နင်နဲ့ ငါ

0

နင်နဲ့ ငါ

အထီးကျန်နေပြီလို့  ပြောတဲ့အခါ ..

ကြယ်ကလေးတွေ က ပြုံးကြတယ်။

လွမ်းတယ်လို့ ပြောတဲ့အခါ..

ကောင်းကင်ကြီးကရယ်ပြန်တယ်။

တကယ်တော့….

မိုးကုတ်စက်ဝိုင်းအောက်မှာ

အတူရှိနေပေမဲ့..

မဆုံနိုင်တော့တဲ့

တို့တွေက ..

မျဉ်းပြိုင်နှစ်ကြောင်းလေ

လျှပ်တပျက်ဖြစ်ပေါ်လာတဲ့ခံစားချက်လေးပါ။
မကောင်းရင် တီလေး ညခင်း စပ်တာ
ကောင်းရင် ကျနော်..လမင်း စပ်တာ…။ဟဟ

အရောင်ကြည့်စားစို့

0

အရောင်ကြည့်စားစို့

အာဟာရပြည့်ဝမှုကို ဖော်ပြသည့် သော့ချက်တစ်ခုမှာ အရောင်ဖြစ်သည်။
အာဟာရနှင့် ကင်ဆာကာကွယ်ရေးကို နှစ်ပေါင်း ၂၀ကျော်ကြာလေ့လာ ခဲ့သူ ဒေါက်တာဘိခ်ျက နှလုံးရောဂါ၊ သွေးချို ဆီးချို၊ ကင်ဆာရောဂါ၊ အ၀လွန်ရောဂါ တို့သည် အစားအသောက်ပေါ်မှုတည်ကြောင်းပြောခဲ့သည်။
ဟင်းသီးဟင်ရွက်၊ အသီးအနှံတို့ကို စားသုံးခြင်းဖြစ့်လိုအပ်သော အာဟာရ ကို ရရှိစေသည်။ သို့သော် ဆလတ်ရွက်တစ်မျိုး နှင့်အတူ အရာင်ကင်းမဲ့သည့် အခြားဟင်းသီးဟင်းရွက်တို့မှာ အာဟာရ အပြည့်အ၀ မပေးနိုင်ချေ။
နေ့စဉ်စားနေကျ ဆန်၊ ဂျုံ စသည့် အာဟာရထဲတွင် သစ်သီးတစ်စိတ် ဖြစ်စေ၊ သစ်သီးဖျော်ရည် တစ်ခွက်ဖြစ်စေ၊ ဟင်းသီးဟင်းရွက် ဟင်းတစ်ခွက်ဖြစ်စေ ထည့်စားသင့်လှသည်။
ဟင်းသီးဟင်းရွက်တို့က ပေါင်မုန့်နှင့် အခြား သရေစာမုန့်များကဲ့သို့ မဟုတ်ဘဲ ခန္ဒ္စာကိုယ်အလေးချိန်ကို လျော့ကျစေနိုင်သည်။
အနီရောင် ၊ ခရမ်းရောင်အစားအစာများ
ယင်းတို့တွင် Anti Procyanin ခေါ်ဓာတ်တို့ ဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး သွေးခဲမှုကို တားဆီးခြင်းဖြင့် နှလုံးရောဂါအန္တရာယ်မှ ကာကွယ်သည်။
ယင်းအုပ်စုတွင် စတော်ဘယ်ရီသီး၊ ပန်းသီး၊ စပျစ်သီး၊ ချယ်ရီသီး၊ ရက်ပ်ဘယ်ရီသီး၊ ဘလူးရယ်ရီသီး၊ ဆီးသီး၊ မုန်လာဥနီ၊ သစ်တော်သီးအနီ စသည်တို့ပါဝင်သည်။
အနီရောင်အစားအစာများ
ခရမ်းချဉ်သီးနှင့်ချက်ပြုတ်ထားသော အစားအစာများတွင် လိုင်ကိုပင်း ခေါ် ကင်ဆာကို ကာကွယ်နိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိသည်။ မာလကာသီး၊ ဂရိတ်ဖရုပန်းရောင်၊ ဖရဲသီးတို့သည်လည်း အလားတူ အာနိသင်ရှိကြသည်။
လိမ္မော်ရောင် အစားအစာများ
ဘီတာကယ်ရိုတင်း (Beta carotene)ဓာတ်သည် လိမ္မောရောင် အစားအစာတို့တွင် ပါရှိသည်။ ယင်းသည် ခန္ဒ္စာကိုယ်တွင် မျက်စိနှင့် အရေပြားတို့ ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကင်ဆာရောဂါ အချို့ကို ကာကွယ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
လိမ္မော်ရောင်နှင့် အ၀ါရောင် အစားအစာများ
လိမ္မော်ရောင် အစားအစာများနှင့် ဆက်နွယ်သည့် ယင်းအစားအစာများတွင် ဘီတာခရစ်ပ်တိုဇင်သင်း (Beta Cryptoxanthin) ခေါ် ကလာပ်စည်းများ ပျက်စီမှုကို ကာကွယ်နိုင်သည့် ဓာတ်တို့ ဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိသည်။ယင်းတို့မှာ လိမ္မော်သီး၊ သဘောင်္သီး၊ မက်မွန်သီး၊နာနတ်သီး၊ ဂရိတ်ဖရုအ၀ါ၊ တုန်ချဉ်သီးတို့ ဖြစ်ကြသည်။
အ၀ါရောင် ၊ အစိမ်းရောင် အစားအစာများ
မျက်စိကို ကာကွယ်မှုပေးသည့် ယင်းအစားအစာများတွင် (Luten & Zeaxantprin) ဓာတ်တို့ပါဝင်ပြီး အတွင်းတိမ် နှင့် မျက်စိကြွက်သား ထိခိုက်မှုမှ ကာကွယ်ပေးနိုင်သည်။ ယင်းတို့တွင် ပြောင်းဖူး၊ သခွားသီး၊ ဟင်းနုနွယ် ၊ ဆလတ်ရွက်၊ ပဲသီး၊ မုန်ညင်းတို့ပါဝင်သည်။
အစိမ်းရောင် အစားအစာများ
အစိမ်းရောင် အစာများတွင် ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းတို့ ပါဝင်ရာ ယင်းတို့တွင်ပါရှိသည့် (Iso Riocyanate) ဓာတ်တို့က ကင်ဆာကို တားဆီးသည့် အသည်းရှိ ဇီဝဓာတ်ကူးပစ္စည်းများ Enzymes ထုတ်လုပ်မှုကို လှုံဆော်ပေးသည်။
အဖြူရောင်၊ အစိမ်းရောင် အစားအစာများ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့တွင် ကင်ဆာကို တားဆီးနိုင်သည့် (Allician) ဓာတ်ပစ္စည်း ပါရှိသည်။ မှိုတွင်လည်း အလားတူကင်ဆာ အန္တရာယ်မှ ကာကွယ်နိုင်သည့် ဓာတ်ပစ္စည်းများပါရှိသည်။ ယင်းတို့တွင် Flavonaid ခေါ် ကလာပ်စည်းများ ထိခိုက်မှုကို ကာကွယ်နိုင်သည့် ဓာတ်ပစ္စည်းများပါရှိသည်။
LifeStyle ၂၀၀၅ခုနှစ် ဇန်န၀ါရီလထုတ် မဂ္ဂဇင်း ဆောင်းပါးရှင် အောင်ကိုလွင် ၏ အရောင်ကြည့်စားစို့ ဆောင်းပါးလေး ဖြစ်ပါတယ်။ ညခင်းဖတ်မိတာလေး မျှဝေပါတယ်။ အာရောဂျံ ပရမံလာဘံ ဆိုတဲ့အတိုင်း ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါး ပါ အားလုံး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို ဆင်ခြင် စားသုံနိုင်ပါစေလို့ ဆန္ဒပြုရင်း….။

စတိုင် အဟုတ်နဲ့ မလိုင်ထုတ် လမင်း

0

တီလေးညခင်း
ကျနော်ကို ဆော်သွားတဲ့ကဗျာ ..ကဲ မောင်နှမတို့ ဖတ်ကြည့်ပါအုံး ..ကိုယ်တူလေးကို ဒီလိုပြောရက်တဲ့
တီလေးကို ဘယ်လို ပြန်ဆုံးမရမှလဲဟင်း..တွေ့ လား တီလေးရေးထားတဲ့ကဗျာကို …ဒီလိုတဲ့
စတိုင် အဟုတ်နဲ့ မလိုင်ထုပ် လမင်း

* ကဗျာကလည်းမသီ
စာလည်းမမှီ
တော့ကီးက မကောင်း
ဖင်စလောင်းနဲ့
ပိန်လီခြောက်ကပ်
ပါးချပ်ချပ်။
* ညခင်းကလဲ မချစ်ပါ
သူခမျာ သနားစရာ
စိတ်ပုတ် လို့ အကျင့်ဆိုး
ဝေးဝေးပြေးမယ်ဗျိုး။
* မနက်ဆိုလဲ အပျင်းထူတာ
ပြောကို မပြောချင်ပါ။
နေဖင်ထိုးတောင် မထသေး
သေးကပေါက်ပါသေး။
* ကောင်းမလေးဆို ငမ်းချင်တာ
သူ့အပြင်အပို မရှိပါ
ရုပ်ဆိုးကာ အကျင့်ပုတ်
သူလေ စမုတ်ချောင်းရုပ်။
* တောက်တီးတောက်တဲ့
ဝတ်ချင်တာ Adidas
တဲ့ဗျာ…
အမြင်မှာ အရုပ်ဆိုး
ပွေးတွေ နဲ့ပါဗျိုး။
* နေ့လည်ဆိုရင် မေးလ်စစ်ကာ
ဘာတွေ လုပ်လဲ ချောင်းပြန်တာ
ညခင်းဆို ရန်တွေလုပ်
သူလေကျ မဟုတ်တရုတ်။
* ပြောပြန်ရင်လည်းလွန်ပေတာ
ညခင်း အဆိုးပါ
ကောင်းမလေးတွေ ဆို ထွက်ခါပြေး
သူဟာ ကျန်ရစ်လေး။
* ညခင်းကဗျာ
ဖတ်ရင်းသာ
မကြာခင် ဖုန်းဆက်မှာ
ရန်လုပ်ကာ ဒေါတွေဖောင်း
သူလေ ဖင်စလောင်း။
* စိတ်လျော့လိုက်ပါတူလေးရာ
ချစ်လို့စတာပါ။
မပြန်ခင် စာပို့ပေး
တီလေး ညခင်းလေး။

ခေါင်းကိုက်ပျောက်ဆေး

0

အို…အသင်

သင်ကား…ရိုးသားမှု ကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား…ရိုးသားမှုကို သင်တန်ဖိုးထား မြတ်နိုး သူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် ရိုးသားသူဖြစ်ရန် ကြိုးစားနေဆဲ မဟုတ်လော…။

တစ်ချိန်တည်းမှာပင် သင်ကား နှလုံးသားအလှကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား နှလုံးသားအလှကို သင် တန်ဖိုးထား မြတ်နိုး သူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် နှလုံးသား လှသူဖြစ်ရန် ကြိုးစားဆဲ မဟုတ်လော။

ပြီးတော့ သင်ဟာ သစ္စာတရားကို ရှာဖွေမတွေ့သေးသူ။ သို့သော်ငြား သစ္စာတရားကို သင်တန်ဖိုးထား မြတ်နိုးသူဖြစ်ပေသည်။ သို့ကြောင့် သင်ကိုယ်တိုင် သစ္စာတရား ရှာဖွေသူဖြစ်ရန် ကြိုးစား ဆဲ မဟုတ်လော။

ဒီလို အလွန်အမင်း ကြိုးစားရင်း သင်ကိုယ်တိုင် ရိုးသားသူ လည်မဖြစ်ခဲ့၊ နှလုံးသားလှသူလည်း မဖြစ်ခဲ့၊ သစ္စာတရား ရှာဖွေတွေ့ရှိသူလည်း မဖြစ်ခဲ့။ အို…..သင်တန်ဖိုးထား မြတ်နိုးခဲ့တာတွေ အကုန်လုံး တစ်ခုမှ မဖြစ်ခဲ့။

အခု သင်သေပြီ…

ဘုရားသခင်ကို ပူဇော်ဖို့ ခေါင်းကိုက်ပျောက်ဆေး

တစ်ထုပ်လောက် ပါသွားခဲ့ပါသလား။

ခရစ္စမတ်ပွဲတော် နဲ့ အမှတ်တရ

1

ခရစ္စမတ်ပွဲတော် နဲ့ အမှတ်တရ
ခရစ္စမတ်ရာသီရောက် ရောက်ခဲ့ပြီနော်…။ နှစ်ဟောင်းတစ်ခု ကုန်ဆုံးလို့ နှစ်သစ်ကိုကြိုဆိုကြတော့မယ်.လ ဖြစ်တဲ့ ဒီဇင်ဘာလမှာ ခရစ္စမတ်ပွဲတော်များ၊ ညစာစားပွဲများ ခရစ္စမတ်သစ်ပင်များ ကိုလည်း နေရာအနှံ့ တွေ့နိုင်ပါပြီ။ နှစ်သစ်ညစာ စားပွဲ အလေ့အထများကို တစ်ချိန်က ဥရောပနိုင်ငံများနဲ့ အနောက်နိုင်ငံများမှာသာ အများဆုံး ကျင်းပလေ့ရှိခဲ့ ကြတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း ယဉ်ကျေးမှုချင်း ခလုတ်တိုက်မိလာကြတဲ့ ခေတ်မှာတော့ ဘာသာအယူဝါဒကို ခဏဖယ်ခွာပြီး လူလူချင်းဆိုတဲ့အမြင်နဲ့ တစ်သားတည်းပါဝင် ဆင်နွဲလာခဲ့ကြပါတယ်။
ညခင်း ဒီဇင်ဘာလ လေး ရောက်တိုင်း အရမ်းပျော်မိပါတယ်…ငယ်ငယ်တုန်းကတဲ က ခရစ္စမတ် သီချင်းလေးတွေ ခရစ်ယာန် အိမ်လေးတွေဆီက ကြားတိုင်း သွားကြည့် ရတာ အမောဘဲ…။အမှတ်အရဆုံး သီချင်းလေးကတော့ Jingle Bells ပဲ ဖြစ်ပါတယ်။ ခရစ္စမတ်ရောက်တိုင်း သူငယ်ချင်းတွေက လက်ဆောင်ပေးကျ…မုန်စားဖို့ ဖိတ်ကျနဲ့ပေါ့….ဖိုးဖိုးက ညခင်း တို့မောင်နှမ ကို အမြဲဆူပါတယ်… chirstmas & newyear ကိုယ်နဲ့ ဘာဆိုင်လို့တုန်း သွားရဘူးတဲ့။ အဲလိုဆူတဲ့ အခါတိုင်း ညခင်းတို့မောင်နှမတွေက ပြန်ပြီးအထွန့်တတ်ပါတယ်။ဖိုးဖိုးရယ်…ပျော်ချင်လို့ ခေါင်းစဉ်တတ်တာပါ…သမီးတို့နဲ့တော့ဘာမှ ဆိုင်ပါဘူးလို့ပေါ့။ အဲလိုနဲ့ ခွင့်ပြုချက်လေး ယူလိုက်…မရရင် ခိုးလုပ်လိုက်နဲ့ ပျော်ရွှင်မှုလေးတွေကို ရယူခဲ့ဘူးပါတယ်။
ဒီလ လေး မှာ အမှတ်တရ လေးတစ်ခုတော့ ညခင်းမှာ ရှိခဲ့ဘူးတယ်…။ ညခင်းရဲ့မောင်လေး တစ်ယောက် ကို ခရစ္စမတ်ကဒ်လေး နဲ့ ခရစ္စမတ် ဘိုးဘိုး ရုပ်ကလေး ၀ယ်ပြီးတော့ သူတို့ သိအောင် တိတ်တိတ်လေး ပို့ပေးပါတယ်။ ပြီးတော့ မှ ခရစ္စမတ်မှာ ဘာလက်ဆောင်ရသလဲ လို့ အစ်ပါတယ်။ အစ်မတွေ ဆိုရင် ချစ်ကြောက်ရိုသေ ရတဲ့သူဆိုတော့ လိမ်လဲ မလိမ်ရဲ နဲ့ ဘယ်သူပို့မှန်း လည်းမသိနဲ့ သူခမျာ ဒုက္ခရောက်တာ ကို ကြည့်ပြီး ပျော်ရွှင်ခဲ့ဘူးပါတယ်။ အဲလိုနဲ့ ၃နှစ် ရှိပြီ သူငယ်ချင်း တွေကို ခရစ္စမတ် နားနီးလာတိုင်း လက်ဆောင်လေး တွေပေးးဖြစ်ခဲ့တယ်။ ဒီနှစ်ကတော့ ဘယ်သူ့ကို မှ ဒုက္ခ မပေးရသေးပါဘူး…။ ဘယ်သူကို စ ရမလဲ လဲ စဉ်းစားနေပါတယ်။ ဒီနေ့တော့ လက်ဆောင်လေး တွေ သွားဝယ်မယ်လို့ စိတ်ကူးတယ်…။ရက်လဲ နီးလာပြီလေ။ ကိုယ်ရှိက လက်ဆောင်လေး ရလို့ပျော်ရွှင်သွားတဲ့ တစ်ဖက်သားရဲ့ မျက်နှာလေးကို…အရမ်းမြင်ချင်လို့ပါ။ ခရစ္စမတ်ည တွေမှာတော့ ထွေထွေထူးထူး လုပ်တာ မရှိပါဘူး။ New Year ညကျ အစီအစဉ်လေးတွေ ရှိနေ တာနဲ့ ခရစ္စမတ် ညတိုင်းမှာ…အိမ်မှာ ငြိမ်ငြိမ်လေး နေ နေပါတယ်။ . အချစ်ဆုံး ဒီဇင်ဘာလ ရဲ့ အပျော်လေးတွေကို ပြန်လည်ပြောပြခြင်းပါ။
ညခင်း ချစ်တဲ့ ဘလော့မှ မောင်နှမများ ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ၊ စိတ်ချမ်းချမ်းသာသာ ကိုယ်ကျန်းကျန်းမာမာနဲ့ဖြတ်သန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးပါတယ်။
Ps… ဒီဇင်ဘာလ မှာဘဲ သူနဲ့ တွေ့ခဲ့ရ သလို ၊ သူနဲ့လမ်းခွဲရဘူးတယ်။

နှုတ်ခွန်းဆက်ရန်....

လူအခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။ ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ၊ ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။ ကျင့်ဝတ်တရား၊ သီလငါး၊မှတ်သားကျင့်သုံးစေ၊ အဖိုးတန်တဲ့ ၊ဗုဒ္ဓ၀ါဒ ကမ္ဘာကသိပါစေ။
ကံအကျိုးပေးကွဲပုံ - သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ်အသက်ရှည်။ -ညှင်းဆဲသူက အနာများ၊ သနားကျန်းမာသည်၊ -ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။ - မနာလိုမှာ ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။ - မပေးလှူက ၊မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။ - မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။ - မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးသည်။ - ဆိုးတာပြုက၊ ဆိုးတာရ ၊ ကောင်းမှ ကောင်းစားသည်။ - ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။

Followers