(၅) တိရိစ္ဆာန်များအားအစာကျွေးခြင်း၊
(၆) မိတ်သင်္ဂဟများ (သို့မဟုတ်) ခင်ပွန်းကြီးများ သက်ရှိထင်ရှားရှိပါက အာဟာရ ဒါနမှ အစစွမ်းနိုင်သော ဒါနများ ပြုရန်။
(၇) ကုသိုလ်အဖို့ဘာဂ ကို အမျှပေးဝေရန်။

ခင်ပွန်းကြီး၁၀ပါး အကြောင်း အကျိုးအပြစ်ကို ပိုစ့်တစ်ခု ရေးခဲ့ပြီးပါပြီ။
(http://www.nyahkinyaelamin.com/2008/12/blog-post_4710.html)
ရေးခဲ့ပြီးနောက်ပိုင်းလည်း နေ့စဉ် ခင်ပွန်းကြီး(၁၀)ပါးအား ဦးချ ကန်တော့ဖြစ်ပါတယ်။ကဲ.... ဒါကတော့ ညခင်းရဲ့ မွေးနေ့ အတွက် အစီအစဉ်လေးပါ။ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဖို့ ဈေးကို သွားအုံးမယ်နော်။မနက်ဖြန်ကျရင် ညခင်းတို့အိမ်မှာ...ထမင်းပေါင်း နဲ့ အအေး တိုက်မယ်။ လာခဲ့နော်။
လိပ်စာကတော့......www.nyahkinyaelamin.com ဆိုရောက်ပါတယ်။  ဟဲဟဲ

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers